ငြိမ်းချမ်းရေး ဆွေးနွေးပွဲလား.. ပူးပေါင်းကြံစည်မှုလား
Vol. 19 Ch. 284
Child of light (ကျန်းကုန်း)
Volume 10: Chapter 31 - Peace Talks? Conspiracy?
“(၃)နိုင်ငံစလုံးက စေ့စပ်ညှိနှိုင်းဖို့ သဘောတူမှတော့ ကျန်တာတွေ လွယ်သွားမှာပါ။ ကျုပ်တို့တွေ နတ်ဆိုးနဲ့ သားရဲမျိုးနွယ် မဟာမိတ်ကို အကြောင်းကြားထားပြီးသား။ ဧကရာဇ်ကြီးအနေနဲ့ ကြီးမားတဲ့ ဉာဏ်ပညာနဲ့ စဉ်းစားနိုင်စွမ်းကြောင့် ဝမ်းသာရပါတယ်။ အဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်ဗျာ..”
စကားဆုံးတာနဲ့ ကျုပ်လေးလေးနက်နက် ဦးညွတ်လိုက်တယ်။
ကျုပ်ဦးမညွတ်နိုင်ခင် ခယ်ကျာ ဖမ်းတားပြီးတော့..
“ကျန်းကုန်း.. မင်းကို အရင်က နားလည်မှုလွဲသွာ အားလုံး ငါ့အမှားတွေပါပဲကွာ.. ငါ့လုပ်ခဲ့တာတွေအတွက် ခွင့်လွှတ်ပေးနိုင်မလား.. ငါတကယ်ကို နောင်တရနေပြီ.. မင်းက အိုက်ရှားနိုင်ငံရဲ့ မျိုးဆက်သစ်ထဲမှာ အရည်အချင်းရှိဆုံး ပါရမီရှင်လေ.. ဒီကိစ္စတွေပြီးရင် မင်း အိုက်ရှားကို လာဖို့ မျှော်လင့်ပါတယ်.. ကျောင်အုပ်တိနဲ့ ကျောင်းအုပ်ကျန်းလဲ မင်းကို လွမ်းနေကြတာကွ.. အခုဆို အိုက်ရှားနိုင်ငံ စီမံရေးကိစ္စတွေ သူတို့ကို လွှဲခဲ့တာလေ.. ရိုးရိုးသားသားပြောရရင် နန်းတော်ထဲမှာ နေရတာ ပျင်းနေပြီ.. ဒီအချိန်လေး အခွင့်အရေးယူပြီး ခိုးထွက် လာရတာပေါ့ကွာ…”
သူ့စကားတွေအကုန် သံသယ ဖြစ်စရာတွေကြီးပဲ။ အရင်တကြိမ် သူလိမ်တာခံထားရတော့ ဒီတစ်ခါ လွယ်လွယ်နဲ့ ယုံစရာလား။ ဘာပဲဖြစ်ဖြစ် လေးလေးစားစားနဲ့ပဲ..
“အားလုံးပြီးသွားရင်တော့ အိုက်ရှားကိုသွားဖို့ ဆွေးနွေးအုံးမှာပါ.. ဧကရာဇ်ကြီး စေ့စပ်ညှိနှိုင်းဖို့ သဘောတူတဲ့အတွက် ကျုပ်တို့ အရင်သွားနှင့်ပါတော့မယ်… တစ်ခုခု မေးစရာရှိရင် ကျုပ် မင်းသားခြံဝန်း မှာရှိနေမှာဆိုတော့ တစ်ယောက်ယောက်လွှတ်ပြီး မေးလို့ရပါတယ်… အခု ကျုပ်တို့ သွားတော့မယ်..”
ခယ်ကျာ ပြုံးရင်းနဲ့..
“ကောင်းပြီလေ.. အခုချိန်ကစပြီး မင်းတို့ လူငယ်တွေ ခေတ်ဖြစ်တော့မှာပဲ.. ငါလဲ အသက်ကြီးလာပြီ.. နောက်ဆို အိုက်ရှားကို မာခယ်ဆီ လက်လွှဲပေးရမယ်… မင်း သူ့ကို ကူညီပေးဖို့ မျှော်လင့်ပါတယ်…”
“ကျုပ် ကူညီမှာပါ.. အခုတော့ ဧကရာဇ်ကြီးကို နှုတ်ဆက်ပါတယ်..”
“မာခယ် မင်းကျန်းကုန်းနဲ့ တွေ့ချင်နေတာမို့လား.. တစ်ယောက်နဲ့ တစ်ယောက် မတွေ့ရတာလဲ အတော်ကြာပြီ ဆိုတော့ ပြောချင်တာတွေ ရှိမှာပေါ့..”
မာခယ် အမိန့်ကို စိတ်ထက်ထက်သန်သန်နဲ့ နာခံရင်း တပ်မှူးနောက်က လိုက်သွားတော့တယ်။
“ကျန်းကုန်း မင်း တကယ်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာလား..”
ကျုပ်လဲ ခေါင်းဆောင်းဖြုတ်ပြီး ပြုံးရင်းနဲ့ပဲ…
“ဒါ အတုဖြစ်နိုင်လား.. ငါ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ မင်းကို ပြောချိန် ကျပြီထင်တယ်..”
“အစ်ကိုကြီး မင်းဒုက္ခရောက်နေတာပဲ။ ဒါပေမယ့် မူကျီကို ပြန်ရလိုက်တယ်ဆိုတော့ ထိုက်တန်ပါတယ်လေ..”
ကျုပ် မူကျီ ခါးသေးသေးလေးကို လှမ်းဖက်လိုက်ရင်း..
“မှန်တယ်.. ဒါ ထိုက်တန်တာပေါ့ကွ.. ဟိုင်ယွဲ့နဲ့ မင်း အခြေအနေရော ဘယ်လိုလဲ..”
“စေ့စပ်ထားပြီးသားဆိုတော့ ငါတို့က အေးအေးဆေးဆေးပါကွာ.. တော်ဝင်အထက်တန်း မှော်ပညာကျောင်းက ကျောင်းပြီးရင် ချက်ချင်း လက်ထပ်ကြမှာကွ..”
“ဒါဆို အဲ့အချိန်ကျ ဟိုင်ယွဲ့က ဧကရာဇ် အိမ်ရှေ့စံ ကတော် ဖြစ်ပြီပေါ့..”
မာခယ် မူကျီကို တချက်ကြည့်ပြီးမှ တိုးတိုးလေးနဲ့..
“ဟိုင်ရှင်း မင်းအကြောင်း အမြဲတွေးနေတာကွ။ အရင်ကနဲ့လဲ မတူတော့ဘူး။ အရင်ကလို တက်တက်ကြွကြွ ဟိုင်ရှင်းကို မမြင်ရတော့ဘူး..”
“သူ ဘာဖြစ်နေလဲ..”
“မင်းကို လွမ်းနေတာလေ.. အခု မင်းဘယ်တော့ ပြန်လာမလဲဆိုတာ နေ့တိုင်းမျှော်နေလေရဲ့.. ဟိုင်ယွဲ့ မင်းနဲ့ တွေ့ရင် သူ့အစ်မအတွက် မင်းကို ပညာပေးရမယ် ပြောထားတယ်ဟေ့..”
မူကျီ ကျုပ်ဘေးနားက ထွက်သွားပြီး..
“ဘာပြဿနာမှ မရှိဘူး.. ကျန်းကုန်းက ဟိုင်ရှင်းကို မစွန့်လွှတ်ပါဘူး.. ဒီက ကိစ္စတွေပြီးရင် အစ်မ ဟိုင်ရှင်းကို ခေါ်ဖို့ သူနဲ့အတူ ပြန်သွားမယ်လေ..”
ကျုပ် သူ့လက်ကလေးကို ခပ်တင်းတင်းကိုင်ရင်း..
“ကျေးဇူးပဲ မူကျီ..”
“ငါ့ကို ဘာကျေးဇူးတင်စရာ ရှိလို့လဲ.. ငါပြောထားတာ မမေ့သရွေ့ ငါအဆင်ပြေတယ်… မာခယ်.. နင့်အဖေ ဒီတစ်ခါ ကျန်းကုန်းကို အန္တရာယ်ပေးဖို့ ကြံနေတာမို့လား..”
မာခယ် သက်ပြင်းချပြီး..
“အစ်ကိုကြီး.. ငါ မင်းကို ဘာပြောရမှန်းကို မသိတော့ပါဘူးကွာ..”
ကျုပ် သူ့ပုခုံး ပုတ်ရင်း..
“ဘာမှ ပြောစရာမလိုပါဘူးကွာ.. မင်းအဖေ မင်းကို လွှမ်းမိုးထားတာ အမှားမှ မဟုတ်တာ.. ပြီးတာ့ ငါကလဲ အဲ့ကိစ္စမှာ ပါဝင်သူ တစ်ယောက်ပဲလေ.. ဒါပေမယ့် စေ့စပ် ညှိနှိုင်းရေးက အရမ်းအရေးကြီးတော့ အခုကိစ္စတွေနဲ့ မတူဘူး.. ကမ္ဘာကြီးနဲ့ သက်ဆိုင်နေလို့ ဒီတစ်ခါ ဘာအမှားအယွင်းမှ မရှိဖို့ မျှော်လင့်ရတာပဲ.. မင်း နားလည်တယ် မို့လား..”
“ဒီခရီးမှာ အဖေ ငါ့ကို ဘာမှ ပြောမထားပေမယ့် မှော်တပ်ဖွဲ့(၂)ခု ခေါ်လာတာ အမှန်ပဲ.. သူ တစ်ခုခု လုပ်မှာတော့ သေချာတယ်.. သတိထားတာ ပိုကောင်းပါတယ်.. အဖေ့ဒေါသကိုလဲ တကယ်ကို နားမလည်ဘူးကွာ.. အစ်ကိုကြီး မင်း ဘာအန္တရာယ်မှ မဖြစ်ဖို့ ငါတကယ်မျှော်လင့်တယ်.. ငါ့အဖေ ပြန်ပြီး စိတ်ချမ်းသာစေချင်တယ်ကွာ..”
“ကျေးဇူးပဲ ညီနောင်ရာ.. ငါတို့တွေ ဒီမှာပဲ နှုတ်ဆက်ကြတာပေါ့.. နောက်လဲ တို့တွေ ပြန်တွေ့ကြရအုံးမှာပဲလေ..”
“အစ်ကိုကြီး ငါမင်းကို လိုက်ပို့မယ်.. အမြဲ ဂရုစိုက်နော်..”
“မင်းလဲ ဂရုစိုက်အုံး...”
......*****…..
မင်းသားခြံဝန်းထဲပြန်ရောက်တော့..
“အစ်ကိုကြီး ရှို့စစ်.. ခယ်ကျာ အခု ဘယ်လောက်ထိ ရိုးသားမယ်ထင်လဲ.. စေ့စပ်ညှိနှိုင်းဖို့ သဘောတူလိုက် ပေမယ့် ငါ့စိတ်ထဲမှာ တစ်ခုခု ခံစားမိနေသလိုပဲ..”
“ခယ်ကျာက မင်းသားတစ်ပါအနေနဲ့ ထီးနန်းအမွေ ဆက်ခံနိုင်ခဲ့တဲ့အတွက် မရိုးရှင်းဘူးဆိုတာ သက်သေ ပြထားတယ်.. ညှိနှိုင်းဖို့ သဘောတူထားပေမယ့် သူဘာတွေ တွေးနေလဲ မသိသေးဘူး.. ပူးပေါင်းကြံစည်မှု ဆိုရင်တောင် ငါတို့တွေ သူ့နောက် လိုက်ရလိမ့်မယ်… ဒီလိုဆိုရင်ရော.. အစ်ကိုကြီးခယ်.. ဆွေးနွေးပွဲ (၃)ရက်အတွင်း နတ်ဆိုးနဲ့ မဟာမိတ်အဖွဲ့ကို အကြောင်းကြားဖို့ မင်းကို ဒုက္ခပေးရလိမ့်မယ်.. တခါတည်းမှာပဲ ညှိနှိုင်းပွဲအတွင်း ပြီးပြည့်စုံတဲ့ ခံစစ်သေချာပြင်ဆင်ပြီး အသင့်အနေထား နေဖို့ လိုလိမ့်မယ်..”
ရှို့စစ်စကားတွေကြားတော့ သူပြောချင်တာသဘောပေါက်မိလို့ ကျုပ်မျက်လုံးတွေ ဝင်းကနဲ ဖြစ်သွားတယ်..
“ခယ်ကျာက နတ်ဆိုးနဲ့ သားရဲမျိုးနွယ် မဟာမိတ်အဖွဲ့ကို ဝင်တိုက်လိမ့်မယ်လို့ မင်းဆိုလိုတာလား..”
“သူ မှော်ဆရာတွေ အများကြီး ခေါ်လာတာကိုက အဲ့အတွက် သက်သေပဲလေ.. ထိပ်တိုက် တွေ့နေတဲ့အချိန်ဆို အချင်းချင်း တိုက်ဖို့ မလွယ်ဘူးလေ.. သူတို့ ရန်သူက နတ်ဆိုးနဲ့ သားရဲ မဟာမိတ်အဖွဲ့ပဲ.. စေ့စပ်ညှိနှိုင်းတဲ့ အချိန်က သူတို့အတွက် အကောင်းဆုံး အချိန်ပေါ့.. ဒီအခွင့်အရေးကောင်း သူတို့ လက်လွတ်ခံမှာတဲ့လား..”
သူ့စကားကို ကျုပ်ကပဲ ဆက်ပြီး..
“သူ အံ့ဩစရာ တိုက်ပွဲတစ်ခု လုပ်ဖို့ ပစ်မှတ်ရွေးမှာသေချာတယ်.. တပ်ဖွဲ့တွေနဲ့ နောက်မှာ ကုန်းမြင့်တွေရှိတော့ အနောက်ဘက်ကနေ တိုက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ… စေ့စပ် ညှိနှိုင်းနေတဲ့အချိန် ငါတို့တွေ နှစ်ဖက် အုပ်စုရဲ့ အလယ်ဗဟိုမှာ ရှိနေမှာ.. ဒီတော့ သူတို့တွေ နတ်ဆိုးနဲ့ သားရဲ မဟာမိတ်အဖွဲ့ကို တိုက်ရိုက်ကြီးတော့ တိုက်ခိုက်မှာ မဟုတ်ဘူး.. ပြီးတော့ ဒီလိုကြီး စီးနင်းတိုက်ခိုက်မှာ မဟုတ်ဘူးဆိုတော့ ဖြစ်နိုင်ခြေ (၂)ခုပဲ ရှိတော့တယ်.. ငါ့အထင်မမှားရင်.. အစ်ကိုကြီး ရှို့စစ်…”
“မင်းနားလည်သွားပြီဆိုတော့ ပြေလည်အောင် တစ်ခုခု စီစဉ်တော့လေ..”
လူယုတ်မာ။ ဒီကောင် သူ့တာဝန်ကို ခေါင်းရှောင်ပြန်ပြီ။ ဒါပေမယ့် အချိန်က အရမ်းအရေးကြီးနေတော့ အပြစ်တင်ဖို့ ငြင်းခုံနေဖို့ အချိန်မရှိဘူးလေ။
“အစ်ကို ခယ်ရဲ့ ဦးနှောက်နဲ့ဆို ဒီဖြစ်နိုင်ခြေ(၂)ခုကို ခုခံကာကွယ်ဖို့ ဘာလုပ်ရမယ်ဆိုတာ သူသိလောက်မယ်.. မဟာမိတ် တပ်တွေကို အမိန့်ပေးရမယ် ဆိုပေမယ့် ဗျူဟာအရ အုပ်စု (၂)ခု ခွဲထားမှရမယ်.. တစ်စုက လျှပ်စီးခံတပ် (၂)ဖက်စလုံးမှာ တပ်ဖျောက်နေရလိမ့်မယ်.. သူတို့တွေရဲ့ ကျင့်ကြံမှုနဲ့ဆို မြို့ထဲက ခိုးထွက်ပြီး တပ်ဖျောက်ရမယ့်နေရာကို သွားတဲ့အချိန် ဘယ်သူမှ ရိပ်မိလို့ မဖြစ်ဘူး.. လူသားမျိုးနွယ်တွေ မဟာမိတ်တပ်ကို တိုက်ခိုက်ဖို့ အရိပ်အယောင်မြင်ရင် သူတို့တာဝန်က အချိန်ဆွဲထားဖို့ပဲ.. ကျန်တဲ့အဖွဲ့ကို အစ်ကိုကြီး ရှို့စစ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေရလိမ့်မယ်.. အဟီး.. ငါ မင်းကို ဒုက္ခပေးရလိမ့်မယ်.. ဒီကလူတွေကတော့ နောက်ထပ် တာဝန်တစ်ခု ရှိအုံးမယ်.. ကျန်းရှန် မင်းအခ လျှပ်စီးခံတပ်မှာ တပ်ဖွဲ့တွေ နေရာချထားတာ ကင်းထောက်ဖို့ ညီအစ်ကို (၁၁)ယောက် မင်းနဲ့ခေါ်သွားလိုက်.. အခြေအနေ အပြောင်းအလဲ ရှိတာနဲ့ ငါ့ကို ချက်ချင်း သတင်းပို့ဖို့ လိုတယ်..”
============= (*^*)=============
အပိုင်း( ၂၈၅ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား