← Chapters

မိစ္ဆာဘုရင်ရဲ့ ရှင်သန်ထမြောက်မှု

Vol. 18 Ch. 270

မိစ္ဆာဘုရင်ရဲ့ ရှင်သန်ထမြောက်မှု

Vol. 18 Ch. 270

Child of light (ကျန်းကုန်း)

Volume 10: Chapter 17 - Monster King’s Ressurection

နဂိုက မာနတ်ရဲ့ စွမ်းအားတွေ သူနဲ့အတူတူပဲဆိုတော့ ရှီးယု သူ့ကို ကြောက်နေတာ။ ဒါပေမယ့် မာနတ်ဆီကနေ ပင်လယ်ပြင်လို ကျယ်ပြောလွန်းတော့ သူ့ကိုယ်သူ လှေငယ်လေး တစ်စင်းလို့ ခံစားနေရတာ။ ပြီးတော့ အသံ တုန်တုန်နဲ့..

“အစ်ကို မင်းဘာတွေ ဖြစ်နေတာလဲ။ ဒါမင်း ကိုယ်ပိုင် စွမ်းအားတွေ မဖြစ်နိုင်ဘူး၊ မို့လား..”

မာနတ် လန့်သွားပြီးမှာ သူတော်တော် စိတ်လွတ်သွားတာ သဘောပေါက်သွားတယ်။ ဒီတော့မှ သူထုတ်လွှတ်ထားတဲ့ စွမ်းအားတွေ ပြန်ရုတ်ပြီး..

“ညီလေး မင်းဘာတွေ ပြောနေတာလဲ။ စစ်တပ် တံဆိပ်တော် ဘယ်မှာလဲ။ ငါသွားတုန်းက မင်းကို ပေးခဲ့တယ်လေ။ မင်း ငါ့ကို ပြန်ပေးသင့်ပြီထင်တယ်။ ငါတို့တွေ နတ်ဆိုးဧကရာဇ်ကို သစ္စာမဖေါက်ချင်လဲ ငါက ဒီမှာ စစ်သူကြီးပဲမို့လား”

“အစ်ကို.. ဧကရာဇ်ကြီး ပြီးခဲ့တဲ့ ရက်ပိုင်းကမှ သံတမန်တွေ လွှတ်ပြီး မင်းကို စစ်တပ်အမိန့်ပေးတံဆိပ် ပြန်သိမ်းရင်း ငါ့ကို ဒီမှာ စစ်သူကြီး လုပ်ခိုင်းထားတာ။ ဒီနေ့ နည်းနည်း နောက်ကျသွားနေပြီ ဆိုတော့ လောလောဆယ် အနားယူလိုက်အုံးလေ။ မနက်ဖန် ငါတို့တွေ ဆက်ဆွေးနွေးကြရအောင်လေ..”

မာနတ် အမူအရာပြောင်းသွားပြီး သူ့မိစ္ဆာအငွေ့အသက်တွေ အုန်းကနဲ ထွက်လာလာတော့တယ်။ သူ့မျက်လုံးတွေ မှိတ်ထားရင်း..

“ညီလေး။ မင်းဆန္ဒမရှိရင်တောင် ဒီနေ့ စစ်တပ်အမိန့်ပေးတံဆိပ် ပေးမှဖြစ်မယ်။ အမြန်လုပ်စမ်းပါကွာ။ မဟုတ်ရင် ငါမယဉ်ကျေးတော့ဘူးနော်..”

ရှီးယု ဒေါသထါက်သွားပြီး..

“ဘာလဲ.. မင်းငါ့ကို တိုက်ခိုက်ချင်နေတာလား။ ဒါပေမယ့် ငါက မင်းညီလေ…”

“ညီလေးလား။ ဘယ်သူက ငါ့ညီလဲ။ ငါ့လမ်းကို နှောက်ယှက်မယ့်ကောင်လား။ အခု စစ်တပ် အမိန့်ပေးတံဆိပ် မြင်ရရင်တော့ ညီအစ်ကိုအဖြစ် ဆက်ရှိနေမယ်။ မဟုတ်ရင်တော့ ငါတိုက်ရလိမ့်မယ်”

ရှီးယု ရုတ်တရက်ပဲ..

“တိုက်….”

သူ့အသံဆုံးတာနဲ့ ပထမဆုံး စတိုက်တာ တုန်းရီရဲ့ လေနတ်ဘုရား လေးကြီးပေါ့ဗျာ။ အလင်းတစ်ချက် လက်သွားပြီးတာနဲ့ မာနတ်နောက်က (၃)ယောက် လဲကျသွားတယ်။ မီးခိုးရောင်တွေ ထွက်လာပြီး အဲ့(၃)ယောက်လုံး ချက်ချင်း ပျောက်သွားရော။ ရှို့စစ် သူတိုက်မယ်ဆိုရင် အောင်မြင်ဖို့ မသေချာတော့ နောက်လိုက်တွေကို သူရှင်းနေတုန်း ကျုပ်ဆီ အားလုံး ပုံအောထားတယ်။

“နတ်ဘုရား ဘုရင်က တိုက်ပွဲနတ်ဘုရားချပ်ဝတ် ငါ့ကို အပ်နှင်းထားတယ်။ မိစ္ဆာတွေကို တားဆီးမှာဆိုတော့ မိစ္ဆာ အငွေ့အသက်တွေ နိမ့်ကျလိုက်စမ်း…”

အပြာရောင် အလင်းတန်းတစ်ခု လက်သွားပြီး ကျန်းဟူ တိုက်ပွဲနတ်ဘုရား ချပ်ဝတ် ဝတ်ပြီး လက်နက်သေချာ ကိုင်ရင်း အာရုံပြန်စိုက်လာတဲ့ မာနတ်တိုက်ကွက်ကို အချိန်မှီ ကာကွယ်နိုင်လိုက်တယ်။

“ဟုန်း….”

အသံကျယ်ကြီး တစ်ခု ထွက်လာတယ်။ စွမ်းအား ပြင်းထန်လွန်းတော့ တဲကြီးလဲ တစ်စစီ ဖြစ်သွားပါလေရော။

မာနတ်ရဲ့ ဆံပင်တွေ ရှုတ်ပွနေပြီ။ အဲ့ကောင်ကြီး အလယ်မှာ ကျုပ်နေရင်း ရှီးယုကို..

“မင်း အရမ်းကောင်းတယ်။ မင်းငါ့ကို ကိုင်တွယ်ဖို့ လူသားတွေနဲ့ တကယ်ကို ပူးပေါင်းခဲ့တာပဲ။ ဒီနေ့ မင်းပိုင်တာ အားလုံး ငါယူမယ်ဟေ့”

ကျုပ် ကျန်းဟူကို လှမ်းတွဲပြီး သွေးရွှဲနေတဲ့ ရှီးယုကို..

“အရှင်မင်းကြီး၊ ခင်ဗျား ငယ်သားတွေကို မဆင်မခြင် မလှုပ်ရှားဖို့ အမိန့်ပေးစေချင်တယ်။ လက်ရှိကိစ္စတွေ ကျုပ်နဲ့ လွှဲပေးထားလို့ရပါတယ်”

မာနတ်ထုတ်ပြတဲ့ စွမ်းအားက ကျုပ်ကို တော်တော် အံ့ဩစေတာတော့ အမှန်ပဲ။ အဲ့ကောင် တကယ်ပဲ အစ်ကိုကြီး ကျန်းဟူကို လွင့်ထွက်သွားအောင် လုပ်လိုက်တဲ့အပြင် ဒဏ်ရာ ပြင်းပြင်းထန်ထန်တောင် ရသွားသေးတယ်။ မာနတ်ရဲ့ စွမ်းအားက နတ်ဆိုးဧကရာဇ်ထက် မနိမ့်တာ ကျုပ်သိတယ်။ နတ်ဆိုးဧကရာဇ်က အမှောင်နတ်ဆိုး နဂါးပိုင်မထားရင်တောင် ကျုပ်သူ့ကို မမှီသေးဘူး။ ကျုပ်အထင်တွေကို သက်သေပြလိုက်တဲ့အတိုင်းပဲ အဲ့လူ မိစ္ဆာတစ်ကောင်ပုံစံ ပြောင်းသွားတယ်။ အဲ့လိုမှ မဟုတ်ဘဲ ပုံမှန်အတိုင်းဆို သူ့စွမ်းအားတွေ ဒီလောက်ထိ တိုးလားဖို့ မဖြစ်နိုင်ဘူးလေ။

ကျုပ်လဲ မူကျီနဲ့ ခယ်လွင်သောင်ကို ကျော်တက်ပြီး စုက္ကရေးကို ကိုင်ထားရင်း မာနတ်ကို စိုက်ကြည့်နေလိုက်တယ်။

မာနတ် ရယ်ရင်းနဲ့..

“မင်းက ငါ့ကိစ္စတွေကို ထပ်နှောက်ယှက်ပြန်ပြီပေါ့။ မင်း အစွမ်း မင်းသိသွားအောင် ဒီနေ့ မင်းခန္ဓာကိုယ်ကို တစ်စဆီ ချေမွပေးမယ်ဟေ့”

ရိုးရိုးသားသား ပြောရရင် ကျုပ် သူ့ကို နိုင်ဖို့ လုံးဝ မသေချာဘူး ဆိုတော့ ကျုပ်မှာ ယုံကြည်ချက်မရှိဘူး။ ဒါပေမယ့် ခဏတော့ ထိန်းထားနိုင်မှာပါ။ ရှို့စစ်နဲ့ ကျန်တဲ့သူတွေ မာနတ်ရဲ့ နောက်လိုက်တွေကို ချေမှုန်းပြီးဖို့ စောင့်ရလိမ့်မယ်။ အဲလိုမှပဲ နောက်ဆုံး အောင်ပွဲက ကျုပ်တို့ဘက် အလေးသာလိမ့်မယ်။

“နတ်ဘုရားဘုရင် ငါ့ကို သန့်ရှင်းသောဓား အပ်နှင်းခဲ့တယ်။ ဘုံကိုဆင့်ထိ အရှိန်အဝါတွေ ထွန်းတောက်ရမယ်ဟေ့”

ရွတ်ရင်းနဲ့ လက်နှစ်ဖက်ကို ရှင်ဘတ်ရှေ့မှာ ထားလိုက်တယ်။ ကျုပ်ခန္ဓာကိုယ်က အလင်းတန်းတွေ ထွက်လာပြီး ဆံပင်တွေလဲ ရွှေရောင်ပြောင်းသွားတယ်။ အလင်းအတောင်ပံ (၆)ခု ကျုပ်ကျောမှာ အသာခတ်ရင်း၊ ခန္ဓာကိုယ်ကို အလင်းတွေနဲ့ ဝန်းရံရင်းနဲ့ ကောင်းကင်ပေါ် တဖြည်းဖြည်း တက်လာတယ်။ မာန်တက်နေတဲ့ မာနတ်လဲ ကျုပ်လိုပဲ ကောင်းကင်ပေါ် တက်လာလေရဲ့။

မာနတ်က..

“ငါတို့ အသာရနေတာကို ဘယ်လိုလူက ဖျက်ဆီးလိုက်တယ်ဆိုတာ ငါသိချင်သေးတယ်။ မင်းအဖော်က မီကျားလီလား။ နတ်ဘုရားနဲ့ မိစ္ဆာစစ်ပွဲတုန်းက မင်းငါ့ခန္ဓာကိုယ်ကို ဖျက်ဆီးဖို့ သန့်ရှင်းသောဓားကို သုံးလိုက်တယ်။ ငါ့စိတ်ဝိညာဉ်ကိုသာ နတ်ဘုရားဘုရင်က ထိန်းချုပ်မထားရင် အခုလို ဖြစ်မှာမဟုတ်ဘူး။ ဒီနေ့ ငါလက်စားချေရတော့မယ်..”

သူ့စကားကြားတော့ ကျုပ်စိတ်ထဲ နည်းနည်းလေး အတွေးတွေ ပေါ်လာပြီး..

“ကျာစစ်ခယ်လီသောင်.. မင်းက နတ်ဆိုးဘုရင် မာနတ်ရဲ့ ခန္ဓာကိုယ်ထဲကို စိမ့်ဝင်သွားတယ်ပေါ့။ မိစ္ဆာဘုရင်ရဲ့ လက်အောက်ခံ ဘီလူး(၃)ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ မင်းအမှားတွေ လုပ်ခဲ့တာပဲ။ ငါ့လက်အောက်မှာ သေရတာ မင်းဂုဏ်ရှိတာပေါ့။ ဒီနေ့ မင်းကို ထပ်သတ်ရမယ်။ သန့်ရှင်းသောဓား…”

ငွေရောင် ဓားလေးတစ်စင်း ကျုပ်လက်ထဲပေါ်လာပြီး ကျုပ်ပတ်ပတ်လည်က မြင့်မြတ်တဲ့ အရှိန်အဝါတွေ အပြင်းအထန် လျုပ်ရှားသွားတယ်။ ရှို့စစ်နဲ့ ကျန်တဲ့သူတွေကတော့ ပြန်မခုခံနိုင်လောက်အောင်ကိုပဲ မာနတ်ကလွဲရင် သူ့ငယ်သားအားလုံးကို အကောင်းဆုံး တိုက်ကွက်တွေနဲ့ အဆက်မပြတ် မာန်သွင်း တိုက်ခိုက် နေကြလေရဲ့။

မာနတ် ပထမတော့ ကြောက်နေတဲ့ အမူအရာပြထားပေမယ့် ရုတ်တရက် ထရယ်ပြီး..

“ဒီတော့ မင်း သန့်ရှင်းသောဓားရဲ့ စွမ်းအား (၁၀)ပုံ (၁)ပုဲံ သုံးလို့ ရသေးတယ်ပေါ့။ ဟား…. ငါခွန်အားတွေ အရင်ကလို အစွမ်းကုန် မသုံးနိုင်သေးပေမယ့် မင်းကိုသတ်ဖို့လောက်တော့ လုံလောက်တာထက်တောင် ပိုနေသေးတယ်။ အမှောင်မိစ္ဆာဓား ထွက်ခဲ့စမ်း..”

သူ့လက်ထဲမှာလဲ အနက်ရောင်ဓားရှည်တစ်လက် ရုပ်လုံးပေါ်လာနေတာနဲ့ အမျှ မာနတ်ရဲ့ ခန္ဓာကိုယ်က မီးခိုးရောင် အခိုးအငွေ့တွေနဲ့ လုံးဝ ဖုံးသွားတယ်။ အစပိုင်း အပေါ်စီးက ရောက်နေတဲ့ ကျုပ်စွမ်းအားတွေတောင် ဖိအားတွေ ကောင်းကောင်းကြီး ခံနေရပြီ။ ကျုပ်လဲ ခန္ဓာကိုယ်ထဲက စွမ်းအားတွေ အမြန်ဆုံး ဖြန့်ကျက်ပြီး မှော်စွမ်းအားနဲ့ တိုက်ပွဲစိတ်ဝိညာဉ်တွေကို သန့်ရှင်းသောဓားဆီ ပေါင်းစပ်နိုင်အောင် အမြန်ဆုံး ပို့လွှတ်လိုက်တယ်။

ကျုပ်ခန္ဓာကိုယ်နဲ့ သန့်ရှင်းသောဓားမှာ အလင်းရောင်တွေ တဖြည်းဖြည်း ပိုတောက်ပလာနေတာနဲ့ အမျှ..

“သန့်ရှင်းသောဓား.. သွားတော့..”

ငွေရောင် သန့်ရှင်းသောဓားကို မာနတ်ဆီ မျဉ်းတစ်ကြောင်းလို ပစ်လွှတ်လိုက်တယ်။ သူကလဲ သန့်ရှင်းသောဓားနဲ့ ထိပ်တိုက် ရင်ဆိုင်ဖို့ အမှောင်မိစ္ဆာဓားကို အာရုံစိုက်နေတဲ့အချိန် မာနတ်ပတ်ဝန်းကျင်က ဖိအားတွေကို ထိန်းထားလိုက်နိုင်တယ်။

စွမ်းအင်လုံး(၂)ခု ရုတ်တရက် ထိပ်တိုက် တွေ့သွားတဲ့အချိန် ကောင်းကင်မှာ မိုးခြိမ်းသံလိုမျိုး ပေါက်ကွဲသံကြီး တစ်ခု ပေါ်လာတယ်။ ကောင်းကင်ကြီးမှာလဲ အနက်ရောင် ပြောင်းသွားပြီး ကြီးမားလွန်းတဲ့ ဖိအားကြောင့် တိမ်တွေတောင် ပြန့်ကျဲသွားပါလေရော။ ညကောင်းကင်ယံမှာ ပြင်းထန်လွန်းတဲ့ မီးတောက်တစ်ခု ထွက်လာသလိုမျိုး နတ်ဆိုးမျိုးနွယ်ရဲ့ ပင်မစခန်းကို နေ့လည်ခင်းအလား လင်းထိန်သွားလေရဲ့။

ကံကောင်းတာက ကျုပ်တို့တွေ ကောင်းကင်အမြင့်မာလေ။ အဲလိုမှ မဟုတ်ရင် ဒီတိုက်ခိုက်မှုမျာ တခြားလူတွေကို ထိခိုက်မိမှာ သေချာတယ်။

အိပ်ပျော်နေတဲ့ နတ်ဆိုးနဲ့ သားရဲ မဟာမိတ်စစ်သည်တော်တွေအများစု ပေါက်ကွဲသံကြီးကြောင့် အိပ်မက်ကနေ ရုတ်တရက် နိုးလာခဲ့ကြတယ်။ နတ်ဆိုးဘုရင် ရှီးယု သူ့တပ်တွေကို တစ်စုထဲ သေချစုဖို့ အမိန့်ပေးလိုက်ရင်း တပ်မှူးကြီးတစ်ယောက်ရဲ့ အစွမ်းအစတွေ ပြပြီး အပြောင်းအလဲတွေကို သေချာဖြေရှင်းလိုက်နိုင်တယ်။ ကျန်းဟူနဲ့ တခြားမိစ္ဆာလက်အောက်ခံတွေ တိုက်ခိုက်လို့ရအောင် တိုက်ပွဲကွင်းပြင်တစ်ခု လို ဖန်တီးပေးထားတယ်။

စောစောက တိုက်ကွက်ကနေ မာနတ်ရဲ့ စွမ်းအားတွေ နတ်ဆိုးဧကရာဇ်ထက် သာတယ်ဆိုတာ ကျုပ်သဘောပေါက် လိုက်တယ်။ ကျုပ်ရင်ဘတ်ကို သံတူကြီးနဲ့ အထုခံလိုက်ရသလိုဖြစ်ပြီး မထိန်းနိုင်အောင်ကို သွေးတွေ အံလိုက်ရတယ်။

မာနတ်ကတော့ ကျေကျေနပ်နပ်နဲ့ အားရပါးရ ရယ်ရင်း..

“ဘယ့်နှယ့်လဲဟေ့၊ မီကျားလီ…။ ငါ့ စွမ်းအားတွေ ပြန်ရတာ အရမ်းမြန်တယ်လေ။ အဟေး.. ဒီနေ့တော့ မင်းရဲ့ အဆုံးသတ်ဖြစ်လိမ့်မယ်။ မင်း အစွမ်းလောက်နဲ့ ငါ့ကို အနိုင်ယူဖို့ မဖြစ်နိုင်ပါဘူး”

ကျုပ်လဲ နှုတ်ခမ်းထောင့်က သွေးတွေ သုတ်ပြီး ကျုပ်ခန္ဓာကိုယ် တည်ငြိမ်အောင် တောင်တွေ ခတ်ရင်း..

“ကျာစစ်ခယ်လီသောင် စိတ်မဆိုးပါနဲ့လေ။ ခင်ဗျားအစွမ်းလောက်နဲ့ ကျုပ်ကို အနိုင်ယူနိုင်မယ်လို့ အာမ မခံနိုင်ပါဘူးလေ..”

============= (*^*)=============

အပိုင်း( ၂၇၁ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters