← Chapters

ကြီးမားသော ပြောင်းလဲမှု

Vol. 19 Ch. 282

ကြီးမားသော ပြောင်းလဲမှု

Vol. 19 Ch. 282

Child of light (ကျန်းကုန်း)

Volume 10: Chapter 29 - Dramatic Change

ပင်မစခန်းကနေ လမ်းလျှောက်ထွက်လာတော့ ကျုပ်အဝတ်တွေ စိုနေတာ သတိထားလိုက်မိတယ်။ စိတ်ဓာတ် တက်ကြွတယ်ဆိုတာလဲ လူတွေအတွက် စိတ်ကသိကအောက် ဖြစ်ရတာပါပဲလေ။

မူကျီ ခယ်လွင်သောင်ကို..

“အစ်ကိုကြီး ဝေလောင်.. နင်အရင် ပြန်နှင့်လိုက်.. ငါ ကျန်းကုန်းနဲ့ လမ်းလျှောက်ချင်လို့..”

“ငါ နင်တို့အတွက် ဆုတောင်းပေးခဲ့တယ်နော်..”

ဆုတောင်းပေးပြီး ဒင်းက ပြန်သွားပြန်ရော။ ထမင်းမစားခင်ကတည်းက မူကျီတုန်နေတာ တွေ့လိုက်ရတယ်။ လီနာ ကြောင့်ပဲ ဖြစ်လိမ့်မယ်ဗျ။ သူဒေါသထွက်နေတာကိုက ချစ်စရာကောင်းနေပြန်ရော။ ကျုပ် သူ့ကို ဘာမှမမေးဘဲ သူ့နားလေး အေးအေးဆေးဆေး လျှောက်သွားလိုက်တယ်။

နေ့လည်ခင်း နေရောင်ကလဲ ပြင်းလိုက်တာဗျာ။ မူကျီ ဆံပင်မှာလဲ ချွေးတွေ စိုနေတာ တွေ့လိုက်ရတယ်။ နေရောင် သက်သာအောင် သူ့ခေါင်းလေးပေါ် မှော်ပညာသုုံးပြီး ရေငွေ့တွေ စုစည်းလိုက်မိတယ်။ မူကျီ နောက်ပြန်လှည့်လာပြီး ဘာမပြော ညာမပြောနဲ့ ကျုပ်ကို စွတ်နမ်းတော့တာပဲ။

ကျုပ်လဲ ရယ်ရင်းနဲ့..

“သူတို့က ငါ့ကို နမ်းချင်နေလို့လားဟ..”

အဲ့တော့မှ မူကျီလန့်ပြီး ခုန်ထွက်သွားတယ်။ သူ့နှုတ်းခမ်းလေး သူလက်နဲ့ အုပ်ရင်း မျက်နှာတွေများ နီရဲနေပြန်ပါရောလား။

“နင် ဒီလောက်တောင် ဖြစ်နေလား။ အဲ့ကောင်မလေးနဲ့ ကိစ္စ အမှန်အတိုင်း ပြန်ပြောစမ်း..”

“စောစောက ပြောဖူးတယ်လေ။ ငါသူ့ကို တစ်ကြိမ်လေး ကယ်ခဲ့ဖူးတာပါဆို”

“နင်တို့တွေ ဟိုးအရင်ကတည်းက အသိတွေဆိုရင်ရော ဘယ်သူသိမှာလဲ။ မဟုတ်ရင် သူနင့်အပေါ် ဒီလောက် စိတ်ဝင်စားမျာတဲ့လား..”

“ငါ အမှန်တွေ ပြောတာပါဟာ။ ငါ သူ့ကို တစ်ခါလေးပဲ တွေ့ဖူးတာလေ။ သူ့ဟာသူ ဘာကို စိတ်ဝင်စား နေလဲဆိုတာ ငါဘယ်လိုလုပ်သိမှာလဲ။ ငါ အရမ်းရုပ်ဆိုးနေတာလေ။ နင်ကလွဲပြီး ငါ့ကို ဘယ်သူ ကြိုက်မှာ မို့လဲ။ နင် သဝန်တိုနေတာလား..”

“ဘယ်သူက သဝန်တိုနေလို့လဲ.. နင်အရမ်း စိတ်ပျက်ဖို့ ကောင်းလိုက်တာ..”

“နင် အရင်က ငါ့ကို တခြားသူနဲ့ အောင်သွယ်ပေးတတ်တာ ငါသတိရမိပါသေးတယ်။ အခုမှ ဘယ်လို ပြောင်းသွားတာလဲ”

မူကျီ ဒေါသတကြီးနဲ့..

“ငါက မပြောင်းလဲရဘူးလား။ နင်မှန်တယ်။ ငါ သဝန်တိုနေတာ။ အစ်မ ဟိုင်ရှင်းကလွဲရင် ဘယ်သူနဲ့မှ တပူးပူး မနေဖို့ အခုကစပြီး တားမြစ်တယ်။ ငါပြောတာ နင်နားမထောင်လို့ကတော့ လုံးဝခွင့်မလွှတ်ဘူးမှတ်”

ကျုပ်လဲ ညစ်ကျယ်ကျယ် ပြုံးရင်းနဲ့..

“ငါ့ကို နင် ဘယ်လိုလုပ်မှာလဲ.. ဘယ်လိုမျိုး ငါ့ကို ခွင့်မလွှတ်မှာလဲ..”

မူကျီ ခေါင်းလေးမော့ စဉ်းစားလိုက်၊ မျက်နှာလေး နီရဲလိုက် ဖြစ်ပြီးမှ..

“ငါတို့ လက်ထပ်ပြီး နင့် ဆိုဖာပေါ်မှာပဲ အိပ်ရမယ့်။ ငါ့အနား အိပ်ခွင့်မပေးဘူး။ ဘယ်နှယ့်လဲ .. ငါ့အစွမ်းကြီးတယ် မို့လား..”

သူတုံးတဲ့ ပုံစံလေးကလဲ ချစ်စရာကောင်းနေပြန်ရော။ ကျုပ်အပေါ် သူ့အချစ်တွေ လှစ်ဟပြနေတာ ကြာနေပြီပဲ။

ကျုပ်သူ့ကို အသာလေး ဖက်ပြီး ခံစားချက် အပြည့်နဲ့..

“နင်က ငါ့ဘဝမှာ အချစ်ရဆုံးသူပဲ။ ဟိုင်းရှင်းအပေါ် ခံစားချက် နည်းနည်းရှိပေမယ့် လက်ရှိ ငါ့ပုံစံကို သူလက်ခံနိုင်ပါ့မလား မသိဘူး။ သူဆုံးဖြတ်နိုင်အောင် အချိန်ပေးလိုက်မယ်လေ။ သူငါ့ကို လက်ခံမယ်ဆိုရင်တော့ ပုံမှန်အတိုင်း ဆက်သွားတာပေါ့။ သူလက်မခံရင် လက်လွှတ်လိုက်မယ်လေ။ ဘယ့်နှယ့်လဲ။ တခြားမိန်းကလေးတွေလဲ စိတ်မဝင်စားပါဘူးဟာ။ ငါ့ မေးစရာရှိတယ်။ ငါ့မူကျီထက် ပိုလှတဲ့သူ ဘယ်သူရှိလို့လဲ”

မူကျီ ခန္ဓာကိုယ်လေး အိကနဲ့ ကျသွားတယ်။ ကျုပ်စကားတွေ တော်တော် ရင်ထဲထိသွားတာ သေချာတယ်။

“အစ်မ ဟိုင်ရှင်းက အဲ့လိုသူ မဟုတ်လောက်ပါဘူး။ သူလဲ နင့်ဘေးနား ရှိနေမှာ သေချာတယ်။ ငါတို့ချစ်တာ နင့်ရုပ်နဲ့မဆိုင်ဘူး။ နင့် နှလုံးသားကို ချစ်တာလေ”

“အဲလိုပဲ မျှော်လင့်ရတာပေါ့။ ငါတို့ ပြန်သင့်ပြီ။ တော်ကြာ ဘာတွေ ပြောကြမယ် မသိဘူး”

မင်းသား ခြံဝန်းရောက်တာနဲ့ ကျုပ်တို့ကို ကောင်းသဲ အရင်ဆုံးလှောင်တော့တာပဲ..

“အိုက်ယား.. မိန်းမ ခြေချုပ်ခံလိုက်ရတဲ့ ငါတို့ နတ်ဘုရား ကိုယ်စားလှယ်ကြီး နောက်ဆုံးတော့ ပြန်လာပြီဟေ့..”

“မိန်းမ ခြေချုပ်ခံလိုက်ရတယ်ဆိုတာ ဘာကိုပြောတာလဲ။ ငါတို့က လမ်းလျှောက်ယုံပဲလေ..”

ရှင်းအောင်းလဲ လျှောက်လာပြီး..

“ငါတို့ ရထားတဲ့ သတင်းတွေအရဆို မဖြစ်သေးပါဘူးလေ။ မင်းကို မူကျီ ဘယ်လို အပြစ်ဒဏ် ပေးလိုက်တယ်ဆိုတာ အမြန်ကြည့်အုံးမှာပါ..”

ခယ်လွင်သောင် သူမဟုတ်တဲ့ ပုံနဲ့ ကျုပ်ကို ကြည့်ပြီး..

“ငါ့ကို လာအပြစ်မတင်နဲ့။ သူတို့ ငါ့ကို အတင်းမေးတာကွ။ ငါ့ အသက်လေးတော့ မစတေးပါရစေနဲ့ကွာ..”

မူကျီ ဖြန့်ထားတဲ့ ရှင်းအောင်းလက်ကို အသာပုတ်ထုတ်ပြီး အနူးညံ့ဆုံး အသံနဲ့..

“ငါတို့ ကျန်းကုန်းကို သူ့မိန်းမက ခြေချုပ်မိတယ်ဆိုတာ ဘယ်သူပြောတာလဲ။ တာဝန်မဲ့ စကားတွေ မပြောသင့်ဘူးနော်။ အစက သူနဲ့ အတူတူ လိုက်သွားပြီး နေ့လည်စာစားပွဲကျမှ မယဉ်ကျေးရင် မကောင်းဘူးလေ။ အားလုံး ငါ့ကို ခွင့်လွှတ်ကြပါနော့..”

သူပြောတာကြားပြီး အံ့ဩယုံတင်မဟုတ်ဘူး ကျုပ်ထင်ထားတာထက်ကို ကျော်သွားပြီဗျ။

ကျုပ် ဂရုမစိုက်မိလိုက်သလို ခံစားလိုက်ရတယ်။ ကျုပ်ခန္ဓာကိုယ်က ချွေးပေါက်တွေတောင် ပွင့်ထွက်သွားသလိုပဲ။ ကောင်းသဲ၊ ရှင်းအောင်းနဲ့ ကျန်တဲ့သူတွေလဲ အံ့ဩနေကြတယ်။ အခြေအနေ ကောင်းသွားတာလား။ ကျုပ် မူကျီကို သူ့အခန်းပို့ရင်း ခေါင်းမော့ထားလိုက်မိတယ်။

နီရဲနေတဲ့ မူကျီမျက်နှာလေးကို အားရပါးရ နမ်းလိုက်မိတော့တယ်။

“နင်ငါ့ကို ဘာလို့ အဲ့လောက် အလိုက်သိနေရတာလဲ။ နင် အရမ်းတော်လွန်းတယ်”

မူကျီ တိုးတိုးလေးကပ်ပြီး..

“ဒါ ဖြစ်သင့်တာပဲလေ။ အိမ်မှာ နားထောင်ရသလို လူကြားထဲမျာလဲ နားထောင်ရမှာပဲလေ။ ဒါမှ ကျန်တဲ့သူတွေရဲ့ လေးစာမှုရမှာပေါ့။ ယောက်ျားတစ်ယောက် သူ့မိန်းမ စကား နားထောင်နေရတယ်ဆိုပြီး ကျန်တဲ့သူတွေ သိသွားရင် သူတို့စိတ်ထဲက နင့်ပုံရိပ် ထိခိုက်သွားမှာပေါ့..”

“ငါ့မူကျီလေး.. နင့်အတော်ဆုံးပဲ.. ငါဘယ်လောက်ထိ ပီတိတွေဖြစ်နေလဲ နင်မသိလို့နော်…”

မူကျီမျက်လုံးထဲမှာ ဖျံကျချင်တဲ့ အရိပ်အယောင် ဖြတ်ပြေးသွားပြီး..

“အစောက ငါပြောခဲ့တာ နင်သေချာ ကြားတယ်မို့လား။ အိမ်မှာဆို ငါ့စကားကို နင်နားထောင်ရမယ်လေ။ ငါ့ကို ကလန်ဖို့ မစဉ်းစားနဲ့..”

ကျုပ်က အပျော်တွေနဲ့ ပြည့်နေတော့ ရှေ့နောက် မစဉ်းစားတော့ဘဲ ကျုပ်ရင်ဘတ်ကျုပ် ပုတ်ရင်း..

“ကိစ္စမရှိဘူး.. နင်က အိမ်မှာရော အပြင်မှာရော သခင်ပဲ.. အိမ်မှာဆို သေချာ နားထောင်ရမှာပေါ့..”

မူကျီ ကျေနပ်သွားပြီး ဘာမှ ဆက်မပြောတော့ဘူး။

……******……

(၁၀)ရက်လောက်ကြာတော့ မင်းသား သတင်းတစ်ခု ရလာတယ်။ အိုက်ရှားနဲ့ တလူက ဆုံးဖြတ်လိုက်ကြပြီတဲ့။ ဆွေးနွေးပွဲအတွက် ထပ်ဆင့်ခေါ်လာတယ်လေ။

ပင်မစခန်းထဲ ရောက်တာနဲ့ တပ်မှူး(၃)ယောက် အမူအရာတွေ ပျက်နေတော့ လေထုက မူမမှန်သလိုပဲ။

“ဘာဖြစ်လို့လဲ.. တလူနဲ့ အိုက်ရှားက စေ့စပ်ညှိနှိုင်းဖို့ သဘောမတူဘူးလား”

မင်းသားက..

“ပြဿနာက မသေးဘူးကွ.. ပြီးတော့ စာထဲမှာ တလူနဲ့ အိုက်ရှားက မဟာမိတ်ဖွဲ့ထားပြီလို့ ပါတယ်… တလူက တပ်တွေ အိုက်ရှားနိုင်ငံ ဦးဆောင်မှုအောက်မှာ ခနထားလိမ့်မယ်။ အိုက်ရှား ဧကရာဇ် ခယ်ကျာအောင်းအာ ကိုယ်တိုင် ရှေ့တန်းမှာ ဦးစီးကွပ်ကဲလိမ့်မယ်။ ရှို့တိပဲ သီးခြားကွဲနေပြီး တခြား(၂)နိုင်ငံက တပ်ဖွဲ့(၂)ဖွဲ့က ခယ်ကျာရဲ့ ထိန်းချုပ်မှုအောက် မှာရှိတယ်လို့ ပါတယ်။ စစ်တိုက်မလား စေ့စပ်မလားဆိုတာ သေချာ မဖေါ်ပြပေမယ့် အတားအဆီး ကြီးကြီးမားမား တစ်ခုတော့ တွေ့နေပြီထင်တာပဲ..”

ကျန်းဟူ အမတ်ကြီး ဖန်ဟောင်ကို..

“အမတ်ကြီး.. ခင်ဗျားရဲ့ တလူနိုင်ငံက ပုံမှန်ဆို ငြိမ်းချမ်းနေတာမို့လား။ သူတို့တွေ လာလို့များ အိုက်ရှားနဲ့ မဟာမိတ်ဖွဲ့သွားရတာလဲ..”

ဖန်ဟောင် သက်ပြင်းချပြီး..

“ဧကရာဇ်ကြီး ဘာတွေ တွေးနေလဲ မသိတော့ပါဘူး။ ဒါပေမယ့် ငါလဲ အမိန့်လိုက်နာရမှာပဲလေ။ အားလုံးကို တောင်းပန်ပါတယ်ကွာ..”

ကျုပ်လဲ အေးဆက်ဆက်နဲ့ အော်လိုက်မိတော့တယ်..

“အိုက်ရှားက ခင်ဗျားနိုင်ငံရဲ့ စစ်အင်အားတွေရဖို့ ဘယ်လို အကျိုးအမြတ်တွေ ပေးလိုက်တယ်တော့ ကျုပ်မသိဘူး။ အဓိပ္ပါယ် မဲ့လွန်းတယ်..”

ထုံးစံအတိုင်း အကြံတစ်ခုရလာတော့ ကျုပ်အတွေးတွေ ရုတ်တရက် ပြောင်းသွားတယ်။ အိုက်ရှားဆိုတာ မှော်ဆရာတွေကြောင့် ကျော်ကြားတာလေ။ တလူကို လာဘ်ထိုးချင်ရင် ချမ်းသာပြီးသား တလူကို မှော်ပညာတွေ ပို့ပေးလိုက်ယုံပဲလေ။ ဟွင့်.. ခယ်ကျာ.. မင်းက ဒီလို အကောက်ကြံ ကစားချင်တယ်ပေါ့လေ။ အဆုံးထိ ကစားပေးရအုံးမှာပေါ့။

============= (*^*)=============

အပိုင်း( ၂၈၃ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters