← Chapters

အမတ်ကြီး၏ သမီးတော်

Vol. 19 Ch. 281

အမတ်ကြီး၏ သမီးတော်

Vol. 19 Ch. 281

Child of light (ကျန်းကုန်း)

Volume 10: Chapter 28 - The Marshall’s Daughter

အမတ်ကြီး ဖန်ဟောင် အံ့ဩနေတဲ့ သွမ့်ယုရှီးကို လှမ်းတို့ရင်းနဲ့..

“အစ်ကို ရှီး.. မင်းသူနဲ့ သိနေတာလား..”

“သိယုံတင် ဘယ်ကမလဲဗျာ.. အတူတူတောင် တွဲလုပ်ခဲ့ဖူးသေးတယ်။ သူ့ဆရာက ကျုပ်တို့နိုင်ငံရဲ့ တော်ဝင်မှော်ပညာ အလယ်တန်းကျောင်း ကျောင်းအုပ်ပေါ့။ ကမ္ဘာ့ထိပ်သီး နံပတ်(၃) မှော်သခင်ကြီး လောင်လွင်တိ ဆိုတာတော့ ကြားဖူးတယ်မို့လား။ သူက မှော်သခင်ကြီး နယ်ပယ်ကို လေ့ကျင့်သင်ကြား ပေးနိုင်ခဲ့တဲ့ မျိုးဆက်သစ် ဖြစ်တဲ့အပြင် ကျုပ်တို့နိုင်ငံရဲ့ မျှော်လင့်ချက် ဆိုလဲ ဟုတ်တယ်။ အစက သူ့အပေါ် ကျုပ်တော်တော်ကြီး မျှော်လင့်ထားတာ။ ကိစ္စတစ်ခု ဖြစ်သွားလို့ အရှင်မင်းကြီး ခယ်ကျာနဲ့ ရန်သူဖြစ်သွားတာ နှမျောစရာပဲ။ မင်းတို့ တလူကိုတောင် အလိုရှိစာရင်း ရောက်လောက်မှာပါ”

ကျုပ်လဲ အေးစက်စက်နဲ့..

“အမှန်ပဲ… ကျုပ်က အိုက်ရှားနိုင်ငံရဲ့ ဝရမ်းပြေးတစ်ယောက်ပဲ။ ဒါပေမယ့် တခြားတဖက်မှာ နတ်ဘုရား အမွေခံ နတ်ဘုရား ကိုယ်စားလှယ်လဲဖြစ်တယ်။ ဆရာသွမ့်ယုရှီး ခင်ဗျားအနေနဲ့ ကျုပ်ကို လိုအပ်ရတဲ့ကိစ္စ ပြောလို့ရပါတယ်”

ပြီးရင် ကျုပ် မျိုးနွယ်ပေါင်းစုံ ပေါင်းစည်းဖို့ ဘာအတွက် လိုနေတယ်ဆိုတာရယ်.. မူကျီကို ဘာလို့ သွားခွင့်မပေးရလဲ ဆိုတာတွေ မင်းသားကို ပြောထားတာတွေပါ ဆက်ပြောလိုက်တယ်။ ကျုပ်ပြောတာကြားတော့ သူတို့တွေ ခေါင်းညိတ်နေကြလေရဲ့။ ပြောရင်းပြောရင်းနဲ့ အချင်းချင်းတွေကြားမှာ အလားအလာရှိတာ သိလိုက်ရတယ်။

ကျုပ် ဇာတ်ကြောင်းစုံ ကြားပြီးမှ ဆရာသွမ့်ယုရှီး သက်ပြင်းချပြီး..

“အော်.. ဒီလိုကိုး.. ဒါဆို ငါတို့တွေ မင်းအပေါ် အမှားလုပ်လိုက်မိတာပဲ..”

အမတ်ကြီး ဖန်ဟောင် ပြုံးပြီး..

“နတ်ဘုရား သံတမန် ကျန်းကုန်း.. ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးနဲ့ သင့်မြတ်ရေးအတွက် မင်းတော်တော် အလေးထားတာပဲ။ ဒါပေမယ့် လူသားမျိုးနွယ်ရဲ့ အရာရှိတွေနဲ့ စစ်သည်တွေအတွက်တော့ မင်းဟာ နတ်ဆိုးနဲ့ သားရဲမျိုးနွယ်တွေရဲ့ ရိုးသားမှုကို သက်သက်ပြနိုင်ဖို့ မျှော်လင့်နေကြတယ်”

ဒီလိုပြောလာမယ်ဆိုတာ ကျုပ်သိနေတယ်လေ။

“အဲ့ဒါ လွယ်ပါတယ်.. သားရဲမျိုးနွယ်က နတ်ဆိုးမျိုးနွယ်အတွက် လုပ်နေကြတယ်ဆိုတာ အားလုံးသိမှာပါ။ နတ်ဆိုးမျိုးနွယ်ရဲ့ ဆက်ခံသူ အိုက်ရှားမှာ သူလျှိုအဖြစ် ရောက်လာတာက မင်းသမီး မူကျီပေါ့။ နတ်ဆိုးဧကရာဇ် က သူ့ကို ဒီမှာ ညှိနှိုင်းရေး ကိုယ်စားလှယ်အနေနဲ့ လွှတ်လိုက်တယ်။ အဲဒါ သူတို့ရဲ့ ရိုးသားမှုကို သက်သေပြလို့ ရပြီလား။ ခင်ဗျားတို့ ဧကရာဇ်က ခင်ဗျားတို့ကို လွှတ်လိုက် သလိုပေါ့”

မူကျီ ကျုပ်နားထိ လျှောက်ထွက်လာပြီး သူတို့ကို ဦးညွတ်လိုက်လိုက်တယ်။ ပြီးမှ..

“မင်္ဂလာပါ.. ငါက နတ်ဆိုးမျိုးနွယ် မင်းသမီး မူကျီမို ပါ..”

သွမ့်ယုရှိး မူကျီကို သိနေတယ်လေ။

“မူကျီ.. တကယ်ကို မင်းပဲလား။ မင်းက နတ်ဆိုးမျိုးနွယ် မင်းသမီးလား။ ဒါဆို အိုက်ရှားကို လာရတဲ့ ရည်ရွယ်ချက် ပေါ့လေ”

“မှန်ပါတယ်။ ငါက နတ်ဆိုးမျိုးနွယ် ဆက်ခံသူပါ။ ဒီကို လာရတဲ့ ရည်ရွယ်ချက်က လူသားမျိုးနွယ်နဲ့ စေ့စပ် ညှိနှိုင်းဖို့ပါ။ ငါတို့တွေ မျိုးနွယ် မတူပေမယ့် ဘုံရန်သူရှိနေပြီလေ။ စည်းစည်းလုံးလုံးနဲ့ ရန်သူကို တွန်းလှန်ရမယ့် အချိန်ပါ။ အဲဒါကြောင့် နတ်ဘုရား အမွေခံ သံတမန် ကျန်းကုန်းနဲ့အတူ လိုက်ခဲ့တာပါ။ ညှိနှိုင်း ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

ဖန်ဟောင် မူကျီကို သေချာကြည့်လိုက်တယ်။ မူကျီရဲ့ ပြစ်မျိုးမှည့်မထင် ရုပ်သွင်ကို မြင်ပြီးတာတောင် အိန္ဒြေပျက်မသွားတော့ တလူနိုင်ငံရဲ့ အမတ်ကြီး ဖြစ်ထိုက်ပါပေတယ်ဗျာ။ အမတ်ကြီး စိတ်အား ထက်ထက်သန်သန်နဲ့..

“နတ်ဆိုးဧကရာဇ်က ညှိနှိုင်းဖို့အတွက် သူ့ကို လွှတ်လိုက်တာကိုက ရိုးသားမှု ပြထားပြီးပြီပဲ။ ဒီကိစ္စ အရှင်မင်းကြီးထံ တင်ပြပေးမယ်။ ငါတို့ တလူက တိုက်ပွဲကို စိတ်မဝင်စားဘူးကွ။ အခုဆွေးနွေးဝိုင်းမှာ ငါ့တစ်ကိုယ်ရေအနေနဲ့တော့ ထောက်ခံတယ်ဟေ့”

ကျန်တဲ့သူတွေ ပူးပေါင်းလာမှတော့ သွမ့်ယုရှိလဲ ကျုပ်တို့ကို ထောက်ခံဖို့ကလွဲလို့ ရွေးစရာမရှိတော့ ဒီကိစ္စအတွက် အထက်လူကြီးတွေရဲ့ ညွှန်ကြားချက် စောင့်နေယုံပဲလို့ ပြောတယ်ဗျ။

စေ့စပ်ရေးနဲ့ပတ်သက်ပြီး စည်းကမ်းချက်တွေ ဆွေးနွေးနေတုန်း ရင်းနှီးပြီးသား အသံတစ်ခု ထွက်လာတယ်..

“အဖေ… အဖေ…”

အနှောက်အယှက်ပေးတဲ့သူကို အားလုံး လှည့်ကြည့်လိုက်တော့ ကျုပ်တောင် မြင်ရတဲ့ မြင်ကွင်းကြောင့် တုန်သွားမိသေးတယ်။ မင်းနင်းမိမှာစိုးလို့ ကယ်ခဲ့လိုက်တဲ့ ကောင်မလေးပါလား။ သူဘာလို့ ဒီလိုနေရာမှာ သူ့အဖေ လာရှာပါလိမ့်။ သူ့အဖေက ဘယ်သူပါလိမ့်။ အထဲရောက်မှာ လူတွေများနေတာတွေ့ပြီး စကားခနရပ်သွားတယ်။

အမတ်ကြီး ဖန်ဟောင်က..

“ဒါ စစ်ဆင်ရေး အရေးပေါ် ဆွေးနွေးတဲ့နေရာလေ။ မင်းကို ဘယ်သူ ဝင်ခွင့်ပေးလိုက်တာလဲ..”

ကောင်မလေး ခေါင်းငုံ့ပြီး တိုးတိုးလေးနဲ့..

“ဟိုလေ ကိစ္စတစ်ခုရှိလို့ လာရှာတာပါ..”

ဖန်ဟောင် မချိပြုံး ပြုံးပြီး..

“အားလုံးကို ကျုပ်ကပဲ တောင်းပန်ပါတယ်ဗျာ။ အဲ့ဒါ ကျုပ်သမီးလေး လီနာ ပါဗျာ။ အနှောက်အယှက်ဖြစ်သွားတဲ့ အတွက် စိတ်မကောင်းပါဘူး..”

The prince said frankly, “I heard that Marshall has a pretty daughter. I didn’t expect that I’ll be able to see her here. This is like father and daughter going into battle.” His words meant to be a sarcasm as Lian Na wasn’t like Big Brother Shan Yun to come to battle with the army.

မင်းသားက..

“အမတ်ကြီးမှာ အရမ်းချောတဲ့ သမီးလေးတစ်ယောက် ရှိတယ် ကြားထားတာကြာပြီ။ ဒီမှာ တွေ့ရလိမ့်မယ် ထင်မထားမိဘူး။ အဖေနဲ့သမီး တိုက်ပွဲများ ဝင်နေသလားပဲ”

လီနာက အစ်ကိုကြီး ရှန့်ယွင်လို တပ်ဖွဲ့ကြီးနဲ့ စစ်တိုက်နေသလို မဟုတ်ဘဲ ခပ်ဆိုးဆိုးလေး ဖြစ်နေတာကိုး။

အမတ်ကြီး ဖန်ဟောင် ခပ်ရှက်ရှက်နဲ့ပဲ…

“သူ့ကို ငယ်ငယ်ကလေးထဲက အလိုက်လိုက်ထားမိတာ ကျုပ်အမှားပါဗျာ။ လီနာ နင်ဒေါသတွေ တဖြည်းဖြည်း ကြီးလာနေသလိုပဲ။ ဘာလို့ မပြန်သေးတာလဲ..”

လီနာကတော့ သူပြောတာ နားမဝင်ဘဲ ကျုပ်ကို စူးစိုက်ကြည့်နေရင်းကနေ ရုတ်တရက်..

“နင်ပါလား.. နင်ဘာလို့ ဒီကို ရောက်နေတာလဲ”

“လီနာ မရိုင်းနဲ့။ နတ်ဘုရား တမတ်တော်ကို နင်သလို့လား”

လီနာ သူ့အဖေကို ဂရုမစိုက်ဘဲ ကျုပ်ရှေ့ တမ်းရောက်လာပြီး…

“တကယ်ကို နင်ပဲ.. အဖေ.. အဲ့နေ့က သူသမီးကို ကယ်လိုက်တာ..”

မူကျီ ကျုပ်ကို စိုက်ကြည့်နေပြီ။ ကျုပ်လဲ စိတ်တိုတိုနဲ့ပဲ..

“မိန်းကလေး လီနာကို နှုတ်ခွန်းဆက်ပါတယ်.. အဲ့နေ့က ကူညီတာ တိုက်ဆိုင်သွားလို့ပါ။ စိတ်ထဲ ထားနေစရာမလိုပါဘူး..”

ဖန်ဟောင် လက်သီးကျစ်ကျစ် ဆုပ်ရင်း..

“နတ်ဘုရား သံတမန်က ငါ့သမီးကို ကယ်ခဲ့တဲ့ပုံပဲ။ အဲ့အတွက်လဲ ကျေးဇူးအထူးတင်ပါတယ်…”

သူ့မှာ ဒီသမီးတစ်ယောက်ပဲ ရှိတာဆိုတော့ ရတနာလေးပဲလေ။ အဲ့လိုမှ မဟုတ်ရင် သူလီနာ့ကို အခုလို ဘယ်အလိုလိုက်ထားလိမ့်မလဲ။ ကယ်တယ်ဆိုတာထက် သူ့သမီးကို ကယ်လို့ ကျုပ်ကို လေးစားတယ်လို့ ခံစားနေရတယ်။

“အမတ်ကြီး.. အဲ့လောက် ယဉ်ကျေးနေစရာ မလိုပါဘူး… အဲ့ဒါ တကယ်ကို တိုက်ဆိုင်သွားလို့ပါဗျာ။ ခင်ဗျားသမီး ကိစ္စရှိလို့ ရောက်လာတာနဲ့တူပါတယ်.. ဆေးနွေးပွဲ ဒီလောက်နဲ့ နားပြီး (၂)နိုင်ငံ ဆုံးဖြတ်ချက်တွေ ရတော့မှ ထပ်ပြီး ဆွေးနွေးကြတာပေါ့… ကျုပ်တို့ အနားသွားယူတော့မယ်..”

ကျုပ်လုပ်စရာရှိတာတွေ တော်တော်များများ ပြီးပြီဆိုတော့ ဒီမှာ ထပ်နေလို့လဲ ဘာအကျိုးရှိတော့မှာလဲ။

အမတ်ကြီး ဖန်ဟောင် စိုးရိမ်တကြီးနဲ့..

“မဟုတ်သေးပါဘူး.. နတ်ဘုရား သံတမန်… မသွားပါနဲ့အုံး.. မင်း ငါ့သမီးကို ကယ်ထားတယ်လေ.. အဲ့ကျေးဇူး ဘယ်လိုဆပ်ရပါ့မလဲ.. ဒီနေ့ ထမင်းဖိတ်ကျွေးပါရစေ…”

မူကျီ ကျုပ်ကျောကို လှမ်းဆွဲနေပြီ။ ဒီမျာ ဆက်နေဖို့ သဘောမဘူးဆိုတဲ့ သဘောပေါ့။ မူကျီသဘောထားကို ဘယ်လိုလုပ် လိုက်နိုင်ပါတော့မလဲဗျာ။ အမတ်ကြီးက ယဉ်ယဉ်ကျေးကျေးနဲ့ သဘောထား အမှန် ပြထားတယ်လေ။ သူပြောချင်ရာတွေပြောရင်း ကျုပ်ကို စွတ်အတင်း ဆွဲခေါ်သွားတော့တာပဲ။ ကျုပ်မှာလဲ ရွေးစရာမရှိတော့ သဘောတူလိုက်ရတာပဲလေ။ ရှို့စစ်နဲ့ ကျန်တဲ့သူတွေကိုတော့ အရင်ပြန်နှင့် ခိုင်းလိုက်တယ်။ အဲ့ကောင်တွေ နှလုံးသား မဲ့လွန်းလိုက်တာဗျာ။ မူကျီ ကျုပ်ကို စောင့်ကြည့်ဖို့ ကျန်နေလေရဲ့။ ခယ်လွင်သောင်ကလဲ သူ့ကို ကာကွယ်ရမှာဆိုတော့ ကျုပ်တို့(၃)ယောက် ကျန်တာပေါ့ဗျာ။

အစားအသောက်တွေကလဲ ကောင်းလိုက်တာဗျာ။ မင်းသား၊ အမတ်ကြီး၊ သွမ့်ယုရှီး၊ ကောင်မလေး လီနာနဲ့ ကျုပ်တို့ (၃)ယောက် စားပွဲ တစ်ဝိုင်းထဲ ပေါ့ဗျာ။

လီနာကတော့ စိတ်အား ထက်ထက်သန်သန်နဲ့ကို ကျုပ်ပန်းကန်ထဲ ဟင်းတွေ စွတ်ထည့်ပေးနေရဲ့။ ဒီလောက် အစားသောင်းကျန်းတဲ့ မူကျီ ဒီနေ့တော့ တိုးကနန်း ဆိတ်ကနန်းပဲ စားနေလေရဲ့။ ကျုပ်ကိုလဲ မကြည့်ဘဲ ဘာတွေ ဖြစ်နေလဲ မသိတော့ပါဘူးဗျာ။ အမတ်ကြီး ဖန်ဟောင်နဲ့ သူ့သမီးရဲ့ စားသောက်ဝိုင်းကို မနည်း ဖြတ်ကျော် ခဲ့ရတယ်ဗျို့။ လီနာကတော့ ကျုပ်အပေါ် စိတ်ဝင်စားရိပ်တွေ ပြနေလေရဲ့။ အမာရွတ်အပြည့်နဲ့ ကျုပ်မျက်နှာကြီး မြင်ထားရတာတောင် ထင်မထားမတာက သူဂရုကို မစိုက်တာဗျ။ နတ်ဆိုးဧကရာဇ်နဲ့ ရင်ဆိုင်တိုက်ခိုက်ပြီး ပြန်ဆုတ်လာနိုင်တဲ့ သူရဲကောင်း တစ်ယောက် အနေနဲ့ပဲ ဇွတ်ပြောနေလေရဲ့။ သူ့စကားတွေအရ မျက်စိစုံမှိတ် လေးစားနေတဲ့ပုံပဲ။ စွမ်းအားက ဒီကမ္ဘာမှာ သော့ချက်ပဲလေ။ ရုပ်ဆိုးနေပေမယ့် ထူးခြားတဲ့ ကျုပ်စွမ်းအားတွေက ရုပ်ဆိုးတာကြီးကိုတောင် ဖုံးသွားနိုင်တာပဲနော်။

============= (*^*)=============

အပိုင်း( ၂၈၂ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters