← Chapters

တာဝန်အတွက် တပ်တွေဖြန့်ပြီ..

Vol. 19 Ch. 283

တာဝန်အတွက် တပ်တွေဖြန့်ပြီ..

Vol. 19 Ch. 283

Child of light (ကျန်းကုန်း)

Volume 10: Chapter 30 - Deployed for the Mission

မင်းသားခြံဝန်းကို ပြန်ရောက်တော့ လူစုပြီးကတည်းက မယဉ်ကျေးနိုင်ကြတော့ဘူး။

“အစ်ကိုကြီး ရှို့စစ်… ညီအစ်ကိုတွေ အကုန် လျှပ်စီးခံတပ်ထဲ အမြန်ဆုံး လူစုပြီး နှောက်ယှက်လို့ရနိုင်မလား။ အဲ့မှာ (၅၀၀)လောက်ရှိတဲ့အတွက် သူတို့တွေကို ဦးစီးတပ်ရင်းလို့ ယာယီခေါ်မယ်။ အဲ့အထဲက (၅၀၀)ကို ပထမဆုံး လူသိများတဲ့ အဖွဲ့အဖွဲ့ (၅)ဖွဲ့ခွဲမယ်။ အဲ့အဖွဲ့ (၅)ဖွဲ့ကို အစ်ကိုကြီး ကျန်းဟူ၊ ကောင်းသဲ၊ ရှင်းအောင်နဲ့ တုန်းရီတို့တွေ ဦးဆောင်ရမယ်။ အချက်ပြလိုက်ရင် အရှေ့ဘက် ဝင်ပေါက်မျာ ချက်ချင်း စုရမယ်..

လက်ရှိအခြေအနေက ငါတို့အတွက် တော်တော် ဆိုးနေတာ။ ခယ်ကျာရောက်လာရင် ဘယ်လို အဖြေထွက်မယ်ဆိုတာလည်း ငါမသိဘူး။ ငါတို့ကို ကန့်လန့်လုပ်လာနိုင်တာဆိုတော့ ဒီနေရာက ထွက်ဖို့ ပြင်ထားရမယ်။ မူကျီ၊ အစ်ကိုခယ်နဲ့ ကျန့်ရှန်ရော မင်းတို့(၁၂)ယောက် ငါ့နောက်လိုက်ခဲ့ရမယ်။ ရှောင်ကျင်း မင်း ရှောင်ရို့ကို မြို့ထဲကနေ အရင်ခေါ်သွားလိုက်။ ဒါမှ ငါတို့ကို အရှေ့ဘက် အပေါက်ဝမှာ အချိန်မရွေး လာခေါ်နိုင်မှာ။ ရှို့တကတော့ ငါတို့နဲ့ နားလည်မှုရထားပြီးသား။ အားလုံးကို ဒီနေရာမှာ အမြန်ဆုံး စုစည်းထားဖို့ လိုတယ်”

ကျုပ် စီစဉ်ပြီးတာနဲ့ ရှို့စစ်က..

“ကျန်းကုန်း.. မင်းဒီလောက်ထိ စိတ်တင်းနေဖို့ မလိုပါဘူးကွာ။ ငါတို့ကို ဆန့်ကျင်တယ်ဆိုပေမယ့် ခယ်ကျာရဲ့ ဦးနှောက်နဲ့ဆို အလိမ္မာသုံးပြီး ပေါ်တင်ကြီးတော့ ဆန့်ကျင်မှာ မဟုတ်ဘူး။ အခုဆို အင်အားကြီး (၃)နိုင်ငံထဲက (၁)နိုင်ငံက ငါတို့ကို ထောက်ခံထားတယ်။ တပ်မှူး တပ်သားတွေလဲ မတိုက်ချင်ကြဘူးလေ။ လောလောဆယ် သူ့ပူးပေါင်းကြံစည်မှုကို ကာကွယ်မှာသေချာတယ်”

ကျုပ် ပြုံးရင်းနဲ့ ရှို့စစ်ကို တိုးတိုးလေးကပ်ပြီး..

“အားလုံးကို စုစည်းတယ်ဆိုတာ ဆုတ်ခွာဖို့ပြင်ယုံတင်မဟုတ်ဘူး အရေးကြီးတဲ့အချိန်မှာ ငါတို့ စစ်အင်အား ဖြန့်နိုင်အောင် စီစဉ်ထားတာ။ အားလုံးကို အစွမ်းတွေပြဖို့လဲ ခနလေးနဲ့ အသင့်ဖြစ်မှာပေါ့။ ဒါပေမယ့် နောက်ဆုံး နည်းလမ်း အနေနဲ့ပဲ သုံးချင်တယ်ကွာ။ သန်းချီတဲ့ စစ်တပ်ကြီးရှေ့မှာ ငါတို့အစွမ်းက သူတို့ကို တုတ်နဲ့ထိုးသလို ဖြစ်သွားမှာကွ..”

ရှို့စစ် လန့်သွားပြီး..

“ကျန်းကုန်း .. မင်း.. ထုတ်သုံးတော့မလို့လား…”

“ငါတို့မှာ တခြားရွေးစရာမှ မရှိတာ။ ဒီအစဉ်ပဲ သုံးယုံပေါ့။ ငါတို့ အစွမ်းမလောက်ပေမယ့် သူတို့အတွက်တော့ ခြိမ်းခြောက်မှုကြီး ဖြစ်နေတုန်းပဲလေ”

ကျုပ်တို့ ဝှက်ဖဲ သုံးမယ်ကြားတော့ အားလုံး ပွစိပွစိ ဖြစ်သွားပေမယ့် ဘယ်သူမှတော့ မကန့်ကွက်ဘူးဗျ။

အဲ့အချိန်မှာပဲ မင်းသားနဲ့ ရှန့်ယွင်တို့ ဝင်လာတယ်ဗျ။ သူတို့ ထိုင်ဖို့ နေရာပေးလိုက်ကြတာပေါ့။

ကျုပ်လဲ မင်းသားကို နှစ်သိပ်ဖို့..

“ဦးလေး စိတ်မပူပါနဲ့။ ဒီကိစ္စက ထင်သဘောက်ထိ မဆိုးသေးပါဘူး။ မနက်ဖြန် ခယ်ကျာရောက်လာရင် သူဘာတွေ ကြိုးစားမလဲဆိုတာ ကြည့်ချင်သေးတယ်။ (၂)နိုင်ငံစလုံးရဲ့ စစ်သည်တွေကိုတော့ ကျုပ်ယုံလို့ မရတော့ဘူး..”

“ကျန်းကုန်း.. သူတို့တွေ မင်းကိုဆန့်ကျင်မယ်ဆိုရင် ငါ မင်းနဲ့ လိုက်ဖို့ ရှန့်ယွင်ကို ထည့်လိုက်မယ်။ တစ်ခုခု ပုံမှန်မဟုတ်ဘူး ထင်ရင် အရှေ့ဘက် အပေါက်ဝကနေ ခံတပ်ထဲက ချက်ချင်း ထွက်သွားရမယ်နော်။ မင်း အသက်ရှင်နေသရွေ့ ငါတို့မှာ ဒေါက်တိုင်မရှိမှာ ကြောက်စရာ မလိုဘူး။ မင်း စွမ်းအားတွေ အတတ်နိုင်ဆုံး ထိန်းသိမ်းထားဖို့က အရေးအကြီးဆုံးပဲ..”

ခယ်ကျာတော့ သေချာပေါက် ညှိနှိုင်းမယ်မထင်ဘူး။ မဟုတ်ရင် တလူနဲ့ မဟာမိတ်ဖွဲ့စရာ မလိုဘူးလေ။ ရည်ရွယ်ချက် တစ်ခုတော့ ရှိရမယ်။ ဒါပေမယ့် အခုက ဘာမှန်း ကျုပ်တို့ မသိသေးဘူး။ တချိန်က ကျုပ်သိခဲ့ဖူးတဲ့ ဦးလေးခယ်ကျာ ဘာတွေများ ကြံစည်နေပါလိမ့်။ ခယ်ကျာ အကြောင်းတွေးရင်းနဲ့ ညီနောင် မာခယ်နဲ့ ဟိုင်ရှင်းတို့ကိုတောင် တွေးလိုက်မိတယ်။ သူတို့လဲ ပါလာမလား မသိဘူး။

…..*****…..

ထင်မထားဘဲ ခယ်ကျာ သူနဲ့တပါတည်း မှော်တပ်ရင်း(၂)ခုလုံး ခေါ်လာတယ်။ ကျုပ်စိတ်ထဲ စွဲနေတာတော့ သူ့ကြည့်ရတာ ညှိနှိုင်းမယ့်ပုံ မပေါ်ဘူးလေ။

ခယ်ကျာကတော့ အမတ်ကြီးဖန်ဟောင်ရယ် သွမ့်ယုရှီးတို့နဲ့ (၂)နာရီကြာ ဆွေးနွေးပြီးမှ မင်းသားရယ် ကျုပ်တို့အဖွဲ့နဲ့ ပထမဆုံး တွေ့တော့တာပဲ။

မာခယ်တော့ အံ့ဩသွားလေရဲ့။ သူဝင်လာကတည်းက စိတ်တွေလှုပ်ရှားနေတာ။ လူအုပ်ကြီးထဲက စွတ်တိုး ထွက်လာပြီး ကျုပ်ပုခုံးတွေ လာဖက်ရင်း..

“အစ်ကိုကြီး.. အစ်ကိုကြီး.. မင်းအသက်ရှင်နေတယ်ပေါ့။ ကောင်းတယ်.. ငါ မင်းကို သေလောက်အောင် လွမ်းနေတာကွ..”

မာခယ့် ခံစားချက်တွေက ကျုပ်နှလုံးသား ထိသွားပေမယ့် ကျုပ်အတွက် အရေးကြီး ကိစ္စတွေ ရှိသေးတော့ စိတ်ပြောင်းလို့ မရသေးဘူးလေ။ မာခယ့်ကို အသာတွန်းလွှတ်ရင်း..

“ညီနောင်.. ဧကရာဇ် ခယ်ကျာနဲ့ အရေးကြီး ဆွေးနွေးစရာရှိသေးလို့ ပြီးမှ အလွမ်းသယ်ကြရအောင်ကွာ.. အဆင်ပြေလား..”

မာခယ် မျက်လုံးတွေ ရဲတွတ်ပြီး ခေါင်းညိတ်လို့ သူ့ထိုင်ခုံ သွားပြန်ထိုင်နေလေရဲ့။

ခယ်ကျာ ကျုပ်ရှေ့ထိ သူကိုယ်တိုင် လျှောက်လာရင်း အရင်က ဘာမှ မဖြစ်ခဲ့တဲ့အတိုင်း..

“ကျန်းကုန်း.. မင်းနဲ့ ထပ်တွေ့ရတာ အရမ်းကောင်းတယ်။ မင်း ဘာတွေ လုပ်နေလဲ..”

“ဧကရာဇ်ကြီးရဲ့ ပို့သတဲ့ မေတ္တာတွေကြောင့် အချိန်တိုအတွင်းတော့ မသေနိုင်သေးပါဘူးဗျာ..”

ကျုပ်လဲ ဂရုမစိုက်တဲ့ပုံနဲ့ ပြန်ဖြေလိုက်မိတယ်။ တွေးမိလေ ကျုပ်လန့်သွားလေပဲ။ ဒင်း အရင်က ဘာမှကို မဖြစ်ခဲ့ဘူးသလိုနဲ့ ဆက်ဆံနိုင်နေတာပဲ။ တော်တော် ကြောက်စရာကောင်းတဲ့ လူပါဗျာ။

“အခု မင်းက နတ်ဘုရားအမွေခံဖြစ်နေတယ်လို့ ငါကြားတယ်။ ဒါ ငါတို့ အိုက်ရှားနိုင်ငံအတွက် ကံကောင်းခြင်းပေါ့။ အရင်က ဖြစ်ခဲ့သမျှက နားလည်မှု လွဲယုံပါပဲလေ။ ငါ အရင်က ထုတ်ထားတဲ့ အမိန့်ကို ရုတ်သိမ်းထားပြီးပြီဆိုမို့လို့ အခုထိ မင်းက အိုက်ရှားနိုင်ငံသား ဖြစ်နေတုန်းပဲ..”

သူ့ အဆင့်အတန်းနဲ့ ကျုပ်ကို ဖိနှိပ်ဖို့ ကြိုးစားနေတာပဲဗျ။

“အဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်။ ရှေ့တန်းကို ရောက်လာရတဲ့ အရှင့်ရဲ့ ရည်ရွယ်ချက်ကို သိလို့ရမလား..”

ခယ်ကျား ပြုံးရင်းနဲ့..

“ညှိနှိုင်းဆွေးနွေးဖို့တော့ သေချာပါတယ်။ နတ်ဘုရား သံတမန်ဖြစ်တဲ့ မင်းတို့တွေ ပေါ်လာတာဆိုတော့ ငါ့မှာ ဘာများ နောက်ထပ်အစီအစဉ်တွေ ရှိရအုံးမှာလဲ။ ညှိနှိုင်းဖို့က နှစ်ဖက်စလုံးအတွက် အကျိုးရှိတယ်လေ။ ပဋိညာဉ် အသေးစိတ်ဆွေးနွေးဖို့ နတ်ဆိုးမျိုးနွယ်ရဲ့ တပ်မှူးနဲ့ ဘယ်အချိန် ငါတွေ့လို့ရမလဲမသိဘူး..”

မူကျီ မတ်တပ်ရပ်ပြီး..

“ဧကရာဇ် ခယ်ကျာကို နှုတ်ဆက်ပါတယ်။ နတ်ဆိုးနဲ့ သားရဲမဟာမိတ်အဖွဲ့ရဲ့ အခွင့်အာဏာ အပြည့်အဝရထားတဲ့ ကိုယ်စားလှယ်တစ်ယောက်ပါ။ ညှိနှိုင်းဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး တောင်းဆိုစရာရှိတာတွေ လွတ်လွတ်လပ်လပ် တောင်းဆိုနိုင်ပါတယ်”

“အိုး… မူကျီ မင်းက ကိုယ်စားလှယ်ဆို အရမ်းကောင်းတယ်ဟေ့။ နှစ်ဖက်စလုံး ဘယ်လိုများ စည်းလုံးသင့်သလဲ ဆိုတာ ဘာများ အကြံပြုချင်လဲ..”

“ဒီ ပူးပေါင်းဆောင်ရွက်မှုအတွက် နှစ်ဖက်စလုံး ရိုးသားမှု ပြရလိမ့်မယ်။ ပထမဆုံး နှစ်ဖက်စလုံးက ရှေ့တန်း တပ်ဖွဲ့ဝင် တစ်ဝက်လောက် ရုပ်သိမ်းပြီး နောက်(၃)နှစ်အတွင်း တစ်ဖက်နဲ့တစ်ဖက် စစ်မတိုက်ကြောင်း ငြိမ်းချမ်းရေး စာချုပ် လက်မှတ်ရေးထိုးသင့်ပါတယ်။ ငါတို့ဘက်က ရိုးသားမှုပြဖို့အတွက် ဒီတစ်ကြိမ် ဘာအကျိုးဆက်မှ မရှိစေချင်ဘူးလေ..”

နတ်ဆိုးနဲ့ သားရဲမျိုးနွယ် မဟာမိတ်အဖွဲ့က အခုတိုက်ပွဲမှာ အသာစီးရနေတာလေ။ ညှိနှိုင်းမှုမှာ လျှော်ကြေး ဘာညာတောင် အပေါ်စီးက ပြောလို့ရနိုင်တယ်လေ။

ခယ်ကျာ ပြုံးပြီး..

“ဒီအနေအထားမှာတောင် နင့်ဘက်က တော်တော် လိုက်လျောထားတာပဲ။ ငါ့မှာ တောင်းဆိုချင်တာတွေ စည်းကမ်းချက်တွေ မရှိပါဘူး။ နင့်အကြံပေးသလို ငါတို့ လက်ခံမယ်။ မိစ္ဆာမျိုးနွယ် ခြိမ်းခြောက်မှုက ရောက်တော့မယ်လို့ နတ်ဘုရား အမွေခံက ပြောထားလေတော့ ငါတို့ ညှိနှိုင်းဆွေးနွေးပွဲကို အမြန်ဆုံး အဆုံးသတ်သင့်တယ်။ ဒီလိုဆိုရင်ရောကွာ.. အခုက စပြီး (၃)ရက်လုံးလုံး ငြိမ်းချမ်းရေး စာချုပ်အတွက် အောင်ပွဲ လုပ်ရအောင်လေ”

ဧကရာဇ် ခယ်ကျာရဲ့ သဘောထားက ကျုပ်တို့ကို အံ့ဩစေတာ အမှန်ပဲဗျ။ စေ့စပ်ညှိနှိုင်းပွဲကို အသာလေး သဘောတူလိမ့်မယ်လို့ ကျုပ်တို့ မျှော်လင့်မထားမိဘူး။ ကျုပ်တို့ကိုလဲ ဘာမှ ခက်ခဲအောင်လုပ်မသွားဘူး။ အစက ကျုပ်တို့ နောက်ခံကြောင့် စိတ်ရှုတ်နေမယ် ထင်ထားတာလေ။ ကျုပ်ပြစ်မှုတွေ ကျေပေးလိုက်ယုံတင် မဟုတ်ဘူး ကျုပ်တို့ကြားမှာ ဘာဆို ဘာမှ မဖြစ်ခဲ့သလိုတောင် လုပ်လိုက်မယ်လို့ ဘယ်လို ထင်ထာမိမှာလဲ။

ခယ်ကျာ သူ့ကို မယုံတဲ့အမူအရာတွေ မြင်တော့ ဆက်ပြီး..

“အားလုံး ငါ့ကို မယုံနိုင်ကြဘူး ဖြစ်နေတယ်ထင်တယ်။ (၃)ရက်စလုံးမှာ အခမ်းအနားကို ကိုယ်တိုင်ကိုယ်ကျ တက်ရောက်မယ့်အပြင် အစောင့် နည်းနည်းပဲ ခေါ်လာမယ်။ အဲ့လောက်ဆို အဆင်ပြေတယ်မို့လား။ ငါ့ လုံခြုံရေးလဲ ထည့်စဉ်းစားဖို့ လိုနေတယ်လေ..”

============= (*^*)=============

အပိုင်း( ၂၈၄ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters