← Chapters

ဝက်ဝံရဲ့ တိုက်ပွဲ

Vol. 19 Ch. 273

ဝက်ဝံရဲ့ တိုက်ပွဲ

Vol. 19 Ch. 273

Child of light (ကျန်းကုန်း)

Volume 10: Chapter 20 - The Beamon’s War

ဝက်ဝံဘုရင်ရဲ့ မျက်လုံးတွေထဲမှာ ရန်ငြိုးတွေဖြတ်ကနဲ ဖြတ်သွားပြီးတော့မှ..

“ဒါဆို တော်ဝင်မင်းသမီးလေးပေါ့။ တော်ဝင် နတ်ဆိုးဧကရာဇ်ဆိုတာ ကျုပ်အလေးစားရဆုံး ပုဂ္ဂိုလ်ပေါ့။ အဲ့အဘိုးကြီးနဲ့ မတွေ့ရတာတောင် ကြာပြီ”

မူကျီ ထိုင်ခုံကနေ တစ်ဝက်ထပြီး..

“ဒီလောက် ယဉ်ကျေးဖို့ မလိုပါဘူး… စွမ်းအားနဲ့ ပတ်သက်ရင် ဒီတိုက်ကြီးပေါ်မှာ အရှိန်အဝါအကြီးဆုံးက သင်ပါပဲ။ တော်ဝင်အဖေကတောင် သင်နဲ့ယှဉ်ရင် သူက နိမ့်တယ်လို့ ဝန်ခံထားပါတယ်”

လူဝံကြီး စိတ်ဓာတ်က ရိုးရိုးရှင်းရှင်းကြီးဗျ။ မူကျီစကားတွေကြောင့် သဘောအကျကြီးကျပြီး ရယ်နေလေရဲ့..

“မင်းသမီး လေး မြှောက်ပြောနေပြန်ပါပြီလေ.. ရှေ့တန်းကို ရောက်လာရတဲ့ ရည်ရွယ်ချက်ကို ပြောပြပေးပါအုံး..”

ရှီးယုက

“အာ.. အင်း.. ဒီလို ဒီလို၊ လွန်ခဲ့တဲ့ နှစ်ထောင်ချီက ဒဏ္ဍာရီတွေ မှတ်မိသေးလား”

“နတ်ဘုရားနဲ့ မိစ္ဆာ စစ်ပွဲကြီးကို ပြောတာလား..”

“အမှန်ပေါ့။ မင်းသမီးလေး ဒီကို လာရတဲ့ ရည်ရွယ်ချက်က လူသားမျိုးနွယ်နဲ့ ညှိနှိုင်းဖို့ပဲ..”

ဝက်ဝံကြီး အဲ့စကားကြားတော့ ထခုန်ပြီး..

“ရင်ကြားစေ့ဖို့လား။ ဘာတွေ ညှိနှိုင်းစရာလဲ။ ငါတို့ကတော့ လူသားမျိုးနွယ်နဲ့ ရင်းကြားမစေ့မှာ သေချာတယ်။ ငါတို့ ရဲရင့်သောမြူခိုးအင်ပါယာက ဒီတိုက်ပွဲအတွက် ပြင်ဆင်ဖို့ အချိန်တွေ အများကြီး ပြင်ဆင်ထားရတာ။ ဒီလောက် သေချာပြင်ဆင်ပြီးမှ လက်လျှော့ရမှာလား။ ဒီကိစ္စ ငါသဘောမတူဘူး”

ရှီးယု မျက်မှောင်ကြုတ်ပြီး…

“အစ်ကိုကြီး၊ ကျေးဇူးပြုပြီး ထိုင်ပါအုံး၊ ငါပြောတာ နားထောင်အုံးလေ…… ငါတို့ သန့်ရှင်းသော အလင်းအင်ပါယာကလဲ စစ်ပွဲအတွက် ပြင်ဆင်ရတာ ခင်ဗျားတို့အောက် မယို့ပါဘူးလေ။ ရင်ကြားစေ့ဖို့ အမိန့်ပေးတာက နတ်ဆိုးဧကရာဇ်ဗျ။ ပြီးခဲ့တဲ့ နှစ်ထောင်ချီက မိစ္ဆာမျိုးနွယ် ပြန်ပေါ်လာပြီ။ ငါတို့ မျိုးနွယ်တွေအားလုံး သူ့ကိုတိုက်ဖို့ အတူတူ ပူးပေါင်းရလိမ့်မယ်။ အဲ့လိုမှ မဟုတ်ရင် မျိုးနွယ်တွေ မျိုးသုဉ်းသွားနိုင်တယ်..”

“မိစ္ဆာမျိုးနွယ်… မိစ္ဆာမျိုးနွယ်က တကယ်ရှိလို့လား…”

“ငါ ဧည့်သည်တော်တွေနဲ့ မိတ်ဆက်ပေးမယ်။ ခယ်လွင်သောင်ကိုတော့ မင်းသိပြီးသားဆိုတော့ မိတ်ဆက် မပေးတော့ဘူး။ သူတို့ကတော့ လူသားမျိုးနွယ်ကပဲ။ ပြီးတော့ နတ်ဘုရား အမွေခံတွေလဲ ဟုတ်တယ်။ စေ့စပ်ညှိနှိုင်းရေးအတွက် သူတို့တွေကူညီပေးနေတာ။ ကောင်းကင်မှာ မင်းမြင်လိုက်ရတဲ့ မီးရှူးမီးပန်းတွေဆိုတာ တကယ်တမ်းကျတော့ မိစ္ဆာမျိုးနွယ်ကို ဝိုင်းတိုက်နေကြလို့ကွ။ သူတို့တွေ နတ်ဘုရား လက်နက်စွမ်းအားတွေနဲ့ ကာကွယ်နိုင်လိုက်တယ်။ အဲ့လိုမှ မဟုတ်ရင် မင်းတောင် ငါ့ကိုတွေ့လိုက်ရတော့မှာ မဟုတ်ဘူး”

“တကယ်ကို နတ်ဘုရားနဲ့ မိစ္ဆာတွေ ရှိသေးတာလား။ အစောက တွေ့လိုက်ရတဲ့ စွမ်းအားတွေကတော့ တကယ်ကို အစွမ်းထက်တာကွ။ ဒီနေရာနဲ့ ဝေးနေတာတောင် ခပ်ဝါးဝါးခံစားလိုက်ရတယ်။ မင်းပြောပုံအရဆို မင်းတို့ နတ်ဆိုးမျိုးနွယ်က လူသားမျိုးနွယ်နဲ့ တကယ်ကို ညှိနှိုင်းရတော့မှာလား။ ညီနောင် ရှီးယု ဒါကို သေချာ စဉ်းစားရလိမ့်မယ်”

ရှီးယု အပြုံးနဲ့..

“အစောက တိုက်ပွဲပြီးကတည်းက ငါဆုံးဖြတ်ပြီးသွားပြီ။ ပြီးတော့ ဒီကိစ္စကို ဆုံးဖြတ်တာ နတ်ဆိုးဧကရာဇ်လေ။ နတ်ဆိုးဧကရာဇ်ရဲ့ ဉာဏ်အမျှော်အမြင်ကိုတော့ အယုံအကြည်မရှိတာတော့ မဟုတ်လောက်ဘူး မို့လား”

“ငါ နတ်ဆိုးဧကရာဇ်ကို ယုံပါတယ်။ ဒါပေမယ့် မိစ္ဆာမျိုးနွယ်က အရမ်း အစွမ်းထက်လွန်းလို့လား။ သူတို့ကရော ဘာကြောက်စရာ ရှိလို့လဲ။ သူတို့လာရင် ငါသတ်ပစ်မှာပေါ့။ ဒီကိစ္စ ဆက်စဉ်းစားစရာ မလိုပါဘူး။ လူသားမျိုးနွယ်ကို ရှင်းပစ်လိုက်ကြစို့”

ကောင်းသဲ အေးဆက်ဆက် အသံနဲ့..

“မင်းတစ်ယောက်ထဲနဲ့ မိစ္ဆာမျိုးနွယ်ကို နှိမ်နင်းနိုင်မယ်များ ထင်နေလား”

ဝက်ဝံကြီး တစ်ချက် တုန်သွားပြီး..

“မင်း ငါ့ကို နှိမ်ရဲတယ်ပေါ့လေ။ သားရဲမျိုးနွယ်ရဲ့ ထိပ်တန်းစစ်သည်တော်ဆိုတာ ဘယ်သူလဲ သိလား။ ငါ မင်းနဲ့ စီးချင်းထိုးဖို့ စိန်ခေါ်ချင်တယ်။ မင်းသာ ငါ့ကို နိုင်အောင်တိုက်နိုင်ရင် မင်းအကြံ ငါလက်ခံမယ်”

ကောင်းသဲ ပြန်ဖြေမလို့လုပ်တုန်း ရှင်းအောင်း ကြားဖြတ်ပြီး..

“မင်းက တစ်ယောက်ချင်း တိုက်ချင်တာလား။ ငါ့ ကျောက်နတ်ဘုရားတူကလဲ မင်းရဲ့ ဝံပုလွေသွားလှံကြီးနဲ့ ပိုလိုက်ဖက်လိမ့်မယ်။ ဒီတော့ သူ့အစား ငါမင်းနဲ့ တိုက်မယ်လေ”

ကောင်းသဲရဲ့ လျှပ်စီးဒိုင်းက ဝက်ဝံကြီးရဲ့ တိုက်ကွက်တွေကို ခံနိုင်ရည်မရှိမျာ စိုးရိမ်နေတာလေ။ အခုအချိန်မှာ ရှင်းအောင်း တစ်ယောက်ပဲ ဝက်ဝံကြီးနဲ့ အသင့်တော်ဆုံးဖြစ်နေတယ်။ ရှို့စစ်နဲ့ ကျုပ်ကလဲ ခွန်အားကို အသားပေးတဲ့ သားရဲမျိုးနွယ်နဲ့ တိုက်ဖို့အစီအစဉ်မရှိဘူး။ နှလုံးရည်ထက် လက်ရုံးရည်ကိုသုံးမှ ထိရောက်မှာကိုး။ ဒါပေမယ့် ကျုပ်စိုးရိမ်တာက ရှင်းအောင် ဝက်ဝံကြီးနဲ့ တိုက်နိုင်ပါ့မလား..”

ဝက်ဝံကြီးက..

“ကောင်းပြီလေ။ ငါတို့တွေ တိုက်ဖို့အတွက် ဒီနေရာက ပြောင်ရှင်းနေတော့ အခန့်သင့်ပဲဟေ့။ တစ်ယောက်ချင်း တိုက်မှာလား အုပ်စုလိုက်တိုက်မှာလား မင်းတို့ရွေးကြပေါ့။ မင်း နတ်ဘုရားအမွေခံဆိုတာ ငါလက်ခံဖို့ဆို ငါ့ကို အနိုင်ယူဖို့ပဲ လိုတယ်”

အဲကောင်ကြီး တကယ်ကို ဂွစာကြီးပါလား။ အစ်ကိုကြီး ကျန်းဟူသာ ဒဏ်ရာမရရင် အဲ့ကောင်ကြီးကို နိုင်မှာ သေချာတယ်။ ရှင်းအောင် သူ့ထက် နည်းနည်း အားနည်းတယ်။ ကျုပ်လဲ အဲဒါတွေးမိတော့ ရှင်းအောင်းဆီ လျှောက်သွားပြီး သူ့ပခုံးပေါ် လက်တင်လိုက်တယ်။

“ဝက်ဝံဘုရင်ကြီး… ခင်ဗျားသာ ညီနောင် ရှင်းအောင်းကို နိုင်ရင် ခင်ဗျားဖြစ်ချင်သလို ဖြစ်စေရမယ်..”

ပြောရင်းနဲ့ပဲ ကျုပ် ရှင်းအောင်း ခန္ဓာကိုယ်ထဲကို သန့်ရှင်းသောဓားရဲ့ စွမ်းအားတွေ ထည့်ပေးလိုက်တယ်။ ရှင်းအောင် ကျုပ်ကိုတောင် လှည့်မကြည့်ဘဲ..

“ကျုပ်က အဖွဲ့ထဲမှာ အညံ့ဆုံးပဲ။ ဒါပေမယ့် ခင်ဗျားကို အနိုင်ယူဖို့တော့ လုံလောက်ပါတယ်လေ..”

ကျုပ်ရဲ့ သန့်ရှင်းသောဓား စွမ်းအားတွေ အကူအညီနဲ့ ရှင်းအောင်း ယုံကြည်မှုတွေ ပြည့်နေတာပဲ။

ရှီးယု မတတ်သာတော့ဘဲ..

“ဒီလိုဆိုတော့လဲ ကောင်းပြီလေ။ ကဲကဲ တိုက်ပွဲနေရာ ချန်ပေးလိုက်ကြစို့…”

တုန်းရီ ကျုပ်ကို လှမ်းတွဲလိုက်ပြီး ရှို့စစ်က ကျန်းဟူကို တွဲထားတယ်။ အားလုံး အဲ့နေရာက ဖယ်ပေးပြီး ဝက်ဝံဘုရင်နဲ့ ရှင်းအောင်တို့ နှစ်ယောက်ပဲ ကျန်ခဲ့တော့တယ်။

ဝက်ဝံကြီး သူ့ဝံပုလွေသွားလှံတံကြီးနဲ့ မကြုံစဖူး ရောင်ဝါတွေနဲ့ ခန့်ညားနေလေရဲ့။ သူ့တိုက်ပွဲစိတ်ဝိညာဉ်ကြောင့် ဖုန်တွေ၊ သဲတွေ တထောင်းထောင်ထလာပြီး အရိုးအဆစ်တွေလဲ တဗျစ်ဗျစ် မြည်လာတော့တယ်။

ရှင်းအောင်း အသံတိုးတိုးနဲ့..

“နတ်ဘုရား ဘုရင်က ကျောက်တုံးနတ်ဘုရားတူ အပ်နှင်းလိုက်တယ်။ ကောင်းကင်ဘုံကို လှုပ်ခါပြီး အမှန်တရားကို ကာကွယ်ဖို့ ကမ္ဘာကြီးကိုတောင် ရွှေ့ပစ်မယ်ကွ”

အဝါရောင် အလင်းပြင်းပြင်းတွေနဲ့အတူ ရှင်းအောင် ရှေ့မှာ ကျောက်တုံးနတ်ဘုရားတူကြီး ပေါ်လာတယ်။ ရှင်းအောင်း ဖမ်းကိုင်လိုက်ပြီး သူ့ခန္ဓာကိုယ်ကနေ တိုက်ပွဲစိတ်ဝိညာဉ် ဖွင့်ထုတ်လိုက်တယ်။

ဝက်ဝံကြီးကတော့ ရှင်းအောင်း လေဟာနယ်ထဲကနေ ကျော်တုံးနတ်ဘုရားတူကြီး ထုတ်လိုက်တော့ လန့်သွားတယ်။ သူ့ကို လွှမ်းခြုံထားတဲ့ တိုက်ပွဲစိတ်ဝိညာဉ်တောင် နတ်ဘုရား အရှိန်အဝါအောက်မှာ နည်းနည်း အားလျော့သွားတယ်။ ရှင်းအောင်းက..

“ဘာလဲဟ.. စွမ်းအား နည်းနည်း ပိုကောင်းလာသလိုပဲ..”

ရှင်းအောင်း ပြန်သားတဲ့ အသံနဲ့..

“ဒါ နတ်ဘုရားဘုရင်ကိုယ်တိုင် ကျုပ်ကို အပ်နှင်းထားတဲ့ နတ်ဘုရားလက်နက် တူကြီးပဲ။ ဟိုတုန်းက ကျောက်တုံးနတ်ဘုရား ကိုင်နေကျ လက်နက်ကြီးပေါ့။ ဒီနေ့တော့ စွမ်းအားဆိုတာ ဘာကို ကိုယ်စားပြုတယ်ဆိုတာ အမြင်ကျယ်သွားအောင် ခင်ဗျားကို အလင်းပြပေးလိုက်မယ်”

ဝက်ဝံကြီးမျက်လုံးထဲမှာ လောဘအရိပ်အငွေ့တွေ ပေါ်လာပြီး..

“မင်းရှုံးရင် အဲဒါ ငါ့ကိုပေးရမယ်။ ဘယ့်နှယ့်လဲ..”

ဝက်ဝံကြီး သူ့လက်နက်ကို တအားသဘောကျနေတယ်ဆိုတာ ရှင်းအောင်သိတယ်ဗျ။

“မင်းနိုင်ရင် ငါတို့ ဆွေးနွေးကြတာပေါ့”

ပြောပြီးတာနဲ့ ကျောက်တုံးနတ်ဘုရားတူကြီးကို ကောင်းကင်ပေါ် ပစ်လွှတ်လိုက်တယ်။ တူကြီးက တစ်စတစ်စနဲ့ ကြီးလာလိုက်တာ လေထဲမှာ (၃)ဆလောက် ကြီးလာတယ်လေ။ အဲ့ဒါကြီးက ဝက်ဝံဘုရင်ရဲ့ ဝံပုလွေလှံကြီးထက် အားမနည်းလောက်ဘူး။ ရှင်းအောင် လက်နှစ်ဖက် လှုပ်ရှားလိုက်ရင်း..

“ငါ့တူကို ကိုကြည့်…”

ကျောက်တုံးနတ်ဘုရားတူက ရှင်းအောင်းရဲ ထိန်းချုပ်မှုနဲ့ ဝက်ဝံကြီးဆီ ဦးတည်သွားတယ်။ ဝက်ဝံကြီး လျော့မတွက်ရဲဘူး။ ဘေးမှာကိုင်ထားတဲ့ ဝံပုလွေသွားလှံကြီးကို လက်နှစ်ဖက်စလုံးနဲ့ ကိုင်ပြီး တူကြီးဆီ တိုးဝင်သွားတယ်။

“ကျိုးပျက်စမ်း…”

ကျောက်တုံးနတ်ဘုရားတူနဲ့ ဝံပုလွေသွားလှံကြီး ထိပ်တိုက်တွေ့မိတဲ့အခါ သတ္ထုချင်းထိသံ အကျယ်ကြီး ထွက်လာတယ်။ ဝက်ဝံကြီး ကျောက်တုံးနတ်ဘုရား တူကြီးရဲ့ ရိုက်ချက် ခံနိုင်ပေမယ့် ခြေလှမ်း(၅)လှမ်းလောက် နောက်ဆုတ်လိုက်ရတယ်။ ခြေလှမ်းတိုင်းမှာလဲ စင်တီမီတာ(၃၀)လောက်နက်တဲ့ ခြေရာတွေ ကျန်ရစ်ခဲ့လိုက်တယ်။

ရှင်းအောင်း သူ့တူကြီးကို ထိန်းချုပ်ရင်း မျက်နှာ နီရဲသွားတယ်။ ပထမ တိုက်ကွက်မှာ သူအသာစီး ရသွားတယ်ပေါ့။

ကျန်းဟူ အံ့ဩတကြီးနဲ့ ကျုပ်ကို..

“ရှင်းအောင်း ဘယ်တုန်းက ဒီလောက်အစွမ်းထက်သွားတာလဲ။ ငါ့စွမ်းအားနဲ့တောင် ဝက်ဝံကြီးနဲ့ တိုက်ရင် အပြတ်နိုင်မယ်လို့ ယုံကြည်ချက်မရှိဘူး။ သူ့စွမ်းအားတွေ ဟိုလူတွေထက် နည်းနည်းတောင် ကျော်သွားပြီလား”

============= (*^*)=============

အပိုင်း( ၂၇၄ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters