← Chapters

ခြံဝန်းသို့ အပြန်

Vol. 19 Ch. 275

ခြံဝန်းသို့ အပြန်

Vol. 19 Ch. 275

Child of light (ကျန်းကုန်း)

Volume 10: Chapter 22 - The Return to the Stronghold

ကျုပ်စကားကြားတော့ နတ်ဆိုးဘုရင်ရှီးယု ကျေနပ်သွားတဲ့ ပုံနဲ့ဗျ။ မူကျီလဲ ကျုပ်ကို အချိုသာဆုံး အပြုံးနဲ့ ပြုံးပြနေလေရဲ့။ ကျုပ်ဆုံးဖြတ်ချက်တွေ တဖြည်းဖြည်း ယိမ်းယိုင်လာတာနေပြီပဲ။

ကျုပ်ကပဲ ဆက်ပြီး..

“အရှင် ဒီအဖြစ်အပျက်ကို နတ်ဆိုးဧကရာဇ်ဆီ လူလွှတ် သတင်းပို့ဖို့ ဒုက္ခပေးပါရစေ။ မိစ္ဆာမျိုးနွယ် တည်ရှိတဲ့ အကြောင်း အထောက်အထား တွေ့အောင်ရှာပေးမယ်လို့ နတ်ဆိုးဧကရာဇ်ကို ကတိပေးခဲ့လို့ပါ။ အရှင် မြင်လိုက်ရတဲ့အတိုင်း ခုနက တိုက်ပွဲမှာ မိစ္ဆာမျိုးနွယ် ရှိတယ်ဆိုတဲ့ သက်သေ ဖြစ်နိုင်ပြီမို့လား”

ရှီးယု ခေါင်းညိတ်ပြီး..

“လိုတာထက်တောင် ပိုနေပါသေးတယ်။ မာနတ်အတွက်တော့ သနားစရာပေါ့။ ဒီအကြောင်း ဧကရာဇ်ကြီးဆီ အရှိအတိုင်း တင်ပြပေးပါ့မယ်”

ရှီးယုနဲ့ အသေးစိတ်ဆွေးနွေးပြီး နှုတ်ဆက်လို့ လျှပ်စီးခံတပ်ဆီ ပြန်လာခဲ့လိုက်ကြတယ်။ အစ်ကိုကြီး ရှန့်ယွင်လဲ ကျုပ်တို့ကို စိတ်ပူပြီး စောင့်နေရမှာလေ။

အချိန် တော်တော်ယူလိုက်ရတာပဲ မိုးတောင်လင်းလာပြီ။ နေရောင်ခြည်လဲ တဖြည်းဖြည်း ပေါ်လာတယ်။ နတ်ဆိုးနဲ့ သားရဲ မဟာမိတ်တပ်တွေဆီကနေ ပူးပါင်းမှုရလိုက်ပေးမယ့် ကျုပ်စိတ်ထဲ စိတ်မချနိုင်သေးဘူး။ ကျာစစ်ခယ်လီသောင် အစွမ်းအပြည့် ပြန်မရခင်တောင် တော်တော်ခက်ခက်ခဲခဲ ရင်ဆိုင်လိုက်ရတာ။ မိစ္ဆာဘုရင်သာ ကိုယ်တိုင်ကိုယ်ကျ လာမယ်ဆိုရင် ကျုပ်တို့ကိုတောင် အပြတ်ရှင်း သွားလိမ့်မယ်။ လက်ရှိ အခြေအနေအရဆို မိစ္ဆာမျိုးနွယ်ကို တိုက်နိုင်ဖို့ဆိုရင် အလင်းနတ်ဘုရားရဲ့အမွေ ခက်ခံနိုင်အောင် မဖြစ်မနေ စွန့်စားရတော့မျာပေါ့။ ဒီလိုတွေးကြည့်လိုက်တော့လဲ ကျုပ်စိတ်နည်းနည်း ပျော်သွားတယ်။

မူကျီ ကျုပ်ဆီ ပြေးလာပြီး..

“နင် မိစ္ဆာမျိုးနွယ်နဲ့ တိုက်ပွဲအတွက် စိတ်ပူနေတာလား”

ကျုပ် ခေါင်းပဲ ညိတ်ပြလိုက်တယ်။

“နတ်ဘုရားဘုရင် ပြောထားတဲ့အတိုင်းဆို ငါတို့တွေ နောက်(၂)နှစ်ယောက် အချိန်ရနိုင်သေးတယ်။ ဒီအတောအတွင်း အားလုံးလဲ စွမ်းအားတိုးလာအုံးမျာပါ။ နင် အရမ်းစိုးရိမ်နေစရာမလိုပါဘူး။ အကူအညီတွေလဲ ကျန်ပါသေးမို့လား။ ဦးလေးမာနတ်ရဲ့ ခန္ဓာကိုယ်ထဲ စိတ်ဝင်တဲ့ မိစ္ဆာဘီလူးကို မသတ်နိုင်ခဲ့တာ နှမျောစရာပဲ။ အဲလို့မှမဟုတ်ရင် မိစ္ဆာဘုရင် လက်ရုံးတစ်ဖက် ဖယ်ရှားနိုင်လိုက်မှာ။ ကျေးဇူးပြုပြိး ဦးလေးရှီးယုကို အပြစ်မတင် လိုက်နဲ့နော်”

“အဲဒါ သဘာဝပဲမို့ သူ့ကို အပြစ်တင်လို့ မရဘူးလေ။ ငါသာ သူ့နေရာမှာဆို အဲ့လိုပဲ လုပ်မှာပဲလေ။ အကူအညီတွေ ဆိုတာကရော ဘာလဲ”

“အားလုံးအဆင်ပြေသွားရင် ငါ့တော်ဝင်အဖေရယ်၊ နဂါးမျိုးနွယ်ရယ်၊ လူသား(၃)နိုင်ငံရယ်၊ နတ်ဆိုးမျိုးနွယ်နဲ့ သားရဲမျိုးနွယ်တွေ မဟာမိတ်ဖြစ်သွားမယ်။ အဲ့လိုဆို မိစ္ဆာဘုရင်ကို တိုက်နိုင်မှာပါ။ နင်ရော ဘယ်လိုထင်လဲ”

ကျုပ်လဲ သက်ပြင်းချပြီး…

“နတ်ဘုရားဘုရင် မိစ္ဆာဘုရာနဲ့ တိုက်တုန်းက ဘာမှ မတတ်နိုင်ဘူး။ ငါတို့တွေ သူ့ကိုယ်ပွားနဲ့ တွေ့ရမှာတောင် ငါတို့အားကိုးလောက်တဲ့ ပညာရှင် မလုံလောက်သေးဘူး။ ငါ့အလင်းမှော်ပညာနဲ့ သန့်ရှင်းသောဓား စွမ်းအားတွေ မိစ္ဆာမျိုးနွယ်နဲ့ တိုက်ခိုက်ဖို့ အထိရောက်ဆုံးဆိုတာ နင်လဲသိတာပဲ။ ကျာစစ်ခယ်လီသောင် ကိုတိုက်နိုင်တဲ့သူ (၂၀)လောက်ပဲ ရှိလိမ့်မယ် တွက်မိတယ်။ စိတ်မပူသင့်ဘူးလို့ ထင်သေးလား”

“နင် စိုးရိမ်တာလဲ မှန်တာပဲ… ဒါကြောင့် အမာခံစခန်းမဆောက်ခင် ညှိနှိုင်းရေး ပြီးအောင်လုပ်မှရမယ်။ ငါတို့ စွမ်းအားတွေ တိုးအောင် အနည်းဆုံး (၁)နှစ်လောက် ဂူအောင်းလေ့ကျင့်သင့်တယ်။ အလင်းမှော်ပညာ သင်လို့မရတာ ရှက်စရာကောင်းလိုက်တာ။ မဟုတ်ရင် ငါပါ နင်ကို ကောင်းကောင်း ကူညီနိုင်မှာ”

သူကျုပ်အပေါ် ဂရုစိုက်တာတွေ့ရတော့လဲ ကျုပ်လွှတ်ခနဲ..

“နင် ကူညီဖို့မလိုဘူး။ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ဖို့ပဲလိုတယ်”

ပြောပြီးမှ ကျုပ်လဲ နောင်တရသွားမိတယ်။

ထင်ထားတဲ့အတိုင်း ကျုပ်စကားကြားတော့ မူကျီ မျက်ဝန်းထဲမှာ အလင်းတစ်ချက် လက်သွားပြီးမှ..

“ငါ ပါမှာပဲ။ နင် ငါ့ကို မှော်ဝတ်ရုံမပေးဘူးလား။ ငါအရမ်းဝတ်ချင်နေပြီ”

စကားကျွံရင် နှုတ်မရဘူးဆိုတာ ဒါပဲဗျာ။ မူကျီမေတ္တာ အသာလက်ခံလိုက်ရတာပေါ့”

နောက်ဆုံးတော့ အရုဏ်မတက်ခင် ရှန့်ယွင်နဲ့ ချိန်ထားတဲ့နေရာ အရောက်ပြေးသွားလိုက်ကြတယ်။ မြေနဂါးတပ်ကို မမြင်တော့ဘူး။ အစ်ကိုကြီး ရှန့်ယွင်နဲ့ သူ့လက်ထောက်တပ်မှူးပဲ ရှိတော့တယ်။

ကျုပ်တို့ကို မြင်တော့ အစ်ကိုကြီးရှန့်ယွင် စိုးရိမ်တကြီးနဲ့..

“ဘာလို့ ဒီလောက်ကြာနေကြတာတုန်း။ စိတ်ပူနေရပြီဟ။ အားလုံး အဆင်ပြေရဲ့လား”

ကျန်းဟူက..

“အစ်ကို(၂) မင်းကို စိုးရိမ်စေမိပြီ။ အဆင်ပြေတယ်လို့ ပြောနိုင်ပါတယ်။ ကြည့်လေ ငါတို့တွေ ဘေးကင်းကင်းနဲ့ ပြန်ရောက်လာခဲ့ပြီမို့လား.. အဟွတ်… အဟွတ်..”

“ညီ(၃) မင်းဘာဖြစ်လာတာလဲ..”

“ဘာမှ မဟုတ်ပါဘူးကွာ။ ဒဏ်ရာလေး နည်းနည်း ရလာတာကွ။ ရှို့စစ် ငါ့ကို ကုပေးထားလို့ ဆိုးဆိုးရွားရွား မဖြစ်ပါဘူး”

ရှန့်ယွင်က..

“နတ်ဆိုးမျိုးနွယ် စစ်တပ်ဖက်က မီးရှူးမီးပန်းတွေ တွေ့လိုက်ရတာ မင်းတို့ဆီကမို့လား..”

အဲ့မေးခွန်းကြားတော့ ကျန်းဟူ ဟက်ဟက်ပက်ပက်ရယ်ပြီး..

“ဘာမီးရှူးမီးပန်းလဲ.. ငါတို့တွေ အသေအကျေ တိုက်ပွဲ ဖြစ်ခဲ့တာကွ။ မင်းနဲ့တွေ့ဖို့ ပြန်ရောက်လာနိုင်တာ ကံကောင်းဟေ့..”

“ဘာဖြစ်သွားလို့လဲဟ။ မင်းသမီးကို ကြိုဖို့ နတ်ဆိုးတွေ မီးရှူးမီးပန်း လွှတ်တယ် ထင်နေတာ”

ကျုပ်ကပဲ ကြားကနေ..

“အစ်ကိုကြီး ရှန့်ယွင် မိုးလင်းတော့မယ်။ ပြန်ရင်းနဲ့ စကားစမြည်ပြောရအောင်လေ”

“အာ. ဟုတ်သားပဲ။ ပြန်ကြစို့။ ကင်းချိန်ပြီးလို့ ငယ်သားတွေ အရင်ပြန်ခိုင်လိုက်ပြီကွ။ မင်းတို့ကိုပဲ ဒုက္ခခံခိုင်းရတော့မယ်။ အစည်းအဝေးမတိုင်ခင် ပြန်ကြစို့”

......*****…..

“တော်တော်ကို ဖြစ်ပျက်သွားတာပဲ။ မင်းတို့ ပြန်လာဖို့ နောက်ကျနေတာ အံဩစရာ မရှိတောဘူးပေါ့”

နောက်ဆုံးတော့ မင်းသားစံအိမ်ခြံဝန်းကို ပြန်ရောက်လာခဲ့ကြပြီ။ စိတ်ဖိစီးမှုတွေနဲ့အတူ အားစိုက်ထုတ် ခဲ့ရတာတွေကြောင့် တော်တော် ပင်ပန်းခဲ့ရတာဗျ။ ရှန့်ယွင်နဲ့ ကျန်တဲ့သူတွေ အားရပါးရ ပြောနေတဲ့အချိန် ကျန်းဟူနားထောင်ရင်း ထိုင်ခုံပေါ် လှဲချလိုက်ရော။

မူကျီ ကျုပ်ကို စိတ်ပူနေတဲ့ ပုံစံနဲ့..

“အားလုံး ပင်ပန်းနေကြပြီ။ အနားယူရအောင်လေ..”

ရှို့စစ် ထူးထူးခြားခြား ပြုံးပြီး..

“ဟုတ်တယ်ဟေ့။ မအိပ်ခင် တစ်ခုခုစားရအောင်။ ငါဖြင့် ပင်ပန်းလို့ သေတော့မယ်။ ငါ မင်းတို့ကို ကုပေးလိုက်ရတာ စွမ်းအားတွေ တော်တော် ကုန်သွားပြီ”

ကျန်းရှန်က..

“မင်း အေးအေးဆေး နားလေ။ ဘယ်မှာ နားမလဲ။ တစ်ခုခုဆို လာပြောပေးမယ်လေ”

ကျုပ်လဲ ရုတ်တရက် တစ်ခုတွေးမိပြီး..

“အစ်ကိုကြီး ရှို့စစ်.. မင်း ညီနောင်(၅၀၀)ခေါ်လာတယ်လို့ ပြောတဘ်နော်။ အခု ဘယ်မှာလဲ..”

ရှို့စစ် လျှို့ဝှက်အပြုံး ပြုံးပြီး ကျုပ်နားကပ်ပြီး တိုးတိုးလေး..

“သူတို့တွေ လျှပ်စီးခံတပ်ထဲ ဝင်လို့ရအောင် ဈေးသည်ယောင်ဆောင်ခိုင်းထားတယ်။ မင်းစိတ်ချနေလိုက်။ ငါ သူတို့နဲ့ အချိန်းအချက်လုပ်ထားပြီးသား။ တစ်ခုခုဆို အမြန်ဆုံး စုလို့ရတယ်”

ကျုပ်လဲ ကျေနပ်အားရ သက်ပြင်းချပြီး..

“မင်းလုပ်ထားတာတွေ ငါဘယ်လိုလုပ် သိမှာတုန်း။ သွားအိပ်တော့မယ်ကွာ။ ငါအရမ်း ပင်ပန်းနေပြီ”

ရှန့်ယွင်က..

“မင်း တစ်ခုခု အရင်စားသင့်တယ်နော်..”

......*****…..

နေရောင်ခြည်ကလဲ တောက်ပလွန်းနေတာဆိုတော့ ကောင်းကောင်းအိပ်နိုင်အောင် ကျုပ်လဲ တစ်ဖက်လှည့်ပြီး စောင်ခေါင်းမြီးခြုံအိပ်လိုက်ရတယ်။

ရုတ်တရက် တံခါးခေါက်သံ ထွက်လာလို့..

“ဘယ်သူတုန်း.. ဒီလောက်ဆူညံ့နေတာလဲ။ တံခါး စေ့ယုံစေ့ထားတယ်။ ဘယ်သူလဲ ဝင်ခဲ့လေ”

တံခါးပွင့်သွားတယ်.. ရှို့စစ်နဲ့ ကျန်တဲ့သူတွေ နေမှာပေါ့။ ထားလိုက်တော့ အိပ်နှင့်လိုက်တော့မယ်။

တစ်ယောက်ယောက် ကုတင်ဘေး လာထိုင်လိုက်တယ်။ ပြီးတော့..

“ကျန်းကုန်း နင်နေကောင်းလား။ တနေကုန် အိပ်နေတာ.. ဘာလို့ ထမလာတာလဲ။ အဆင်မပြေတာ တစ်ခုခု ရှိလို့လား..”

သူ့အသံက နူးညံ့ပြီး အရမ်းကို ရင်းနှီးလွန်းနေတာ။ ကျုပ်စိတ်တွေ ရုတ်တရက် ကြည်လင်သွားတယ်။ မူကျီက သူတစ်ခွန်းမေးတိုင်း သူ့လက်သွယ်သွယ်လေးနဲ့ ကျုပ်မျက်နှာကိ ပွတ်သပ်ပေးနေတော့ တော်တော်ကို နေလို့ ကောင်းတာပဲ။

ကျုပ်လဲ စိတ်တွေလှုပ်ရှားနေရာကနေ အလျှင်စလို ထထိုင်လိုက်တယ်။ ကျုပ်သူ့လက် လှမ်းဆွဲပြီး..

“နင် ဘယ်လိုလုပ် ဒီရောက်လာတာလဲ..”

မူကျီ မကျေမနပ်ပုံစံနဲ့..

“ဘာလို့ မလာရမှာလဲ။ နင်တနေကုန် အိပ်နေတာလေ။ ငါစိတ်ပူတာပေါ့”

============= (*^*)=============

အပိုင်း( ၂၇၆ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters