အခြေခံ အကြောင်းတရား
Vol. 20 Ch. 294
Child of light (ကျန်းကုန်း)
Volume 11: Chapter 2 - This Kind of Base
မူကျီ အားလုံးကို ဝေ့ကြည့်ပြီးမှ ..
“ငါတို့ စုဆောင်းမယ့် အရေအတွက်ကို ကန့်သတ်ထားဖို့လိုတယ်။ အဲ့ဒါဆို ဆက်ထိန်းထားဖို့ ပြဿနာ မရှိတော့ဘူး။ အတူနေလာတာကြာပြီဆိုတော့ တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွေလဲ ရှိလာကြမှာပဲ။ အားလုံး အတူတူ နေနိုင်ရင် အကောင်းဆုံးဖြစ်လိမ့်မယ်။ မိစ္ဆာဘုရင်ကို သုတ်သင်ပြီးတာနဲ့ ထွက်သွားချင်တဲ့သူ ရှိရင် ငွေကြေးနည်းနည်း ဆုချပြီး ပြန်ခွင့်ပေးလိုက်မှာပဲ။ နတ်ဘုရားကျေးရွာအသစ်မှာ ဆက်နေချင်သူတွေ ကတော့ ငါ့အစီအစဉ်အတိုင်း နေကြမှာပေါ့။ ဒါ ကျန်းကုန်းစကားကြားပြီး အကြမ်းမျဉ်းတွေးမိထားတာ။ ငါတို့တွေ အားလုံးနဲ့ တိုင်ပင်ပြီး စည်းကမ်းချက်တွေ တိတိကျကျ ချဖို့လိုလိမ့်မယ်။ ငါ ဒီထက် ပိုပြောရင် အားလုံး ဝိုင်းရယ်တာ ခံရလိမ့်မယ်..”
ပြောပြီးတာနဲ့ မူကျီ ကျုပ်ဘက် ပြန်ဆုတ်လာတယ်။
ကျန်းဟူ ရယ်ရင်းနဲ့..
“ငါ့ညီ မိန်းမရယ် နင် အဲ့လောက် ယဉ်ကျေးနေဖို့ မလွယ်ပါဘူး။ ဘာကိစ္စလှောင်ရမှာလဲ။ နင်ပြောတဲ့ အကြံအစဉ်က တကယ့်ကို အံ့မခန်းပဲ။ နင့်အစီအစဉ် ငါသဘောတူတယ်ဟေ့။ အဲ့ကိစ္စ ပြန်ရောက်ရင် အကြီးအကဲတွေနဲ့ ဆွေးနွေးမှ ရမယ်..”
ရှို့စစ် ပြုံးရင်းနဲ့..
“မူကျီ.. တကယ့်ကို နတ်ဆိုးမျိုးနွယ် မင်းသမီး ပီသပါပေတယ်။ အကျိုးအကြောင်း စဉ်းစားတာ ကောင်းလွန်းတယ်။ နင့်အစီအစဉ် မဆိုးဘူးဟ ငါလဲ သဘောတူတယ်..”
မူကျီ စကားပြောလိုက်တာ အားလုံးနဲ့ မကင်းကွာဘဲ လွယ်လွယ်ကူကူ ပေါင်းသင်နိုင်လိုက်တယ်ဆိုတော့ ကျုပ်လဲတိတ်တိတ်လေး ဝမ်းသာသွားတာပေါ့။ သူတွေးတာ ကျုပ်ထက် အများကြီး ပိုကောင်းနေသေးတယ်။ ကျုပ် ခေါင်းညိတ်ရင်းပြီး…
“ကောင်းပြီလေ.. နောက်ထပ် ဘယ်သူမှ ပြောစရာ မရှိတော့ရင် အစီအစဉ်အတိုင်း ဆက်သွားကြတာပေါ့..”
အခြေစိုက်စခန်းအတွက် အနာဂါတ်အစီအစဉ်တွေ ဆုံးဖြတ်ချက်ချပြီးတဲ့အချိန် ကျုပ်တို့အဖွဲ့ရှေ့မှာ လူ(၁၀)ယောက်ကျော်လောက် ပေါ်လာပြီး ညီညီညာညာနဲ့..
“နတ်ဘုရား တမန်တော်တွေကို နှုတ်ခွန်းဆက်ပါတယ်…”
“ငါတို့အားလုံး ညီအစ်ကိုတွေပါပဲလေ။ ဒါကိုပဲ မင်းတို့ ဘာလို့ ယဉ်ကျေးနေကြတာတုန်း။ ငါတို့ အခြေစိုက်စခန်းရော ဘယ့်နှယ့်လဲ..”
အဲ့တော့မှ သူတို့ဆယ်ယောက်ကျော် ခန္ဓာကိုယ်တွေ ပြန်မတ်ပြီး သူတို့ထဲက တစ်ယောက်က..
“အခြေစိုက်စခန်းက အခြေအနေကောင်းပါတယ်။ မင်းတို့တွေ တောင်းတန်းပေါ် ရောက်လာကတည်းက လှည့်ကင်းအဖွဲ့က တွေ့ထားပြီးသား။ မင်းတို့ကို ကြိုဖို့ အကြီးအကဲတွေကို သတင်းသွားပို့ခိုင်းပြီး လူနည်းနည်းနဲ့ လာကြိုတာ။ လျှပ်စီးခံတပ်က အဖြစ်အပျက်တွေ အခြေစိုက်စခန်းထဲမှာ သတင်းကို မွှေးလို့။ အားလုံ မင်းတို့စွမ်းအားတွေကို လေးစားနေကြတယ်လေ”
ရှို့စစ်က..
“ငါတို့ကြိုဖို့အတွက်နဲ့ အကြီးအကဲတွေကို ဘာလို့ ဒုက္ခပေးရမှာလဲ။ ကျန်းကုန်းရေ ငါတို့တွေ အရှိန်မြှင့်လိုက်ရအောင်..”
ကျုပ်ခေါင်းညိတ်ပြီး အားလုံးကို အမိန့်ပေးလိုက်တယ်။
“အစ်ကိုကြီး ရှို့စစ် ငါတို့ ပြန်ရောက်ရင် အံ့ဩစရာပေးမယ်လို့ မင်းပြောခဲ့သေးတယ်မို့လား။ အခု ပြောလို့ရပြီ မို့လား”
ရှို့စစ် ရယ်ရင်းနဲ့..
‘အခု မပြောနိုင်သေးဘူး။ အခြေစိုက်စခန်း ရောက်တော့ သိလိမ့်မယ်”
“နင် တော်တော် လျှို့ဝှက်တာပဲ။ အခုကို ဘာလဲဆိုတာ ငါသိချင်နေပြီ”
ကျုပ်ဘေးက မူကျီတောင် ဝင်ပြောနေပြီ။
စုက္ကရေးကို သုံးပြီး လေထဲမှာ ပျံနေတဲ့ ရှောင်ကျင်းကို လှမ်းခေါ်လိုက်တယ်။
“မေ့လိုက်တော့.. မကြာခင် သိရမှာပဲ..”
ပြောရင်းဆိုရင်းနဲ့ အခြေစိုက်စခန်းကို ပြန်ရောက်လာလိုက်ကြတယ်။ ရက်တော်တော်ကြာ ခွဲခဲ့ရတဲ့ အိမ်ကို ဒီတစ်တောင် ကျော်ယုံပဲ လိုတော့တယ်။ အဲ့အချိန်မှာပဲ လူ(၃၀၀)လောက်ပါတဲ့ အဖွဲ့တစ်ဖွဲ့ တောင်ထိပ်မှာ ပေါ်လာတယ်။ ခေါင်းဆောင်ထားတာက အကြီးအကဲ (၅)ယောက် ပေါ့ဗျာ။ သူတို့နောက်က လူအုပ်ကြီး တစ်ညီတစ်ညွတ်တည်း….
“နတ်ဘုရားတမန်တော်နဲ့ ညီနောင်တွေ ပြန်လာတာ ကြိုဆိုပါတယ်..”
ကျုပ်တို့တွေ တောင်ပေါ်ကို အပြေးတက်သွားလိုက်ကြတယ်။ အကြီးအကဲတွေနဲ့ ဒီတစ်ခေါက်တွေ့ရတာ ကို့ယို့ ကားယားကြီးဗျာ။ သူတို့မျက်နှာမှာ နည်းနည်း ခက်ခဲပေမယ့် အားမာန်အပြည့်နဲ့ နှလုံးသားကလဲတဲ့ ဖြူစင်မှုအပြည့် အပြုံးတွေနဲ့ ပီတိတွေ ဖြစ်နေကြလေရဲ့။
“အကြီးအကဲတို့ ကျုပ်တို့ ပြန်လာပြီ..”
အကြီးအကဲက..
“ကျန်းကုန်း ဒီတစ်ကြိမ် မင်းကောင်းကောင်း လုပ်နိုင်သွားပြီပဲ။ အာ.. မင်းမျက်နှာ တကယ်ကြီးပဲ…..”
ကျုပ် အပြုံးမပျက်ဘဲ..
“အားလုံး ပြီးသွားပါပြီ။ ဒီကိစ္စတွေ အသေးစိတ် သိထားကြပုံပါလား”
“သတင်းစုဆောင်းတယ်ဆိုတာ ငါတို့အတွက် အရမ်း အရေးကြီးတယ်လေ။ တိုက်ကြီးပေါ်က သတင်းအမျိုးမျိုး စုဆောင်းဖို့အတွက် အယောက်(၁၀၀)တပ်ဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်းထားတယ်လေ။ ငါတို့တွေ အခြေစိုက်စခန်း အမြန် ပြန်ကြစို့”
ကျုပ်တို့နောက်က (၅၀၀)ရှိတဲ့ လူအုပ်ကြီးနဲ့ ဆုံသွားတော့ ပွဲစည်သွားတာပေါ့။ အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ တောင်တက်ပြီး စခန်းကို သွားလိုက်ကြတယ်။
တောင်ခြေကို လှမ်းကြည့်လိုက်တော့ တုန်လှုပ်သွားမိတယ်။ ဒီရွာက ကျုပ်တို့ ထွက်လာတုန်းက နွမ်းလျလျရွာလေးနဲ့ လုံးဝမတူတော့ဘူး။ တစ်ရွာလုံးကို သေချာမြင်ရပြီး ပတ်ပတ်လည်က တောင်တန်းတွေက တံတိုင်းကြီးတွေလိုပဲ။ တစ်ရွာလုံးမှာ အစုအစု ခွဲထားသေးတယ်။ အရှေ့ဘက်ခြမ်းမှာ ကျောက်တုံးအိမ်တွေနဲ့ ပြည့်နေပြီး အနောက်ဘက်ခြမ်းမှာ သီးနှံတွေနဲ့ ပြည့်နေတဲ့ နေရာတွေ၊ လေ့ကျင့်သင်ကြားနေတဲ့ ရာနဲ့ချီတဲ့လူတွေ တောင်ဘက်က ကွင်းပြင်ကြီးကို သွားနေကြလေရဲ့။ ရွာရဲ့ မြောက်ဘက်ခြမ်းမှာ လက်ရှိမှာကိုပဲ လူတစ်ထောင်ကျော် တန်းစီပြီး စနစ်တကျ လေ့ကျင့်နေကြလေရဲ့။
အကြီးအကဲက..
“ကျောက်တုံးအိမ်တွေက ပိုခိုင်ခန့်တဲ့အတွက် သစ်သားအိမ်တွေကို ပြင်ဆောက်လိုက်တာ။ အခုဆို အနီးပတ်လည်က တောင်တန်း တလျှောက်မှာ ကင်းစခန်းတွေ ရှိတယ်။ နေ့တိုင်း စစ်သည်(၃၀၀)လောက် ဆက်တိုက် ကင်းလှည့်နေတယ်။ အားလုံး အလှည့်ကျ လယ်ယာလုပ်ငန်း ဝင်ကြရတယ်။ အခြေစိုက်စခန်းမှာ ပုံမှန်လည်ပတ်ဖို့ နည်းလမ်းရှိနေပြီ”
ကျုပ်လဲ စိတ်တွေ လှုပ်ရှားပြီး..
“အကြီးအကဲ.. ခင်ဗျားတို့ တကယ်ကို ဒုက္ခများသွားတာပဲ။ အချိန်တိုတိုနဲ့ ဒီလောက်ထိ အခြေခံ အုတ်မြစ် တည်နိုင်လိမ့်မယ် ထင်မထားမိဘူး။ ကျုပ်တို့ စခန်းက ထွက်သွားတုန်းက စခန်းမှာ လူ(၃၀၀၀)လောက်ရှိတယ်လို့ အစ်ကိုကြီး ရှို့စစ်ဆီက ကြားထားတယ်။ အခု ဘယ်နှယ့်ယောက်လောက် ဖြစ်နေပြီလဲ..”
အကြီးအကဲ ပြုံးရင်းနဲ့..
“ငါတို့မှာ (၃၀၀၀)ပဲ ရှိပါသေးတယ်။ ပုံမှန်ဆိုရင် လူ(၁၀၀၀၀)အတွက် ထောက်ပံ့ဖို့ ငါတို့မှာ ပြဿနာမရှိဘူး။ ဒါပေမယ့် ငါတို့တွေ လူထပ်စုမယ်ဆိုရင် ရိက္ခာပြတ်လပ်မယ့် ပြဿနာတက်ပြီး တိုက်ပွဲအင်အား ထိခိုက်လိမ့်မယ်လို့ ငါတို့ အကြီးအကဲတွေ ယူဆထားကြတယ်လေ။ ဒါကြောင့် ငါတို့တွေ လူအင်အား (၃၀၀၀)ပဲထားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ငါတို့အဖွဲ့တွေ ပေါ်လာတာနဲ့ မိစ္ဆာဘုရင်ကို ခုခံဖို့ အဓိက အင်အားစုတွေ ဖြစ်လာလိမ့်မယ်”
ရှို့စစ်နဲ့ ကျုပ် တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ပြုံးလိုက်မိတယ်။
“အကြီးအကဲ ကျုပ်တို့လဲ အဲလို့ပဲ စဉ်းစားထားတာ။ အဟေး.. အခြေစိုက်စခန်းကို ပြန်ကြရအောင်။ အစ်ကိုကြီး ရှို့စစ် ကျုပ်ကို အံ့အားသင့်စရာ တစ်ခုပေးမယ် ပြောတယ်။ အဲ့ အံ့ဩစရာဆိုတာ ဘာလဲ တွေးနေတာ..”
အကြီးအကဲတွေ စိတ်ရှုတ်သွားတဲ့ပုံနဲ့ ရှို့စစ်ကို တပြိုင်နက်တည်း ဝိုင်းကြည့်လိုက်ကြတယ်။ ကျုပ် ရုတ်တရက် အကြံတစ်ခု ရလိုက်သလိုပဲ။
လူ (၂၀၀၀)လောက်ရဲ့ အကြည့်တွေအောက်မှာပဲ ကျုပ်တို့တွေ အခြေစိုက်စခန်းထဲ ဝင်လာလိုက်ကြတယ်။ အားလုံးကို စနစ်တကျ စီစဉ်ပေးထားတယ်ဗျ။ အကြီးအကဲ (၅)ယောက် အခြေစိုက်စခန်းအတွက် တော်တော်ကို အားထုတ်ကြိုးပမ်းခဲ့ကြတာပဲဗျ။
အဲ့နေ့ည ကျုပ်တို့ အောင်မြင်မှုကို ဂုဏ်ပြုဖို့ အခြေစိုက်စခန်းရဲ့ ကွင်းပြင်ကျယ်ကြီးထဲမှာ ပွဲတစ်ခုလုပ်ဖို့ စီစဉ်လိုက်ကြတယ်။ အလှည့်ကျ တာဝန်ကျတဲ့သူတွေကလွဲရင် အားလုံး ပျော်ကြရတာပေါ့ဗျာ။ ပွဲကျင်းပနေတုန်း အကြီးအကဲတွေကို မူကျီပြောခဲ့တဲ့ အစီအစဉ်ပြောပြလိုက်တော့ အားလုံး ခွင့်ပြုလိုက်ကြတယ်။ နတ်ဆိုးမျိုးနွယ်ကို သွားတုန်းက စိတ်ဆင်းရဲခဲ့ရသလောက် အပြန်လမ်းမှာတော့ အရမ်းကို ချောမွေ့ခဲ့တာဗျ။
ပွဲလဲ ပြီးကာနီးပြီ။ အားလုံးရဲ့ ကျင့်ကြံခြင်းအဆင့်တွေ မြင့်တာဆိုတော့ အရက်တွေ တော်တော်သောက်ထားတာ တောင် စိတ်တွေတော့ ကြည်ကြည်လင်လင် နေနိုင်ကြသေးတယ်။ အဲ့အချိန် ရှို့စစ် မတ်တပ်ရပ်ပြီး..
“ကဲ ကျန်းကုန်း.. မင်းကို ငါအံ့ဩစရာ တစ်ခု လုပ်ပေးတော့မယ်..”
============= (*^*)=============
အပိုင်း( ၂၉၅ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား