← Chapters

လုချွန်

Vol. 011 Ch. 1099

လုချွန်

Vol. 011 Ch. 1099

လီဝမ်မြို့သည် တာလီပြည်ထောင် အောက်ဘုံ၏ မြို့တော်ဖြစ်သည်။ မြို့တော်ဖြစ်ရကား အောက်ဘုံ၏ အလယ်ဗဟိုတွင် တည်ရှိပေသည်။

လီဝမ်မြို့သည် အထက်ဘုံနှင့် တိုက်ရိုက် ဆက်စပ်နေကာ မြို့တော်အား ဘုရင်ခံလီက အုပ်ချုပ်သည်။ ဘုရင်ခံလီသည်ကား တာလီနန်းတွင်းမျိုးရိုးမှ ဖြစ်ကာ အထက်ဘုံမှ အမိန့်တော်များကို တိုက်ရိုက် နာခံရသူဖြစ်သည်။ ကောလာဟလများအရ တာလီနန်းတွင်းမှ သူ့အား အောက်ဘုံတွင် ပါရမီရှင်များကို ရွေးချယ်ကာ အထက်ဘံသို့ စေလွှတ် လေ့ကျင့်စေသည်။ ရွေးချယ်မှုအား ရှီအဆင့်များ၌ ပြုလုပ်သည်။

သတင်းများကို ကြားသိရသည်နှင့် ဘုရင်ခံလီ၏နန်းတော်က ဒေသကိုးခုသို့ မြန်ဆန်စွာပင် သတင်းများ ပို့စေသည်။ ဘုရင်ခံများမှ တစ်ဆင့် တော်ဝင်မြေများသို့ အသိပေးခဲ့ကာ အားလုံးကို လီဝမ်မြို့သို့ ဖိတ်ကြားစေခဲ့သည်။

ရန်ဒေသ တစ်ခုတည်းသာ မဟုတ်၊ တခြားဒေသများ အားလုံးက ကြီးစွာ လှုပ်ခတ်သွားခဲ့သည်။ ဤနည်းဖြင့် တာလီပြည်ထောင် အောက်ဘုံမှ အတော်ဆုံးသော တန်ခိုးရှင်များသည် သည်အရေး၌ လွဲချော်ခြင်း မရှိရအောင် အပြေး လှမ်းလာခဲ့ကြတော့သည်။

လက်တလောတွင် လီဝမ်မြို့၌ သတင်းများစွာကို ကြားသိကြရသည်။ ပြောကြသည်မှာ ဒေသကိုးခုမှ တန်ခိုးရှင်များသည် လီဝမ်မြို့သို့ ရောက်ရှိနေခဲ့ကြပြီ ဖြစ်သည်။ လီဝမ်မြို့မှ တန်ခိုးရှင်များသည် အနယ်နယ်အရပ်ရပ်မှ လာရောက်သော ထိပ်သီး တန်ခိုးရှင်များအား တွေ့မြင်ကြရ၏။

တာလီပြည်ထောင် အထက်ဘုံမှ အဆင့်မြင့် ပုဂ္ဂိုလ်များသည် အောက်ဘုံသို့ ဆင်းသက်လာသော သတင်းများလည်း ပါဝင်သည်။ ထိုလူများသည် အောက်ဘုံမှ လီနန်းတော်သို့ ရောက်နေကြပြီ ဖြစ်သည်။ အထက်ဘုံမှ မည်သည့်ပုဂ္ဂိုလ်များ ရောက်လာသည်ကို မရေမတွက်နိုင်သော လူများက သိလိုကြ၏။ ကောလာဟလများအရ ထိုသူများမှာ တာလီပြည်ထောင် နန်းတွင်းမှ ဖြစ်ကြသည်။ တာလီပြည်ထောင် နန်းတွင်းအကြံပေးကာ ပါရမီရှင်များအား ရွေးချယ်ရန် သူ့တပည့်အား ကိုယ်တိုင် စေလွှတ်ခဲ့၏။

လတ်တလောတွင် ဘုရင်လီ၏နန်းတော်၌ ညစာစားပွဲကြီးတစ်ခု ကျင်းပနေသည်။ ခန်းမကြီး၏ရှေ့တွင် ရှိသော နဂါးပလ္လင်၌ ရွှေရောင်ဝတ်ရုံရှည်ဖြင့် ထည်ဝါခန့်ညားသော လူကြီးတစ်ဦး ထိုင်နေသည်။ သူကား အောက်ဘုံကို အုပ်ချုပ်သော ဘုရင်ခံလီဖြစ်သည်။

ဘုရင်ခံလီနှင့် မနီးမဝေး၌ လူငယ်တစ်ဦး ထိုင်နေ၏။ ရိုးရှင်းသော ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူကား ထူးဆန်း ဆန်းကြယ်သော အငွေ့အသက်များအား ပိုင်ဆိုင်ပေသည်။ ဘုရင်ခံလီက လူငယ်အား ကိုယ်တိုင် သေရည်ဖြင့် ဧည့်ခံ၏။

ဘုရင်ခံလီသည် အောက်ဘုံကို အုပ်ချုပ်သောသူ ဖြစ်သောကြောင့်သာ အရေးပါသည် မဟုတ်ပေ။ သူကား တာလီနန်းတွင်း မျိုးရိုးမှ ဖြစ်၏။ သူကိုယ်တိုင်က လူငယ်အား ကိုယ်တိုင် ဧည့်ခံခြင်းသည် လူငယ်၏ အဆင့်အတန်း မည်မျှ ကြီးမားသည်ကို သိနိုင်ပေသည်။

ဘေးတစ်ဖက် တစ်ချက်မှ ထိုင်ခုံများတွင် ဘုရင်ခံလီ၏ နန်းတော်မှ အကြီးအကဲများနှင့် ဝန်ကြီးများ ထိုင်နေသည်ကို တွေ့နိုင်ပေသည်။ လွန်ခဲ့သော ဆယ်နှစ်က အင်ပါယာလီဘုံသည် ဘုံသုံးခုတွင် အားအနည်းဆုံး ဖြစ်သည်။

သို့သော်လည်း အင်ပါယာလီဘုံအတွက် ကံကြမ္မာ အလှည့်အပြောင်းကို ဖြစ်အောင် လုပ်ခဲ့သူတစ်ဦး ရှိပေသည်။ သူက အားအနည်းဆုံး ဖြစ်သည့် အင်ပါယာလီဘုံအား နတ္တထိဘုံတိုက်ပွဲတွင် နိုင်ပွဲရအောင် ဆောင်ကျဉ်းပေးခဲ့၏။ လွန်ခဲ့သော ဆယ်နှစ်က အင်ပါယာလီဘုံအား နိုင်ပွဲ ဆောင်ကျဉ်းပေးခဲ့သော ထိုလူငယ်၏နာမည်ကို မည်သူက မေ့လျော့နိုင်မည်နည်း။

တာလီပြည်ထောင် နန်းတွင်းအကြံပေး၏ လက်ရင်းတပည့် တစ်ဦးဖြစ်သော လုချွန်သည် သူ့ဆရာကိုယ်တိုင်က ချီးကျူးဂုဏ်ယူရသူ ဖြစ်၏။ လွန်ခဲ့သော ဆယ်နှစ်က နတ္ထိဘုံတိုက်ပွဲ အပြီးတွင် လုချွန်၏နာမည်သည် တစ်ဟုန်ထိုး ကျော်ကြား လာခဲ့သည်။ သူက ရှီအဆင့်အမြင့်ဆုံး၌ ရှိစဉ်ကတည်းက နာမည် ကျော်ကြားခဲ့ကာ အင်ပါယာလီကိုယ်တိုင်က တန်ဖိုးထားရသူ ဖြစ်သည်။

ယခု ထိုင်နေသော လူငယ်ကား အနာဂါတ်တွင် နန်းတွင်းအကြံပေး၏ နေရာတွင် အစားထိုးနိုင်ဖွယ်ရှိသော လုချွန်သာ ဖြစ်ပေသည်။ ယခင် ဆယ်နှစ်က လုချွန် စွမ်းဆောင်ခဲ့သည်ကား လတ်တလောတွင် နတ္ထိဘုံတိုက်ပွဲ၌ ရီဖူရှင်း စွမ်းဆောင်ခဲ့သည်နှင့် အတူတူ ဖြစ်ပေသည်။ သူ့ပုံပြင်များအား အင်ပါယာလီဘုံ တစ်ခုလုံးတွင် ပြောစမှတ် တွင်ရ၏။

လက်ရှိတွင် တာလီပြည်ထောင် နန်းတွင်းအကြံပေး၏ တပည့်ဖြစ်သော လုချွန်သာမက တခြားသော အထက်ဘုံမှ ထိပ်သီး အင်အားစုများ၏ ကိုယ်စားလှယ်များသည်လည်း အောက်ဘုံသို့ လူရွေးချယ်ရန် ရောက်ရှိ လာခဲ့ကြပေသည်။ ထိုအထဲတွင် တာလီပြည်ထောင် ဓားတောင်ကုန်းမှ ဓားသမားများလည်း ပါဝင်ကြပေ၏။

သို့တိုင်အောင် လုချွန်သည် ယနေ့တွင် ပင်မဇာတ်ဆောင် တစ်ဦးဟု ပြောလျှင် လွန်အံ့မထင်။ သူ၏ စွမ်းဆောင်ရည်များ၊ နာမည် ဂုဏ်သတင်းနှင့် ပါရမီတို့သည် လက်ရှိ သူ၏အဆင့်အတန်းကို ရရှိစေသည်။

လက်ရှိတွင် လုချွန်သည် ရှန့်ထိုတစ်ပါး ဖြစ်နေပြီ ဖြစ်သည်။ အနာဂတ်တွင် သူသည် အင်ပါယာလီဘုံအတွက် အားထားရသော သူတစ်ဦး ဖြစ်မည်မှာ သေချာ၏။

“အဖေ့ဆီက ရှင့်ရဲ့ ဂုဏ်သတင်းတွေကို ကြားသိရပါတယ် … ကျွန်မ လီယုက အရင်ကတည်းက ဆရာလေးကို လေးစားနေမိတာပါ” လုချွန်နှင့် သိပ်မဝေးသော တစ်နေရာတွင် အလွန်လှပ ချောမောသော မိန်းကလေး တစ်ယောက်က ပြောသည်။ သူမ၏ မျိုးရိုးနာမည်မှာ လီဖြစ်ရာ သူ၏ အဆင့်အတန်းကို သိနိုင်ပေသည်။

“မင်းသမီးက အရမ်း ချီးမြှောက်လွန်းပါပြီ။ ကျုပ်ရဲ့ စွမ်းဆောင်ရည်က ဒီလောက် မဟုတ်ပါဘူး” လုချွန်ကလည်း ပြန်လည်၍ လေးစားစွာ ပြောသည်။

ဘုရင်ခံလီသည် အောက်ဘုံကို အုပ်ချုပ်သူဖြစ်၏။ အင်ပါယာလီက သူ့သားသမီးများအား မင်းသား မင်းသမီး ဘွဲ့ထူးကို ပေးထားပေသည်။

လူအများအပြားက သူတို့နှစ်ယောက်အား ပြုံးလျက် ကြည့်ကြသည်။ တစ်ယောက်ကား တာလီပြည်ထောင် နန်းတွင်းအကြံပေး၏ လက်ရင်းတပည့်ဖြစ်ကာ နောက်တစ်ယောက်ကား ဘုရင်ခံလီ၏ သမီးတော်ဖြစ်၏။ နှစ်ယောက်သားမှာ အလွန်တရာ လိုက်ဖက်ညီပေသည်။

“ရှင်က နတ္ထိဘုံတိုက်ပွဲမှာ တစ်ကိုယ်တော် စွမ်းရည်နဲ့ အနိုင်ယူပေးခဲ့တယ်။ အရှင်မင်းကြီးကလည်း ရှင့်ကို ကြီးမားတဲ့ ဆုလာဘ်တွေ ချီးမြှင့်ခဲ့တယ်။ ဒါက ကြီးမားတဲ့ စွမ်းဆောင်ရည် ဘာလို့ မဟုတ်ရမှာလဲ” လီယူက ပြုံးလျက် ပြောသည်။

“ကျုပ်က နှိမ့်ချပြီးနေတာ မဟုတ်ပါဘူး။ နတ္ထိဘုံတိုက်ပွဲဟာ ဆယ်နှစ်တစ်ကြိမ် ကျင်းပတာ ဆိုပေမဲ့ အကြိမ်တိုင်းမှာ ထူးခြား ထက်မြက်တဲ့သူတွေ ထွက်ပေါ်လာလေ့ ရှိတယ်။ ပြီးခဲ့တဲ့နှစ်မှာလည်း အင်ပါယာရှားဘုံမှာ အရမ်းထူးချွန်တဲ့ ပါရမီရှင်တစ်ယောက် ပေါ်ထွက် လာခဲ့ပြီးတော့ ကျုပ် လုပ်ဆောင်ခဲ့တာထက် အဆများစွာ သာအောင် စွမ်းဆောင်ပြီးတော့ အင်ပါယာရှားဘုံကို တိုက်ပွဲမှာ အနိုင်ရစေခဲ့တယ်။ ဒါကြောင့် ကျုပ်အပြင် တခြားထူးချွန်တဲ့ လူတွေဟာလည်း အများအပြား ရှိနေကြလို့ ကျုပ်က ကိုယ့်ဂုဏ်ကိုယ် သိပ်မဖော်ရဲပါဘူး”

လုချွန်က ဖြည်းညင်းစွာ ပြောသည် … “ကျုပ်ဆရာက ကျုပ်ကို အောက်ဘုံသို့ စေလွှတ်ပြီးတော့ ထူးချွန်တဲ့လူတွေကို ရွေးချယ်ခိုင်းတယ်။ ဒါက ကျုပ်အတွက် အရေးကြီးတဲ့ တာဝန်တစ်ခုပဲ”

လုချွန်၏စကားကို ကြားကာ လူအများအပြားမှာ လေးစား ချီးကျူးရပေသည်။ လုချွန်၏ အဆင့်အတန်းဖြင့် ဤသို့ နှိမ့်ချပြောဆိုနိုင်ခြင်းမှာ ရှားပါးလွန်း လှပေသည်။

ထိုနာမည်ကား ပြီးခဲ့သည့်နှစ်ကမှ အင်ပါယာလီဘုံသို့ ရောက်ရှိ ကျော်ကြားလာခဲ့ခြင်း ဖြစ်သည်။ တာလီပြည်ထောင် နန်းတွင်း အကြံပေး၏ လက်ရင်းတပည့် ဖြစ်သော လုချွန်က သူ့ဂျူနီယာညီငယ် ကိုယ်တိုင် ထိုသူ၏လက်ထဲတွင် သေဆုံးခဲ့ရသည့်တိုင် တစ်ဖက်လူ၏ပါရမီအား ချီးကျူးနိုင်ခြင်းမှာ သူ၏စိတ်နှလုံး ရင့်သန်ခြင်းကို ဖော်ပြနေ၏။

“သူက နတ္ထိဘုံတိုက်ပွဲမှာ အနိုင်ရလဒ်ကို အဆုံးအဖြတ် ပေးခဲ့သူ ဆိုပေမဲ့ ဒါက အလစ်အငိုက်ဖမ်းပြီး အနိုင်ယူတဲ့အကွက်ပဲ။ သူက သားရဲတွေကို ထိန်းချုပ်နိုင်တာ ဘယ်သူမှ မသိခဲ့ဘူးလေ။ တကယ်လို့ ဆရာလေးသာ သူနဲ့ အဆင့် အတူတူဖြစ်ခဲ့ရင် ဆရာလေးပဲ အနိုင်ရမှာ သေချာတယ်” လီယူက ပြောသည်။

သူတို့ ပြောနေသောသူမှာ ရီဖူရှင်းဖြစ်ကြောင်း အားလုံးက သိကြပေသည်။ ရီဖူရှင်းက မင်းသမီး ရှားရှင်းယွန်နှင့်ပင် ပူးပေါင်းကာ ယွင်ကျင်းအား သတ်ဖြတ်ခဲ့ကြ၏။

“ဒီလောကမှာ တကယ်လို့ဆိုတာ မရှိဘူး။ ရလဒ်ပဲ ရှိတယ်။ သူက အနိုင်ရအောင် လုပ်နိုင်မှတော့ ဒါက သူ့စွမ်းဆောင်ရည်ပဲ။ တကယ်လို့ သူ့ကို အနိုင်ရဖို့ဆိုရင် အနာဂတ်မှာ သူနဲ့ တွေ့မှ ဖြစ်လိမ့်မယ်” လုချွန်က ပြောသည်။

အားလုံးက ပြုံးလျက် ခေါင်းညိတ်ကြသည်။

“ဘုရင်ခံလီ … ဒေသကိုးခုက တန်ခိုးရှင်တွေ လီဝမ်မြို့သို့ ရောက်ကြပါပြီလား” လုချွန်က ဘုရင်ခံလီအား အဓိက အကြောင်းအရာကို မေးသည်။

“သူတို့အားလုံး ရောက်နေကြပြီ” ဘုရင်ခံလီက ခေါင်းညိတ်သည်။

“ကောင်းပြီ … သူတို့နဲ့ တွေ့ဆုံဖို့ စီစဉ်ပေးပါ။ ဒီတစ်ခါ အထက်ဘုံက အင်အားစု အများအပြား ရောက်လာကြတယ်။ သူတို့အားလုံး တစ်ခုခု ရသွားမယ်လို့ ကျုပ် မျှော်လင့်တယ်” လုချွန်က ပြောသည်။

***

ဘုရင်ခံလီ၏ နန်းတော်တွင် ရီဖူရှင်းက သူ့အကြောင်းများကို ပြောဆိုနေကြကြောင်း မသိပေ။ သူက လုချွန်ကိုလည်း မသိသလို လွန်ခဲ့သော ဆယ်နှစ်က နတ္ထိဘုံတိုက်ပွဲနှင့် ပတ်သက်၍လည်း မသိပေ။

ရီဖူရှင်းကား လတ်တလောတွင် ဒေသကိုးခုမှ လူများအား နေရာချထား ပေးသော တည်းခိုခန်းတစ်ခု၌ ရှိနေသည်။ ရီဖူရှင်းက သူ၏အခန်းထဲတွင်ပင် တစ်ယောက်တည်း လေ့ကျင့်နေ၏။ အပြင်မှ ခြေလှမ်းအချို့ကို ကြားလျှင် ရီဖူရှင်းက မျက်လုံးကို ဖွင့်လိုက်သည်။ ရောက်လာသူကား ဟွမ်ချွဲ့ဖြစ်သည်။

သူမက အခန်းအပြင်မှပင် ရပ်ကာ ရီဖူရှင်းအား လှမ်းပြောသည် … “တော်ဝင်မြေက ဓားသမားတွေ အကုန်လုံး အချင်းချင်း တွေ့ဆုံပြီး ဓားပညာကို ဆွေးနွေး နေကြတယ်။ အဖေက ရှင့်ကို ဖိတ်ခေါ် ခိုင်းလိုက်တယ်”

သူမက ပြောပြီးသည်နှင့် နောက်လှည့်ကာ ထွက်သွား၏။

“ဓားပညာနဲ့ပတ်သက်ပြီး ဆွေးနွေးနေကြတယ် …” ရီဖူရှင်းက သိပ်စိတ်မဝင်စားပေ။ သို့သော်လည်း လေရိုင်းရှန့်ထိုဓားက သူ့အား ဖိတ်ခေါ်မှတော့ တစ်ခေါက်တော့ သွားကြည့်သင့် ပေသည်။ သူက ထရပ်ကာ အခန်းအပြင်သို့ ထွက်လိုက်၏။

ရီဖူရှင်းက ဓားသမားများ တွေ့ဆုံရာနေရာသို့ ရောက်သွားသည်။ လေရိုင်း ရှန့်ထိုဓားကား ကွင်းဘေးတွင် ငြိမ်သက်စွာ ရပ်နေ၏။  တော်ဝင်မြေမှ ဓားသမားများကား ကွင်းထဲတွင် အသီးသီး မိမိတို့ စွမ်းရည်များကို ပြသနေကြသည်။ သူတို့က တရားဝင် စိန်ခေါ်ခြင်း မဟုတ်သော်ငြားလည်း အလေးအနက် ထားကာ ပညာဖလှယ်သူများ ရှိသလို ဟန်ရေးပြခြင်းမျှသာ ပြုလုပ်သူများလည်း ရှိကြပေသည်။

“မင်းက ဓားပညာကို လေ့ကျင့်နေတာလား …” လေရိုင်းရှန့်ထိုဓားက ရီဖူရှင်းအား ပြုံးလျက်မေးသည်။

“ဟုတ်ပါတယ်” ရီဖူရှင်းက ခေါင်းညိတ်၏။

လေရိုင်း ရှန့်ထိုဓားက ကျေနပ်စွာ ခေါင်းညိတ်သည်။ လူငယ်ကား မောက်မာသော်လည်း တစ်ဘက်တွင် ဇွဲလုံ့လ ဝီရိယရှိပေသည်။ သူ၏ဓားအပေါ် ခံယူချက်က အလွန်သန့်စင်၏။

“တခြားလူတွေရဲ့ ဓားပညာကို လေ့လာဆန်းစစ် ရတာလည်း ကောင်းတဲ့အချက်ပဲ” လေရိုင်းရှန့်ထိုဓားက ပြောသည်။

ထိုအခိုက်တွင် ဖီးနစ်ဓားကလန်မှ ချီရှားနှင့် ချီယောင်တို့သည် ကွင်းထဲတွင် ရပ်နေကြ၏။ သူတို့သည် မောင်နှမများ ဖြစ်ကြသည်။ သူတို့က အချင်းချင်း ဓားပညာကို လေ့ကျင့်နေကြရာ ဓားရောင်များ ပြိုးပြိုးပြက်ပြက် လင်းလက် နေပေသည်။ သူတို့က ရုတ်တရက် တိုက်ခိုက်နေသည်ကို ရပ်လိုက်ကာ လူအုပ်အား ကြည့်သည်။ ချီယောင်က ရီဖူရှင်း ရောက်လာသည်ကို သတိထားမိကာ သူ့ထံသို့ လှမ်းလာခဲ့၏။

“ဖီးနစ်ဓားကလန်က  ချီယောင်ပါ … သတ္တမဓားသမားနဲ့ လက်ရည် စမ်းချင်ပါတယ်” ချီယောင်က ရီဖူရှင်းအား အဝေးမှ လှမ်းမေးသည်။ လူအများအပြားက ရီဖူရှင်းအား လှမ်းကြည့်ကြ၏။ ရီဖူရှင်းက နိုင်းယွင်အား ဓားတစ်ကွက်တည်းဖြင့် အနိုင်ရထားသည်ကို သူတို့ သိကြသော်လည်း သူတို့အားလုံးက ရီဖူရှင်း၏ စွမ်းရည်ကို လက်တွေ့ သိမြင်လိုကြပေသည်။

“ကျုပ်ဓားက လက်ရည်စမ်းဖို့ မဟုတ်ဘူး … နောက်တစ်ယောက်ကို ရှာပါ” ရီဖူရှင်းက ချီယောင်ကို ပြောသည်။

“ကျွန်မက ပြီးခဲ့တဲ့ နှစ်ကတည်းက ရန်ဒေသရဲ့ တော်ဝင်မြေတွေက ဓားသမားတွေနဲ့ စမ်းကြည့်ပြီးပြီ” ချီယောင်က ပြောသည်။

“ဒါဆိုလည်း ဒေသကိုးခုက တခြားဓားသမားတွေ ရောက်လာတာကို စောင့်လိုက်ပေါ့” ရီဖူရှင်းက သူမအား အလေးမထားဟန်ဖြင့် ပြောသည်။

“တစ်ကွက် နှစ်ကွက်လောက် စမ်းကြည့်တာက ဘာဖြစ်သွားမှာလဲ” နောက်တစ်ယောက်က ပြောသည်။ သူကား မုန်တိုင်း ဓားကလန်မှ လင်းရာဖြစ်သည်။

ရီဖူရှင်းက လင်းရာကို ကြည့်ကာ ပြောသည် … “မင်းက ငါနဲ့ လက်ရည်စမ်းရင် သေချာတယ် … ရန်ဒေသကို တစ်ကိုယ်တည်း တံခါးပိတ် လေ့ကျင့်ဖို့ ပြန်သွားရလိမ့်မယ်”

အားလုံးက ရီဖူရှင်းအား ဆွံ့အစွာ ကြည့်ကြသည်။

“မင်းက လက်ရည်စမ်းဖို့ ဆန္ဒမရှိရင် ဘာလို့ ဒီကို လာတာလဲ။ ဒေသကိုခုက တန်ခိုးရှင်တွေ အကုန်လုံး ဆုံရင်လည်း ကျုပ်တို့ တိုက်ခိုက်ကြရမှာပဲ   ချီရှားက ရီဖူရှင်းအာ မေးသည်။

“ကိုးဒေသက တိုက်ပွဲမှာ ကျုပ်ပါမယ်လို့ ဘယ်တုန်းက ပြောလဲ” ရီဖူရှင်းက ချီရှားအား မေးသည်။

“ဒါဆို မင်းက ဘာလို့ ဒီကို လာတာလဲ” ချီရှားက ငေါ့တော့တော့ မေးသည်။ တာလီပြည်ထောင်က ပါရမီရှင်များအား ရွေးချယ်ရန် တန်ခိုးရှင်များအား စုစည်းသည်။ ရီဖူရှင်းက စိတ်မဝင်စားဟု ပြောခြင်းက သူ့အတွက် ရယ်ရွှင်ဖွယ်ရာ ဖြစ်၏။

“ငါ့ရဲ့ဓားကို ထုတ်ဖို့ ထိုက်တန်တဲ့သူ ရှိမလားလို့ ဒီကို လာကြည့်တာ” ရီဖူရှင်းက ပြောသည်။ ချီရှားနှင့် ချီယောင်တို့က ရီဖူရှင်းအား စိတ်ပျက်လက်ပျက် ကြည့်ကြသည်။ အချို့သော လူများမှာ ပြောရဆိုရ လက်ပေါက်ကတ်ကြောင်း သူတို့ သိနားလည်ကြ၏။ ချီယောင်က လက်လျှော့ကာ ပြောသည် … “ရှင့်ဓား ထုတ်မယ့်အချိန်ကို ကျွန်မ စောင့်ကြည့်နေမယ်”

လူအများအပြားက ရီဖူရှင်းအား နားမလည်စွာ ကြည့်ကြသည်။ ရီဖူရှင်းကား မကြာခင် ထိုနေရာမှ ထွက်ခွာသွား၏။ ဘုရင်ခံလီနန်းတော်မှ တန်ခိုးရှင်များက သူတို့အား သတင်း လာပို့သည်မှာ ဒေသကိုးခုမှ တန်ခိုးရှင်များအား နောက်သုံးရက် အကြာတွင် ဘုရင်ခံလီ၏ နန်းတော်သို့ ဝင်ကြရမည် ဖြစ်သည်။

***

All Chapters