← Chapters

စာချုပ် လက်မှတ်ရေးထိုးခြင်း

Vol. 19 Ch. 285

စာချုပ် လက်မှတ်ရေးထိုးခြင်း

Vol. 19 Ch. 285

Child of light (ကျန်းကုန်း)

Volume 10: Chapter 32 - Signing the Pact

တုန်းရီ ပြုံးရင်းနဲ့..

“သူတို့ကို ခနလောက် အချိန်ဆွဲထားဖို့ပဲမို့လား… ကျန်တာတွေတော့ ငါတို့ကို နတ်ဘုရားဘုရင် ပေးခဲ့တဲ့ မှော်ပညာ ဘယ်လောက်အသုံးဝင်မလဲ စောင့်ကြည့်ယုံပေါ့..”

ရှို့စစ် ဟက်ဟက်ပက်ပက် ရယ်ရင်း..

“ကောင်းပြီလေ.. အဲ့လိုပဲ လုပ်ကြတာပေါ့.. အခု ငါတို့ လူတွေကိုစီစဉ်ဖို့ နတ်ဘုရားတမန်အတွက် ပထမဆုံး ဆတ်သား လုပ်ရမှာပေါ့။ ကျန်တဲ့သူတွေလဲ ကိုယ်လုပ်စရာရှိတာ စလုပ်သင့်ပြီ။ ငါတို့တွေ ပြင်စရာရှိတာ အမြန်ဆုံး ပြီးမှရမယ်။ ငါတို့ စိုးရိမ်တာတွေ အလဟသဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်ကွာ။ စေ့စပ်ညှိနှိုင်းပွဲ အောင်မြင်သွားရင် အားလုံး အခြေစိုက်စခန်း ပြန်ကြတာပေါ့။ ကျန်းကုန်း.. အခြေစိုက်စခန်းရောက်ရင် မင်းကို အံ့ဩစရာ တစ်ခုပေးမယ်”

“အံ့ဩစရာလား.. ဘာအံ့ဩစရာလဲ..”

ရှို့စစ် ပြုံးရင်းနဲ့..

“ဒါတော့ လောလောဆယ် လျှို့ဝှက်ချက်ပဲလေ။ ဟိုရောက်တော့ မင်းသိမျာပေါ့..”

......******…..

ကျန်းရှန်ဆီက သတင်းအဆက်မပြတ် ရနေတော့ ကျုပ်စိတ်တွေ တော်တော်လေးလာတယ်။ သတင်းအရဆို ခယ်ကျာ လျှပ်စီးခံတပ်ကို ရောက်ကတည်းက တပ်သားတွေကို အုပ်စု(၃)ခု ခွဲလိုက်တယ်။ ရှို့တိက စစ်သည်တွေမပါတဲ့ (၂)နိုင်ငံတပ်သားတွေ ညတိုင်း လျှို့ဝှက်လှုပ်ရှားမှုတွေ လုပ်နေကြတယ်။ ကင်းလှည့်ဖို့ အကြောင်းပြထွက်ပြီး ပြန်လာရင် လူတွေ သိသိသာသာ လျော့နေတယ်။ ကျုပ်တို့ မှန်းထားတာ မှန်ပြီထင်ပါတယ်ဗျာ။ ခယ်ကျာ ပေါင်းကြံနေတဲ့ ပုံပဲ။ ကယ်လို့ု ကျုပ်တို့တွေ ခယ်ကျာ့တပ်တွေကို ဝှက်ဖဲသုံးပြီး မတားနိုင်ရင် ဒီတစ်ကြိမ် စေ့စပ်ညှိနှိုင်းပွဲမှာ အန္တရာယ် ကြီးပြီ။ မင်းသားက ကြားနေဆိုတော့ သူ့တပ်သားတွေကို အားကိုးလို့မရဘူးဖြစ်နေတယ်။ လောလောဆယ် ကျုပ်တို့တွေ ကိုယ့်အားကိုယ် ကိုးရတော့မယ်။ ခယ်ကျာ ခင်ဗျား မအောင်မြင်စေရဘူး။

(၃)ရက်ဆိုတာလဲ မြန်လိုက်တာ။ ပြန်လည်ပေါင်းစည်းရေးလဲ နီးလာပြီ။ ကျုပ်အခန်းထဲမှာ အစည်းအဝေး ထိုင်နေသူတွေအကုန် အမူအရာတွေ လေးနက်နေကြတယ်။

“ရှို့စစ်က..

“ငါတို့လူတွေတော့ သတ်မှတ်နေရာနေမှာ ရောက်နေကြပြီ။ အချိန်မရွေး လှုပ်ရှားဖို့အသင့်ပဲ..”

ကျန်းဟူကလဲ..

“ငါတို့ ပြင်ဆင်မှုတွေတော့ ပြီးသွားပြီ။ ဘယ်တော့ စထွက်ကြမလဲ..”

ကျုပ် ကျန်းရှန်ကို..

“ပြဿနာ တစ်ခုခု ဖြစ်လာရင် ငါတို့ မှော်ပညာကို အဓိကသုံးမယ်။ မန္တန်စလိုက်တာနဲ့ မင်း မူကျီကို နတ်ဆိုးမျိုးနွယ်ဘက် ချက်ချင်းခေါ်သွားရမယ်။ မန္တန်ပြီးသွားရင် ငါတို့တော်တော် အားနည်းသွားမှာ။ အဲ့အချိန် ငါတို့ မင်းကိုပဲ အားကိုးရတော့မှာ။ မင်းတို့က (၁၂)ယောက်က ငါတို့(၆)ယောက်ရဲ့ (၂)ဆ ဆိုတော့ မန္တန်အတွက် (၂း၁)ပုံစံနဲ့ ငါတို့ ကိုယ်ထဲကို တိုက်ပွဲစိတ်ဝညာဉ်တွေ ထည့်ပေးပြီး ဂရုစိုက်မှရမယ်။ ဒီ စေ့စပ်ညှိနှိုင်းပွဲ အောင်မြင်မလား၊ မအောင်မြင်ဘူးလားဆိုတာ အဓိကအချက်ကတော့ မင်းတာဝန်ဖြစ်သွားပြီ”

ကျန်းရှန် ခေါင်းညိတ်ပြီး..

“ကျန်းကုန်း.. စိတ်ချ။ အောင်မြင်ဖို့အတွက် အားလုံးရဲ့ စွမ်းအားတွေနဲ့ မင်းကို ငါတို့တွေ သေချာပေါက် ကူညီမယ်”

ကျုပ် မူကျီဘက်လှည့်ပြီး..

“ခယ်ကျာ သူ့စကားဖေါက်တာနဲ့ ကျန်းရှန်နဲ့ ကျန်တဲ့သူတွေ နင့်ကို ကာကွယ်ပေးလိမ့်မယ်။ မဟာမိတ်တပ်တွေ ဘက်ကို သွားလိုက်။ ဟိုဘက်က အခြေအနေတွေကို နင်သေချာထိန်းပြီး စီးနင်းတိုက်ခိုက်မှုကို ကာကွယ်ရမယ်။ အဲ့လိုမှ မဟုတ်ရင် အခုလောက်ထိအောင် ငါတို့ လုပ်ခဲ့ရသမျှ အားလုံး ပျက်စီးသွားလိမ့်မယ်”

မူကျီ လေးလေးနက်နက် ခေါင်းညိတ်ပြတယ်။

“ငါတို့အောင်မြင်ရမယ်”

အားလုံးကလဲ တခဲနက် ..

“ငါတို့ အောင်မြင်ပါစေ..”

“စထွက်..”

ကျုပ်တို့ (၁၉)ယောက် တိုင်ပင်ထားတဲ့အတိုင်း စလှုပ်ရှားကြတော့တယ်။

ဒီနေ့ လေကလဲ နည်းနည်းကြမ်းတယ်ဗျ။ ကောင်းကင်မျာ တိမ်တွေထူပြီး အားလုံးလဲ ထူးထူးခြားခြားကို အိုက်စပ်စပ် ဖြစ်နေကြတယ်။ နိုင်ငံကိုယ်စီက အလှံတွေလဲ လျှပ်စီးခံတပ်မှာ တလူလူလွင့်နေလေရဲ့။ ခယ်ကျာ သူ့နဲ့အတူ ကိုယ်ရန်တော်(၂၀) ခေါ်လာတယ်။ မာခယ်တော့ စခန်းထဲမှာ ရှိပုံမရဘူး။

လျှပ်စီးခံတပ်မှာ လွင်ပြင်ကျယ်ကြီး တစ်ခုရှိတယ်။ ခံတပ်ရဲ့ အနောက်ဘက်ဖျားမှာ တပ်ဆွဲထားတဲ့ တပ်သားအများကြီး ကျုပ်တွေ့နေရတယ်။ လျှပ်စီးခံတပ်ရယ်၊ နတ်ဆိုးနဲ့ သားရဲမဟာမိတ်တပ်တွေကြား အလယ်ဗဟိုက ကွင်းပြင်က စေ့စပ်ညှိနှိုင်းဖို့အတွက် အချက်အချာနေရာတစ်ခု လို့ထင်တာပဲ။ ဝက်ဝံကြီးတောင် အဲ့နေရာမှာ ရောက်နှင့်နေပြီ။

ဦးတည်ရာ အတူတူသွားနေရင်း ခယ်ကျာက..

“ကျန်းကုန်း ဒီနေ့ မုန်တိုင်း ဖြစ်မယ်ထင်တယ်ဟေ့..”

ကျုပ်လဲ ကျုပ်ခေါင်းဆောင်း ကိုင်ထားရင်း..

“မိုးရွာရင်ရော ဘာဖြစ်သေးလဲ.. မုန်တိုင်းလဲ သူဟာသူ တိုက်ပါစေဗျာ..”

ခယ်ကျာ့ အမူအရာ နည်းနည်းပြောင်းသွားတယ်ဗျ။

လွင်ပြင်မှာ သဲဝဲကတော့တစ်ခု ဖြတ်သွားလိုက်တာ ကျုပ်တို့တွေ မြင်ကွင်းတောင် ခနတာ ကွယ်သွားတဲ့ အထိပဲ။

သဲမုန်တိုင်းလေး ပြီးသွားတော့ ခယ်ကျာ ထပ်ပြီး..

“ကျန်းကုန်း.. မင်း ငါ့အပေါ် သစ္စာရှိဖို့ ကျန်ဆိုမယ်ဆိုရင် မင်းအနာဂတ်လမ်းခရီး ချောမွေ့နေလိမ့်မယ်။ ငါမင်းကို ခြွင်းချက်မရှိ ထောက်ပံ့ပေးမယ်ကွာ”

ခင်ဗျား ကျုပ်ကို ခိုင်းစားချင်နေတာလား။ ကြည့်ရတာ သူ ကျုပ်အသိုင်းအဝိုင်းရဲ့ အင်အားနဲ့ ပိုင်ထားတဲ့ စွမ်းအားတွေကို တွေးနေတာဖြစ်လိမ့်မယ်။ အဟွင်း.. စဉ်းတောင် မစဉ်းစားစမ်းပါနဲ့လေ။

“စေ့စပ် ညှိနှိုင်းပွဲ ပြီးသွားမှ ဒီကိစ္စဆွေးနွေးကြမယ်လေ.. အရှင်ဧကရာဇ်ကြီး..”

ခယ်ကျာ သက်ပြင်း မျှင်းမျှင်းချရင်း မြင်းကို ခြေတစ်ချက်တို့ပြီး ရှေ့ထိုးတက်သွားပါလေရော။ ခယ်ကြာနဲ့ ပြန်သင့်မြတ်ဖို့ နောက်ဆုံး အခွင့်အရေးတောင် မကျန်တော့ဘူးဆိုတာ ကျုပ်သဘောပေါက်လိုက်မိတယ်။ လောလောဆယ် ကိုယ့်စွမ်းရည်ပဲ ကိုယ်အားကိုးရတော့မှာပေါ့။

စေ့စပ်ညှိနှိုင်းပွဲအတွက် ပြင်ထားတာက တအားရိုးရှင်းတယ်။ စားပွဲကြီးတစ်ခုနဲ့ ထိုင်ခုံ(၁၀)လုံးပါတဲ့ စင်မြင့်ကြီးတစ်ခု သက်သက်ပဲ။ ဝက်ဝံဘုရင်လဲ သူ့ကိုယ်ရံတော် (၁၀)ယောက် ခေါ်လာလေရဲ့။ သူ့ခန္ဓာကိုယ်ကြီးနဲ့ စင်ပေါ်ကို အရှိန်နဲ့ ပစ်တက်လာတဲ့အချိန် စင်များပြိုကျမလားဆိုပြီး ကျုပ်မှာဖြင့် တွေးပြီး စိုးရိမ်နေလိုက်ရတာဗျာ။

ဝက်ဝံဘုရင်ပုံစံက ဘာမှ စိတ်ပူပင်စရာ မရှိတဲ့ပုံပဲ။ ချယ်ကျာနဲ့ ကျန်တဲ့သူတွေကို ကြည့်ပြီး အေးအေးဆေးဆေးနဲ့..

“မင်းတို့ရောက်လာပြီပေါ့.. အားလုံးကို ကြိုဆိုပါတယ်…”

မူကျီက နတ်ဆိုးမျိုးနွယ်ကို ကိုယ်စားပြုတယ်။ သူနဲ့ ဝက်ဝံ ဘုရင်ကြီးက တစ်ဖက်ထိုင်၊ ခယ်ကျာ၊ အမတ်ကြီး ဖန်ဟောင်နဲ့ မင်းသားတို့က တစ်ဖက်ပေါ့။

ကျန်တဲ့သူတွေလဲ စာချုပ်ကို ဘယ်လိုလက်မှတ်ထိုးမလဲဆိုတာ စောင့်ကြည့်နေကြလေရဲ့။

ခယ်ကျာ ပြုံးရင်းနဲ့..

“ငါက အိုက်ရှားနိုင်ငံရဲ့ ဧကရာဇ် ခယ်ကျာအောင်းအာ ပါ။ လူသားမျိုးနွယ်ကို ကိုယ်စားပြုမယ်။ အခုပဲ စေ့စပ် ညှိနှိုင်းပွဲ စကြတာပေါ့”

ကျုပ် မတ်တပ်ရပ်ပြီး စားပွဲထိပ်ကို လျှောက်သွားလိုက်တယ်။ စားပွဲဝိုင်းမှာ နှစ်ဘက်စလုံးက ညှိနှိုင်းထားတာတွေ ရှိတယ်လေ။ ကျုပ်ကပဲ..

“လူသားမျိုးနွယ်၊ နတ်ဆိုးမျိုးနွယ်နဲ့ သားရဲမျိုးနွယ်တွေဟာ ရှေ့တုန်းက ကတည်းက အဆက်မပြတ် တိုက်ခိုက် နေကြတာပါ။ အားလုံးလဲ အကြီးအကျယ် ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရတယ်။ နှစ်ပေါင်း (၂၀၀)နီးပါး ကြာမှာ ရပ်သွားတဲ့ ပုံပါပဲ။ မျိုးနွယ်(၃)ခု တဖြည်းဖြည်း တိုးတက်လာကြပေမယ့် တိုးတက်နှုန်းတော့ မတူပါဘူး။ ငြိမ်းချမ်းပြီး သင့်မြတ်မှပဲ တိုးတက်မှု သိသာစေမယ်ဆိုတာ အားလုံး သိကြမှာပါ။ ဒါကြောင့် စေ့စပ်ညှိနှိုင်းပွဲ အောင်မြင်ဖို့အတွက် စာချုပ်ပါ အချက်အလက်တွေကို တိတိကျကျ လိုက်နာဆောင်ရွက်ကြဖို့ မျှော်လင့်ပါတယ်။ စာချုပ်ပါ သက်တမ်းအတွင်း ဘုံရန်သူဖြစ်တဲ့ မိစ္ဆာမျိုးနွယ်ကို အတူတူတိုက်ခိုက်ဖို့ ကျုပ်တို့ စွမ်းအားတွေ အသုံးချရမှာပါ။ အခု စာချုပ်ပါ အချက်အလက်တွေ ဖတ်ပြပါ့မယ်..

နံပတ်(၁).. မျိုးနွယ်များ ပြန်လည်သင့်မြတ်ရေးသည် တရားမျှတပြီး အပြန်အလှန်ဝေမျှမှုကို အခြေခံပါမယ်။ နှစ်ဖက် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခြင်း မပြုမှီ ကိုယ်စီ ထင်မြင်ယူဆချက်နှင့် အကြံပြုချက်များကို ထုတ်ဖော်ပြောဆိုခွင့်ရှိပါတယ်။

နံပတ်(၂).. စာချုပ်တွင် လက်မှတ်ရေးထိုးပြီးသည်နှင့် နှစ်ဖက်တပ်များ တစ်ပြိုင်နက်တည်း ဆုတ်ခွာရမည် ဖြစ်ပြီး၊ တစ်ဖက်ဖက်မှ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း မပြုရန် တားမြစ်ထားသည်။ သို့ရာတွင် ကြီးကြပ် ကွပ်ကဲရန်အတွက် လက်ကျန် တပ်များကို အသုံးပြုနိုင်သည်။

နောက်ဆုံး အနေနဲ့ စာချုပ်ကို လက်မှတ်ရေးထိုးပြီး (၃)နှစ်အတွင်း နှစ်ဖက်စလုံး တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်လို့ မရပါဘူး။

စာချုပ်မှာ တစ်ဖက်က နတ်ဆိုးနဲ့ သားရဲမျိုးနွယ်များ ပါပြီး၊ တစ်ဖက်က လူသားမျိုးနွယ် (၃)နိုင်ငံဖြစ်တဲ့ တလူ၊ အိုက်ရှားနဲ့ ရှို့တိ နိုင်ငံတို့ ပါဝင်ပါတယ်။

ဤသဘောတူစာချုပ်ကို မှတ်တမ်းရေးသွင်းသူကတော့ နတ်ဘုရား သံတမန် ကျန်းကုန်းဝေ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ နှစ်ဖက်စလုံးမှာ ထပ်တိုးရမယ့် တောင်းဆိုချက်တွေ ရှိမရှိ ဖြေကြားစေလိုပါတယ်”

============= (*^*)=============

အပိုင်း( ၂၈၆ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters