← Chapters

မျှော်လင့်ထားတဲ့ တိုက်ခိုက်မှု

Vol. 20 Ch. 286

မျှော်လင့်ထားတဲ့ တိုက်ခိုက်မှု

Vol. 20 Ch. 286

Child of light (ကျန်းကုန်း)

Volume 10: Chapter 33 - The Expected Attack

မူကျီက..

“ငါတို့ နတ်ဆိုးနဲ့ သားရဲမျိုးနွယ်က ထပ်တိုးတောင်းဆိုစရာ မရှိပါဘူး..”

ခယ်ကျာပြုံးပြီး ထရပ်ရင်း..

“မင်းက တောင်းဆိုစရာမရှိဘူးတဲ့လား။ ဒါပေမယ့် ငါ့မှာတော့ စည်းကမ်းချက်တစ်ခု ရှိနေတယ်…”

ကျုပ် လက်မြှောက်ပြီး..

“ကျေးဇူပြုပြီး အရှင်ဧကရာဇ်ရဲ့ စည်းကမ်းချက်ကို ပြောပြပေးပါအုံး..”

ခယ်ကျာ အမူအရာပြောင်းသွားပြီး..

“ငါ့စည်းကမ်းချက်ကတော့ နတ်ဆိုးနဲ့ သားရဲမျိုးနွယ်မဟာမိတ်အဖွဲ့ ငါ့ဆီမျာ လက်နက်ချပြီး နောင်နှစ်တိုင်း နှစ်တိုင်းမှာ ငါ့ကို ပဏ္ဍာဆက်ရမယ်.. အဲဒါ လိုက်နာမယ်ဆိုရင် ဒီစာချုပ်မှာ လက်မှတ်ထိုးပေးမယ်..”

မူကျီ ဒေါသတကြီးနဲ့..

“နဂိုထဲက မင်းမှာ မရိုးသားတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာ ငါသိတာပေါ့..”

ခယ်ကျာ ရယ်မောရင်းနဲ့..

“မင်းတို့ ကလေးတွေစကား နားထောင်မယ်များ ထင်နေကြတာလား။ ဘယ်လို ဖြစ်နိုင်မှာလဲ..”

စကားဆုံးတာနဲ့ သူ့လက် ကောင်းကင်ကို မြှောက်လိုက်တော့တယ်။ ခယ်ကျာ ရဲ့ မှော်ပညာက ကျုပ်ဆရာတွေနဲ့ မယှဉ်နိုင်ပေမယ့် ခပ်ညံ့ညံ့မှ မဟုတ်တာ။ သူ့လက်ထဲကနေ ရိုးရိုးရှင်းရှင်း မီးလုံးတစ်လုံးကနေ တော်တော်ကို ကြီးတဲ့ မီးလုံးကြီးတစ်ခု ဖြစ်သွားတယ်။

သူ့တပ်တွေကို အချက်ပြတယ်ဆိုတာ ကျုပ်သိတာပေါ့။

ဝက်ဝံဘုရင်ကြီး သူ့လက်ကြီးထဲက ဝံပုလွေသွားလှံနဲ့ ခယ်ကျာဆီ ဒေါသတကြီး အော်ရင်း လှမ်းထိုးလိုက်ရော။ ချယ်ကျာ မထီသလိုရယ်မောရင်း သူ့ရင်ဘတ်နား လက်တွေ လှုပ်ရှားလိုက်တာ သူ၊ ဖန်ဟောင်နဲ့ မင်းသား ခြေဖဝါးအောက်မှာ ဆဋ္ဌဂံဝင်္ကပါကြီး တစ်ခုချက်ချင်းပေါ်လာတယ်။ အလင်းရောင် တစ်ချက်လက်ပြီး သူတို့တွေ တမ်းပျောက်သွားရောပဲ။ ကြည့်ရတာ ကြိုပြင်ထားတဲ့ တည်နေရာရွှေ့ပြောင်းရေး ဝင်္ကပါတစ်ခု ဖြစ်လိမ့်မယ်။ တစ်ဆက်တည်းမှာပဲ လူသားမှော်သခင် (၂)ဖွဲ့က မှော်ဆရာ(၂)ယောက် ဦးဆောင်ပြီး နတ်ဆိုးနဲ့ သားရဲမျိုးနွယ် မဟာမိတ်တပ်တွေဆီကို မှော်ပညာရပ်တွေနဲ့ပစ်လိုက်တာ စွမ်းအင် စက်ဝန်းတွေနဲ့ လင်းထိန်သွားတာပဲ။

ကျုပ် အသံအကျယ်ဆုံးနဲ့ ဟိန်းဟောက်ပြီး..

“အားလုံးပဲ လှုပ်ရှားဖို့ ပြင်တော့။ ရှို့စစ်.. အချက်ပြချိန် တန်ပြီ..”

ပြောပြီးတာနဲ့ စုက္ကရေးကို ဝှေ့ယမ်းရင်း ကောင်းကင်ပေါ်မှာ မှော်မိုးရွာနေတဲ့ အုပ်စု(၂)ခုကို ကာကွယ်ဖို့ အလင်းဒိုင်း(၂)ခု ပစ်လွှတ်လိုက်တယ်။ ကျုပ်မှော်စွမ်းအားနဲ့ မှော်ပညာတစ်ပုံတစ်ခေါင်းကြီးကို ကာကွယ်နိုင်မယ်လို့တော့ ကိုယ့်ကိုကိုယ် အလွန့်အကျွံ ယုံကြည်မထားပါဘူးလေ။ ကျုပ်ရည်ရွယ်ချက်က သူတို့ မှော်တိုက်ကွက်တွေ လမ်းကြောင်း ပြောင်းပစ်ယုံ သက်သက်ပါပဲ။

ရှို့စစ် ကောင်းကင်နတ်ဘုရား ဦးချိုထုတ်ပြီး အသံရှည်ကြီးတစ်ခု အာကာတခွင့်ပျံ့တဲ့အထိ ပေးရင်း ကျုပ်တို့ စီစဉ်ထားသမျှ တပြိုင်တည်း လှုပ်ရှားလိုက်ကြတာပေါ့။

ကျုပ်တို့လဲ အခြေအနေအရ လုပ်ရပြီဆိုတော့ လူသားမျိုးနွယ်က စစ်သည်တွေ နတ်ဆိုးနဲ့ သားရဲမျိုးနွယ်ဆီကို မြှားဦးချွန်ကြီး (၂)ခုလို ခံတပ် တစ်ဖက်တစ်ချက်ကနေ ရိပ်ကနည်း ထွက်လာပြီး ချီတက်သွားကြလေရဲ့။ ခယ်ကျာ… ခင်ဗျားကြီး တော်တော် ရက်စက်တာပဲ။ နတ်ဆိုးနဲ့ သားရဲမျိုးနွယ် မဟာမိတ်အဖွဲ့ကို တိုက်ခိုက်ဖို့ ဒီအချိန် အခွင့်ကောင်းလို့ မင်းတကယ်ကြီး ထင်နေတာလား။

လူသားစစ်သည်တွေ စနစ်တကျ စီစဉ်ထားတာပဲဗျ။ သူတို့ထဲမှာ လျှပ်တပျက် လှုပ်ရှားအဖွဲ့ရော သံချပ်ကာ မြင်းတပ်တွေရော ဓားပြတွေ ဝင်စီးသလိုမျိုး နတ်ဆိုးနဲ့ သားရဲမျိုးနွယ် မဟာမိတ်တပ်ဆီကို တရှိန်ထိုး တိုးဝင်သွား နေလေရဲ့။ မြင်းတပ် အားကောင်း အရှိန်ပြင်းပေမယ့် နတ်ဆိုးမျိုးနွယ် ကာကွယ်ရေး အမှတ်(၁)တပ်ဖွဲ့ တွေကလည်း ထိပ်တန်းကျွမ်းကျင်သူတွေလေ။ သူတို့အားလုံး လူသားမျိုးနွယ် စစ်ဗိုလ်ချုပ်တစ်ယောက်နဲ့ နှိုင်းယှဉ်လို့ရတယ်ဗျ။ သူတို့ ရည်ရွယ်ချက်က ကျုပ်တို့ အချိန်ပိုရအောင် လူသားမျိုးနွယ်တပ်တွေကို အနှောက်အယှက် ပေးယုံပဲဗျ။

အချိန်တိုအတွင်း နှစ်ဖက်တပ်ဖွဲ့တွေ ထိပ်တိုက် တိုက်ပွဲဖြစ်ကုန်ပြီ။ ကာကွယ်ရေး အမှတ်(၁)အဖွဲ့မှာ ကိုင်ထားတဲ့ လက်နက်တွေက ရှည်လျှားကြီးမားလွန်းတော့ အဖွဲ့လိုက် တိုက်ပွဲပုံစံနဲ့ ကွက်တိပဲ။ သူတို့ လက်နက်တွေ အဆက်မပြတ် လှုပ်ရှားလိုက်ယုံနဲ့ လူသားမျိုးနွယ် ထိုးဖောက်မှုတွေကို တွန်းအားပေး တားဆီးနိုင်ခဲ့လိုက်တယ်။ ရှေ့ဆုံးက မြင်းတွေဆို အဖွဲ့လိုက် တိုက်ပွဲပုံစံနဲ့တွေ့တော့ ချက်ချင်း တုံးလုံး ပက်ခေါက်တွေ ဖြစ်ကုန်တာပေါ့။ အသေအပျောက်ဆိုတာ ရှောင်လွှဲလို့ မရဘူးလို့ သိလိုက်ရတဲ့အချိန် ကျုပ်လဲ သက်ပြင်းပဲ ချမိတော့တယ်။

လူသားမျိုးနွယ်တပ်တွေကို ထိပ်တိုက် ရင်ဆိုင်ဖို့ တိုက်ပွဲစစ်မြေပြင်ကို ဦးတည်ရွေ့လျားလာတဲ့အချိန် နတ်ဆိုးနဲ့ သားရဲမျိုးနွယ် မဟာမိတ်တပ်က စစ်သည်တွေကို စစုစည်းလိုက်တယ်။ ခယ်ကျာသာ တကယ်တမ်း ထက်မြက်တယ်ဆိုရင် လက်ရှိအခြေအနေက သူ ကျုပ်တို့ထက် မသာနိုင်ဘူးဆိုတာ နားလည်သင့်တယ်။

ကျုပ် မူကျီကို တစ်ချက်ကြည့်ပြီး..

“နောက်ထပ် အသေအပျောက်တွေ တတ်နိုင်သမျှ ရှောင်နိုင်အောင်၊ ကမ္ဘာကြီးတစ်ခုလုံး ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်အောင် အဲ့ကောင်တွေကို အတူတူ တိုက်ခိုက်ကြစို့… စလိုက်ရအောင်..”

ပြောပြီးတာနဲ့ ကျုပ်လဲ စုက္ကရေးကို အသာမြှောက်ပြီး စွမ်းအားတွေ စုစည်းရင်း မြေပြင်ကနေ လေထဲကိုထိုးတက် လာခဲ့လိုက်တယ်။ ကျန်တဲ့သူတွေလဲ ကျုပ်ဆီ ခေါင်းတည်ပြီး လိုက်လာကြတာပေါ့။ ကျန်းဟူ၊ တုန်းရီ၊ ရှို့စစ်၊ ကောင်းသဲ၊ ရှင်းအောင်းတို့ကို တစ်ချက်ကြည့်လိုက်တော့ သူတို့ နတ်ဘုရားလက်နက်တွေ ထုတ်ပြီးသွားကြပြီ။ ကျုပ် အသက်ပြင်းပြင်းရှူရင်း..

“စလိုက်ကြစို့…”

တိုက်ပွဲ နတ်ဘုရားအရှိန်အဝါတွေ ကျန်းဟူ ခန္ဓာကိုယ်မှာ ပျံ့နှံ့လာတယ်။ သူ ကျုပ်ကို ခေါင်းညိတ်ပြပြီး..

“နတ်ဘုရား ဘုရင်က ငါ့ကို တိုက်ပွဲနတ်ဘုရား ချပ်ဝတ် အပ်နှင်းခဲ့တယ်။ မကောင်းဆိုးဝါးတွေကို တားဆီးမယ့် ငါ့ကို မကောင်းမှုတွေ မဖုံးလွှမ်းစေရဘူးဟေ့..”

သူ့အသံနဲ့အတူ သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားတဲ့ အပြာရောင်အလင်းတန်းက ပိုပို တောက်ပလာတယ်။ ကောင်းကင်ပေါ်မှာ တိုက်ပွဲနတ်ဘုရားတစ်ယောက်ရဲ့ တိုက်ခိုက်ချင်စိတ် ရောင်ဝါတွေအပြည့်နဲ့ ပေါ့ဗျာ။

ရှို့စစ်လဲ သူ့ဦးချိုကို မြှောက်ပြီး..

“နတ်ဘုရားဘုရင် ငါ့ကို ကောင်းကင်နတ်ဘုရားဦးချို အပ်နှင်းလိုက်တယ်။ ဦးချိုရဲ့ အော်သံ ဘုံကိုးပါးထိ ညံလိုက်စမ်း..”

ငြင်သာလွန်းတဲ့ အလင်းတန်းတစ်ခု ကောင်းကင်နတ်ဘုရားဦးချိုကနေ ထိုးထွက်လာပြီး ရှို့စစ်ရဲ့ ခန္ဓာကိုယ် အပေါ်အောက် အဖြူရောင် အလင်းတန်းတွေ ဖုံးလွှမ်းပြီး တောက်ပနေတဲ့ အလင်းလုံးကြီး တစ်လုံးလိုပဲ။

ရှင်းအောင်း ကျောက်တုံးနတ်ဘုရား တူကြီးကို လက်နှစ်ဖက်နဲ့ ကိုင်မြှောက်ရင်း..

“နတ်ဘုရား ဘုရင်က ကျောက်တုံးနတ်ဘုရားတူ အပ်နှင်းလိုက်တယ်။ ကောင်းကင်ဘုံကို လှုပ်ခါပြီး အမှန်တရားကို ကာကွယ်ဖို့ ကမ္ဘာကြီးကိုတောင် ရွှေ့ပစ်မယ်ကွ”

ရှင်းအောင်းရဲ့ ခမ်းနားလွန်းတဲ့ စွမ်းအား ဖော်ထုတ်ပုံက အရင်ကနဲ့ မတူတော့ဘဲ အဝါရောင် အလင်းတန်းတစ်ခု ကျောက်တုန်းနတ်ဘုရား တူကြီးကနေ ထုတ်လွှတ်နေလေရဲ့။

ကောင်းသဲ သူ့ညာလက်နဲ့ အလင်းနတ်ဘုရားဒိုင်းကာကို ကိုင်ပြီး မျက်လုံး စူးမတတ် အနီရောင်အလင်းတန်း တစ်ခု ထုတ်လွှတ်ရင်း..

“နတ်ဘုရားဘုရင်က အလင်းနတ်ဘုရားဒိုင်း ငါ့ကို အပ်နှင်းလိုက်တယ်။ ဓားပေါင်း တစ်သောင်းတောင် ငါ့ကို မတားနိုင်ဘူးကွ..”

လက်ကို ရင်ဘတ်ပေါ် ကန့်လန့်ထားလိုက်တဲ့အချိန် အလင်းနတ်ဘုရားဒိုင်းကာက အလင်းတန်းတွေ ပိုတောင် တောက်ပလာပြီး ဓားပေါင်း (၁၀၀၀၀)ကိုတောင် ခုခံနိုင်လောက်တဲ့ စွမ်းအားကြီးတွေ ခံစားမိနေရတယ်။

တုန်းရီ ကျုပ်တို့ လူအုပ်ကို ကြည့်ပြီး သူလဲ လေနတ်ဘုရားလေးကို ထုတ်ရင်း..

“နတ်ဘုရားဘုရင်က လေနတ်ဘုရားလေး ငါ့ကို အပ်နှင်းထားတယ်။ အရိပ်မဲ့ မြှားတွေရဲ့ အလင်းတွေ ထွန်းတောက်လိုက်စမ်း..”

လေနတ်ဘုရား လေးဆီကနေ ပြင်းထန်လေးနက်လွန်းတဲ့ အစိမ်းရောင်အလင်းတန်းတွေ ထွက်လာတယ်။ တုန်းရီ လေးညှို့ကို ခပ်တင်းတင်းဆွဲလိုက်တော့ အစိမ်းရောင်အလင်းတန်းတွေနဲ့ လေနတ်ဘုရားလေးက လပြည့်ဝန်းပုံစံ ဖြစ်လာတယ်။

လူ(၅)ယောက်ရဲ့ ခန္ဓာကိုယ်ကနေ တောက်ပတဲ့ အပြာ၊ အဖြူ၊ အဝါ၊ အနီနဲ့ အစိမ်းရောင် အသီးသီး ထွက်လာတယ်။ လူသားမျိုးနွယ် စစ်သားတွေရော နတ်ဆိုးနဲသားရဲ မဟာမိတ် စစ်သည်တွေရော ကျုပ်တို့ရဲ့ ရက်စက်ကြမ်းကြုတ်လွန်းတဲ့ စွမ်းအားတွေကြောင့် ကျုပ်တို့ကို အာရုံစူးစိုက်လာခဲ့ကြတယ်။

ဒီအချိန်ရောက်မှတော့ ကျုပ်လဲ တွန့်ဆုတ်မနေတော့ဘူး။ အသက်ပြင်းပြင်းရှူပြီး လက်နှစ်ဖက်ဆန့်ရင်း..

“နတ်ဘုရားဘုရင်ကိုယ်တိုင် ငါ့ကို သန့်ရှင်းသောဓားအပ်နှင်းထားတဲ့အတွက် ကောင်းကင်ဘုံထိ အရှိန်အဟုန်နဲ့ တောက်ပစေရမယ်ဟေ့…”

အော်သံဆုံးတာနဲ့ ကျုပ်ရင်ဘတ်ရှေ့မှာ ငွေရောင်ဓားလေး တစ်ချောင်းပေါ်လာတယ်။ ကျုပ်ခေါင်းပေါ်ထိ တဖြည်းဖြည်းတက်သွားပြီး တကိုယ်လုံးကို ငွေရောင် အလင်းတန်းတွေနဲ့ ဖုံးသွားရော။ နွေးထွေးတဲ့ စွမ်းအားတစ်ခု ကျုပ်နဲ့ သန့်ရှင်းသောဓားရဲ့ ကြားမှာ ဆက်သွယ်နေတယ်။ ကျုပ်တို့ (၆)ယောက်စလုံး စွမ်းအား အမြင့်ဆုံး (၆)မျိုး ထပ်ပြီး လှုပ်ရှားသွားတယ်။ ပြီးတော့ အရောင်(၆)မျိုးနဲ့ ဆဋ္ဌဂံပုံစံ တစ်ခု ပေါ်လာတယ်။

ကျုပ်တို့ ဆဋ္ဌဂံကနေ မြင့်မြတ်တဲ့ စွမ်းအား အရှိန်အဝါတွေ ကောင်းကင်ကို ချက်ချင်း လွှင့်ထုတ်လိုက်တယ်။ (၆)ရောင်ပါတဲ့ အလင်းတန်းကြီး တိမ်တွေကို ထိုးဖေါက်တက်သွားတာနဲ့တင် မရပ်ဘဲ ဆက်တိုက် ထိုးတက်နေတုန်းပဲ။ ကျုပ်တို့ ပေါင်းစပ် စွမ်းအားတွေအပေါ် နေရောင်ခြည်ကျရောက်လာတဲ့အခါ ကျုပ်စိတ်တွေတောင် တုန်လှုပ်သွားသလို ခံစားလိုက်ရတယ်။

============= (*^*)=============

အပိုင်း( ၂၈၇ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters