← Chapters

နတ်ပြည်ကိုးထပ်အထိ ၊ ငရဲကိုးထပ်အထိ လိုက်သတ်မည်

Vol. 97 Ch. 1264

နတ်ပြည်ကိုးထပ်အထိ ၊ ငရဲကိုးထပ်အထိ လိုက်သတ်မည်

Vol. 97 Ch. 1264

ကောင်းကင်နတ်အရှင်ဟောင်မှာ အလျင်အမြန် ထရပ်လိုက်ပြီး ကျောရိုးတလျှောက် စိမ့်အေးလာသည်။ သို့သော် စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူများ အသက်ပြန်မရှင်လာကြောင်း တွေ့လိုက်ရသဖြင့် စိတ်အေးသွား၏။ “စိတ်နှလုံးမိစ္ဆာတွေရဲ့ စွမ်းအား မပါရင် မင်းက ငါ့ကို မယှဉ်နိုင်ပါဘူး”

ဘုန်း… ဘုန်း… ဘုန်း..

ရုတ်တရက် သူ့ခန္ဓာကိုယ်ထဲရှိ ချီနှင့် သွေးတို့သည် ပြင်းထန်လှသော လှိုင်းလုံးကြီးများကဲ့သို့ ပန်းထွက်သွားပြီး သူ၏ ဦးခေါင်းကို လည်ပင်းမှ မြောက်တက်သွားစေသည်။ ကောင်းကင်နန်းဆောင် ၃၅ ဆောင်လုံးကား ပြိုကျလုနီးပါးဖြစ်သွားချေပြီ

စောစောက ချင်မူနှင့် တိုက်ခဲ့ရာတွင် သူ၏ဒဏ်ရာများမှာ ပိုမိုဆိုးရွားလာခဲ့သည်။ သူ့မှာ အလွန်ပြင်းထန်ဆိုးရွားသော ဒဏ်ရာများကြောင့် အားပြန်ဖြည့်ရန် စိတ်နှလုံးမိစ္ဆာများအား ဝါးမြိုခဲ့ရသည်။ သို့သော် တန်ခိုးရှင်သစ်ခုတ်သမား ဆန်းသစ်ထားသော ကောင်းကင်နတ်သိုင်းက ခက်ခက်ခဲခဲ ခန္ဓာကိုယ်ထဲမှ ဖြန့်ကျက်ထားခဲ့ရသော သူ၏ ကောင်းကင်နန်းဆောင် ၃၅ ဆောင်ကို ခန္ဓာကိုယ်ထဲသို့ ပြန်လည်ထည့်သွင်းပေးခဲ့သောကြောင့် သေလုနီးပါး ဖြစ်ခဲ့ရ၏။

သိုင်းပညာကောင်းကင်ဆရာသခင်နှင့် ပိုင်ယွီကျင့်တို့ကြောင့်လည်း သူ၏ဒဏ်ရာများက ပိုမိုဆိုးရွားခဲ့သည်။

ချင်မူနှင့် တိုက်ခိုက်ပြီးသည့်နောက်တွင်တော့ သူ့အနေဖြင့် ဒဏ်ရာများကို မချုပ်ထားနိုင်တော့ပေ။

ချင်မူ့တွင် ထိန်းချုပ်စရာ စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူများ မရှိတော့လျှင်တောင်မှ ကောင်းကင်နတ်အရှင်ဟောင်သည် ဆက်လက် တိုက်ခိုက်နိုင်မည်မဟုတ်။။

သူ၏ဒဏ်ရာများကို ကုစားရန် ကောင်းကင်နန်းဆောင်များအား မဟာတာအိုပိုးအိမ် အသွင်ဖွဲ့၍ အပြင်မှစွမ်းအင်များကို စုပ်ယူနိုင်မည့် ဘေးကင်းသော နေရာတစ်နေရာ ရှာရပေမည်။

ယခင်က သူ့အနေဖြင့် ဒဏ်ရာများကို ကုသနိုင်သည်နှင့် သူ၏သိုင်းအဆင့်သည် အဆင့်အသစ်သို့ ရောက်ရှိသွားပြီး ယခင်ထက် ပိုမိုအစွမ်းထက်သွားမည်ဖြစ်သည်။ သို့သော် တန်ခိုးရှင်သစ်ခုတ်သမား၊ ချင်မူနှင့် ကျန်သူများ၏ နှိပ်စက်မှုကြောင့် ဒဏ်ရာများ အပြည့်အဝ သက်သာလာလျှင်တောင်မှ ကောင်းကင်နန်းဆောင် ၃၅ ဆောင်၏ တာအိုဒဏ်ရာများသည် သက်သာလာနိုင်တော့မည် မဟုတ်ပေ။ သူ၏သိုင်းအခြေခံမှာလည်း ယခင်ကထက် ပို၍အားနည်းပြီး အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိရန် မည်မျှစောင့်ဆိုင်းရမည်လဲ မသိချေ။

“ပိုဆိုးတာက ဒီလိုဆက်သွားနေရင် ငါ တကယ် သေသွားလိမ့်မယ်... “

ကောင်းကင်နတ်အရှင်ဟောင်၏ လည်ပင်းမှ နတ်သွေးများ ပန်းထွက်လာပြီး သူ့ခန္ဓာကိုယ်ထဲတွင် ပိုနေသော ချီနှင့်သွေးတို့ကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် သူ၏ဦးခေါင်းသည် လည်ပင်းပေါ်သို့ ပြန်ရောက်လာ၏။

သူက တုံ့ဆိုင်းမနေဘဲ ဆုတ်ခွာလာသည်။ သူ၏ခြေထောက် မြေပေါ်မကျသေးခင် မြေပြင်သည် ရုတ်တရက် ပေါက်ကွဲလာသဖြင့် သူသည် ကောင်းကင်ထက်သို့ ပြေးတက်လိုက်၏။

ချင်မူက ကောင်းကင်ရတနာနယ်ပယ်ကို ထိန်းချုပ်လျက် သူ ခြေချခဲ့သောနေရာသို့ တခဏအတွင်း ရောက်ရှိလာချေပြီ။ ထို့နောက် သူကလည်း လေပေါ် ပျံတက်လာရင်း မရေမတွက်နိုင်သော ဓားရောင်များအား သူ၏ ကောင်းကင်ရတနာနယ်ပယ်မှ ထုတ်လွှတ်လိုက်သည်။ ၎င်းတို့က ကြယ်တံခွန်များသဖွယ် ကောင်းကင်နတ်အရှင်ဟောင်၏ ခန္ဓာကိုယ်ကို တစ်ခုပြီးတစ်ခု ဖောက်ထွက်သွားကြလေသည်။

မရေမတွက်နိုင်သော ဓားရောင်များက ကောင်းကင်နတ်အရှင်ဟောင်၏ အနောက်တွင် စုစည်းသွား၍ ဓားနယ်ပယ်တစ်ခုအား ဖော်ဆောင်လိုက်သည်။

ကောင်းကင်နတ်အရှင်ဟောင်မှာ ကြက်သီးမွေးညှင်းများ ထသွားပြီး ပါးစပ်ဟ၍ ဟိန်းဟောက်ရန် ပြင်လိုက်၏။ သူ၏ဟိန်းဟောက်သံ ထွက်လာသည့်အချိန်မှာပင် သင်္ကေတအမှတ်အသားများက သူ၏မျက်လုံး၊ နားရွက်၊ ပါးစပ်နှင့် နှာခေါင်းတို့မှ စီးထွက်လာကြသည်။ ၎င်းတို့က ပိုးအိမ်များကို အလျင်အမြန် ရက်ဖွဲ့လိုက်ပြီး တခဏအတွင်း သူ့အား သိပ်သည်းထူထဲစွာ ဝန်းရံပေးလိုက်သည်။

ချင်မူ၏ ဓားနယ်ပယ်က ရုပ်လုံးမပေါ်သေးသော တာအိုပိုးအိမ်ကို စုတ်ဖြဲပစ်လိုက်သည်။ နတ်သွေးတို့မှာ ကောင်းကင်ထက်မှ ဖွားခနဲ ရွာကျလာ၏။

ကောင်းကင်နတ်အရှင်ဟောင် အော်ဟစ်လိုက်သည့်အခါ မဟာဧကရာဇ်၏ မဟာခြုံလွှမ်း အသိစိတ်အလျဉ်ကောင်းကင်ဘုံသည် ချင်မူ၏ ဓားနယ်ပယ်ကို ရင်ဆိုင်ရန် ပြေးဝင်လာ၏။ ချင်မူက လက်သီးဆုပ်လိုက်ရာ ပျံ့ကားနေသည့် ဓားနယ်ပယ်မှာ ရုတ်တရက် ကျုံ့၀င်သွားသည်။ ၎င်းက မဟာခြုံလွှမ်း အသိစိတ်အလျဉ်ကောင်းကင်ဘုံကို ထိပင်မထိဘဲ ဖြတ်သွားချေပြီ။

မဟာခြုံလွှမ်း အသိစိတ်အလျဉ်ကောင်းကင်ဘုံသည် မဟာဧကရာဇ်၏ ကောင်းကင်နတ်သိုင်း ဖြစ်၏။ ဤကောင်းကင်နတ်သိုင်းကကောင်းကင်နတ်အရှင်ဟောင်၏ မူလဝိညာဉ်ကို ချုပ်နှောင်ထားခဲ့သည်။ ခန်းနွီ၏ ဝိညာဉ်ခုနစ်သွယ်မြက်မှာ အသိစိတ်အလျဉ် ယဇ်ပူဇော်ခြင်းမှတစ်ဆင့် မြင်ယောင်ဖန်ဆင်းထားသည့်အရာ ဖြစ်၏။ ၎င်းက မဟာခြုံလွှမ်း အသိစိတ်အလျဉ်ကောင်းကင်ဘုံ၏ စွမ်းအားကို အသက်မသွင်းဘဲ အတွင်းထဲသို့ ဝင်ရောက်နိုင်သည်။

ဝိညာဉ်ခုနစ်သွယ်မြက်ကက မဟာခြုံလွှမ်း အသိစိတ်အလျဉ်ကောင်းကင်ဘုံထဲသို့ ဝင်ရောက်သွားခဲ့ပြီး ကောင်းကင်နတ်အရှင်ဟောင်၏ မူလဝိညာဉ်ထဲတွင် ရေထဲမှ ငါးတစ်ကောင်ပမာ အမြစ်တွယ်လျက် အာဟာရများအား စုပ်ယူကာ သူ၏ဝိညာဉ်ကို သန့်စင်နေသည်။

သို့သော် ချင်မူ၏ ဓားနယ်ပယ်သာ မဟာခြုံလွှမ်း အသိစိတ်အလျဉ်ကောင်းကင်ဘုံနှင့် ထိတွေ့လိုက်ပါက ကောင်းကင်နတ်အရှင်ဟောင်၏ လှည့်ကွက်ထဲ ရောက်သွားပေလိမ့်မည်။

မဟာခြုံလွှမ်း အသိစိတ်အလျဉ်ကောင်းကင်ဘုံ၏ စွမ်းအား ပေါက်ကွဲသွားလျှင် ချင်မူ့ကို အပြင်းအထန် ထိခိုက်ဒဏ်ရာရစေမည်သာမက ကောင်းကင်နတ်အရှင်ဟောင်၏ မူလဝိညာဉ်ကိုလည်း လွတ်အောင် ရုန်းနိုင်မည့် အခွင့်အရေးတစ်ရပ် ရသွားစေလိမ့်မည်။

ကောင်းကင်နတ်အရှင်ဟောင်က နှမြောတသ သက်ပြင်းချရင်း ကောင်းကင်ထက်သို့ အရှိန်အဟုန်ဖြင့် ပျံတက်သွားသည်။ ကောင်းကင်အလွန်တွင်ကား မဟာလေဟာနယ်၀င်ပေါက် ရှိနေပြီး ထွက်ပြေးလွတ်မြောက်သွားကြသော ကောင်းကင်နတ်ဘုံစစ်တပ်များလည်း ရှိနေမည်။

ကောင်းကင်နတ်ဘုံသည် မဟာဧကရာဇ်နှင့် သူ၏တိုက်ပွဲအကြောင်း ကြားသိထား၍ သူ၏တပည့်များက သူ့အား ကယ်တင်ရန် မဟာလေဟာနယ်သို့ အလောတကြီး ရောက်လာကြလိမ့်မည်။ သူ ထွက်ခွာနိုင်သည်နှင့် ဘေးကင်းပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် ချင်မူက လက်ဝါးဖြန့်၍ ကောင်းကင်သို့ မျက်နှာမူကာ ရိုက်ချလိုက်သည်။

ကောင်းကင်နတ်အရှင်ဟောင်မှာ ကောင်းကင်ထက်သို့ ဆက်လက်ပျံသန်းနေသော်လည်း ထိုအခိုက်အတန့်တွင် ကောင်းကင်သည် ပါးလွှာလာကြောင်း တွေ့နေရ၏။

သူ၏ခန္ဓာကိုယ်ပင်လျှင် ဆန့်ထွက်လာကာ ကောင်းကင်နှင့်အတူ ပါးလွှာလာချေပြီ။ အဆုံးသတ်တွင် ကောင်းကင်သည်ကား ဟင်းလင်းပြင်ဖြစ်သွားတော့သည်။

“ကောင်းကင်နတ်အရှင်ယွင်နဲ့အတူ ကျောက်ယန်ခန်းမထဲ ဝင်ခိုးခဲ့တာ မင်း ဖြစ်နေတာပဲ”

ကောင်းကင်နတ်အရှင်ဟောင်၏ ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်လာသည်။ ယခင်က သူနှင့် ကောင်းကင်နတ်အရှင်ယွင် ကျောက်ယန်ခန်းမထဲသို့ ဝင်ခိုးခဲ့တုန်းက အခြားသိုင်းပညာရှင်တစ်ဦးကို တွေ့ဆုံခဲ့ရပြီး ထိုသူသည် ဤသိုင်းကွက်အား အသက်သွင်းခဲ့၏။ သို့သော် ထိုသူမှော်စွမ်းအင်မှာ သူ့အောက် များစွာနိမ့်ကျခဲ့ရာ သူ့အနေဖြင့် အားကောင်းသော မှော်စွမ်းအား သုံးကာ ချိုးဖျက်နိုင်ခဲ့လေသည်။

ယခု ချင်မူ ထိုတိုက်ကွက်ကို အသက်သွင်းလိုက်သည့်အခါ သူ ချက်ချင်း မှတ်မိလိုက်၏။

ချင်မူ့အသံက ထွက်ပေါ်လာသည်။ “ကောင်းကင်နတ်အရှင်ဟောင်၊ အဲ့တုန်းကတော့ ကျုပ်ရဲ့ ကောင်းကင်နတ်သိုင်းကို ချိုးဖျက်ဖို့ ခင်ဗျားမှာ မှော်စွမ်းအင် ရှိခဲ့တယ်… အခုရော ရှိသေးရဲ့လား”

“မရှိတော့ဘူး.. ဒါပေမဲ့ ငါ မူလချီကို ဖွဲ့တည်ပြီးပြီ”

ကောင်းကင်နတ်အရှင်ဟောင်၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာဒဏ်ချက်များ ပွင့်ထွက်သွားသည်။ သူက မဖိနှိပ်နိုင်တော့သော သိုင်းအခြေခံတစ်စိတ်တစ်ပိုင်းအား စွန့်ပစ်လိုက်ချေပြီ။ သူက ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ခါလိုက်ကာ ချင်မူ၏ မဟာခြုံလွှမ်း ကောင်းကင်ဘုံမှ လွတ်မြောက်သွား၏။

ချင်မူမှာ အံ့ဩမှင်သက်သွားပြီး လက်မောင်းနှစ်ခုက သူ၏ချိုင်းအောက်မှ ထွက်လာသည်။ လက်လေးဖက်က အလယ်သို့ ဗဟိုပြုလျက် ဆုပ်လိုက်ရာ ကောင်းကင်နတ်မြစ် ဖွဲ့တည်လာပြီး ကောင်းကင်နတ်အရှင်‌ဟောင်အား ၀န်းရံလိုက်သည်။ ၀င်ရိုးစွန်း‌လေးခုသည်လည်း တဝုန်းဝုန်း မြည်ဟီးလျက် ထွက်ပေါ်လာကြသည်။

နဂါးစိမ်း၊ ကျားဖြူ၊ မီးငှက်နှင့် လိပ်နက်တို့လည်း ပေါ်လွင်လာကြကာ အလယ်ရှိ ကောင်းကင်နတ်အရှင်ဟောင်ဆီသို့ တိုက်ခိုက်ကြ၏။

ဝင်ရိုးစွန်းလေးစွန်းအား ဖြတ်စီးသော ကောင်းကင်နတ်မြစ်သိုင်းကွက်

ဝုန်း…

ကောင်းကင်နတ်အရှင်ဟောင်မှာ သွေးအန်လိုက်ရရင်း ကြယ်ကြွေကျသကဲ့သို့ ကောင်းကင်ထက်မှ ပြုတ်ကျလာပြီး မဟာလေဟာနယ်မြေထုနှင့် ဝင်တိုက်သွားသည်။ မီးတောက်မီးလျှံများက အထက်ဘဝဂ်အထိ ဟုန်းခနဲ ထတောက်၍ လောင်ကျွမ်းသွားပြီး မီးခိုးငွေ့များ ထွက်ပေါ်လာတော့သည်။

ချင်မူက ခေါင်းငုံ့လိုက်ပြီး သူ၏လက်ဖဝါးက ဖိချလိုက်သည်။ သူ၏လက်ဖဝါးဖိအားသည် ကောင်းကင်နတ်အရှင်ဟောင် ပြုတ်ကျခဲ့သော နေရာပေါ်သို့ ကျရောက်သွားသော်လည်း မြေပြင်မှာ နိမ့်ကျမသွားဘဲ ဝုန်းခနဲ မြည်သံနှင့်အတူ မြင့်တက်လာ၏။

ချင်မူ၏ မဟာတာအိုဥပဒေက မဟာလေဟာနယ်ထဲတွင် ကမ္ဘာဦးသစ်ပင်တစ်ပင် ဖန်ဆင်းလိုက်သည်။ ကမ္ဘာဦးသစ်ပင်သည် ကောင်းကင်နတ်အရှင်ဟောင်၏ စုတ်ပြတ်နေသော ခန္ဓာကိုယ်ကို မြှောက်တင်၍ ချင်မူ့လက်ဖဝါးနှင့် ထိတွေ့သည့်တိုင်အောင် ပင့်တင်ပေးလိုက်၏။

ကမ္ဘာဦးသစ်ပင်မှာ မှိုပွင့်သဏ္ဍာန် မီးခိုးတိမ်တိုက်ကြီး၏ ထိပ်ဆုံးအထိ ကြီးထွားကာ ချင်မူ၏လက်ဖဝါးနှင့် ဝင်တိုက်သွားသည်။ ပြင်းထန်လှသော တုန်ခါလှိုင်းများက အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားပြီး ကောင်းကင်ထဲတွင် အဖြူရောင်အလင်းစက်ဝန်းတစ်ခု ဖြစ်ပေါ်လာစေ၏။ အဖြူရောင်အလင်းစက်ဝန်းသည် အရပ်လေးမျက်နှာကို အလျားလိုက် ခုတ်ပိုင်းလိုက်သော ဓားမတစ်လက်သဖွယ် မဟာလေဟာနယ်မြေထု၏ ကောင်းကင်အား နှစ်ခြမ်း ပိုင်းဖြတ်ချင်နေပုံ ပေါ်သည်။

ကောင်းကင်နတ်အရှင်ဟောင်၏ ပုံရိပ်က ချင်မူ၏ လက်ဖဝါးဖိအားနှင့် ထိတွေ့လိုက်သည့်အချိန်မှာပင် ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။ နောက်တခဏတွင် သူသည် မဟာလေဟာနယ်ယိုတုထဲတွင် ပြန်ပေါ်လာပြီး ဝုန်းခနဲ မြည်သံကြီးနှင့်အတူ မြေပြင်သို့ ဝင်‌ဆောင့်သွားကာ အရုပ်ကြိုးပျက် လိမ့်ထွက်သွား၏။ ထို့နောက် မြင့်တက်သွားလိုက်၊ ပြန်ကျလိုက်ဖြင့် အဝေးရောက်သည့်တိုင်အောင် လွင့်သွားသည်။

သူက မူလချီကို ယိုတုမဟာတာအိုအဖြစ် ပြောင်းလဲလိုက်ရင်း ချင်မူ၏ အသက်နှုတ်တိုက်ကွက်ကို ရှောင်တိမ်းရန် ယိုတုထဲတွင် ပုန်းလိုက်ချေပြီ။

ဝုန်း… ဝုန်း… ဝုန်း..

သူ လိမ့်နေစဉ် သူ၏ရုပ်ခန္ဓာမှာ အဆက်မပြတ် ပေါက်ကွဲလျက် ခန္ဓာကိုယ်ထဲရှိ စွမ်းအင်အပိုအလျှံများကို အတတ်နိုင်ဆုံး ချေဖျက်နေသည်။ သူ့အနေဖြင့် သိုင်းအခြေခံ၏ တချို့တဝက်ကို စွန့်လွှတ်ရမည်ဆိုလျှင်တောင် ချင်မူ့လက်မှ လွတ်မြောက်နိုင်ရန် စွန့်လွှတ်မည်ဖြစ်သည်။

ကောင်းကင်ယင်သားတော်၏ ပိုင်နက်သို့သာ ထွက်ပြေးနိုင်လိုက်လျှင် ချင်မူ သူ့အား မည်သို့မျှ တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ ကောင်းကင်ယင်သားတော်နှင့် တစ်လှေတည်းစီးသူများပီပီ ပြီးခဲ့သည်နှစ်တစ်သန်းအတွင်း သူသည် ကောင်းကင်ယင်သားတော်ကို အသေအချာ ဂရုစိုက်ပေးခဲ့၏။ ကောင်းကင်ယင်သားတော်က သူ့အား သေချာပေါက် ကာကွယ်ပေးလိမ့်မည်။

သို့သော် မဟာလေဟာနယ်ယိုတု၏ ကောင်းကင်မှာ ဗြန်းခနဲ နှစ်ခြမ်းကွဲသွားပြီး နက်မှောင်နေသော ဧရာမကျောက်တိုင်ကြီးများက မြေကြီးထဲမှ ဖောက်ထွက်လာကြသည်။ ကျောက်တိုင်ကြီးများတွင် မီးခိုးငွေ့များ၊ မီးတောက်များ တထောင်းထောင်းထနေသည်။ မီးတောက်များက ကျောက်တိုင်များအား လှည့်ပတ်လျက် ယိုတုမဟာတာအိုသင်္ကေတများအား ဖြန့်ကျက်နေ၏။

“နောင်တော်ဟောင်၊ ယိုတုက ကောင်းကင်ယင်သားတော်ရဲ့ ပိုင်နက်မဟုတ်ဘူး… ကျုပ် ပိုင်နက်ပဲ”

ချင်မူ၏ ဧရာမခန္ဓာကိုယ်ကြီးက ကောင်းကင်ထက်မှ ဆင်းသက်လာသည်။ သူကား မြေပေါ် ခြေချလိုက်သည်နှင့် နွားခေါင်း၊ လူကိုယ်၊ ကျားမျက်နှာရှိသော မိစ္ဆာနတ်ဘုရားတစ်ပါး အသွင်ပြောင်းလဲပြီး ဖြစ်သည်။ သူသည် ပထမဆုံးသော သေဆုံးမှုမှ ဖွားမြင်လာခဲ့သည့် ဝိညာဉ်အားလုံးအပေါ် ထိန်းချုပ်နိုင်သော ရှေးဟောင်းနတ်ဘုရားတစ်ပါးအလားပင်။

မဟူရာကျောက်တိုင်များအပေါ်ရှိ သင်္ကေတများမှာ ပိုမိုရှင်းလင်းပြတ်သားလာကြပြီးနောက် မြေအောက်ဘုံအရှင်သခင်၏ မျက်နှာများအဖြစ် ပြောင်းလဲသွားကြ၏။ မြေအောက်ဘုံအရှင်သခင်၏ မျက်လုံးသုံးလုံးက ဝေ့ဝဲလျက် လိမ့်နေသော ကောင်းကင်နတ်အရှင်ဟောင်ဆီသို့ ကြည့်လိုက်သည်။

ဝီ…

ကျောက်တိုင်အားလုံး ထွန်းလင်းတောက်ပသွားကြပြီး ကျောက်တိုင်များအပေါ်ရှိ မြေအောက်ဘုံအရှင်သခင်၏ မျက်လုံးသုံးလုံးက မိစ္ဆာအလင်းတန်းများ ထုတ်လွှတ်လိုက်သည်။ အလင်းတန်းများက မြွေလိမ်မြွေကောက် ရစ်ပတ်ဖြတ်သန်းလျက် မိုင်တစ်ထောင် ဧရိယာကို ချိတ်ပိတ်လိုက်ချေပြီ။

All Chapters