မျှော်လင့်ချက်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ
Vol. 19 Ch. 277
Child of light (ကျန်းကုန်း)
Volume 10: Chapter 24 - Hopeful Peace Talks
မူကျီ အမျိုးအမည်မသိတဲ့ တိရစ္ဆာန်တစ်ကောင်ရဲ့ ခြေထောက်တစ်ချောင်း ကိုင်ထားရင်း တန်းလန်းနဲ့..
“ငါ့ အမူအရာတွေ ဘာလို့ ထိန်းထားရမှာလဲ။ ဒီမှာရှိတဲ့ အားလုံးက ကျန်းကုန်း သူငယ်ချင်းတွေဆိုတော့ ငါ့သူငယ်ချင်းတွေပဲလေ။ ငါက ဘာကို ထိန်းထားရမှာတုန်း။ ငါဒီလို ကောင်းကောင်း မစားရတာ ကြာပြီ…”
ရှို့စစ် တုန်းရီကို..
“ကဲ ကဲ ဘယ်သူ အများဆုံး စားနိုင်မလဲဆိုတာ သိရအောင် ငါတို့တွေ လောင်းကြေး ဘယ်လိုထပ်ကြမလဲ..”
အဲ့စကားကို တုန်းရီ တော်တော်လေး စိတ်ဝင်စားသွားလေရဲ့။
“ကောင်းပြီလေ။ ဘယ်သူ နောက်ဆုံးထိ စားနိုင်မလဲဆိုတာသိဘို့ ကြောင်းကြေးထပ်ကြမယ်လေ”
“ငါတော့ ကျန်းကုန်းပဲ ဖြစ်လိမ့်မယ်ထင်တယ်”
“မဖြစ်နိုင်ဘူး။ မင်းသမီး မူကျီဖြစ်ဖို့ အလားအလာ တော်တော်များတယ်နော”
......*****…..
နောက်ဆုံးတော့ ရှို့စစ်က..
“ဒီလိုဆိုရင်ရောဟေ့… ငါ ဒိုင်လုပ်လိုက်မယ်လေ။ ကျန်းကုန်းဘက်က လောင်းချင်ရင် (၁း၁)၊ မူကျီဆိုရင် (၁း၂)ပေါ့ အားလုံး လောင်းချင်ရင် လောင်းလို့ရပြီ”
“ငါ စိန်ဒင်္ဂါး (၁၀)ပြား ကျန်းကုန်းဘက်က လောင်းတယ်ကွာ”
“ငါလဲ စိန်ဒင်္ဂါး(၂၀) ကျန်းကုန်းဘက်က လောင်းမယ်ဟေ့”
ကျုပ်က ယောက်ျားလေး ဆိုတော့ သဘာဝ အားသာချက်ရှိနေတဲ့အပြင် ‘ထမင်းဖြူပုံး’ လို့ သိထားသူတွေ ကျုပ်ဘက်က လောင်းကြတာပေါ့။
ကျုပ် တတိယမြောက် စားပွဲမှာ စားနေရင်းနဲ့..
“ငါလဲ လောင်းလို့ရမလား..”
ရှို့စစ် ပြုံးရင်းနဲ့..
“မင်း စားသာ စားစမ်းပါကွာ။ သူတို့ကို စိတ်မပျက်စေနဲ့။ မင်း လွယ်လွယ်နဲ့ နိုင်သွားမှာ ငါကြောက်တယ်”
ကျုပ်တော့ မှားနေပြီလို့ ခံစားမိတယ်။
“ဒီ စားပွဲမှာ ဗိုက်မပြည့်မချင်း စားမယ်လို့ ငါသစ္စာဆိုတယ်ကွာ..”
ရှို့စစ်က..
“မင်းလဲ လောင်းချင် လောင်းလို့ရတယ်။ ဒါပေမယ့် (၁း၀.၅)ပဲရမယ်”
ကျုပ် ထိပ်တန်းစိန်ဒင်္ဂါးထုတ်ပြီး..
“ကောင်းပြီလေ.. မင်းသမီး မူကျီ နိုင်တဲ့ဘက်က ငါလောင်းမယ်..”
လောင်းထားတဲ့သူတွေ အံ့ဩပြီး ကျုပ်ကို ဝိုင်းကြည့်နေကြတယ်။ ခယ်လွင်သောင်ကတော့ ကျုပ်နဲ့ မူကျီ အချိန်တော်တော်ကြာအောင် နေခဲ့တာ သိထားသော သူလောင်းထားတာ ပြန်ဖယ်ချင်နေတာလေ။ ကျုပ်မလိမ်ဘူးဆိုတာ ကျုပ်အတွေ့အကြုံနဲ့ ဆုံးဖြတ်ချက်တွေက အမြဲမှန်နေတာလေ။
ရှို့စစ် လောင်းကြေးတွေ ကောက်သိမ်းရင်းနဲ့..
“ဘယ်သူမှ ကလိန်ကကျစ် မကျနဲ့။ ဆက်သာကြည့်စမ်းပါ။ ကျန်းကုန်း အရှုံးပေးမှာ မဟုတ်ဘူး”
တနေကုန် ဘာမှမစားရဘဲ ငတ်နေတာလေ။ ဒါပေမယ့် ကျုပ်က လူသားဆိုတော့ အကန့်အသတ် ရှိတယ်လေ။ တတိယစားပွဲ တစ်ဝက်လောက် စားပြီးတဲ့အချိန် ကျုပ်နောက်ထပ် တစ်လုပ်တောင် မစားနိုင်တော့တဲ့ အနေအထား ရောက်သွားလို့ ရပ်လိုက်ရတယ်။
အားလုံးကတော့ စိတ်ပါလက်ပါ စားနေတဲ့ မူကျီကို ဝိုင်းကြည့်နေကြတယ်။ ဒီကောင်တွေ မျက်တွင်းချိုင့်နေလို့မသာ မဟုတ်ရင် မျက်လုံးတွေ ကျွတ်ကျကုန်လောက်ပြီ။
မူကျီ စားတဲ့အရှိန် နည်းနည်းနှေးသွားတယ်။ အချိန်အကြာကြီး စားနေရလို့လဲ ဖြစ်လိမ့်မယ်။ နှေးသွားတယ်ဆိုပေမယ့် တတိယမြောက်စားပွဲတစ်ခုလုံး မကုန်မချင်း ရပ်မယ့်ပုံ မပေါ်သေးဘူး။ နောက်ဆုံးတော့ မူကျီ သူ့လက်ဆေးပြီး ပုဝါတစ်ထည်နဲ့သုတ်ပြီး ဖောင်းထွက်နေတဲ့ ဗိုက်ကလေးကို ပွတ်နေလေရဲ့။ အားလုံး သူဗိုက်ပြည့်သွားပြီပဲ ဆိုတဲ့အတွေးနဲ့ သက်ပြင်းချနိုင်သွားတော့တယ်။
နိုင်ထားတဲ့ လောင်းကြေးလိုချင်တဲ့ မျက်လုံးနဲ့ ကျုပ်ကိုကြည့်ရင်း မူကျီက..
“စိတ်မရှိပါနဲ့.. စားလို့တော့ ပြီးသွားပြီ။ အချိုပွဲရှိလား..”
သူ့မေးခွန်း နောက်ဆက်တွဲကြောင့် ကျန်းဟူ လက်ထဲက လက်ဖက်ရည်ခွက် လွတ်ကျ ကွဲသွားရော။ ရှို့စစ် သူ့လက်ထဲက စိန်ဒင်္ဂါးတွေ လွတ်ကျသွားတယ်။ ရှန့်ယွင်တော့ ထိုင်ခုံပေါ်က ပြုတ်ကျသွားတဲ့ထိပဲ။ ရှင်းအောင်းနဲ့ ကောင်းသဲတို့တော့ လက်ဖက်ရည်သောက်ရင်း သီးကုန်ပြီး တဟွတ်ဟွတ် ဖြစ်နေတယ်။ ကျန့်ရှန် သောက်လက်စ လက်ဖက်ရည်တွေ ထွေးထုတ်မိသလိုဖြစ်ပြီး ခယ်လွင်သောင် မျက်နှာပေါ်မှာ ရွှဲကုန်ရော။ ကိုယ့်စိတ်ကိုယ် ပြင်ဆင်ထားပြီးသား ဖြစ်တဲ့ ကျုပ်တောင် နည်းနည်း တုန်သွားသေးတယ်။ လဲမကျမိတာ တော်သေးတာပေါ့။
ချစ်စရာကောင်းတဲ့ မူကျီမျက်နှာလေး ရဲသွားပြီး..
“နင်တို့တွေ ဘာလို့ အစားနည်းရတာလဲ။ ဘာလဲ လန့်သွားကြတာလား..”
ကျန်းရှန်ကတော့ ခယ်လွင်သောင်ရဲ့ မျက်နှာပေါ်က လက်ဖက်ရည်တွေ ပြန်သုတ်ပေးနေရင်းနဲ့..
“အာ.. ဒါက နင်အစာပြေ စားတာသာဆိုရင် တကယ်ကြီးများစားရင် လျပ်စီးခံတပ်က ရိက္ခာတွေတော့ ကုန်အောင် မစားလောက်ဘူးမို့လား”
ရှို့စစ်ဆီကနေ လောင်ကြေးတွေယူပြီး ကျုပ်လဲ ခေါင်းခါရင်း..
“ကောင်းပြီ။ စားလဲပြီးကြပြီဆိုတော့ နည်းနည်း ထမင်းစီပြီးရင် ကိုယ့်ဟာကိုယ် လေ့ကျင့်ကြတာပေါ့။ ငါတို့မှာ အချိန်ကို မနည်းလုနေကြရတာ”
.........*****……….
ဒီအတောအတွင်း ကျုပ်တော့ ကျင့်ကြံလေ့ကျင့်တာပဲ ဆက်တိုက်လုပ်နေမိတယ်။ အားလုံးကတော့ အကောင်းဆုံး ဖြစ်အောင် လုပ်နေကြတာပါပဲ။ ဦီးလေးထင်းတုံးကြီး ပေးလိုက်တဲ့ အတွေ့အကြုံတွေကို နည်းပေးလမ်းပြအဖြစ်နဲ့သုံးပြီး ကျန်းဟူနဲ့ တိုက်ပွဲလေ့ကျင့်သူတွေတော့ ထူးထူးခြားခြားကို အရှိန်အဟုန်နဲ့ တိုးတက်လာကြတာဗျ။ သူတို့တွေ ခယ်လွင်သောင်ကို ခွင့်လွှတ်ပေးလိုက်တဲ့အပြင် အတူတူ လေ့ကျင့်ခွင့်တောင် ပေးထားကြသေးတယ်။ ကျုပ်မှာတော့ ကျင့်ကြံခြင်းအဆင့်နဲ့ စွမ်းအားတွေ တိုးမလာတော့ ခန္ဓာကိုယ်ထဲက စွမ်းအား (၃)မျိုးကိုပဲ အားဖြည့်ပြီးရင်း ဖြည့်ပေးနေရတယ်။ သန့်ရှင်းသောဓားနဲ့ ပေါင်းစပ်နိုင်မှုကတော့ တိုးလာတယ်ဗျ။
အခုဆို မူကျီ ရှောင်ရို့နဲ့အတူတူ ကျုပ်နားမှာ အမြဲရှိနေလေရဲ့။ ကျုပ်စားဖို့သောက်ဖို့နဲ့ နေ့စဉ်ဝေယာဝစ္စတွေ ဂရုတစိုက် လုပ်ပေးနေကြတယ်လေ။ မူကျီဆီကနေ ချစ်ခြင်တရား၊ မေတ္တာတရားတွေ ကျုပ်ခံစားမိနေရတယ်။ ကျုပ်နှလုံးသားကလဲ သူ့ကိုပဲ လုံးလုံးအာရုံရောက်နေတော့တယ်။ သူ့လုပ်နေတဲ့ပုံကြောင့် ကျုပ်မှာဖြင့် ဘယ်လိုမှကို မလှုပ်နိုင်တော့လောက်အောင်ပဲ။ ကျုပ်သူ့ကို တဖြည်းဖြည်း လက်ခံလာတာနဲ့အမျှ သူနဲ့ ကျုပ်ကြားက ဆက်ဆံရေး တိုးတက်လာတာပေါ့။ သူ့ကိုလဲ မင်းသမီးလို့ မခေါ်တော့ဘဲ မူကျီလို့ပဲ ခေါ်ဖြစ်တော့တယ်။ ဒီအတောအတွင် သူလဲ ကျုပ်ကို ဖိအားထပ်မပေးတော့ဘဲ ကျုပ်သဘောထား ပြောင်းလဲသွားတာကိုပဲ သူအရမ်းစိတ်ကျေနပ်ပြီး ကောင်းကောင်းဆက်ဆံလာတယ်ဗျ။ ရှောင်ရို့ ရဲ့ ပါးနပ်ကြင်နာတတ်တဲ့ စရိုက်နဲ့ နေ့တိုင်း ကျုပ်ကို ဂရုစိုက်ဖို့ မူကျီနဲ့ အလှည့်ကျ လုပ်ပေးနေတယ်ဆိုတာ သံသယ ဖြစ်စရာမရှိပါဘူး။ မူကျီ ဦးနှောက်နဲ့ဆို သူ့အကြောင်း သေချာပေါက် သိနေပေမယ့် ကျေကျေနပ်နပ် လက်ခံထားတာဆိုတော့ ရှောင်ရို့နဲ့ သူ့ကြားက ဆက်ဆံရေးကလဲ အဆင်ကိုချောနေရောပဲ။
(၂)လလောက် ကြာတော့..
“ကျန်းကုန်း… ကျန်းကုန်း…”
“အစ်ကိုကြီး ရှန့်ယွင် မင်းပြန်လာပြီလား”
“ကျန်းကုန်း.. အင်းအတွက် သတင်းကောင်းပါတယ်ကွ။ ငါ့အဖေပြန်လာပြီ။ ဒါပေမယ့် သူ့တပ်ဖွဲ့ဆီ တမ်းသွားလေရဲ့။ ဧကရာဇ်နဲ့ ညှိနှိုင်းတာ သဘောတူလိုက်တယ်တဲ့ကွ။ အဲ့ဒါ ငါလာပြောတာ”
ဝမ်းသာလိုက်တာဗျာ။ ဒါ တကယ့်ကို သတင်းကောင်းပဲ။
“အရမ်းကောင်းတယ်ကွာ။ ဒါနဲ့ ဦးလေးနဲ့ ဘယ်တော့ သွားတွေ့ကြမလဲ”
“မင်း တော်တော် အလျင်လိုနေပါလား။ အခု ငါ့အဖေ တခြား(၂)နိုင်ငံက တပ်မှူးတွေနဲ့ ဆွေးနွေးနေတယ်။ သူကတော့ ရှို့တိ ဧကရာဇ်ကိုယ်စားလှယ်ပေါ့ကွာ။ အချိန်တန်ရင် မင်းကို ငါအကြောင်းကြားလိုက်မယ်လေ။ အသင့်သာ ပြင်ထားလိုက်ကွာ”
“အစ်ကိုကြီး ရှန့်ယွင် ကျေးဇူးတင်ပါတယ်ကွာ..”
ရှန့်ယွင်ကတော့ နောက်ဆုတ်ရင်း အပြုံးလေးနဲ့ အရိုးသားဆုံး အမူအရာပြပြီး..
“ကျန်းကုန်း.. မင်းတို့နဲ့ အတူရှိရတဲ့ အချိန်တွေ ငါ့အတွက် အပျော်ဆုံးဆိုတာ မင်းသိလား”
“အစ်ကိုကြီး ရှန့်ယွင် ငါလဲ အတူတူပါပဲကွာ..”
“ကောင်းပြီ။ ဆက်သာ လေ့ကျင့်နေပါကွာ။ ငါလဲ လုပ်စရာ ကိစ္စလေးတွေ ရှိသေးတယ်။ နောက် (၂)ရက်လောက်ဆို မင်းကို တိတိကျကျ အဖြေတစ်ခု ပေးနိုင်လောက်ပါတယ်။ ပြင်သင့်တာတွေသာ ပြင်ထားလိုက်ပါကွာ”
ပြန်သွားတဲ့ ရှန့်ယွင် ကျောပြင်ကို ကြည့်ရင်း သွမ့်ယုရှီးနဲ့ တလူက ဘဏ္ဍာရေးမှူးကြီး ဖန်ဟောင်တို့တွေကို သတိမရဘဲကို မနေနိုင်တော့ဘူး။ ကျုပ်ကို ဘယ်လိုများ ဆက်ဆံကြမလဲ မသိတော့ဘူး။
“ကျန်းကုန်း.. နင်ဘာလို့ မလေ့ကျင့်တာလဲ။ ပျင်းနေတာလား”
နတ်သမီးလေးလို မူကျီအသံ ကျုပ်နောက်က ထွက်လာတယ်။ သူလဲ နဂိုမူရင်း ရုပ်အတိုင်း နေ နေတာဗျ။ သူအလှကြောင့် မှင်တက်မိပြီး ရုပ်ပျက်သွားရတာတွေ မကြာခန ကြုံရပေမယ့် သူကတော့ ဂရုကို မစိုက်တာ။ သူ့ကို ရုပ်ဖျက်ထားဖို့ တခါပြောဖူးသေးတယ်။ သူ့ရုပ်က ကျုပ်ကို ထာဝရ မေ့လို့မရအောင်လို့တဲ့ဗျို့။
မူကျီကို မြင်လိုက်ရတော့ ကျုပ်ရင်ထဲက နူးညံ့စိတ်တွေ တဖွားဖွားထွက်လာပြီး အပြုံးလေးနဲ့ပဲ..
“ငါ ပေါ့လျော့နေတာ မဟုတ်ပါဘူးဟာ။ အစ်ကိုကြီး ရှန့်ယွင်က မင်းသား ရှို့တိဧကရာဇ်ကို အောင်အောင်မြင်မြင်နဲ့ ညှိနှိုင်း သဘောတူလိုက်တယ်လို့ လာပြောသွားတယ်လေ။ အခုဆို ညှိနှိုင်းပွဲက မျှော်လင့်ချက်တွေ ရှိလာပြီလေ”
============= (*^*)=============
အပိုင်း( ၂၇၇ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား