← Chapters

ဓားပြတွေကို နှိမ်နင်းခြင်း

Vol. 19 Ch. 278

ဓားပြတွေကို နှိမ်နင်းခြင်း

Vol. 19 Ch. 278

Child of light (ကျန်းကုန်း)

Volume 10: Chapter 25 - Annihilating the Bandits

“အာ.. အံ့ဩစရာပဲ။ ငါတို့မှာ မျှော်လင့်ချက်တွေ ပြန်ရပြီပေါ့။ ငါ သူတို့တွေကို သွားပြောလိုက်အုံးမယ်”

“အင်း.. အစ်ကိုကြီး ကျန်းဟူနဲ့ ကျန်တဲ့သူတွေ အသင့်ပြင်လို့ရအောင် သွားပြောလိုက်ပေါ့ဟာ”

မူကျီတော့ အားရဝမ်းသာ ပြေးထွက်သွားလေရဲ့။ ဒီအတောအတွင်းမှာ သူတော့ ရှောင်ရို့ရဲ့ လွှမ်းမိုးမှုတွေ ခံလိုက်ရပြီထင်ပါရဲ့။

ညစာစားပြီးတဲ့အချိန်ကျ မင်းသားနဲ့ ရှန့်ယွင်တို့ မင်းသား ခြံဝန်းကို ရောက်လာကြတယ်။ မင်းသားတော့ ကိုယ်ရေစစ်သွားပုံပဲ။ သူ့စိတ်ဓာတ်တွေတော့ တော်တော်ကို တက်ကြွနေတဲ့ပုံပဲ။ အသားအရေတွေတော့ နီရဲနေလေရဲ့။

သူတို့ကို ဧည့်ခန်းမျာပဲ ကြိုဆိုလိုက်ကြတယ်။

“ဦးလေး အရမ်းအလုပ်ကြိုးစားတာပဲနော်”

“ဟား.. ဟား.. ဟား.. ကျန်းကုန်းရာ.. ဒါအလုပ်လို့တောင် မပြောပလောက်ပါဘူးကွာ။ ငါ့မှာလဲ ခံယူချက်ရှိပါတယ်ဟ။ ရှို့တိခရီးစဉ်က ထင်ထားတာထက်ကို အဆင်ချောတာကွ။ ဧကရာဇ်ကြီးကတော့ ညှိနှိုင်းတာကို ပွင့်ပွင့်လင်းလင်းကို သဘောတူပြီး ငါ့ကို အာဏာကုန်လွှဲလိုက်တယ်ဟေ့။ ငါတို့ ရှို့တိမှာ နတ်ဘုရား အမွေခံ(၅)ယောက်ရှိတယ်ဆိုတာ ကျိဟောင်ကျင်း ကြားလိုက်တော့ သူ့သားသမီးတွေလိုကို ဂုဏ်ယူနေတော့တာဟေ့။ ဒါနဲ့ ငါလဲပဲ လူသားမျိုးနွယ်နဲ့ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲ ဆက်မဖြစ်သင့်တော့ဘူးလို့ ပြောလိုက်တယ်။ နိုင်ငံသားတိုင်း ဖြစ်ချင်တာကို လိုက်လျောတာ အကောင်းဆုံး ရွေးချယ်မှုပဲလေ။ ပြီးတော့ ဒီကိစ္စမှာ နတ်ဘုရားဘုရင် ကြားဝင်ဆောင်ရွက်ပေးတာလဲ ရှိနေတာကိုး”

ရှို့စစ်က..

“အရှင်.. ဒီညှိနှိုင်းမှုသာ အဆင်ပြေသွားရင် အရှင်က အဓိက ကူညီအားပေးသူ ဖြစ်လိမ့်မယ်။ အစတုန်းကတော့ ကျုပ်တို့မှာ ယုံကြည်ချက်မရှိပေမယ့် အရှင့်ဆီက သတင်းကောင်း ကြားလိုက်ရတော့ ယုံကြည်ချက်တွေ ရှိသွားပြီ”

မင်းသား ပြုံးရင်းနဲ့…

“မင်းလဲ ရှို့တိက လူသားသူရဲကောင်းပဲလေ။ အခုကစပြီး ကျန်းကုန်းလိုပဲ ငါ့ကို ဦးလေးလို့ခေါ်ပေါ့ကွာ။ ဧကရာဇ်ကလဲ ကျန်တဲ့(၂)နိုင်ငံကို သတင်းပို့ဖို့ သံတမန်တွေ လွှတ်လိုက်ပြီကွ။ မကြာခင် ကျန်တဲ့ နိုင်ငံတွေကလဲ ဒီနေရာကို လာဖို့ အမိန့်တွေ ရလောက်မယ်ကွ။ ဒီညှိနှိုင်းမှု အဆင် မပြေတော့ သူတို့အပေါ် မူတည်တယ်ဟေ့။ တလူကတော့ ပြဿနာမရှိလောက်ပါဘူး။ အိုက်ရှားတစ်ခုပဲ ပြဿနာ ရှိနေတာ။ စွမ်းအားနဲ့ ပတ်သက်ပြီးတော့လဲ တစ်နိုင်ငံလုံးက မှော်ပညာတတ်ထားတော့ (၃)နိုင်ငံလုံးမှာ သူတို့က အင်အား အကောင်းဆုံးပဲလေကွာ..”

မင်းသားစကားတွေကြောင့် ကျုပ်ဆရာတွေကို စိတ်ထဲတွေးမိရင်း ခေါင်းညိတ်ပြလိုက်မိတယ်။

“ရွေးစရာမရှိရင်တော့ သူတို့ကို ခြမ်းခြောက်ရမှာပဲ။ ဦးလေး ဒီအတောအတွင်း ကျုပ်တို့ စွမ်းအားတွေ အများကြီး တိုးလာတယ်။ ဒီဆွေးနွေးပွဲမှာ အသုံးချသင့်ရင် အသုံးချရမှာပဲ..”

“မင်းတို့တွေ တော်တော်ကြိုးစားတဲ့ ကလေးတွေပဲ။ အခုချိန်ကစပြီး မင်းတို့ ခေတ် ဖြစ်လာလိမ့်မယ်ဟေ့။ မင်းတို့တွေ (၃)နိုင်ငံ နယ်စပ်က တောင်တန်းမှာ အင်အားတွေရှိတယ်လို့ ဟူအာဆီက ငါကြားထားတယ်”

ရှို့စစ် ကျန်းဟူကို စိုက်ကြည့်ရင်း..

“ဟုတ်ပါတယ်။ ကျုပ်တို့မှာ ထောင်ဂဏန်းလောက် အဖွဲ့လေး ပဲရှိတာပါ”

မင်းသား ပြုံးရင်းနဲ့..

“ငါရထားတဲ့ သတင်းကတော့ အဲလိုမဟုတ်ဘူးကွ။ မကြာခင်ကပဲ မင်းပြောတဲ့ အဖွဲ့လေးက နိုင်ငံ(၃)ခုကြားက ဓားပြတွေကို ဖယ်ရှားပြီးသွားတဲ့အပြင် တစ်သောင်းကျော် ရှိတယ်တဲ့။ မင်းတို့ တပ်ဖွဲ့လေးရဲ့ တိုက်ရည်ခိုက်ရည်က စွမ်းအား ပြင်းလွန်းတယ်ကွ။ နယ်မြေရှင်းလင်းရေးအတွက် သူတို့ရဲ့ လက်ရှိ လှုပ်ရှားမှုတွေက နိုင်ငံအသီးသီးရဲ့ နိုင်ငံသားတွေကို ကူညီပံ့ပိုးမှုူ အများကြီး ပေးခဲ့ကြပေမယ့် (၃)နိုင်ငံ အမြင်ကမှာ သူတို့ကို အာရုံစိုက်နေကြပြီ”

ရှို့စစ်နဲ့ ကျုပ် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိတယ်။ တကယ်ဆို ဒီကိစ္စတွေ ကျုပ်သိထားပြီးသားပါ။ လောလောဆယ် ကျုပ်တို့အဖွဲ့က (၃)နိုင်ငံစလုံး စိုးမိုးထားမထားတဲ့ နယ်မြေတွေလေ။ အကြီးအကဲ(၅)ယောက် ပေးလိုက်တဲ့ စာအရဆို စွမ်းအား တိုးဖို့အတွက် အနီးပတ်ဝန်းကျင်က ဓားပြတွေကို သုတ်သင်ခဲ့တယ်တဲ့။ အဲ့ဒါက နိုင်ငံသူ နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမယ့် ဓားပြတွေကို လုံးဝချေမှုန်းပစ်ပြီး၊ အမှားနည်းတဲ့သူတွေကိုတော့ လက်နက်ချခိုင်းလိုက်တယ်။ သူတို့တွေ လက်ကျန်သက်တမ်း မှာတိုက်ပွဲထဲ လွှတ်ဖို့ ရည်ရွယ်ချက်နဲ့ အပြင်းအထန် လေ့ကျင့်ပေးထားတယ်။ အကြီးအကဲ (၅)ယောက်က သက်တမ်းက နှစ်ပေါင်း (၄၀၀)ကျော်ပြီဆိုတော့၊ ရှို့စစ်နဲ့ ကျုပ်တို့တွေ သူတို့တာဝန်ယူထားတာကို စိတ်ချထားကြတယ်။ အခြေစိုက်စခန်းကို တိုက်ခိုက်ခံရမယ် ဆိုရင်တောင် ကြောက်စရာမရှိဘူးလေ။ ရှို့စစ်မှာလဲ အကြီးအကဲ (၅)ယောက်နဲ့ပတ်သက်ပြီး အကြံပြုချက် နည်းနည်း ရှိတယ်လေ။ ဥပမာပြောရရင် တပ်ဖွဲ့တွေ စည်းလုံးဖို့အတွက် ကျုပ်တို့တွေထဲက တချို့ကို ပြန်လွှန်ရလိမ့်မယ်။ ဒါတွေကလဲ ရက်ပိုင်းပဲ ရှိသေးတာပါ။ ဒါတောင် မင်းသား သတင်းစုဆောင်းတာ ကောင်းချက်က ထင်ထားတာထက် နည်းနည်း ကျော်နေပြီပဲ။

ကျုပ်အံကြိတ်ပြီးမှ အေးအေးဆေးဆေးနဲ့..

“အဲ့လို နိုင်ငံ(၃)ခုစလုံးက အာရုံစိုက်မိတော့ရော ဘာဖြစ်သေးလဲ။ ကျုပ်မလိမ်ချင်ပါဘူး။ ကျုပ်တို့က (၃)နိုင်ငံနယ်နိမိတ် တောင်တန်းကြီးတွေကို မြို့ရိုးသဘောထားပြီး မြို့လေးတစ်မြို့ တည်ထားယုံပါ။ အဲ့ဒီမှာ ကျုပ်ရဲ့ အဓိက အင်အားစုတွေထားတာ။ မိစ္ဆာကောင်နဲ့ တိုက်ပွဲမှာ စွမ်းအားတွေ ကျုပ်တို့ မြင်ခဲ့လိုက်ရတယ်။ ကျုပ်ရဲ့ ခြေလက်တွေလို အမိန့်ပေးလို့ရမယ့် အင်အားမရှိရင် မိစ္ဆာမျိုးနွယ်ကို ကျုပ်က ဘယ်လိုလုပ် တိုက်နိုင်မှာလဲ”

ကျုပ်စကား ကြားတော့ မင်းသား မျက်မှောင်ကြုတ်ပြီး..

“အဲလိုဆိုတော့လဲ မင်းအနေနဲ့ တရားလွန်ကြီး မလုပ်မိဖို့ ငါမျှော်လင့်တယ်။ နိုင်ငံ(၃)ခု ဝိုင်းပြီး ချေမှုန်း ဖျက်ဆီးခံရမယ်ဆို မကောင်းတော့ဘူးလေ”

ကျုပ် ခေါင်းစိုက်နေတဲ့ ကျန်းဟူကို တစ်ချက်ကြည့်ပြီး..

“ကျုပ်တို့ ဧကရာဇ်(၃)ပါးကို ရန်သူဖြစ်ဖို့ စဉ်းစားမထားဘူး။ ကျုပ်တို့ရဲ့ တစ်ဦးတည်းသော ရန်သူက မိစ္ဆာဘုရင်ပဲ။ နိုင်ငံ(၃)ခုကသာ ဒီကိစ္စ လက်မခံနိုင်လို့ ကျုပ်တို့ကို တိုက်ခိုက်ချင်တယ်ဆို တကယ်ထိခိုက် ကျဆုံးမှာက ခင်ဗျားတို့တွေပဲ ဖြစ်လိမ့်မယ်။ တစ်ခုတော့ ကျုပ်ပြောလိုက်အုံးမယ်။ ကျုပ်တို့ အခြေစိုက်စခန်းမှာ ဦးဆောင်ပေးနေတဲ့ အကြီးအကဲ(၅)ယောက်စလုံး ဓားသူတော်စင်အဆင့် ပိုင်ဆိုင်ထားကြတယ်”

“ဓားသူတော်စင် အဆင့်လား… “

မင်းသား တော်တာ် အံ့ဩသွားရော။ ဓားသူတော်စင်တွေ၊ စစ်နတ်ဘုရားတွေရဲ့ တိုက်ခိုက်စွမ်းအားကို အရမ်းလေးစားတဲ့ ရှို့တိ ဧကရာဇ်နိုင်ငံတော်က နိုင်ငံသားတွေ ရောက်ချင် ဖြစ်ချင်တဲ့ အဆင့်လေ။ မင်းသားအနေနဲ့ ဓားသူတော်စင် အဆင့်ဆိုတာကို ကောင်းကောင်း သိတာပေါ့။

ကျုပ်ကပဲ ဆက်ပြီး..

“အဲ့ဒါကြောင့်မို့ ဦးလေး ကျုပ်တို့ကို ကူညီပေးဖို့ မျှော်လင့်ပါတယ်။ မိစ္ဆာဘုရင်ကို ချေမှုန်းပြီးရင် ဘယ်လိုဘယ်ပုံတွေ ပြောင်းလဲသွားနိုင်မယ်ဆိုတာတော့ အချိန်ကိုပဲ စောင့်ရမှာပေါ့။ နောက်ပြီးတော့ အဲကိစ္စပြီးရင် ကျုပ်တို့ ညီအစ်ကိုတွေထဲက အသက်ရှင်ကျန်မယ့်သူ တော်တော် ကို နည်းသွားလိမ့်မယ်”

အဲ့စကားတွေ ပြောရင်း ကျုပ်တော်တော် ဝမ်းနည်းသွားတယ်။ ကျုပ်နောက်လိုက်နေတဲ့ ညီအစ်ကိုတွေ အားလုံးကို ကျုပ်အသက်ရှင်သရွေ့တော့ မင်းတို့ မိစ္ဆာမျိုးနွယ်တွေ အလွယ်လေး အန္တရာယ်ပြုခွင့် ပေးမှာတဲ့လား။

မင်းသား နည်းနည်း ငြိမ်သွားပြီး..

“ကျန်းကုန်း နားလည်မှု မလွဲပါနဲ့ကွာ။ ငါတို့ ရှို့တိကတော့ မင်းအပေါ် မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူးလေ။ တစ်ခုခု လိုအပ်မယ်ဆိုရင်တောင် ဘဏ္ဍာရေး ဘာညာ လိုတာလေးတွေတောင် ဖြည့်ပေးနိုင်ပါသေးတယ်ကွာ။ ငါဒီကို ပြန်မလာခင် ဧကရာဇ်ကြီးကိုတောင် မလိုလားအပ်တဲ့ သံသယတွေ မဖြစ်ဖို့နဲ့ မင်းနဲ့ မဟာမိတ်ဖွဲ့ဖို့ အကြိမ်ကြိမ် နားချခဲ့ရသေးတယ်ကွ.. အဟေး..”

As expected of a politician, after knowing our tyrannical power, he immediately changed his attitude. But my previous good nature towards the prince had slightly diminished. “Uncle, don’t worry. We have a mission to protect the world’s peace and harmony, so we are definitely your ally. To us, all creatures, be it the Demon race, Beast race, Nature Elves, Dwarves, Humans and other races, are our ally. The only enemy we have is that fellow, who is planning to disrupt the peace and harmony. As for the supplements, we have our own means so we won’t need to trouble you for that.” The increase in power had given me confidence. No matter what, we were currently a over ten thousand squads strong. I really didn’t need them to supplement us, as for every gem that I sold at random could sustain us for a while. Moreover, currently, we were constructing a self-sufficient system at our base. If that were to succeed, it would be sufficient to provide for our people.

နိုင်ငံရေးသမား ပီသချက်တော့ ကျုပ်အာဏစက် လဲသိရော ချက်ချင်းကို အချိုးပြောင်းသွားတာပဲ။ အစောက သူ့ကို အထင်ကြီးထားတာတွေတောင် နည်းနည်း လျော့သွားပါလေရော။

“ဦးလေး စိတ်မပူပါနဲ့။ ကမ္ဘာကြီး ငြိမ်းချမ်းမှုနဲ့ သင့်မြတ်မှုကို ကာကွယ်ဖို့က ကျုပ်တို့တာဝန်ပါ။ ဒါကြောင့် ကျုပ်တို့တွေ ဦးလေးနဲ့ မဟာမိတ်ပါပဲ။ ကျုပ်တို့အတွက်တော့ သတ္တဝါအားလုံး၊ နတ်ဆိုးမျိုးနွယ်၊ သားရဲမျိုးနွယ်၊ သဘာဝနတ်ဆိုးမျိုးနွယ်၊ လူပုလေးမျိုးနွယ်၊ လူသားမျိုးနွယ်နဲ့ တခြားမျိုးနွယ်တွေအားလုံး ကျုပ်တို့ မဟာမိတ်တွေပဲ။ ကျုပ်တို့ရဲ့ တစ်ခုတည်းသောရန်သူက ကမ္ဘာကြီး ငြိမ်းချမ်းမှုနဲ့ သင့်မြတ်မှုကို အနှောက်အယှက် ပေးမယ့်သူတွေပဲ။ ရိက္ခာအတွက်တော့ ကျုပ်တို့မှာ ကိုယ်ပိုင်နညး်လမ်းတွေ ရှိလို့ ဦးလေးကို ဒုက္ခပေးစရာ မလိုပါဘူးလေ”

စွမ်းအားတွေ တိုးလာတဲ့အတွက် ကျုပ်မျာ ယုံကြည်ချက်တွေ ရှိလာတယ်။ ဘာပဲဖြစ်ဖြစ် အခုဆို ကျုပ်မှာ အင်အား (၁၀၀၀၀)ကျော်ရှိနေပြီလေ။ တွေ့ရာကောက်ရောင်းတဲ့ ရတနာတိုင်းက ကျုပ်တို့ကို ခနတာ ထိန်းနိုင်တဲ့ အတွက် ရိက္ခာအတွက် သူတို့ကိုမှ မလိုတာ။ ပြီးတော့ အခုဆို ကျုပ်တို့တွေ အခြေခံ ကိုယ်ပိုင်ရိက္ခာ စနစ်တစ်ခု သန္ဓေစတည်နေပြီလေ။ အဲဒါသာ အောင်မြင်သွားရင် ကျုပ်လူတွေကို ထောက်ပံ့ဖို့ အေးအေးဆေးဆေး လုံလောက်မှာဗျ။

============= (*^*)=============

အပိုင်း( ၂၇၉ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters