← Chapters

ထမင်းဖြူပုံးက ဘယ်သူပါလိမ့်

Vol. 19 Ch. 276

ထမင်းဖြူပုံးက ဘယ်သူပါလိမ့်

Vol. 19 Ch. 276

Child of light (ကျန်းကုန်း)

Volume 10: Chapter 23 - Who is the Rice Bucket?

“နင်အရင် ထွက်သွားလို့ရမလား။ ငါအခု နိုးပြီ..”

မူကျီ ကျုပ်ကို ခိုးပြီး စိုက်ကြည့်နေတော့ ကျုပ်လဲ လန့်သွားပြီး..

“နင်အရင်သွားနှင့်လိုက်လေ။ ငါချက်ချင်း လိုက်ခဲ့မယ်..”

မူကျီ နှုတ်ခမ်းစူပြီး..

“နင် ဝတ်ရုံဝတ်ဖို့ ကူညီပေးမလို့လေ။ ဘယ်နှယ့်လဲ..”

သူ့စကားကြားတော့ ကျုပ်လဲ ကုတင်ပေါ်က ခုန်ဆင်းလိုက်မိတော့တယ်။ ကျုပ်ခန္ဓာကိုယ်မှာ အောက်ခံဘောင်းဘီလေး ရှိနေလို့တော်သေးတယ်။ မဟုတ်ရင် အရမ်း ရှက်ဖို့ကောင်းမှာဗျ။

မူကျီ ကျုပ်ပုံစံကြည့်ပြီး ပြုံးစိစိနဲ့ကြည့်ပြီး အသံညင်းညင်းနဲ့..

“ကျန်းကုန်း နင့်အဝတ်အစား ဝတ်ဖို့ ကူပေးပါရစေ..”

ပြီးတော့ ကျုပ်အဝတ်အစားတွေ ယူပြီး လျှောက်လာလေရဲ့။

ကျုပ်နဖူးကနေ ချွေးတွေ ဗူးသီးလုံးလောက် ကျလာကုန်ရော။

“မ.. မ.. မလိုဘူး.. မလိုဘူး…”

ဒါပေမယ့် မူကျီကတော့ လာမြဲ လာနေဆဲပဲ.. သူကတော့ ထုံးစံအတိုင်း လွတ်လွတ်လပ်လပ် ပဲ။ အဝတ်အစား ဝတ်ပြီးတဲ့အချိန် ကျုပ်မှာဖြင့် (၁၀)ကီလိုမီတာလောက် ပြေးခဲ့ရသလို ချွေးတွေ ရွှဲနေပြီ။

မူကျီ ကျုပ်မျက်နှာက ချွေးတွေ သူ့လက်ကလေးနဲ့ သုတ်ပေးရင်း..

“ကောင်းပြီ၊ ထမင်းစားသွားရအောင်။ အားလုံး နင့်ကို စောင့်နေကြတယ်..”

ကျုပ် လန့်ဖြန့် အော်လိုက်မိတယ်…

“ဘာကြီး… နင် ငါ့ကိုလာခေါ်မှန်း သူတို့တွေ သိတယ်ပေါ့…”

ကျုပ်စိတ်ထဲ အတွေးပေါင်းစုံ မတွေးပဲ မနေနိုင်တော့ဘူး။

သူကတော့ ရယ်ရယ် မောမောနဲ့ပဲ..

“ဘာစိုးရိမ်စရာရှိလို့လဲ။ တို့နှစ်ယောက်အကြောင်း သူတို့ သိပြီးသားပဲကို”

“အဲ့လိုဆို နင့်ဂုဏ်သိက္ခာ ထိခိုက်မှာပေါ့”

“ဟင်.. နင်နဲ့ အတူနေရရင် ငါ့ဂုဏ်သိက္ခာဆိုတာ ဘာကို စိုးရိမ်စရာရှိလို့လဲ။ ငါ့ဂုဏ်သိက္ခာဆိုတာ နင့်အတွက်ပဲလေ။ ငါတို့ မသွားချင်သေးဘူးလား။ သူတို့ဆီက ပျင်းစရာ စကားတွေ ကြောက်လို့ နှေးနေတာလား”

“သွားမယ်.. သွားမယ်… သွားကြမယ်.. သွားမှဖြစ်မယ်..”

ဒီပွဲမှာ သူနိုင်သွားပြီဆိုတာသိတော့ မူကျီကျေနပ်သွားပြီး ကျုပ်လက်ဆွဲရင် အပြင်ထွက်လာခဲ့လိုက်တယ်။

ထင်ထားတဲ့အတိုင်း နောက်ဆုံး ကျန်နေတာ မူကျီနဲ့ ကျုပ်ပဲ။ အားလုံ ကျုပ်ကို သံသယမျက်လုံးတွေနဲ့ ကြည့်နေတော့ ကျုပ်လဲ ပြုံးစိစိနဲ့..

“ညီအစ်ကိုတွေ ငါ့ကိုစောင့်နေကြတာ ကြာပြီလား.. ငါ.. ငါ လေ.. အစောက..”

ကျန်းဟူ ရယ်ရင်းနဲ့ ကျုပ်စကားကို ကြားဖြတ်ပြီး..

“ဒီလောက်ဆို ရပြီ။ ညီအစ်ကိုတွေပဲကွာ ရှင်းပြနေစရာ မလိုပါဘူး။ ငါတို့ နားလည်တယ်”

စိတ်ဓာတ်ကျလိုက်တာဗျ။ ဘာကို နားလည်တာတုန်း။ မင်းတို့ လုပ်လိုက်ရင် အဲ့အတိုင်းကြီးပဲ။

မူကျီ ကျုပ်ကို ခုံပေါ် သေချာထိုင်လို့ရအောင် ပြင်ပေးနေလိုက်သေးတယ်။

ရှို့စစ်က..

“ကျန်းကုန်း.. မင်းကွာ တနေကုန် အိပ်နေလိုက်တာများ မင်းသမီး မူကျီသာ မနှိုးရင်း ဘယ်လောက်ထိ ဆက်အိပ်နေအုံးမလဲ မသိဘူး။ နတ်ဆိုးနဲ့ သားရဲ မဟာမိတ်တပ်တွေ (၁၅)ကီလိုမီတာထိ နောက်ဆုတ်သွားကြတဲ့အတွက် လောလောဆယ် စစ်ရေးတင်းမာမှုတွေ လျော့သွားပြီကွ”

ရှန့်ယွင်က..

“နတ်ဆိုးနဲ့ မဟာမိတ်တပ်တွေ ဆုတ်သွားတော့ တခြားနိုင်ငံက တပ်မှူး(၂)ယောက်နဲ့ ငါ ဆွေးနွေးခဲ့သေးတယ်။ မင်းတို့ အိုက်ရှားက သွန်းယုရှီး တော်တော် အစွမ်းထက်တာပဲကွ။ မနေ့က မီးရှူးမီးပန်းတွေကို သံသယဖြစ်နေတယ်။ ကံကောင်းလို့ အဝေးကြီးက မြင်လိုက်ရတာနဲ့တင် အလင်းမှော်ပညာဆိုတာ ပြောနိုင်သေးတယ်ဟေ့..”

ကျုပ်စဉ်းစားပြီး..

“လက်ရှိအနေအထားကတော့ ငါတို့အတွက် အကျိုးရှိတယ်ကွ။ မင်းသား ပြန်လာလို့ ရှို့တိဧကရာဇ်သာ သဘောတူလိုက်ရင် အားလုံး ချောချောမွေ့မွေ့နဲ့ စလုပ်လို့ရပြီပေါ့။ ဒီတော့လဲ ငါတို့ လုပ်နိုင်တာဆိုလို့ စောင့်ယုံပဲ ရှိတယ်။ ဒီတော့ အချိန်ကို အကျိုးရှိရှိဖြစ်အောင် အားလုံး ကျင့်ကြံနေသင့်တယ်။ အဲ့နေ့က မိစ္ဆာနဲ့ တိုက်ပြီးကတည်းက အခုထိ စိတ်ဓာတ်ကျနေတုန်းပဲ။ မိစ္ဆာမျိုးနွယ် စွမ်းအားက ငါတို့ထင်ထားတာထက် အများကြီး ပိုကြောက်ဖို့ကောင်းတာပဲ။ ဂရုမစိုက်ရင် မျိုးသုဉ်းသွားနိုင်တယ်”

ကျန်းဟူက..

“အမှန်ပဲ။ ငါ့အသက်နဲ့တောင် ရင်းလိုက်ရပြီလား မှတ်ရတယ်။ မာနတ်နဲ့ တိုက်ပွဲပြီးတာတောင် ရက်အတော်ကြာမှ ငါပြန်သက်သာတော့မှာ။ မူလက ငါ့ယုံကြည့်ချက်တွေ ပျက်စီးကုန်ပြီ။ အဲ့မိစ္ဆာအိုကြီးတွေနဲ့ ငါတို့ကြားမှ စွမ်းအားကွာခြားချက် ကြီးလွန်းတယ်။ စစ်ပွဲနတ်ဘုရားချပ်ဝတ်ရဲ့ (၃၀)ရာခိုင်နှုန်းလောက်ပဲ သုံးနိုင်လိုက်တယ်။ ဒါပေမယ့် ကျန်းကုန်း ပေးတဲ့ လေ့ကျင့်ရေးနည်းလမ်းကို စမ်းကြည့်တော့ တိုးတက်မှုနဲ့ အခွင့် အလမ်းတွေ တွေ့တယ်ကွ။ အဲ့နည်းကို ငါတို့ ညီအစ်ကိုတွေနဲ့ လေ့လာပြီးသွားပြီ”

ကျုပ် ဗိုက်ပွတ်ရင်း..

“မင်းသမီးကတော့ ငါ့ကို စားဖို့အတွက် ခေါ်လာတာလို့ပြောတယ်။ စားစရာတွေက ဘယ်မှာလဲ။ ငါမစောင့်နိုင်တော့ဘူးကွ”

ရှန့်ယွင်ပြုံးရင်းနဲ့..

“ငါတို့ ပြင်ထားပြီးသားပါကွာ။ မင်းအပြောကို စောင့်နေတာကွ”

သူ့စကားကြောင့် တအုပ်လုံး ဝိုင်ရီနေကြလေရဲ့။

ကျုပ် ရှန့်ယွင်ကို တိုးတိုးလေးနဲ့..

“မင်း နောက်ထပ် ပိုပြင်ထားရင် ကောင်မယ်ထင်တယ်။ ငါတို့စားတာက..”

“အေးဆေးပါကွာ။ စားသာ စားစမ်းပါ။ ငါသိပါတယ်ဟ။ အများကြီးမှာထားပါတယ်။ အားလုံး လုံးဝ လုံလောက် စေရမယ်”

ကျုပ်ထက် ပိုပြီး စားနိုင်တဲ့သူ တစ်ယောက်ရှေ့မှာများ ကျုပ်ကို အစားပုတ်တဲ့လား။ စားချင်စိတ် တဖိတ်ဖိတ် ဖြစ်နေတဲ့ မူကျီကို ခိုးကြည့်လိုက်မိတယ်။

“မင်းတို့တွေ စောင့်နေတုန်းပြောရအုံးမယ်။ ငါတကယ်ကို ပြောလောက်အောင် မစားနိုင်သေးဘူး။ ကျောင်းတုန်းကဆို မူကျီစားနိုင်ချက်က ငါဖြင့် ဒေဝါလီ ခံရလုနီးပါးပဲကွ”

အစ်ကိုကြီး ရှန့်ယွင် တကယ်ကို ဩချရလောက်အောင်ကို ပြင်ထားတာဗျ။ စားပွဲပေါ်မှာ စားသောက်စရာမျိုးစုံနဲ့ ပုံနေရောဗျို့။ အရမ်းအကောင်းကြီးမဟုတ်ပေမယ့် နတ်ဆိုးမျိုးနွယ် အစားအစာတွေထက်တော့ အပုံကြီး သာတာပေါ့ဗျာ။ လူသားမျိုးနွယ်(၃)ခုမှာ အရင်းအမြစ်တွေ ကြွယ်ဝလို့ လျှပ်စီးခံတပ်မှာ အစာရေစာ ပူစရာမလိုဘူးလေ။ ရန်ပုံငွေနဲ့ ရိက္ခာသစ်တွေအတွက်လဲ နိုင်ငံအသီးသီးက ဘဏ္ဍာတိုက်တွေကနေ လိုအပ်ချက် လျော့နိုင်နိုင်တော့ အဆင်ပြေနေတယ်လေ။ ဟင်းနံ့တွေနဲ့တင် ကျုပ်ဗိုက်ထဲက တဂွီဂွီမြည်လာတော့..

“အစ်ကိုကြီး ရှန့်ယွင်.. ရှောင်ကျင်းအတွက်လဲ တစ်ခုခု ရနိုင်မလား။ အဲ့ကောင် အရူးလိုပဲနော်…”

“လျှပ်စီးခံတပ်ကြီး တစ်ခုလုံးရဲ့ နေရာအနှံ့ လျှောက်ပျံနေတဲ့ ထူးဆန်းတဲ့ သတ္တဝါတစ်ကောင် ရှိတယ်ဆိုတာ သိနေကြတော့ အေးဆေးပါ။ သူ့ဟာသူ အစာထွက်ရှာလိမ့်မယ်ကွ”

ကျုပ်လဲ ရယ်ရင်းနဲ့ အားလုံးကို ကြည့်ပြီး..

“ကဲ ဒါဆိုလာ တွယ်ကြည့်လိုက်ကြစို့ …”

စကားဆုံးတာနဲ့ ကျုပ်ပဲစပြီး မသိမသာ စစားပြလိုက်တယ်။ မူကျီ အကြောင်းသိတယ်မို့လား။ စားဖို့ဆိုရင် ဘယ်တော့မှ ဒုတိယ ဖြစ်မယ့်သူမှ မဟုတ်တာ။ နူးညံ့လွန်းတဲ့ လက်လေးတွေ မွှေးကြိုင်တဲ့ ရနံ့တွေနဲ့ ဟင်းပါဲတွေဆီ ဦးတည်သွားတော့တာပေါ့။

ကျန်းဟူက..

“အားလုံး မြန်မြန် စားကြတော့။ မဟုတ်ရင် ငါတို့အတွက် ကျန်မှာ မဟုတ်တော့ဘူး”

သူ့ တပ်လှန့်လိုက်တာနဲ့ အစားပြိုင်ပွဲကြီး စတော့တာပေါ့။ ရှို့တိက စစ်သည်တော်တွေလဲ ဒီစားသောက်ပွဲ မှာတော့ ပန်းသီးဝိုင်လေးတွေလို (မူးယစ်စွမ်းအားနည်းခြင်းကို ဆိုလိုသည်) ဖြစ်ကုန်တော့ တာပဲ။ သူတို့တွေ ဘယ်လောက်ပဲ ကြိုးစားကြိုးစား မူကျီရဲ့ အမြန်နှုန်းကို လိုက်လို့ကို မမှီနိုင်တာ သဘောပေါက်သွားကြတယ်။ စားပွဲကြီးရဲ့ တစ်ဝက်လောက်ထိအောင်ကို ဗိုက်ထဲရောက်သွားပြီလေ။

ကျုပ် စားနေရင်းနဲ့ ရှန့်ယွင်ကို..

“အစ်ကိုရှန့်ယွင် မင်းငယ်သားတွေကို နောက်ထပ် စားပွဲ(၂)ခု ပြင်ခိုင်းပေးလို့ရမလား။ မဟုတ်ရင် လောက်မှာ မဟုတ်ဘူး”

ရှန့်ယွင်ကတော့ ကျုပ်နဲ့ ကပ်ထိုင်နေတာမို့ နည်းနည်း စားလိုက်ရသေးတယ်။ သူစားချင်တာတော့ စားရဖို့ ခက်တာပေါ့ဗျာ။ သူလဲ ပြုံးရင်းနဲ့..

“မင်း မစားရတာ (၁)ရက်ပဲ ရှိသေးတာလေ။ ဘယ်လိုလုပ် ဒီအခြေအနေ ရောက်သွားတာလဲ။ အစေခံတွေ နောက်ထပ် စားပွဲ (၂)ခု ပြင်လိုက်စမ်းဟေ့”

နောက်ထပ် ဒုတိယ စားပွဲပြင်ပြီးမှ အားလုံးရဲ့ အရှိန်တွေ နည်းနည်း လျော့သွားတော့တယ်။ ရှန့်ယွင်လဲ အဲ့တော့မှ စားချင်တာ စားလိုက်ရတော့တယ်။ မူကျီနဲ့ ကျုပ်အပါအဝင် ကိုယ့်ဗိုက်ကိုယ် လက်နဲ့ပွတ်ရင်း ပီတိတွေ ဝေကြေတယ်။

အားလုံးရဲ့ အာရုံစိုက်မှုကတော့ သိတဲ့အတိုင်းပဲ ပွဲစပါပြီဆိုကတည်းက ဘာမှ မစဉ်းစားဘဲတွယ်နေတဲ့ မူကျီဆီမှာပေါ့ဗျာ။ ခယ်လွင့်သောင် သူ့ကို တိုးတိုးကပ်ပြီး..

“မင်းသမီး နင့် အမူအရာ နည်းနည်း ပိုဂရုစိုက်သင့်တယ် မထင်ဘူးလား”

============= (*^*)=============

အပိုင်း( ၂၇၇ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters