စိတ်အေးလက်အေး ပြန်သွားချင်း
Vol. 20 Ch. 290
Child of light (ကျန်းကုန်း)
Volume 10: Chapter 37 - Relaxed Back
ကျုပ် ခေါင်းကုတ်ပြီး..
“တားမြစ်မန္တန် အသက်သွင်းလိုက်တာနဲ့ ဘာတွေဖြစ်မယ်ဆိုတာ ငါတကယ်မသိဘူး။ အစကတော့ လူသား(၃)နိုင်ငံကို နတ်ဘုရားစွမ်းအား ပြယုံလေးပဲ။ တားမြစ်မန္တန် အဲ့လောက်ထိ အစွမ်းထက်မယ် ဘယ်သူထင်မှာလဲ။ ငါတို့ မကျွမ်းကျင်သေးတာ ကံကောင်းတယ်။ အဲ့လိုသာမဟုတ်ရင် လျှပ်စီးခံတပ် လုံးလုံး ပျက်စီးလိမ့်မယ်”
မူကျီ အံ့အားသင့်သွားပြီး..
“ဘာရယ်.. နင် မကျွမ်းကျင်သေးဘူးလား.. မကျွမ်းကျင်သေးတာတောင် အရမ်း အံ့ဩဖို့ကောင်းနေပြီ.. သူ့စွမ်းအား အပြည့်သာဆို ကမ္ဘာကြီးတောင် ပျက်စီးသွားလောက်မယ်”
ကျုပ်လဲ ကူကယ်ရာမဲ့ ခေါင်းညိတ်ပြပြီးမှ..
“အဲ့လိုဖြစ်ဖို့ အလားအလာများတယ်။ တားမြစ်မန္တန်က ငါတို့ (၆)ယောက်ပေါင်း စွမ်းအားနဲ့ ညီတယ်လေ။ မြင့်မြတ်စွမ်းအားတွေ ဖော်ထုတ်တဲ့အချိန် ငါတို့ စွမ်းရည်တွေ မြှင့်လိုက်မယ်ဆို ပိုတောင် စွမ်းအားကောင်း သွားအုံးမယ်။ ငါတို့ စွမ်းအားတွေ အားကောင်းလာရင် နိုးထလာမယ့် စွမ်းအားကလဲ ကြီးလာမှာပဲ။ ငါ့ သန့်ရှင်းသောဓားက တားမြစ်မန္တန်အတွက် အဓိက သော့ချက်ပဲ။ မန္တန်အတွက် လိုအပ်တဲ့ စွမ်းအားတွေမှာ ငါကိုင်ထားရတဲ့ စွမ်းအားက အရမ်းကွာခြားတယ်။ ကျန်းဟူနဲ့ ကျန်တဲ့သူတွေ သူတို့ နတ်ဘုရားလက်နက်ကို အပြည့်အဝ အသုံးမချနိုင်သေးဘူးလေ။ ငါမှန်းကြည့်ရသလောက်ဆို အခုတွေ့လိုက်ရတာက တားမြစ်မန္တန်ရဲ့ (၄၀)ရာခိုင်နှုန်းထက် မပိုလောက်ဘူး..
ကောင်မလေး တုန်လှုပ်မနေနဲ့ မိစ္ဆာမျိုးနွယ်ရဲ့ စွမ်းအားကို နင်မြင်ပြီးသားပဲလေ.. လောလောဆယ် မိစ္ဆာဘုရင်ရဲ့ ခြေရာလက်ရာ မတွေ့ရသေးပေမယ့် နတ်ဆိုးဘုရင် မာနတ် ခန္ဓာကိုယ်ကို သုံးနေတဲ့ သူ့ငယ်သားတောင် စွမ်းအား အရမ်းကောင်းနေပြီ။ မိစ္ဆာဘုရင်ရဲ့ စွမ်းအားနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့ရမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နတ်ဘုရားဘုရင်က ငါတို့ကို မိစ္ဆာဘုရင်နှိမ်နင်းဖို့ တာဝန်ပေးလိုက်တာနဲ့ ပတ်သက်ပြီး ရည်ရွယ်ချက်တွေ ရှိလောက်သေးတယ်။ ပြီးတော့ မိစ္ဆာဘုရင်အတါက် ဒီတားမြစ်မန္တန်ဆိုတော့ ကြောက်စရာစွမ်းအား ရှိမှာပဲလေ”
မူကျီ လန့်ပြီး တော်တော်ကြာမှ..
“ငါ နင်နဲ့ အတူတူနေရအောင် မိစ္ဆာဘုရင်ကို နှိမ်နင်းနိုင်ဖို့ တကယ်ကို မျှော်လင့်တယ်”
ပြီးတော့ ရှက်ပြီး စကားဆက်မပြောတော့ဘူး။
ကျုပ်လဲ သူ့ကို ဘာမှပြန်မပြောဘဲ ကျစ်နေအောင် ဖက်ထားလိုက်တယ်။ နောက်ဆုံးတော့ လတ်တလော တာဝန် အောင်မြင်သွားပြီပေါ့။ ကမ္ဘာပေါ်က အကြီးကျယ်ဆုံး မျိုးနွယ်(၃)ခုတော့ စည်းလုံးသွားကြပြီပေါ့။ အခုချိန်ကစပြီး ကျုပ်တို့စွမ်းအားတွေ အဆက်မပြတ် တိုးတက်အောင် မြှင့်တင်ဖို့ပဲ လိုတော့တယ်။ မိစ္ဆာဘုရင် ပေါ်လာတာနဲ့ အရာအားလုံး နိဂုံးချုပ်သွားလိမ့်မယ်။ ဒီအတိုင်းကလွဲရင် ပိုကောင်းတဲ့ နည်းလမ်းမှ မရှိတာကို။ လောလောဆယ် နတ်ဘုရားမျိုးနွယ်မှာ ချိပ်ပိတ်ခံထားရတဲ့ မိစ္ဆာဘုရင်ခန္ဓာက ရုန်းကန်နေတာဆိုတော့ နတ်ဘုရားလုရင်လဲ မိစ္ဆာဘုရင်ကိုယ်ပွား နေရာကို သိမှာမဟုတ်ဘူး။
တော်တော်လေးကြာမှ မူကျီကို..
“နိုးလာပြီဆိုတော့ ညီအစ်ကိုတွေကို တွေ့ဖို့ ခေါ်သွားပေးပါလား..”
မူကျီ ခေါင်းညိတ်ပြီး ကျုပ်ရင်ခွင်ထဲက ထွက်လိုက်တယ်။ ကြွက်သားတွေ နာနေပေမယ့် အကြင်နာဆုံး ပြုံးပြီး..
“တော်တော် ကောင်းသွားပြီ.. သွားရအောင်..”
စုက္ကရေးကိုကိုင်ပြီး စခန်းထဲကနေ မူကျီနောက် လိုက်လာခဲ့လိုက်တယ်။ ကင်းလှည့်နေတဲ့ တပ်သားတွေ ကျုပ်တို့ကိုတွေ့တော့ သူ့တို့မျက်ဝန်းထဲမှာ ရိုးသားမှုအပြည့်နဲ့ ချက်ချင်း အရိုအသေပေးကြတယ်။
စခန်းနည်းနည်း ဖြတ်ပြီးမှ ကျန်းဟူနဲ့ ကျန်တဲ့သူတွေ နေတဲ့ နေရာကို ရောက်တော့တယ်။
စခန်းထဲဝင်လိုက်တော့ အားလုံးရှိနေတာ တွေ့လိုက်ရတယ်။ ခယ်လွင်သောင် သူတို့ကို တစ်ခုခုပြောနေတဲ့ပုံနဲ့ အားလုံး စိတ်အေးလက်အေး ပြုံးနေကြလေရဲ့။ ဘာပြောပြော ကိစ္စကြီးတစ်ခု ပြီးသွားပြီဆိုတော့ အားလုံး အာရုံဖြေလျော့ သင့်တာပဲလေ။
“ကျန်းကုန်း မင်းနိုးလာပြီလား..”
ကျန်းဟူ အရင်းဆုံးမေးတာ။ ကျုပ်လဲ ပြုံးရင်းနဲ့ သူ့နား ဝင်ထိုင်လိုက်တယ်။
“အစ်ကိုကြီး ကျန်းဟူ မင်းတို့တွေရော အားလုံး အဆင်ပြေရဲ့လား..”
ကျန်းဟူ ကြောက်နေတဲ့ ပုံစံနဲ့..
“တားမြစ်မန္တန် တော်တော် ကြောက်စရာကောင်းတယ်။ ငါတို့တွေ မန္တန်သုံးလိုက်တုန်းက တိုက်ပွဲနတ်ဘုရား ချပ်ဝတ်က လုံးလုံး ထိန်းချုပ်ထားသလို ခံစားလိုက်ရတယ်။ အဲ့တုန်းက ငါဖြင့် ချက်ချင်း လဲကျတော့မလိုပဲ။ အစောင့်တပ်သားတွေ ငါ့ခန္ဓာကိုယ်ထဲကို တိုက်ပွဲစိတ်ဝိညာဉ်တွေ ထည့်ပေးဖို့ ကြိုစီစဉ်ထားတဲ့ မင်းအစီအစဉ် ကောင်းသွားလို့ဟေ့။ အဲ့လိုမှ မဟုတ်ရင် နတ်ဆိုးနဲ့ သားရဲမျိုးနွယ် မဟာမိတ်စခန်း ရောက်တဲ့အထိ ငါ့ကိုယ်ငါ ထိန်းထားနိုင်မှာ မဟုတ်တော့ဘူး..”
တုန်းရီ ရယ်မောရင်း..
“အဲဒါ ငါတို့ အားလုံး အတူတူပဲမဟုတ်ဘူးလား။ ဒီတစ်ခ် တားမြစ်မန္တန်ဆိုတာ တားမြစ်မန္တန်လို့ နားလည်သွားတာ ပေါ့ကွာ။ အဲ့နေ့ အခြေအနေ ဘယ်လိုမြင်လဲ။ မိစ္ဆာဘုရင် ဘာဖြစ်သွားလောက်မလဲ။ ဒီ ‘နတ်ဘုရား တေးသွား နိုးထခြင်း’ မန္တန်သုံးလိုက်တာနဲ့ စစ်တပ် တစ်သောင်းလောက်ရှိရင်တောင် အားလုံးကို ချေမှုန်းပစ်နိုင်လိမ့်မယ်”
ဘယ်သူမှ စကားမပြောတော့ဘဲ ရှို့စစ်ကလွဲပြီး ကျန်တဲ့သူတွေ အားလုံး ခေါင်းညိတ်ပြကြတယ်။
ကျုပ် မျက်မှောင်ကြုတ်ရင်း တုန်းရီကို..
“မင်းမှားနေပြီ..”
တုန်းရီ အံ့အားသင့်သွားပြီး..
“ဘာလို့လဲ….”
ကျုပ် အလေးအနက်နဲ့…
“ငါတို့ သုံးလိုက်တဲ့ တားမြစ်မန္တန်က စွမ်းအားကြီးတယ်ဆိုတာ ငါဝန်ခံပါတယ်။ ဒါပေမယ့် တားမြစ်မန္တန်ရဲ့ အစွမ်းကို ငါမထိန်းချုပ်နိုင်တော့ဘူးဆိုတာ မင်းသိလား။ ငါတို့ရဲ့ လက်ရှိစွမ်းအား အရမ်းအားနည်းသေးတယ်။ ငါတို့တွေ တားမြစ်မန္တန်စွမ်းအားကို မခံနိုင်သေးတဲ့အပြင် သူ့စွမ်းအားကို အပြည့်အဝ အသုံးမချနိုင်သေးဘူး။ မိစ္ဆာဘုရင်ကို လွယ်လွယ်လေး တိုက်ခိုက်နိုင်မယ် မင်းထင်နေလား။ အဲ့လောက်လွယ်ရင် နတ်ဘုရားဘုရင် အစောကတည်းက ဒုက္ခမရောက်ဘူး။ နတ်ဘုရားမျိုးနွယ်တောင် ပျက်သုဉ်းလုနီးနီး ဖြစ်သွားတယ်။ ငါတို့ လက်ရှိစွမ်းအားတွေ မဆိုးဘူးဆိုပေမယ့် နတ်ဘုရားမျိုးနွယ်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ ငါတို့ကြားမှာ စွမ်းအား ကွားခြားလွန်းအားကြီးတယ်။ မိစ္ဆာမျိုးနွယ်ကို နတ်ဘုရားမျိုးနွယ် ခက်ခက်ခဲခဲ ကိုင်တွယ် ဖြေရှင်းခဲ့ရတာကို ငါတို့ ဘာလို့ ထည့်မစဉ်းလို့ ရမလား။ ဒါ့ကြောင့် ငါတို့တွေ မျက်စီစုံမှိတ် ကောင်းနေလို့မရဘူး။ ငါတို့စွမ်းအားတွေ အချိန်နဲ့အမျှ တိုးမြှင့်ဖို့ လုပ်မှရမယ်။ ငါတို့တွေ အခြေစိုက်စခန်း ပြန်ရောက်တာနဲ့ အလင်းနတ်ဘုရား အမွေအတွက် အလင်းနတ်ဘုရားချိုင့်ဝှမ်းကို ချက်ချင်းသွားမယ်လို့ ဆုံးဖြတ်ထားတယ်။ မင်းတို့တွေလဲ စစ်ပွဲနတ်ဘုရား အဆင့်အထိ ရောက်ဖို့ ကြိုးစားသင့်တယ်”
တုန်းရီ ခေါင်းငုံပြီး မယုံကြည်နိုင်ပုံနဲ့ တတွတ်တွတ်ရွတ်နေတယ်။
“အဲ့လောက်ထိအောင် မဆိုးရွားလောက်ပါဘူး..”
ရှို့စစ် ထရပ်ပြီး ကျုပ်ကို ကြည့်ရင်း..
“မဟုတ်သေးဘူး… ကျန်းကုန်း ပြောတာထက်ကို ပိုဆိုးတယ်။ သူပြောတာ အမှန်ပဲ။ မိစ္ဆာဘုရင်ရဲ့ စွမ်းအား ဘယ်လောက် ပြင်းထန်မယ်ဆိုတာ ငါတို့ တကယ်ကို မသိဘူး။ သူက ပုန်းနေတယ်။ နတ်ဘုရားဘုရင် ငါတို့ကို ပေးထားတဲ့ တာဝန်ကို ပြီးမြောက်ဖို့ အခုချိန်မှာ ငါတို့ အားလျော့ထားလို့ မရဘူး”
အစ်ကိုကြီး ရှို့စစ်နဲ့ ကျုပ် အတွေးတူတယ်ဗျ။ ကျုပ် ပြုံးရင်းနဲ့..
“အားလုံး စွမ်းအား ပြန်ကောင်းမလာသေးတဲ့အတွက် ဒီမှာပဲ ရက်နည်းနည်း ဆက်နေတာပေါ့။ အားလုံး ဒဏ်ရာတွေ ပြန်ကောင်းလာရင် ပြန်ဖို့ ပြင်ရမယ်။ အားလုံး အနားယူကြအုံး။ ငါ လျှပ်စီးခံတပ်ကို သွားရအုံးမယ်”
အားလုံးရှေ့မှာပဲ မူကျီလက်ကို ကိုင်ပြီး ထွက်လာခဲ့လိုက်တယ်။
“နင့်ကို ငါနဲ့ လိုက်ခဲ့ဖို့ ခေါ်လာတာ။ ဟိုက အခြေအနေတွေ ကြည့်ချင်သေးတယ်။ ရှောင်ရှင်းနဲ့ ရှောင်ရို့ ရှိနေသေးတယ်လေ။ သူတို့ကို ခေါ်ရအုံးမယ်”
“ကောင်းပြီ.. သွားကြတာပေါ့.. အာ.. ဟုတ်သားပဲ .. နင် အခု ပျံနိုင်ပါအုံးမလား..”
ကျုပ် ရယ်ရယ်မောမောနဲ့..
“ငါ ဒီလောက် မပျော့ပါဘူးဟ။ နီးနီးလေး ပျံဖို့လောက်တော့ ပြဿနာမရှိလောက်ပါဘူး..”
ပြောပြီးတာနဲ့ မူကျီ ခါးကို ဖက်လိုက်တယ်။ ကျုပ်ခန္ဓာကိုယ်ထဲက စွမ်းအားတွေ ရုန်းထွက်လာပြီး မြေပြင်ကို ကန်တက်လိုက်တာပေါ့။ ရွှေရောင် အလင်းတန်းနဲ့အတူ ကျုပ်တို့ တွေ ကောင်းကင်မှာ လွှင့်မျောသွားတယ်။ မူကျီ အထိတ်တလန့်နဲ့ အောနေတုန်းမှာပဲ နတ်ဆိုးနဲ့ သားရဲ မဟာမိတ်စခန်းကနေ လျှပ်စီးခံတပ်ဆီ ဦးတည်သွားလိုက်တာ့တယ်။
============= (*^*)=============
အပိုင်း( ၂၉၁ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား