← Chapters

မာနတ် မိစ္ဆာအသွင်ပြောင်းခြင်း

Vol. 18 Ch. 269

မာနတ် မိစ္ဆာအသွင်ပြောင်းခြင်း

Vol. 18 Ch. 269

Child of light (ကျန်းကုန်း)

Volume 10: Chapter 16 - Satan’s Monster Transformation

ကျုပ်လဲ မျက်နှာပေါ်က အဝတ်စမဲကြီး ဖယ်ပြီး..

“လူသားမျိုးနွယ်ဘက်ကို ကျူးကျော်ဖို့က အရေးကြီးနေတာလား။ ခင်းဗျားတို့ နတ်ဆိုးမျိုးနွယ်တွေ ဘဝ ခါးသီးတယ်ဆိုတာ ကျုပ်သိပါတယ်။ ဒါပေမယ့် အရှေ့ဘက် တိုက်ကြီးမှာလဲ အနောက်ဘက် တိုက်ကြီးလို ပါပဲဗျာ။ နှစ်ဖက်စလုံးမျာ လိုအပ်ချက်တွေ ကိုယ်စီရှိနေတာကို။ ဘာလို့များ ကုန်စည်ဖလှယ် ရောင်းချတာ မလုပ်ရတာလဲ။ ကျုပ်တို့ ဘာကြောင့် စစ်တိုက်နေအုံးမှာလဲ။ လူအင်အား၊ အရင်းအမြစ်တွေ ဖြုန်းတီးတာက တိုင်းပြည် အခြေခံ အုတ်မြစ် ထိသွားနိုင်တယ်လေ။ ပြီးတော့ ကျုပ်တို့ ကမ္ဘာကြီး အပြင်ဘက်က မိစ္ဆာမျိုးနွယ်တွေ စလှုပ်ရှားနေကြပြီ။ တစ်ခုခု မှားယွင်းသွားတာနဲ့ အခုနေထိုင်နေကြတဲ့ နယ်မြေတွေ ဆက်ထိန်းမထားနိုင်တော့တဲ့ အပြင် ခင်ဗျားတို့ နတ်ဆိုးမျိုးနွယ်လဲ မျိုးသုန်းသွားနိုင်တဲ့အထိ ဖြစ်သွားလိမ့်မယ်”

ရှီးယု လန့်ပြီး..

“ဒီကလူတွေကို ဖြဲခြောက်ဖို့ ဒီလောက် ကြောက်စရာ စကားလုံးတွေ လျှောက် ပြောမနေနဲ့။ မင်း ပေါက်တတ်ကရ တွေကြောင့် ဧကရာဇ်ကြီး စိတ်ရှုတ်ထွေးသွားတာ နေမယ်။ ဒါပေမယ့် မင်းပြောတာ မိစ္ဆာမျိုးနွယ် ဟုတ်လား။ လွန်ခဲ့တဲ့ နှစ်ထောင်ချီက ဒဏ္ဍာရီ သက်သက်ပဲလေ။ ဘယ်အတိုင်းအတာထိ ယုံကြည်နိုင်မှာတုန်း။ မင်းစကားလုံးတွေကြောင့် စစ်တပ်မှူးတွေကို မင်းလက်ထဲ အပ်ရမှာတဲ့လား။ တူမလေး အရှင်ဧကရာဇ်အမိန်ကို လိုက်နာမယ်ဆိုပေမယ့် မင်းဦးလေးက လူသားမျိုးနွယ်ကို ဘယ်လောက်ထိ စစ်တိုက်ချင်နေတယ်ဆိုတာ သိတယ်မို့လား။ ငါဘယ်လိုမှ လက်မခံနိုင်ဘူး။ စကားလုံးသက်သက်နဲ့တော့ ငါနောက်မဆုတ်နိုင်ဘူး”

ဧကရာဇ်ကလွဲရင် ဘယ်သူ့အမိန့်မှ လက်မခံဘူးလို့ ရှန့်ယွင် ပြောခဲ့ဖူးပါသေးတယ်။ ခယ်လွင်သောင်က..

“အရှင်မင်းကြီး ဒါဆို ဧကရာဇ်အမိန့်ကို ဖီဆန်မလို့လား..”

ရှီးယု ပြန်စိုက်ကြည့်ပြီးမှ သက်ပြင်းချလိုက်တယ်။ သူ့စိတ်ထဲမှာလဲ အတွေးတွေ ပွားနေလေရဲ့။ သူ့မှာ အမိန့်ကို ဖီဆန်ရဲတဲ့ သတ္တိမရှိသလို သူချစ်ရတဲ့ တူမလေး မူကျီလဲ ရှိနေတယ်လေ။

ရှီးယု သက်ပြင်းချပြီးမှ..

“ငါ ခနလောက် စဉ်းစားအုံးမယ်ကွာ။ အခုချက်ချင်းတော့ တပ်တွေကို မစုနိုင်သေးဘူး”

ရုတ်တရက် မူကျီ သီးမခံနိုင်တော့ဘဲ..

“ဦးလေး ဒီနေ့တော့ အဖြေတိတိကျကျ ပေးမှရမယ်။ ကိုယ့်နောက်ကြောင်း မငြိမ်းဘဲ နိုင်ငံ(၃)ခုနဲ့ ညှိနှိုင်းဖို့ ဘယ်လိုလုပ် တိုးတက်တော့မှာလဲ။ ဦးလေး သမီးကို ဒုက္ခပေးမျာလား။ ကျေးဇူးပြုပြီး သမီးကို ယုံစမ်းပါ”

ရှီးယု ခက်ခက်ခဲခဲနဲ့..

“ကောင်းပြီ မူကျီ။ ဦးလေး စဉ်းစားမယ်”

ရှီးယုကိုသာ အချိန်တိုတိုနဲ့ စစ်သည်တွေ စုစည်းခွင့်ပေးလိုက်မိရင် တော်တော် ဒုက္ခရောက်မယ်ထင်တယ်။ သူနဲ့ ရှီးတတို့က လူသားမျိုးနွယ်ကို ကျူးကျော်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားထားကြလာလေ။ နောက်ဆုံးတော့ ပင်မတပ်ဖွဲ့ကြီးကို ကွပ်ကဲဖို့ အခွင့်အရေးရပြီး လျှပ်စီးခံတပ်ကို တိုက်နိုင်တဲ့ အနေအထားကို ဘယ်လိုလုပ် လွယ်လွယ်နဲ့ စွန့်လွှတ်နိုင်မှာတဲ့တုန်း။

“သတင်းပို့ပါတယ်…”

အချိန်ကောင်း ရောက်မှ တဲအပြင်က အသံတစ်ခု ထွက်လာတယ်။

“ပြော…”

တဲအပြင်ကနေ အစောင့် စစ်သည်က..

“အရှင်မင်းကြီးထံ သံတော်ဦးတင်ပါတယ်။ မာနတ်မင်းသား သူ့အစောင့်တွေနဲ့အတူ အရှင့်ကို တွေ့ချင်နေပါတယ်”

အဲ့ အစီရင်ခံစကားကြောင့် ကျုပ်တို့တွေ အံ့ဩသွားမိတယ်။ မူကျီ ရှီးယု လက်ကို ဆွဲပြီး..

“ဦးလေး… ဦးလေးမာနတ်က အဖေ့ဆုံးဖြတ်ချက်တွေ သဘောမတူလို့ အကျယ်ချုပ် ချထားတယ်။ သူ ဒီကို ရုတ်တရက် ရောက်လာတယ်ဆိုတာ ဘယ်လိုကြီးပါလိမ့်။ တစ်ခုခုတော့ လိမ်ညာမှု ဖြစ်နေပြီ”

ရှီးယု စဉ်းစားပြီးမှ..

“ဒို့တွေ ဆက်မဆွေးနွေးခင် သူနဲ့ တွေ့ကြည့်လိုက်အုံးမယ်။ နတ်ဆိုး ဧကရာဇ်ကများ စိတ်ပြောင်းပြီး လူသားမျိုးနွယ်နဲ့ မညှိနှိုင်းချင်တော့လို့များလား”

ရှီးယု စကားတွေကြောင့် ကျုပ်တော်တော်ကို လန့်သွားတယ်။ ဟုတ်တယ်။ ဒီနေရာကို မာနတ် ပြန်လာတာက နတ်ဆိုးဧကရာဇ် စိတ်ပြောင်းသွားတယ်ဆိုတာ တကယ်ကြီး ဖြစ်နိုင်မလားပဲ။

အရင်ဆုံး မူကျီ စိတ်အေးအေးနဲ့..

“ကောင်းပြီလေ။ ဦးလေး နဲ့ နောက်မှတွေ့မယ်။ သမီးတို့ အရင်ဆုံး ပုန်းနေလိုက်အုံးမယ်။ ထူးဆန်းတာ တစ်ခုခုဆို ဦးလေးကို အချိန်မှီ ကူညီနိုင်တာပေါ့”

ရှီးယု ခေါင်းညိတ်ပြီး..

“အစေခံတွေ.. ဒီနေရာကို အမြန်ဆုံး ရှင်းလိုက်စမ်းဟေ့”

ပြီးတော့ သူ့နောက်က ဗီရိုကြီး နှစ်ဖက်ကို ညွှန်ပြပြီး..

“မင်းတို့ အားလုံး အဲ့နောက်မှာ ပုန်းနေလို့ရတယ်။ ငါ့အမိန့်မရရင် မင်းတို့ ထွက်မလာကြနဲ့..”

မူကျီ ခေါင်းညိတ်ပြလိုက်ပြီး အားလုံး ပုန်းနေလိုက်ကြတယ်။

တဲကြီး အတွင်းပိုင်း ရှင်းပြီးသွားတော့ ချပ်ဝတ်နီ အစောင့် အပြင်ဘက်ကနေ..

“အရှင် မာနတ်မင်းသား ကြွလာပါပြီ..”

ရှီးယု သူ့အဝတ်အစားတွေ သပ်ယပ်အောင် လုပ်ပြီး နှုတ်ဆက်ဖို့ လျှောက်သွားလိုက်တယ်။ ဝင်ပေါက် ဖွင့်လိုက်တော့ နတ်ဆိုးဘုရင်ရဲ့ မြင့်မြတ်တဲ့ ပုံသဏ္ဌာန်နဲ့အတူ သူ့နောက်က လူဆယ်ယောက်ကျော် ကျုပ်တို့ မြင်ကွင်းထဲ ရောက်လာတယ်။ မမျှော်လင့်ဘဲ လူနှစ်ယောက်က ရုပ်ဖျက်ထားတယ်လို့ ခံစားနေရတယ်။ မာနတ်နဲ့ ပတ်သက်ပြီး တစ်ခုခု လွဲနေသလို ခံစားနေရပေမယ့် ဘာပြောရမှန်း မသိသေးဘူး။

ရှီးယုက..

“အစ်ကိုအကြီးအကဲ မင်းပြန်လာပြီပေါ့”

မာနတ်က အသံပြဲကြီးနဲ့..

“တော်ဝင်မြို့တော်ကို ပြန်ရတာ ငါတော်တော် ဒေါသထွက်ရပါတယ်ကွာ။ နတ်ဆိုးဧကရာဇ်က လူသားတွေနဲ့ တကယ်ကို ညှိနှိုင်းချင်ရလောက်အောင် အိုသွားတဲ့ပုံပဲ”

ရှီးယု ရေတခွက်ခပ်ပြီး မာနတ်ကို အသာပေးလိုက်တယ်။

“အစ်ကိုကြီး ဘာကိစ္စရှိလို့လဲ။ မြန်မြန်ပြောစမ်းပါအုံး..”

မာနတ် တစ်ငုံသောက်ပြီး မြေပြင်ပေါ် ပေါက်ခွဲပစ်လိုက်ပြီးမှ..

“ညီလေး… မင်းငါ့ကို ယုံလား..”

ရှီးယု အံ့ဩတကြီးနဲ့..

“ဒါပေါ့ ယုံတာပေါ့…”

မာနတ်က အမုန်းတရား အပြည့်နဲ့..

“ကောင်းပြီ.. ငါတို့ ညီအစ်ကိုတွေ အပြောင်းအလဲ ကြီးကြီးတစ်ခု လုပ်လိုက်ကြရအောင်။ အခု ငါတို့ စွမ်းအားတွေ ကြီးနေတယ်။ နတ်ဆိုး ဧကရာဇ်သာ လူတွေနဲ့ ညှိနှိုင်းဖို့ လွှတ်လိုက်ရင် ငါတို့တွေ…”

ကျန်တဲ့ စကားလုံးတွေကို ရှီးယု နားကပ်ပြီး တိုးတိုးလေးနဲ့ ရယ်ရယ်မောမော ပြောနေလေရဲ့။

မာနတ်စကားကြားတော့ ရှီးယု လန့်သွားပြီး..

“အစ်ကို ငါတို့တွေက နတ်ဆိုးမျိုးနွယ်ဝင်လေ အဲ့လို မလုပ်နိုင်ဘူး။ ငါတို့တွေ ဧကရာဇ်ကို ဘယ်လိုလုပ် သစ္စာဖောက်နိုင်မှာလဲ။ ပြီးတော့ ငါတို့ သစ္စာဖောက်မယ်ဆို သူလာပြီး လက်စားချေမှာ မင်းမကြောက်ဘူးလား။ သူ့ အမှောင်နတ်ဆိုးနဂါးပဲဖြစ်ဖြစ်၊ အမှောင်နဂါးလှံပဲဖြစ်ဖြစ် ကာကွယ်နိုင်မယ် မင်းထင်လား”

ကြည့်ရတာ ကျုပ်တို့ နားထောင်နေမှန်းသိလို့ ရည်ရွယ်ချက်ရှိရှိ အသံအော်ပြောနေတာဗျ။ အဲ့လူကြီး တော်တော် စိတ်ကူးကောင်းတာပဲ။

နတ်ဆိုး ရှက်ပြုံး ပြုံးပြီး..

“ညီလေး.. မင်းအသံတိုးတိုး ပြောစမ်းပါကွာ။ ငါတို့စကားတွေ ဘေးကို ကြားစေချင်လို့လားဟ။ သူကို ကိုင်တွယ်ဖို့ နည်းလမ်းမရှိရင် ငါဒီလို ဘယ်ကြံရဲပါ့မလဲ။ ဒီမယ် ညီ‌လေး… နားထောင်။ မင်းကို စစ်တပ် ခေါင်းဆောင်ခွင့် ပေးမယ်။ မင်းသဘောတူရင် ငါတို့တွေ လူသားတွေကို အရင်ရှင်းပြီးမှ သားရဲမျိုးနွယ်ကို ရှင်းပစ်မယ်။ အဲဒါဆို ဒီက္ဘာကြီးတစ်ခုလုံး ငါတို့ အပိုင်ဖြစ်ပြီပေါ့။ ငါတို့မှာ ကမ္ဘာ တစ်ဝက်ပဲ မဟုတ်တော့ဘူးပေါ့။ ဒီတော့ မင်းဘယ်လိုထင်လဲ..”

စကားပြောနေတဲ့အချိန် မာနတ်မျက်နှာက မကောင်းဆိုးဝါး အရှိန်အဝါ ထုတ်လွှတ်နေတယ်။ မျက်နှာမှာ အရောင်စုံနေပေမယ့် သူ ဒေါသလုံးဝ မထွက်ဘူးဗျို့။

အဲ့ဒါကို မြင်လိုက်တော့ ရှီးယု တော်တော် တုန်လှုပ်ပြီး ခြေလှမ်းနည်းနည်း နောက်ဆုတ်ရင်း..

“အစ်ကို မင်းဘာဖြစ်နေတာလဲ..”

ကျုပ်လဲ တစ်ခုတွေးမိပြီး အားလုံးကို အသာလေး ပြောလိုက်တယ်..

“ဂရုစိုက်ကြဟေ့။ မာနတ်က မစ္ဆာတစ်ကောင် ဖြစ်နေပြီ။ အားလုံး ငါ့အမိန့်စောင့်နေ။ ခနနေ အတူတူ တိုက်ကြမယ်။ သူ့ကို နားခွင့်ပေးလို့မဖြစ်ဘူး။ အဟုတ်ရင် တော်တော်ကို ဆုံးရှုံးမှု ကြီးသွားလိမ့်မယ်”

အရင်က မိစ္ဆာမျိုးနွယ်နဲ့ မကြုံဖူးသေးတဲ့ မူကျီနဲ့ ခယ်လွင်သောင် ချက်ချင်း တင်းမာသွားပေမယ့် ကျန်းဟူနဲ့ ကျန်တဲ့သူတွေကတော့ စွမ်းအားတွေ စုနေတယ်ဆိုတာ ခံစားမိလိုက်တယ်။ မိစ္ဆာမျိုးနွယ်ကို ရင်ဆိုင်ဖို့ အကောင်းဆုံးနည်းလမ်းက မြင့်မြတ်စွမ်းအားတွေပဲလေ။ မာနတ်က မိစ္ဆာအဖြစ် ပြောင်းသွားပြီဆိုတော့ ဟိုရုပ်ဖျက်ထားတဲ့ (၂)ယောကကလဲ မိစ္ဆာအဖြစ် ပြောင်းပြီးသား လူတွေ ဖြစ်လိမ့်မယ်။ မိစ္ဆာဘုရင်ကတော့ နတ်ဆိုးမျိုးနွယ်ရဲ့ စစ်ခေါင်းဆောင်နေရာရဖို့ အရေးကြီးတာဝန်ထမ်းဖို့ ထိပ်တန်း ကျွမ်းကျင်သူတွေကို လွှတ်မှာ သေချာတယ်။ ဒီတော့ ကျုပ်တို့ကလဲ အသံတိတ် မိုးကြိုးလိုမျိုးနဲ့ ကျုပ်တို့ ရန်သူတွေကို အမြန်ဆုံး ဖယ်ရှား နိုင်လိမ့်မယ်။ အဲလိုမှ မဟုတ်ရင် မိစ္ဆာလို ပြောင်းသွားတဲ့ မာနတ်ကို ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲလွန်းတော့ ဘယ်သူတွေ အသက်ရှင်မယ်ဆိုတာ သိဖို့ အရမ်းခက်သွားလိမ့်မယ်။

မာနတ်ရဲ့ စကားလုံးတွေ ပိုပိုပြီး ဆိုးလာတယ်။ ညာလက်ကို ဆန့်ပြီး..

“ညီလေး… စစ်တပ် ခေါင်းဆောင် နေရာ ငါ့ကို အမြန်ဆုံး လက်လွှဲပေးလိုက်ကွာ”

သူ့တကိုယ်လုံးကလဲ မီးခိုးရောင်အခိုးအငွေ့တွေ ထွက်လာပြီး ရှီးယုဆီ တဖြည်းဖြည်း ဦးတည်သွားလေရဲ့။

============= (*^*)=============

အပိုင်း( ၂၇၀ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters