← Chapters

မတူညီသော လမ်းများ

Vol. 97 Ch. 1271

မတူညီသော လမ်းများ

Vol. 97 Ch. 1271

ပိုင်ယွီကျင့်မှာ သူ့စကားကြောင့် ကြောင်သွား၏။ လန်ယွီတျန်းကို လိုက်မှီတော့မည် မဟုတ်ပါလော။ အဘယ်သို့ပြု၍ လှည့်ပြန်ရမည်နည်း။

“ကောင်းကင်နတ်အရှင်ယွီ၊ သူ...”

“သူက ကောင်းကင်နတ်အရှင်ယွီမဟုတ်တော့ဘူး .. ကျွန်တော့်လိုပဲ... ကျွန်တော်က ချင်ဖုန်းကျင့် မဟုတ်ဘူး ... ကောင်းကင်ဆရာသခင် တောင်နတ်မင်းကျူချွဲ မဟုတ်သလိုပေါ့”

ချင်မူက ပြုံးလိုက်သည်။ “ကျွန်တော်တို့အားလုံးက ကိုယ်ပိုင်အသိစိတ်အလျဉ် ရှိတဲ့ သီးခြားဖြစ်တည်မှုတွေ ဖြစ်လာကြပြီ... နောင်မှ ကေင်းကင်နတ်အရှင်ယွီရဲ့ မှတ်ဉာဏ်တွေအတွက် ခန္ဓာကိုယ်တစ်ခု ဖန်တီးပေးပြီး ကောင်းကင်နတ်အရှင်ယွီရဲ့ ဝိညာဉ်ကို ထည့်ပေးတော့မယ်”

သူသည် ပိုင်ယွီကျင့်ဆီသို့ ကြည့်၍ ပြော၏။ “ကောင်းကင်ဆရာသခင်နဲ့ တောင်နတ်မင်းရဲ့ ဝိညာဉ်အတွက်လည်း အဲဒီလို လုပ်ပေးပါ့မယ်”

ပိုင်ယွီကျင့်မှာ စိတ်သက်သာရာရသွားကာ ပြုံးလိုက်မိသည်။ “နင်က အခုတော့ ကောင်းကင်နတ်အရှင်အစစ် ဖြစ်လာပြီပေါ့လေ”

ချင်မူလည်း မရယ်မိဘဲ မနေပေ။ “ကျွန်တော်က အခုမှ ကောင်းကင်နတ်အရှင်အစစ် ဖြစ်လာတာလား... မဟုတ်မှ အရင်တုန်းက ကောင်းကင်ဆရာသခင်ရဲ့ မျက်လုံးထဲမှာ ကောင်းကင်နတ်အရှင်တောင် မဟုတ်ခဲ့ဘူး ထင်ပါရဲ့... ကောင်းကင်ဆရာသခင်၊ ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်အရှင်ဆယ်ပါးက ကျွန်တော်နဲ့ ယှဉ်ရင် ဘယ်လိုနေတယ် ထင်လဲ”

ပိုင်ယွီကျင့်သည် အမှန်အတိုင်း ပြော၏။ “သူတို့အစွမ်းအစတွေက နင့်ထက် အများကြီး သာတယ်... ဒါပေမဲ့ သူတို့ရဲ့ သဘောထားကတော့ နင့်လောက် မကြီးမြတ်ဘူး”

ချင်မူမှာ ကျယ်လောင်စွာ ရယ်လိုက်မိသည်။ “ဖက်တီးနဂါး အမြီးနှံ့နေတတ်တာ အံ့ဩစရာ မရှိဘူးပဲ... ကျွန်တော့်မှာတောင် အမြီးရှိရင် အခုချိန် နှံ့နေမိလောက်ပြီ”

ပိုင်ယွီကျင့်လည်း ပြုံးလိုက်ပြီး သူ့နောက်မှ ခပ်သွက်သွက် လိုက်လာသည်။

သူတို့နှစ်ယောက်သား နောက်ပြန်လှည့်ကြည့်လိုက်သည့်အခါ လန်ယွီတျန်းသည် သူ၏ သုံးထောင်သော တပည့်များကို ဦးဆောင်လျက် ရွှင်ပျော်ပျော်ကျေးရွာ မဟာလေဟာနယ်တွင် တည်ဆောက်ထားသည့် တံခါးဝဆီ ဦးတည်နေကြောင်း တွေ့လိုက်ရ၏။

ချင်မူက အနောက်နတ်မြို့တော်ဆီ ပြန်လာပြီး ပိုင်ယွီကျင့်အတွက် ရုပ်ခန္ဓာတစ်ခု ချက်ချင်း မဖန်ဆင်းပေးပေ။ သူက ပြောသည်။ “ကျွန်တော့်အနေနဲ့ နတ်ဘုရားဝိညာဉ်ကို ပြန်ဖွဲ့တည်ပေးနိုင်တယ်... ရုပ်ခန္ဓာကိုလည်း ပြန်တည်ဆောက်ပေးနိုင်တယ်... ဒါပေမဲ့ မြင်ယောင်ဖန်ဆင်းတဲ့နေရာမှာ အားနည်းချက်ကြီးတစ်ခု ရှိတယ်.. ဖန်ဆင်းလမ်းစဉ်နဲ့ ရုပ်ခန္ဓာ ပြန်တည်ဆောက်လိုက်ရင် သေမျိုးခန္ဓာပဲ ဖြစ်မှာ... အကောင်းဆုံးနည်းလမ်းက ဖန်ဆင်းကောင်းကင်လက်နက် ဖန်ဆင်းလိုက်တာပဲ”

ပိုင်ယွီကျင့်၏ မျက်ဝန်းလေးများ တောက်ပသွားသည်။ ‌”ကောင်းကင်နတ်ဘုံမှာ ဖန်ဆင်းကောင်းကင်လက်နက်တစ်ခု ရှိတယ်”

ချင်မူသည် ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်နှင့် ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်သခင် ရှစ်ချီလော်အကြောင်း တွေးလိုက်မိသည်နှင့် ခေါင်းကိုက်လာ၏။ ထိုရုပ်ကြမ်းကြီးနှင့် နွဲ့နေသော ရှစ်ချိလော်အား ထပ်မတွေ့ချင်သောကြောင့် ပြောလိုက်သည်။ “ကျွန်တော်လည်း ဖန်ဆင်းကောင်းကင်လက်နက် ဖန်ဆင်းနိုင်ပါတယ်... ဒါမဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ကောင်းကင်စက်မှုပညာရှင် အလုံအလောက် မရှိဘူး.. ကောင်းကင်ဆရာသခင်ရဲ့ ရုပ်ခန္ဓာနဲ့ ချွတ်စွပ်တူတဲ့ ရုပ်ခန္ဓာတစ်ခု ဖန်ဆင်းချင်ရင် ကောင်းကင်ဆရာသခင်ရဲ့ ကိုယ်တိုင်းကို သိဖို့လိုတယ်ဗျ....”

ပိုင်ယွီကျင့်မှာ မျက်နှာလေး ရဲသွားပြီး ပြန်ပြောလေသည်။ “ငါ ငါ့ဘာသာငါ တိုင်းတတ်တယ်... တာအိုဘိုးဘေးကြီးဆီက သင်္ချာသင်ထားဖူးတယ်”

ချင်မူက ခေါင်းညိတ်လိုက်သော်လည်း စေတနာဖြင့် ရှင်းပြ၏။ “ကိုယ်အတိုင်းအတာ ရေးဆွဲတာက တော်တော် ဒုက္ခများတယ်နော်.... ကောင်းကင်ဆရာသခင်အတွက် အဆင်မပြေရင် ကျွန်တော့်သင်္ချာကလည်း မဆိုးဘူး.. ဒါ့အပြင် ကျွန‌်တော်က အိပ်မက်ကနေတစ်ဆင့် လမ်းစဉ်ဝင်ရောက်တဲ့နေရာမှာ ကျွမ်းကျင်တော့ ကောင်းကင်ဆရာသခင်ရဲ့ ကိုယ်အတိုင်းအတာကို အချိန်တိုလေးအတွင်း စေ့စေ့စပ်စပ် မှတ်သားနိုင်....”

“ငါ့ဘာသာငါ လုပ်တတ်ပါတယ်ဆို” ပိုင်ယွီကျင့်က မျက်ပြးဆန်ပြူးဖြင့် အော်လိုက်သည်။

ချင်မူလည်း အရိပ်ပြအကောင်မမြင်တတ်သော ငတုံးပီပီ ဇဝေဇဝါ ဖြစ်သွားတော့သည်။ ‘မိန်းမတွေများ အမြဲ ဒီလိုချည်းပဲ... ဘာများ စိတ်တိုစရာရှိလို့တုန်းဟ... ဪ မိန်းမတွေ မိန်းမတွေ... ကောင်းကင်ဆရာသခင်လို လူမျိုးတောင် ခြွင်းချက်မဟုတ်ဘူးပဲ’

သူက မည်သူ့ကိုမှ မပြောဘဲ မဟာလေဟာနယ်မြေပြင်မှ တိုးတိုးတိတ်တိတ် ထွက်ခွာခဲ့လေသည်။

မဟာလေဟာနယ်မြေပြင်တွင် သူ့ကို သတ်ချင်နေသော လူစုက များပြားလွန်းသည် မဟုတ်ပါလော။

ဤအခိုက်အတန့်တွင် လန်ယွီတျန်းသည်လည်း ခိုင်ဧကရာဇ်၏ ပိုင်နက်သို့ ရောက်သွားခဲ့၏။ ခိုင်ဧကရာဇ်မှာ ဒဏ်ရာများ မသက်သာသေးသည့်တိုင် ကိုယ်တိုင်ထွက်လာကာ သူတို့ကို ကြိုဆိုပေးသည်။

လန်ယွီတျန်းက သူ့စိတ်တိုင်းကျသလိုသာ ဆက်လုပ်နေသည်။ ခိုင်ဧကရာဇ်သည် သူ့အား အလေးစားဆုံး ဖြစ်သည့်အတွက် ပျူပျူငှာငှာ ကြိုဆိုသည်မှာ မထူးဆန်းပေ။ သို့သော် ဤဖက်တီးလေးတွင် ကောင်းကင်တန်အရှင်ယွီ၏ အရိပ်အယောင်တစ်စက်မှ မတွေ့ရချေ။

နဂါးသွဲ့ရေကန်တွင် ဆုံတွေ့ခဲ့စဉ်အခါက ခိုင်ဧကရာဇ်သည် ကောင်းကင်နတ်အရှင်ယွီအား အကြီးအကျယ် အထင်ကြီးလေးစားကာ ရိုသေခဲ့သည်။ ကောင်းကင်နတ်အရှင်ယွီသာ အသက်ရှိနေသေးလျှင် ကမ္ဘာလောကကြီးအပေါ် အုပ်စိုးလိုသည့် ရည်မှန်းချက်အား ပစ်ပယ်၍ ဦးညွှတ်နာခံမည်သာ ဖြစ်သည်။

ထိုအချိန်တုန်းက ကောင်းကင်နတ်အရှင်ယွီတွင် လောက၏ အရှင်သခင်မင်းမြတ်တစ်ပါးကဲ့သို့ အဟန့်အထည်နှင့် အရှိန်အဝါ ရှိခဲ့သည်။ သူ၏ဂုဏ်သတင်း၊ ကံတရားနှင့် သဘောထားတို့ဖြင့် ယှဉ်လိုက်လျှင် ခိုင်ဧကရာဇ်မှာ များစွာ နိမ့်ကျပေသည်။

သို့သော် ဤဖက်တီးလေးကား ထိုသို့မရှိ။

ဖက်တီးလေးလန်ယွီတျန်းတွင် စင်ကြယ်‌သော တာအိုနှလုံးသား၊ အသိပညာအပေါ် လိုချင်တပ်မက်မှုနှင့် အဆုံးမရှိသော သိချင်စိတ်ကိုသာ မြင်ရသည်။

လက်ရှိ လန်ယွီတျန်းနှင့် အတိတ်တုန်းက ကောင်းကင်နတ်အရှင်ယွီမှာ လုံးဝ မတူညီသည့် လူနှစ်ယောက် ဖြစ်၏။

မှန်ပါသည်၊ လက်ရှိ လန်ယွီတျန်းမှာ လူချောလူခန့် ကောင်းကင်နတ်အရှင်ယွီထက် ပိုဝနေသလို၊ မျက်နှာတွင်လည်း အဆီလေးများ ပြည့်နေသည်။

ထိုမျှသာမက ခိုင်ဧကရာဇ် သူနှင့် စကားပြောသည့်အခါ လန်ယွီတျန်းသည် လောကီရေးရာအကြောင်း မပြော၊ အဓိပ္ပါယ်မရှိသော တာအိုဘာသာစကားများ၊ နားလည်ရခက်သော အကြောင်းအရာများအကြောင်းသာ ပြောနေ၏။

သို့သော် သေသေချာချာ နားထောင်ကြည့်လျှင် သူ ပြောနေသမျှ အကြောင်းအရာတို့သည့် နက်ရှိုင်းသော မဟာတာအိုများ ဖြစ်နေကြောင်း တွေ့ရလိမ့်မည်။ ခိုင်ဧကရာဇ်ပင်လျှင် နစ်မျောသွားမိလေသည်။

“အရှင်မင်းကြီး၊ ကောင်းကင်နတ်အရှင်ယွီက မသိချင်ယောင်ဆောင်နေတာလို့ ထင်လား” ယန်ယွီရှီက လန်ယွီတျန်းက ရက်အနည်းငယ် လေ့လာပြီးနောက် မေးသည်။

ခိုင်ဧကရာဇ်က ခေါင်းယမ်းကာ သက်ပြင်းချလိုက်၏။ “အဲဒီတုန်းက ကောင်းကင်နတ်အရှင်ယွီမှာ ကမ္ဘာလောကကြီးအပေါ် အုပ်စိုးလိုစိတ် ရှိခဲ့တယ်... သူ့ရည်မှန်းချက်က ကြီးမားခဲ့တယ်... ဒါပေမဲ့ လန်ယွီတျန်းမှာတော့ လမ်းစဉ်ရှာလိုပြီး တာအိုကို နားလည်လိုစိတ်သာ ရှိနေတယ်... သူက စင်ကြယ်ပြီး အပြစ်ကင်းတယ်... တုံးအချင်ယောင် ဆောင်နေတာ မဟုတ်ဘူး... အစကတည်းက အဲဒီလိုမလို့.... တုံးအနေတာလည်း မဟုတ်ဘူး... သူ့ဦးနှောက်ကို မဟာတာအိုရဲ့ အဆုံးထိ လိုက်ရှာဖို့အတွက်ပဲ သုံးနေတာမလို့ပဲ”

ယန်ယွီရှီမှာ မှင်သက်သွားတော့သည်။ မဟာတာအိုကို ရှာဖွေရန်အတွက်သာ ဦးနှောက်ကို သုံးသည်တဲ့လော။

“ဒီကမ္ဘာမှာ အဲဒီလောက် စင်ကြယ်တဲ့သူ သိပ်နည်းတယ်... ကောင်းကင်နတ်အရှင်ဆယ်ပါးက ဉာဏ်ပညာထက်မြက်ကြပေမယ့် အာဏာမက်ကြတယ်... သူတို့ရဲ့ ဦးနှောက်က ဖိနှိပ်ချေမှုန်းဖို့ပဲ တွေးနေတာ.. ကောင်းကင်နတ်အရှင်ယွီက ဉာဏ်ကောင်းတဲ့အပြင် ကောင်းကင်နတ်အရှင်ယွီရဲ့ ရည်မှန်းချက်က လောကကြီးထဲက အင်အားတွေကို စုစည်းပြီး ကမ္ဘာခေတ်နှောင်းမျိုးနွယ်စုတွေ တိုးတက်လာအောင် လုပ်ပေးဖို့ပဲ”

ခိုင်ဧကရာဇ်သည် အေးအေးလူလူ လမ်းလျှောက်နေရင်း တည်ငြိမ်အေးဆေးစွာ ပြော၏။ “ငါလည်း ဉာဏ်ပညာထက်မြက်ပေမယ့် အမှန်အမှားကို ချင့်ချိန်ရသေးတယ်... ဝမ်တျန်းကဲလည်း ထက်မြက်ပေမယ့် ဝမ်တျန်းကဲက ပြုပြင်ပြောင်းလဲမှုနဲ့ ပြည်သူပြည်သားတွေရဲ့ အသက်ရှင်နေထိုင်ရေးအတွက် စိတ်ပူရတယ်.... ချင်မူလည်း ထက်မြက်ပေမယ့် သူ့ဦးနှောက်က ပြည်သူပြည်သားတွေ အသက်ရှင်နိုင်မယ့် လမ်းကို ရှာဖို့ပဲ သုံးနေရတာ... လန်ယွီတျန်းလို စင်ကြယ်တဲ့သူ များများစားစား မရှိဘူး... သူလို လူတစ်ယောက်ပဲ ခေတ်တစ်ခေတ်ကို တိုးတက်လာအောင် တွန်းပို့ပေးနိုင်မှာ”

ယန်ယွီရှီသည် လမ်းစဉ်၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို တွေးတောဆင်ခြင်ရင်း အဆုံးအမများအား တပည့်များဆီ ပို့ချပေးနေသော လန်ယွီတျန်းထံ ကြည့်လိုက်မိ၏။ ရွှင်ပျော်ပျော်ကျေးရွာသားများနှင့် ဖန်ဆင်းရှင်များမှာ သူ၏ဆွဲဆောင်ခြင်း ခံလိုက်ရသကဲ့သို့ သူ့နောက် လိုက်သွားမိကြသည်။ ဤအချိန်၌ သူ့တွင် တပည့်ငါး‌ထောင်ကျော် ရှိနေချေပြီ။

ယန်ယွီရှီမှာ ချီတုံချတုံ ဖြစ်နေ၏။ “လန်ယွီတျန်း ရောက်လာပြီဆိုတော့ ကျွန်မတို့...”

ခိုင်ဧကရာဇ်က ပြုံးလျက် ပြောသည်။ “သူလို လူတစ်ယောက်အတွက် သူ လိုချင်တဲ့ ဘယ်အရင်းအမြစ်ကိုမဆို ငါတို့ ပေးနိုင်ရမယ်... သူ့ဆန္ဒတွေ မှန်သမျှ ဖြည့်ဆည်းပေးရမယ်... သူက သူသွားချင်တဲ့နေရာ သွားနေမှာ... သူ့ကို ဂရုစိုက်စရာမလိုဘူး... သူ လာချင်ရင် လာလိမ့်မယ်.. ငါတို့ သူ့ကို တလေးတစား ဆက်ဆံဖို့ပဲ လိုတယ်... သူ ထွက်သွားချင်ရင် ထွက်သွားလိမ့်မယ်... သူ့ကို နေအောင် ဆွဲထားလို့ မရဘူး”

ယန်ယွီရှီက ခေါင်းညိတ်၍ ပြောသည်။ “ဒါဖြင့် ရွှင်ပျော်ပျော်ကျေးရွာရဲ့ နတ်ဘုရားတွေကို သူ ခေါ်သွားရင်ရော...”

“လိုက်သွားပစေပေါ့”

ခိုင်ဧကရာဇ်သည် ဆက်ပြော၏။ “နောင်တစ်ချိန်မှာ ဒီလူတွေ ပြန်ရောက်လာလိမ့်မယ်... သူတို့ ပြန်ရောက်လာတဲ့အခါ မတူညီတဲ့ အမြင်သစ်တွေ၊ မတူညီတဲ့ အောင်မြင်မှုတွေနဲ့ ငါတို့ကို မော်ကြည့်စေရလိမ့်မယ်... ငါလည်း ထွက်သွားနိုင်ရင် လန်ယွီတျန်းနောက် လိုက်သွားမှာ... ဒါပေမဲ့... ထွက်မသွားနိုင်ဘူး”

ယန်ယွီရှီမှာ အံ့အားသင့်နေ၏။ သူမက လန်ယွီတျန်းဆီ လှမ်းကြည့်ကာ ခပ်တိုးတိုး ရေရွတ်လေသည်။ “ဘယ်လောက် ထူးဆန်းတဲ့လူလဲ...”

“သူက ထူးဆန်းတာ မဟုတ်ဘူး ... ငါတို့ကသာ ထူးဆန်းနေတာ ကျစ်ရှီ...”

ခိုင်ဧကရာဇ်သည် သက်ပြင်းတစ်ချက်အား ယိုင်ယိုင်ယွဲ့ယွဲ့ မှုတ်ထုတ်လိုက်၏။ “ငါတို့ဟာ ဟော့ဒီသေမျိုးကမ္ဘာရဲ့ နွံထဲကနေ မရုန်းထွက်နိုင်သေးတော့ သူ့လောက် မလွတ်လပ်ကြဘူး... ငါ သူ့ကို အားကျမိတယ်”

ယန်ယွင်ရှီက ပြုံးလိုက်သည်။ “ကျွန်မတော့ သူ့ကို အားမကျမိဘူး”

ခိုင်ဧကရာဇ်မှာ အနည်းငယ် အံ့ဩသွားလေသည်။

“လူတိုင်း သူ့လို ဖြစ်နေရင် ဘယ်သူ့ကိုမှ အားနည်းတယ် ဆိုမရတော့ဘူး... ဒါပေမဲ့ လူတိုင်းလည်း သူ့လို မဖြစ်နိုင်ဘူး”

ယန်ယွီရှီသည် စိတ်အားထက်သန်မှုအပြည့်ဖြင့် ဆက်ပြော၏။ “သူက တာအိုကို လိုက်ရှာတဲ့ လေ့လာရေးသမား... မျိုးနွယ်စုတစ်စုရဲ့ ခေါင်း‌ဆောင် မဟုတ်ဘူး... မျိုးနွယ်စုတစ်စုရဲ့ ခေါင်း‌ဆောင်တစ်ယောက်မှာတော့ သူ့ထက်ပိုတဲ့ ဝန်ထုပ်ဝန်ပိုးတွေ၊ တာဝန်ဝတ္တရားတွေ ရှိတယ်”

ခိုင်ဧကရာဇ်မှာ သူမ၏သဘောထားကို နားလည်သွား၍ အပြုံးဖြင့် တုံ့ပြန်လိုက်သည်။ “မပူပါနဲ့ ... ငါ သူ့ကို အားကျပေမယ့် သူ့လို ဖြစ်မလာပါဘူး... ငါ့မှာ တာဝန်ဝတ္တရားတွေ ရှိတယ်... ငါတို့လူလိုတွေ ပေါ်လာတာကလည်း လန်ယွီတျန်းလို လူတွေ ဘာအနှောင့်အယှက်မှမရှိဘဲ တာအိုတရားရသွားစေဖို့ မဟုတ်ပေလား”

All Chapters