← Chapters

မိစ္ဆာကို အနိုင်ယူတဲ့ နတ်ဘုရား(၅)ပါး

Vol. 19 Ch. 271

မိစ္ဆာကို အနိုင်ယူတဲ့ နတ်ဘုရား(၅)ပါး

Vol. 19 Ch. 271

Child of light (ကျန်းကုန်း)

Volume 10: Chapter 18 - Five Gods Defeating the Monster

“မင်း အခုထိ မာချင်နေတုန်းပဲ။ ကောင်းပြီလေ ငါ့ဓားကို ကြည့်…”

သူ့ဘေးနားမှာ လှုပ်ရှားသံတစ်ခု ထွက်လာပြီး အမှောင်မိစ္ဆာဓား ကျုပ်ဆီ ဝင်လာတယ်။ ကျုပ်နဲ့ ကျာစစ်ခယ်လီသောင် ကြားမှာ စွမ်းအားကွာခြားချက် ရှိနေတယ်လေ။ နတ်ဆိုးဧကရာဇ်နဲ့ တိုက်ပွဲကစပြီး ကျုပ်သိသိသာသာ တိုးတက်လာပေမယ့် ကျုပ်နဲ့ ထပ်ပြီး မတိုက်ဖြစ်သေးဘူးလေ။ မီကျားလီရဲ့ စိတ်ဝိညာဉ် အကြွင်းအကျန်ရဲ့ မှတ်ဉာဏ်က ဒီလူ မိစ္ဆာဘုရင်ရဲ့ လက်ဆွဲတော် (၃)ယောက်ထဲက တစ်ယောက်ဆိုတာ ပြောပြတယ်လေ။ ဟိုတုန်းက နတ်ဘုရားနဲ့ မိစ္ဆာစစ်ပွဲတုန်းက သူရှုံးသွားတဲ့အချိန် သူ့ဝိညာဉ်ကို နတ်ဘုရားဘုရင်က အတင်းအကြပ်ခေါ်သွားတယ်။ မီကျားလီရဲ့ စွမ်းအားတွေ အပြည့်အဝ ပြန်ကောင်းလာရင် သူကလဲ ထည့်စဉ်းစားရမယ့် စွမ်းအားတစ်ခု ဖြစ်လာမယ်လေ။

ကျာစစ်ခယ်လီသောင် စွမ်းအားဘယ်လောက် ပြန်ရလာတယ်ဆိုတာ ကျုပ်မသိနိုင်ပေမယ့် သန့်ရှင်းသောဓားရဲ့ စွမ်းအား(၁၀)ရာခိုင်နှုန်းနဲ့ သူ့လှုပ်ရှားမှုတွေကို ကျုပ်တားနိုင်တယ်။ သူပြန်ကောင်းလာတဲ့အရှိန်ကလဲ အတူတူပဲပေါ့။ မိစ္ဆာဘုရင်ရဲ့ ခန္ဓာကိုယ်ကို နတ်ဘုရားဘုရင် ချိပ်ပိတ်ထားတာကြောင့် ကျာစစ်ခယ်လီသောင် သူ့စွမ်းအား အထွတ်အထိပ်ကိုတော့ ပြန်ကောင်းစရာ အကြောင်းမရှိလောက်သေးပါဘူးလေ။

အတွေးတွေ ကျုပ်စိတ်ထဲ တစ်လက်လက် တောက်လာတယ်။ ကျာစစ်ခယ်လီသောင်ရဲ့ အမှောင်မိစ္ဆာဓားက ကျုပ်ခေါင်းနာ ရောက်နေပြီ။ ကျုပ်မှ သူ့ပြိုင်ဖက် မဖြစ်နိုင်သေးတာ ထိပ်တိုက် ဘယ်တွေ့လိမ့်မလဲ။ တည်နေရာ ရွှေ့ပြောင်းနည်းနဲ့ ရှောင်ဖို့လဲလုပ်ရော ကျာစစ်ခယ်လီသောင်ရဲ့ စွမ်းအားတွေနဲ့ ကျုပ်ကို ချိပ်ပိတ်ထားမှန်း သိလိုက်ရတယ်။ သူ့မျက်လုံးထဲမှာလဲ ကောက်ကျစ်မယ့် အရိပ်အငွေ့တွေ ရှိနေတာ ကျုပ်သတိထားမိလိုက်တယ်။

ကျုပ်မှာ ရွေးစရာမရှိပေမယ့် ကျုပ်ခန္ဓာကိုယ် ရှေ့ကနေ ကျန်နေတဲ့ သန့်ရှင်းသောဓား စွမ်းအားတွေ အတင်း စုဆောင်းဖို့ပဲ တတ်နိုင်တော့တယ်။

“ဟုန်း….”

သူ့စွမ်းအားတွေကြောင့် ကျုပ်ဖြင့် မီတာ(၅၀၀)လောက်ထိ လွင့်သွားကရော။ ကျာစစ်ခယ်လီသောင် ပစ်လိုက်တဲ့ စွမ်းအားတွေထဲမှာ ထူးခြားရက်ဆက်ကြမ်းကြုတ်တဲ့ အရှိန်အဝါတွေပါတယ်ဗျ။ ဆိုးဝါးလွန်းတဲ့ အရှိန်အဝါတွေ ကျုပ်ခန္ဓာကိုယ်ထဲ စိမ့်ဝင်ပြီး မသက်မသာကြီး ခံစားလိုက်ရတယ်ဗျာ။

ကျုပ်လဲ နောက်တခါထပ်ပြီး သွေးအံလိုက်ရတော့ အတောင်ပံတွေတောင် သိသိသာသာကို အရောင်တွေ မှိန်သွားတယ်။ ကျုပ်ခန္ဓာကိုယ်ကနေ ကြောက်စရာအရှိန်အဝါတွေကို တွန်းလှန်ဖို့ သန့်ရှင်းသောဓားရဲ့ စွမ်းအားတွေ အသုံးချနိုင်ပေမယ့် အရမ်းခက်တယ်ဗျ။ သူ့ နောက်ထပ်တိုက်ကွက်လာရင် ခံနိုင်ပါတော့မလား မသိတော့ဘူး။ အစ်ကို ရှို့စစ်နဲ့ ကျန်တဲ့သူတွေ အဆင်ပြေလောက်သေးလား။ မင်းတို့ ညီတော့ ကန့်သတ်ချက် ရောက်နေပြီဟေ့။

အဲ့အချိန်မှာပဲ လျှပ်စီးခံတပ်ကနေ နဂါးဟိန်းသံတစ်ချက်နဲ့အတူ ရွှေရောင်အလင်းတန်းကြီးတစ်ခု ကျုပ်ဆီကို လျှပ်စီးလက်သလို ရွှေ့လျားလာနေတယ်။ ကျုပ် အန္တရာယ်ဖြစ်နေပြီဆိုတာ သိလို့ ရှောင်ကျင်း လိုက်လာတာဆိုတော့ ဝမ်းသာမိလိုက် သေးတယ်။

ကျာစစ်ခယ်လီသောင် ရှောင်ကျင်းကို သတိထားမိလိုက်တယ်ဆိုတာ ကျုပ်သိတယ်။ သူ့မျက်လုံးကြားကနေ တုန်လှုပ်လောက်စရာ အရိပ်အယောင်တစ်ခု ပေါ်လာပြီး..

“နဂါးမျိုးနွယ်တောင် ရောက်လာပြီပဲ။ အဲ့ကောင်တွေ မျိုးသုဉ်းသွားပြီလို့ ငါထင်နေတာ။ အရှင်မိစ္ဆာဘုရင် သင့်ရဲ့ ဆိုးယုတ်စွမ်းအားတွေ ကျေးဇူးပြုပြီး ပေးသနားပါ”

သူ ဘာလို့ ဒီမန္တန် ရွတ်နည်းသိနေရတာလဲ။ တဖြည်းဖြည်း ပြောင်းလဲလာတဲ့ ကျာစစ်ခယ်လီသောင် ကို ကျုပ်စောင့်ကြည့်နေလိုက်တယ်။ ကျုပ်ခန္ဓာကိုယ်ထဲက စွမ်းအားတွေ ထိန်းညှိဖို့ ကြိုးစားနေတုန်း သူ့ခန္ဓာကိုယ်က ဝတ်ရုံ တဖြည်းဖြည်း ဖေါင်းကားလိုက်လိုက်တာ ဆံဖျားနားထိရောက်မှ ရပ်သွားတယ်။ သူ့တကိုယ်လုံးလဲ စောစောကထက် ပိုဆိုးတဲ့ မီးခိုးရောင် အရှိန်အဝါတွေ ဖုံးနေပြီ။ ရှောင်ကျင်း ကျုပ်ဆီမရောက်ခင် ကျုပ်ကို လက်စတုန်းဖို့ စွမ်းအားတွေစုနေတယ်ဆိုတာ သိတာပေါ့ဗျာ။

ကျာစစ်ခယ်လီသောင် မျက်လုံးတွေ နီရဲတောက်ပလာတယ်။ ရုတ်တရက် သူ့ရှေ့မှာလဲ ကိုယ်ပွား (၈)ခုတောင် ပေါ်လာတယ်။ ပုံရိပ်ယောင်တွေတောင် မဟုတ်ဘူး။ ကိုယ်ပွား တစ်ခုစီမှာလဲ ဖြုံလောက်စရာ စွမ်းအားတွေနဲ့။ ကျုပ်လဲ စုက္ကရေးကို ချက်ချင်းမြှောက်ပြီး ကျုပ်အသက်လေး မသေဖို့ သန့်ရှင်းသောဓား စွမ်းအားတွေ အသက်သွင်းရတော့တာပေါ့။

“နတ်ဘုရားဘုရင်ကိုယ်တိုင် ငါ့ကို သန့်ရှင်းသောဓားအပ်နှင်းထားတဲ့အတွက် ကောင်းကင်ဘုံထိ အရှိန်အဟုန်နဲ့ တောက်ပစေရမယ်ဟေ့…”

ကျုပ်မှာ စွမ်းအားမကျန်တော့ပေမယ့် စုက္ကရေးနဲ့အတူ ကျုပ်ခန္ဓာကိုယ်ထဲက သန့်ရှင်းသောဓားကို မြဲမြဲကိုင်ထားလိုက်တော့တယ်။

ကျာစစ်ခယ်လီသောင် ငရဲလို မျက်လုံးနဲ့ ရုတ်တရက်..

“မီကျားလီ .. သေလိုက်တော့…”

အဲ့ကောင် အမှောင်နတ်ဆိုးဓားကို ညွှန်ပြတော့ ကိုယ်ပွား(၈)ခုစလုံးကလဲ လိုက်လာတော့တာပဲ။ သူတို့ တိုးလာတာမြင့်တော့ ကျုပ်တော့ နိဂုံးချုပ်ပြီဆိုတာ သိလိုက်ရတယ်။ ရှေ့က ကိုယ်ပွားတွေက ကျုပ်ယှဉ်နိုင်မှာမှ မဟုတ်တာ။ လောလောဆယ် ကျုပ်စိတ်ထဲမှာ အတွေးတစ်ခုပဲ ရှိတော့တယ်။ ‘နှုတ်ဆက်ပါတယ် မူကျီရေ..’။

ရုတ်တရက် အဖြူ၊ အဝါ၊ အနီနဲ့ အစိမ်းရောင် စွမ်းအားတွေ ကျုပ်အောက်ကနေ ပေါ်လာတယ်။ စွမ်းအား (၄)မျိုး သန့်ရှင်းသောဓားထဲကို ရုတ်တရက် ဝင်လာတဲ့အပြင် မြင့်မြတ်ပြင်းထန်တဲ့ စွမ်းအားတစ်ခုက ကျုပ်အတွင်းဒဏ်တွေကို ပြန်ကုပေးသွားတယ်။ ကျုပ်ကျောက အတောင် (၃)စုံလဲ ရုတ်တရက် တောက်ပလာပြီး သန့်ရှင်းသောဓားရဲ့ စွမ်းအားတွေ (၃)ဆ တိုးသွားသွားတော့တာပဲ။ စုက္ကရေးနဲ့ ကျုပ်ခန္ဓာကိုယ်အနှံ့ ကာကွယ်ရင်း တစ်ချိန်တည်းမှာပဲ ကျုပ်မျက်လုံးကနေတဆင့် ကိုယ်ပွား(၈)ခုဆီကို ပစ်လွှတ်လိုက်တော့တယ်။

အဖြူ၊ အဝါ၊ အနီနဲ့ အစိမ်း ရောင်ခြည်တွေ လျှပ်စီးလက်သလို ကျုပ်နောက်မှာ စုနေတယ်။ ရှို့စစ်နဲ့ ကျန်တဲ့သူတွေ အောက်က မိစ္ဆာတွေကို ရှင်းပြီး ကျုပ်ကိုကူညီဖို့ ချက်ချင်းရောက်လာကြတာလေ။ သူတို့တွေ ကျုပ်ခန္ဓာကိုယ်ထဲကို စွမ်းအားတွေ ပို့လွှတ်ပေးလိုက်တော့ စွမ်းအားတစ်စုတည်းပေါင်းပြီး သန့်ရှင်းမြင့်မြတ်သော စွမ်းအား တစ်ခု ဖြစ်လာတာပေါ့။

ကျာစစ်ခယ်လီသောင် မျက်လုံးထဲမှာ ကြောက်သွားတဲ့ အရိပ်အယောင် မြင်လိုက်ရပြီး သူ့ကိုယ်ပွားတွေ ပြန်ခေါ်လိုက်တယ်။ ရှို့စစ်က အသံတိုးတိုးနဲ့..

“ကျန်းကုန်း မင်းဘယ့်နှယ့်နေသေးလဲ..”

ကျုပ်လဲ ပြုံးရင်းနဲ့..

“မင်းသာ နည်းနည်းနောက်ကျရင် ကောင်းကင်ဘုံကိုတောင် ရောက်နေလောက်ပြီ.. စကားနားပြီး အဲ့လူကို အရင်ဆုံး တိုက်လိုက်ရအောင်။ သူ့ကို မလွတ်စေနဲ့..”

ကျာစစ်ခယ်လီသောင် ကျုပ်တို့ကို အာရုံစိုက်နေတုန်းမှာပဲ ရှောင်ကျင်းရောက်လာတယ်။ သူဘာတွေ ရွတ်နေမှန်း မသိပေမယ့် သူ့တစ်ကိုယ်လုံးကနေ ရွှေရောင်မြှားတစင်းဖြစ်လာပြီး ကြယ်ကြွေသလိုမျိုး ကျာစစ်ခယ်လီသောင် ဆီဦးတည်သွားလေရဲ့။ အဲ့တိုက်ကွက်က ကျာစစ်အာရုံစိုက်မှုရသွားတယ်။ အချိန်မှီလေး ဘေးကို ကမျောကသော ရှောင်သွားနိုင်ပေမယ့် ကိုယ်ပွား(၈)ယောက်ကတော့ ကံမကောင်းလိုက်ဘူး။ ရှောင်ကျင်းရဲ့ တိုက်ကွက် ပြင်းပြင်း အောက်မှာ သူတို့တွေ လူစုကွဲသွားကြတယ်။ ရှောင်ကျင်း တစ်ကိုယ်လုံးနာကျင်နေတဲ့ပုံနဲ့ ထူးထူးဆန်းဆန်း တစ်ချက် အော်လိုက်တော့ မီးခိုးရောင် အရှိန်အဝါတွေ ပျံ့လွင့်ထွက်လာတယ်။ ဟို မိစ္ဆာစွမ်းအားတွေ သူ့ကို နှိမ့်စက်လို့ဆိုတာ ကျုပ်သဘောပေါက်လိုက်တယ်။ ဒါပေမယ့် နဂါးဘုရင် ခန္ဓာကိုယ် ပိုင်ထားတဲ့ ရှောင်ကျင်းအနေနဲ့တော့ အေးဆေးပေါ့ဗျာ။ လောလောဆယ် အရေးအကြီးဆုံးက ကျာစစ်ခယ်လီသောင် ကို အမြန်ဆုံး ဖယ်ရှားပစ်ရမယ်။

“သူ့ကို သုတ်သင်ဖို ငါ့တို့စွမ်းအားတွေ ပေါင်းလိုက်စမ်း.. မြန်မြန်.. မြန်မြန်…”

ရှို့စစ်က..

“နတ်ဘုရားဘုရင် ငါ့ကို ကောင်းကင်နတ်ဘုရားဦးချို အပ်နှင်းလိုက်တယ်။ ဦးချိုရဲ့ အော်သံ ဘုံကိုးပါးထိ ညံလိုက်စမ်း..”

ကောင်းကင်နတ်ဘုရား ဦးချို ကောင်းကင်ပေါ် တက်လာပြီး မြောက်ဘက်ကနေ အဖြူရောင်အလင်းတံတိုင်း တစ်ခု ဖြစ်သွားတယ်။

ရှင်းအောင်း..

“နတ်ဘုရား ဘုရင်က ကျောက်တုံးနတ်ဘုရားတူ အပ်နှင်းလိုက်တယ်။ ကောင်းကင်ဘုံကို လှုပ်ခါပြီး အမှန်တရားကို ကာကွယ်ဖို့ ကမ္ဘာကြီးကိုတောင် ရွှေ့ပစ်မယ်ကွ”

ကျောက်တုံးနတ်ဘုရားတူ ကောင်းကင်ကို တက်သွားပြီး အနောက်ဘက်ကနေ ကြောက်စရာ အရှိန်အဝါတွေနဲ့ အဝါရောင်အလင်း တံတိုင်းတစ်ခုဖြစ်သွားတယ်။

ကောင်းသဲ..

“နတ်ဘုရားဘုရင်က အလင်းနတ်ဘုရားဒိုင်း ငါ့ကို အပ်နှင်းလိုက်တယ်။ ဓားပေါင်း တစ်သောင်းတောင် ငါ့ကို မတားနိုင်ဘူးကွ..”

ဒိုင်းက အနီရောင် တံတိုင်းတစ်ခုလို အရှေ့ဘက်ကနေ ပိတ်ထားလိုက်တယ်။

တုန်းရီ..

“နတ်ဘုရားဘုရင်က လေနတ်ဘုရားလေး ငါ့ကို အပ်နှင်းထားတယ်။ အရိမဲ့ မြှားတွေရဲ့ အလင်းတွေ ထွန်းတောက်လိုက်စမ်း..”

တုန်းရီရဲ့ အရိပ်မဲ့ မြှားထိုးတက်သွားပြီး အစိမ်းရောင် အလင်းတံတိုင်းတစ်ခု ဖြစ်ပြီး တောင်ဘက်ကနေ ကျာစစ်ခယ်လီသောင် ကို ပိတ်ဆို့ထားလိုက်တော့တယ်။

ကျာစစ်ခယ်လီသောင် နတ်ဘုရားလက်နက်(၄)ခုရဲ့ စုပေါင်း ချိပ်ပိတ်တာခံလိုက်ရတယ်။ ကျုပ်လဲ သူ့အပေါ်ထိ ထိုးတက်သွားပြီး..

“စိတ်မကောင်းပါဘူးလေ။ ဒါပေမယ့် နောက်ထပ် ထိခိုက်မှုတွေ မဖြစ်ချင်တော့လဲ တားဆီးဖို့အတွက် ငါတို့စွမ်းအားတွေ ပေါင်းစပ်ပြီး မင်းကို မဖြစ်မနေ ဖယ်ရှားရမှာမို့ပါ”

ကျုပ်ခန္ဓာကိုယ်ထဲမှာ အစောက စုတ်ယူထားတဲ့ ရှို့စစ်တို့စွမ်းအားတွေ သုံးပြီး ရွှေရောင်အလင်းတန်း တစ်ခု အပေါ်စီးကနေ အောက်တည့်တည့်ကို ပစ်ချလိုက်တော့တယ်။

ကျာစစ်ခယ်လီသောင် စောစောက ရှောင်ကျင်းတိုက်ကွက်ကြောင့် ကိုယ်ပွားတွေ ဖျက်စီးခံလိုက်ရကတည်းက အတွင်းဒဏ်ရာထားတာလေ။ ကျုပ်တို့ (၅)ယောက် ပေါင်းပြီး နတ်ဘုရား စွမ်းအားတွေနဲ့ သူ့ကိုချိပ်ပိတ်ပြီး ရှင်းပစ်နိုင်လောက်တယ်လို့ ပထမဆုံး ခံစားမိလိုက်တာထင်တယ်။ ချိပ်စည်းထဲကနေ ဖောက်ထွက်နိုင်ဖို့ အသေအလဲ ရုန်းကန်နေလေရဲ့။

============= (*^*)=============

အပိုင်း( ၂၇၂ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters