← Chapters

တားမြစ်မန္တန် ပေါက်ကွဲအား

Vol. 20 Ch. 288

တားမြစ်မန္တန် ပေါက်ကွဲအား

Vol. 20 Ch. 288

Child of light (ကျန်းကုန်း)

Volume 10: Chapter 35 - The Forbidden Spell Explodes Forth

တစ်ကီလိုမီတာတောင် ရောက်အောင် မပျံရသေးဘူး အသံကျယ်ကြီးတစ်ခု မြည်ပြီး ကျုပ်တို့နောက်မှာ လှိုင်းထ လိုက်လာတယ်။

“ဝုန်း…. ဝုန်း… ဝေါ…..”

ကျုပ်တို့နောက်မှာ ပြင်းထန်လွန်းတဲ့ စွမ်းအားကြီးတစ်ခု ထွက်နေတယ်။ အဲ့ဒါကြီးကို ဘယ်လိုမှ ခုခံလို့ မရနိုင်လို့ ပေါက်ကွဲလှိုင်းရဲ့ တွန်းအားကြောင့် ကျုပ်တို့ရဲ့ အရှိန်က (၃)ဆလောက်ကို ပိုမြန်သွားတယ်။ ကျုပ်တော့ အဲ့ဒါကြီးကို မခုခံရဲဘူး။ ဒါပေမယ့်လဲ တွန်းအားနဲ့အတူ ရှေ့ရောက်ဖို့ တစ်ဖွဲ့လုံးကို လွှမ်းခြုံမိလောက်တဲ့ အလင်းနယ်မြေတစ်ခု ချက်ချင်းချလိုက်တယ်။ စွမ်းအား သက်ရောက်မှု ပြင်းထန်လွန်းလို့ အလင်းနယ်မြေ ဆက်တိုက် တုန်ခါနေပြီး ပါးစပ်နဲ့အပြည့် သွေးတွေနဲ့ ရွှဲသွားတယ်။ လျှပ်စီးခံတပ်ကို ရောက်သွားမှ ကျုပ်တို့နောက်က လိုက်လာတဲ့ စွမ်းအားတွေ အားပျော့သွားတော့တယ်။

ဘာမှ ဆက်မလှုပ်ရှားတော့ဘဲ နေက်ပြန်လှည့်ကြည့်လိုက်တယ်။ ကျုပ်မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် တခဏ တုန်လှုပ်သွားမိတယ်။

ဒါကြီး ကျုပ်တို့ လုပ်လိုက်မိတာလား။ ကျုပ်တို့ရှေ့က မြင်ကွင်းက တကယ့် အံ့မခန်းကြီးဗျ။ တားမြစ် မန္တန် နေရာကနေ အလင်းတန်း(၆)ခု အဆက်မပြတ် ထုတ်လွှတ်နေတုန်းပဲ။ ကောင်းကင် တခွင်မှာလဲ ဖုန်လုံးတွေ၊ ကျောက်စ၊ ကျောက်တုံးတွေနဲ့ ပြည့်နေပြီ။ မြေပြင်လဲ အက်ကွဲသွားပြီ။ ပေါက်ကွဲမှုက အချင်းဝက် (၁)ကီလိုမီတာ အထိတောင်ပဲ။ အတော်အဝေးက တောင် (၂)လုံးကိုလဲ ဖြတ်သွားတဲ့အပြင် ကွင်းပြင်တစ်ခုလုံး ပြည့်တဲ့အထိပဲ။ လျှပ်စီးခံတပ်ကိုတောင် အမြန်နှုန်းနဲ့ ဦးတည်ပြီး အက်ကွဲကြောင်းကြီး နည်းနည်းတောင်ရှိသေး။

ကောင်းကင်မှာရော မြေပြင်မှာပါ စုစည်းထားတဲ့ မှော်ဒြပ်စင်တွေ၊ မုန်မှုန့်တွေ၊ ကျောက်တုံးတွေနဲ့ ပြည့်နေပြီ။ မြေပြင်ကရော လေထဲက မှော်ဒြပ်စင်တွေမှာ အဆက်မပြတ် တုန်ခါနေတယ်။ တကယ်လို့ ကျုပ်တို့သာ အစောက နေရာမှာဆို အကန့်သတ်မဲ့ နတ်ဘုရားစွမ်းအားရဲ့ လွှမ်းမိုးမှု ခံလိုက်ရမှာ သေချာတယ်။ အချင်းဝက် (၁၀)ကီလိုမီတာအတွင်းက လေထဲထဲမှာ သေနိုင်လောက်တဲ့ စွမ်းအားတွေနဲ့ ပြည့်နေတယ်။ ပြေးဖို့ နှေးတဲ့ လူသားစစ်သည်တော် နည်းနည်းကတော့ ပေါက်ကွဲစွမ်းအားအောက်မျာ လုံးဝ ပျောက်သွားပြီ။ အက်ကွဲကြောင်းကြီး တစ်ခုဆို လျှပ်စီးခံတပ် မြို့ရိုးထိအောင် ကျုပ်တို့ ခြေထောက်အောက်က ဖြတ်သွားထားတယ်။ ငလျင်လှုပ်တာတွေ အားပျော့သွားတာတောင် (၂)မီတာလောက် အက်ကွဲကြောင်းကျယ်ကြီး ကျန်နေခဲ့လိုက်တယ်။

ခံတပ်ထဲက မှော်ဆရာတွေ မရပ်မနား အော်ရွတ်သံ ထွက်နေတယ်။ ဒါပေမယ့် အနှိုင်းမဲ့ တားမြစ်မန္တန်ရဲ့ စွမ်းအား ကုန်တဲ့အထိ တုန့်ပြန်နိုင်မယ့် မှော်ပညာ တစ်ခုမှမရှိနိုင်ဘူးဆိုတာ ကျုပ်သိနေတယ်။ မြင်နေရတဲ့ မြင်ကွင်း ကြောက်စရာကောင်းချက်တော့ ဘာတွေကို အသုံးချရမယ်မှန်းတောင် မသိတော့ဘူး။ ကောင်းကင်းရော မြေပြင်ပါ ဖျက်စီးပစ်နိုင်တဲ့ စွမ်းအားကြောင့် ကျုပ်တို့တွေ တုန်လှုပ်ခြောက်ခြားရတာတော့ အမှန်ပဲ။ ကျုပ်တော့ သွားပြီလားမသိဘူး။ စေ့စပ်ညှိနှိုင်းရေး အောင်မြင်ဖို့အတွက် အသက်ပေါင်း သောင်းနဲ့ချီ စတေးလိုက်ရတယ်။ ပြိးတော့ အဲ့လိုမျိုး အသက်ပေါင်းများစွာ သေရတာကလဲ အနှိုင်းမဲ့ စွမ်းအားကြောင့်ဗျ။ ကိုယ့်စိတ်ကိုယ် တည်ငြိမ်အောင် အသက်ပြင်းပြင်း ရှူလိုက်ရတယ်။ အကျိုးဆက်အတွက်တော့ ကျုပ်အနေနဲ့ စိတ်ပူ မနေပါဘူး။ ဒါမှပဲ မိစ္ဆာနဲ့ တိုက်ပွဲအတွက် မျိုးနွယ်တွေ ရှင်သန်နိုင်မှာလေ။

လျှပ်စီးခံတပ်ရဲ့ ကျောဘက်မှာ အသံကျယ်ကြီး တစ်ခု ထွက်လာတယ်။ ကျုပ် အတွေးမဆုံးခင်မှာပဲ ကမ္ဘာကြီးရဲ့ အခိုင်မာဆုံး ခံတပ်တံတိုင်းတွေ ပြုကျသွားလို့ လှည့်ကြည့်ပြီး အံ့ဩရသေးတယ်။ အဓိက တရားခံက ကျုပ်တို့ ခြေထောက်အောက်က အက်ကွဲကြောင်းကြီးကြောင့်လေ။ အက်ကြောင်းကြီး ကတော့ ထပ်ကျယ်မလာ တော့‌ဘူး။ အဲ့အက်ကွဲကြောင်း အဆုံးက လျှပ်စီးခံတပ် တံတိုင်းမြို့ရိုးအောက်ထိ ရောက်နေတာကိုး။

ကောင်းကင်မှာ အဝါရောင်ဖုန်လုံးတွေနဲ့ ပြည့်နေတော့ ဘာမှမမြင်ရဘူး။ လက်ရှိအခြေအနေတွေ သေချာမြင်ရဖို့ မဖြစ်နိုင်ဘူး။ တားမြစ်မန္တန်ရဲ့ စွမ်းအားက တဖြည်းဖြည်း အားနည်းလာတာတော့ ကျုပ်ခံစားမိနေတယ်။ သိပ်မကြာချင် ပျောက်သွားမျာပါ။ တားမြစ်မန္တန် ပျောက်သွားတာတောင် မှော်ဒြပ်စင်တွေ လှုပ်ရှားနေတာက ကျန်နေတုန်းပဲ။ ကျုပ်ခန္ဓာကိုယ်ထဲက စွမ်းအားတွေကို တိုက်ပွဲစိတ်ဝိညာဉ်အဖြစ် ပြောင်းထားတာဆိုတော့ လောလောဆယ် စွမ်းအား စုပ်ယူလို့ မဖြစ်နိုင်သေးဘူး။ ကျုပ်ကျင့်ကြံမှုက အဖွဲ့ထဲမှာ အမြင့်ဆုံးပဲ။ ဒါပေမယ့် တားမြစ်မန္တန် အသက်သွင်းတုန်းကလဲ စွမ်းအား အကုန်ဆုံးလေ။ ကျုပ်ခန္ဓာကိုယ် တော်တော်လေး အားနည်းနေပြီ။ ဒါပေမယ့်လဲ လုပ်စရာရှိတာတွေ မပြီးခင်တော့ ပြုတ်ကျမသွားနိုင်ဘူးဆိုတာ သေချာသိနေတယ်။

အချိန်ကောင်းမဟုတ်သေးလို့ နည်းနည်းမှ လှုပ်ရှားလို့ မဖြစ်သေးဘူး။ ဖုန်မှုန့်တွေ တိမ်တွေ ကင်းစင်တဲ့အထိ အေးအေးဆေးဆေး ကြည့်နေယုံပေါ့။ နာရီဝက်လောက်ကြာမှ တဖြည်းဖြည်းချင်း မြင်လာရတော့တယ်။ အဲ့နာရီဝက်အတွင်း လျှပ်စီးခံတပ်ဘက်က ဒါမှမဟုတ် နတ်ဆိုးနဲ့ သားရဲမျိုးနွယ်အဟာမိတ်အဖွဲ့ရဲ့ လူသန်းပေါင်းများက ဘာဆို ဘာအသံမှကို ထွက်မလာကြတာ။

မြင်ကွင်းက ကျုပ်ထင်ထားတာထက်ကို ပိုကြောက်ဖို့ ကောင်းနေတယ်။ ပင်လယ်ကြီးတစ်ခု ကွင်းပြင်နှစ်ဖက်စလုံးကို ဆက်သွယ်ထားတယ်။ ပင်လယ်နှစ်ဖက်မှာလဲ အက်ကွဲကြောင်းလေးတွေမှ အများကြီး။ အရှည်ဆုံးလို့ ပြောရရင် မြို့ရိုးရဲ့ (၅)ပုံ (၁)ပုံလောက်ကို ဖျက်စီးခဲ့တဲ့ အက်ကွဲကြောင်းကြီးပေါ့ဗျာ။ ပင်လယ်ထဲကနေ အငွေ့တွေ ဆက်တိုက်ထွက်နေတာနဲ့အမျှ အားလုံးလဲ ကိုယ့်ကိုကိုယ် မနည်းထိန်းနေရတယ်။ ပင်လယ်နားကို သွားလိုက်ပြီး ငြိမ်နေတဲ့ မှော်ဒြပ်စင်တွေ စုပ်ယူဖို့ ခန္ဓာကိုယ်ထဲက စွမ်းအားတွေ ဖြန့်ထုတ်လိုက်တော့တယ်။

ပင်လယ်နားရောက်သွားတော့ ပိုတောင် တုန်လှုပ်မိသွားသေးတယ်။ ဘယ်လောက်ထိ နက်မယ်ဆိုတာ မသိနိုင်ဘူး။ အောက်ငုံ့ကြည့်တော့ အောက်ခြေမှာ အနီရောင် မျဉ်းကြောင်း တစ်ခုပဲ မြင်နေရတယ်။ ပတ်ဝန်းကျင် လေထုမှာလဲ အပူချိန် မြင့်လာတယ်။ အနီရောင်မျဉ်းက ဘာလဲဆိုတာ သိလိုက်တော့ အသက်ရှူတောင် ကြပ်လာမိတယ်။ ချော်ရည်တွေ၊ မီးတောင် ချော်ရည်တွေဗျ။ ထသာ ပေါက်ကွဲရင် စိတ်ကူးလို့တောင် မရနိုင်တော့ဘူး။ ဒါပေမယ့်လဲ ဟိုးအောက်ခြေ အနက်ကြီးထဲမျာဆိုတော့ ကုန်းပေါ်ရောက်ဖို့ မလွယ်လောက်ပါဘူးလေ။

အဲ့ပြဿနာ စဉ်းစားဖို့ အချိန်မဟုတ်သေးဘူးဆိုတော့ လူအုပ်ထဲ ပြန်လာလိုက်တယ်။ လျှပ်စီးခံတပ်ကို ပျံလာတုန်းမှာမှာ အားလုံးကို အချက်ပြပြီး အားနည်းနေတဲ့ ကျုပ်ခန္ဓာကိုယ်ထဲကနေ ရွှေရောင် အလင်းတန်းတစ်ခု ထုတ်လွှတ်ပြီး အတောင်(၃)စုံ တဖြတ်ဖြတ် ခတ်လိုက်တယ်။

ပြိုကျနေတဲ့ မြို့ရိုးနားမှာ တလူ၊ အိုက်ရှားက တပ်တွေနဲ့ ခယ်ကျာ၊ မာခယ်နဲ့ (၃)နိုင်ငံ အဆင့်မြင့် အကြီးအကဲ၊ အရာရှိတွေ မြို့ရိုးကို ကြည့်နေတာ တွေ့လိုက်ရတယ်။

ကျုပ် အသက်ရှူပုံမှန်ပြန်ဖြစ်သွားပြီး မှော်စွမ်းအားတွေ ထုတ်လွှတ်ပြီး အသံကျယ်ကျယ်နဲ့..

“ဧကရာဇ် ခယ်ကျာ.. မင်းအပြစ် မင်းသိရဲ့လား..”

ခယ်ကျာ ခန္ဓာကိုယ် တုန်သွားပြီး ခေါင်းမော့လာတဲ့အချိန် မျက်ဝန်းထဲမှာ ထိတ်လန့်မှုတွေ အပြည့် မြင်လိုက်ရတယ်။ ကျုပ်တို့တွေ ဖန်တီးလိုက်တာက သူမျှော်လင့်ထားတာထက် ကျော်သွားတာကိုး။

“နတ်ဘုရား ဘုရင်ရဲ့ ရည်ရွယ်ချက်က လူသား(၃)နိင်ငံ၊ နတ်ဆိုးနဲ့ သားရဲမျိုးနွယ် ပြန်လည်ပေါင်းစည်းဖို့ပဲ။ ခယ်ကျာ ပြန်ဖြေချင်တဲ့ အချိန်ထိ ကျုပ်မစောင့်နိုင်ဘူး။ ခင်ဗျားက ကိုယ်ရေးကိုယ်တာ အကျိုးအတွက် ကပ်ဆိုးတစ်ခု ဖြစ်လုနီးပါးပဲ။ လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး ဘာအတွေးမှ မရှိဘူး။ အားလုံး မြင်လိုက်ရတာက နတ်ဘုရား စွမ်းအားတွေပဲ။ ငါတို့က လောကကြီး ကောင်းကျိုးနဲ့အတူ ရလဒ်ကောင်းတွေ အောင်မြင်ပြီးမြောက်ဖို့အတွက် သံတမန်အနေနဲ့ နတ်ဘုရားစွမ်းအားတွေကို ကြိုက်သလို သုံးလို့ရတယ်။ ခင်ဗျားသာ လမ်းမှားဆက်လျှောက်နေရင် ကျုပ်တို့တွေ နတ်ဘုရားစွမ်းအား ပြန်ပြီး အသက်သွင်းမယ်။ လျှပ်စီးခံတပ်နဲ့ဆို ဘေးကင်းမယ်လို့ ခင်ဗျား ထင်ကောင်းထင်နိုင်ပေမယ့် တားမြစ်မန္တန်သုံးလိုက်မယ်ဆိုရင် ဘာဖြစ်လာမလဲ ခင်ဗျားသိမှာပါ။ နတ်ဘုရား ဘုရင်ရဲ့ ဂရုဏာကြောင့် အစောက သတိပေးယုံ သတိပေးလိုက်တာ။ ခင်ဗျားဆုံးဖြတ်ချက် ကျုပ်ကြားချင်နေပြီ။ ပြန်လည် ပေါင်းစည်းမလား၊ ဒါမှမဟုတ် မပေါင်းစည်းဘူးလားဆိုတာ အခုရွေးတော့..”

============= (*^*)=============

အပိုင်း( ၂၈၉ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters