ဟိုင်ရှင်း ရောက်လာခြင်း
Vol. 20 Ch. 297
Child of light (ကျန်းကုန်း)
Volume 11: Chapter 5 - Hai Shui Arrives
‘မူကျီရေ.. နင်ဒီစာဖတ်နေတဲ့အချိန် ငါစခန်းနဲ့ အဝေးကြီး ရောက်နေလောက်ပြီ.. ဘာလို့ ထွက်သွားတယ်ဆိုတာ နင်လဲသိပြီးသား နေမှာပါ.. ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးနဲ့ သင့်မြတ်ရေးအတါက် ကာကွယ်ရမယ်လေ.. မပြောဘဲ ထွက်သွားရလို့ တောင်းပန်ပါတယ်.. ငါထွက်သွားတာသိရင် နင် နာနာကျင်ကျင် ခံစားရမယ်ဆိုတာ သိပါတယ်.. ဒါပေမယ့် ငါဘယ်မှာရောက်နေရောက်နေ ငါ့နှလုံးသားထဲမှာ နင်အမြဲပါနေတယ်ဆိုတာပဲ ငါပြောချင်တယ်.. ငါနင့်ကို အရမ်းချစ်တယ် မူကျီ.. တကယ်ပြောတာပါ.. နင့်ကိုနင် ဂရုစိုက်ရမယ်နော်.. လူသားအားလုံးအတွက်၊ နင်နဲ့ ကမ္ဘာကြီးအတွက် အလင်းနတ်ဘုရား အမွေကို ငါယူမှရမယ်.. မိစ္ဆာတွေ ပေါ်လာတဲ့အချိန် နင် လူတိုင်းကို ကူညီစေချင်တယ်… ငါတို့ နတ်ဘုရားကာကွယ်ရေးအဖွဲ့ရဲ့ စွမ်းအားနဲ့ဆို အချိန်ခနတော့ ထိန်းထားနိုင်မှာပါ.. ကျေးဇူးပြုပြီး အစ်ကိုကြီး ရှို့စစ်ကို အောက်ခြေကိစ္စတွေအားလုံး တာဝန်ယူပေးဖို့ ပြောပေးပါ.. အမွေဆက်ခံဖို့ ရှောင်ကျင်းကို ငါနဲ့အတူ ခေါ်မသွားတော့ဘူး.. ဘာလို့လဲဆိုတော့ သူဒီမှာ ရှိနေမှ ငါတို့ စွမ်းအား ပိုတိုးမှာလေ.. မူကျီရေ ငါထွက်မသွားသေးတာတောင် နင့်ကို အရမ်းလွမ်းနေမိပြီ.. ကျေးဇူးပြုပြီး ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ အချစ်ရေ..’ ‘ကျန်းကုန်းဝေ’
မူကျီ မျက်ရည်တွေ စာရွက်ပေါ်ထိ ရွဲသွားပြီ။
“ကျန်းကုန်း နင်အရမ်း မိုက်မဲလွန်းတယ်.. သွားမယ်ဆိုလဲ ဘာလို့ ပြောမသွားတာလဲလို့..”
ကျုပ်ထွကပ်သွားပြီဆိုတော့ သူလဲ ကြောင်တောင်တောင်နဲ့ ငုတ်တုတ်လေး ထိုင်နေပါလေရော။
အဲ့အချိန် ရင်းနှီးပြီးသား အသံတစ်ခု ထွက်လာတယ်..
“ဟေး.. မူကျီရေ.. ကျန်းကုန်း ဘယ်မှာလဲ…”
မူကျီ တုန်တုန်လှုပ်လှုပ်နဲ့ ထွက်လာတော့ ကျန်းဟူကို တွေ့လိုက်ရတယ်။
ကျန်းဟူ မျက်ရည်အပြည့်နဲ့ မူကျီကို မြင်လိုက်ရတော့ မျက်မှောင်ကြုတ်ပြီး..
“ဘာဖြစ်တာလဲ.. မူကျီ.. ကျန်းကုန်း နင့်ကို အနိုင်ကျင့်လို့လား.. သူဘာလုပ်လိုက်လဲ ပြော.. ငါသူ့ကို ဒဏ်ပေးမယ်..”
မူကျီ မျက်ရည်တွေ ပိုတောင်ကျလဲပြီး ခေါင်းခါရင်း..
“အစ်ကိုကြီးကျန်းဟူ.. ကျန်းကုန်း.. သူ.. သူ ထွက်သွားပြီ..”
“ဘာရယ်.. ဘယ်ကို ထွက်သွားတာလဲ..”
မူကျီ သူ့စိတ်တွေ မနည်းထိန်းပြီး…
“သူ.. အလင်းနတ်ဘုရား အမွေ ဆက်ခံဖို့ ထွက်သွားပြီ.. ဒီမှာကြည့်..”
ပြောပြီးတာနဲ့ ကျန်းဟူလက်ထဲ စာထည့်ပေးလိုက်တယ်။
ကျန်းဟူ စာဖတ်ပြီး အံ့ဩသွားတယ်။
“ဒီကောင် စကားတစ်ခွန်းတောင် မပြောဘဲ ထွက်သွားတာ။ ပြန်လာလို့ကတော့ ခွင့်မလွှတ်ဘူးဟေ့”
“အစ်ကိုကြီး ကျန်းဟူ.. သူ့ကို အပြစ်မတင်နဲ့တော့.. သူ့ကို ငါနားလည်တယ်.. သူထွက်သွားတဲ့အချိန် အားလုံး သူ့အတွက် စိုးရိမ်နေမှာစိုးလို့ ဒီလိုလုပ်သွားတာ.. သူလဲ သွားပြီဆိုတော့ ပြောဖို့လဲ နောက်ကျသွားပြီလေ”
ကျန်းဟူ ခေါင်းကုတ်ပြီး..
“သူ ဘယ်တော့ ပြန်လာမယ် ဆိုတာလဲ ငါတို့မသိဘူး.. နင်… သူ တကယ်ကြီး… မေ့ထားလိုက်တော့ဟာ.. ဒီကိစ္စ ထားလိုက်တော့.. အပြင်မှာ မိန်းမချောလေး တစ်ယောက် သူ့ကိုလာရှာနေတယ်.. ငါတို့ သူ့ကိုဖမ်းထားတယ်.. သူ့စွမ်းအားလဲ မဆိုးဘူး.. သူ့နာမည်.. ဟိုင်.. ဟိုင်..”
“ဟိုင်ရှင်းလား..”
“ဟုတ်တယ်.. ဟုတ်တယ်.. ဟိုင်ရှင်းပဲ.. နင်သူ့ကို သိလား..”
မူကျီ ခေါင်းညိတ်ရင်း..
“အစ်ကိုကြီး ကျန်းဟူ.. ငါသူနဲ့တွေ့ဖို့ တခါတည်း လိုက်ခဲ့မယ်..”
မူကျီနဲ့ ကျန်းဟူ အခန်းထဲက ထွက်သွားလိုက်တယ်။ သူတို့တွေ နတ်ဘုရားကာကွယ်ရေးအဖွဲ့နယ်မြေ တောင်စောင်းကို ဖြတ်ပြီး စစ်သည်နည်းနည်း စောင့်နေတဲ့ စခန်းလေးတစ်ခုကို ရောက်သွားတယ်။
အပြရောင် ဝတ်ရုံနဲ့ ဟိုင်ရှင်းကို အဝေးကတည်းက မူကျီ မှတ်မိနေတယ်။ ဟိုင်ရှင်း အရင်ကလို လှနေတုန်းပဲ ဆိုပေမယ့် တော်တော်ပြောင်းလဲသွားပြီ။ မျက်နှာငယ်လေးနဲ့ ဖြူလျော်နေပြီ။ ခန္ဓာကိုယ်ပေါ်က ဝတ်စုံလဲ စုတ်ပြဲနေပြီ။ စိတ်လှုပ်ရှားတကြီးနဲ့ စောင့်နေတဲ့ သူ့ပုံစံလေးက ဘယ်လောက် ပင်ပန်းနေလဲဆိုတာ သိသာနေတယ်။ ကြည့်ရတာ လမ်းခရီးမှာ တော်တော်လေး ဒုက္ခရောက်လာတဲ့ပုံပဲ။
မူကျီ ချက်ချင်း အရောက်ပျံသွားရင်း..
“ဟိုင်ရှင်း…”
ဟိုင်ရှင်းလဲ မှတ်မိသွားပြီး မျက်လုံးမှာ အရောင်လက်လာပြီး..
“ညီမလေး မူကျီ.. နောက်ဆုံးတော့ နင့်ကို တွေ့ပြီပေါ့.. ငါ့မှာ ခက်ခက်ခဲခဲကို ရှာခဲ့ရတာ..”
မူကျီ ဟိုင်ရှင်းခန္ဓာကိုယ်လေးကို ဖေးမပြီး သူ့ဆံနွယ်လေးကို ပွတ်ပေးနေရင်း..
“ဟိုင်ရှင်း မငိုနဲ့တော့.. နင် ဘာလို့လာတာလဲဟာ..”
ဟိုင်ရှင်း မျက်ရည်တွေ သုတ်လိုက်ရင်းနဲ့..
“မာခယ် မြို့ကို ပြန်ရောက်လာတော့ ကျန်းကုန်း သတင်းပြောပြတယ်။ ကျန်းကုန်း စာဖတ်ပြီး သတ်သေချင် လောက်အောင် ဒေါသထွက်သွားတယ်။ ကျန်းကုန်း ငါ့ကိုများ ဘယ်လိုထင်နေလဲ မသိဘူး။ သူ့ပုံစံ ပြောင်းသွားယုံနဲ့ ငါ့နှလုံးသားက ပြောင်းလဲစရာလားလို့။ သူက ငါ့နှလုံးသားထဲမှာ ပြီးပြည့်စုံတဲ့ ကျန်းကုန်း ပဲ ဖြစ်နေမှာဆိုတာ ငါသစ္စာဆိုထားတယ်။ ဘယ်လိုပဲ ပြောင်းလဲသွားသွား ဒီတောင်တန်းမှာ ရှိတယ်လို့ မာခယ်ဆီက ကြားတော့ စာဖတ်ပြီးတာနဲ့ အမြန်ပြေးလာတာ”
ဟိုင်ရှင်းမျက်လုံးထဲမှာ သူ့ဆန္ဒတွေပြည့်နှက်နေတာ ကောင်းကောင်းနားလည်နေတော့ မူကျီတောင် တုန်လှုပ်သွားတယ်။ မိန်းကလေး တစ်ယောက်က ကျန်းကုန်းအတွက်နဲ့ ဝေးလံခေါင်သီတဲံ နေရာတစ်ခုကို ထွက်လာဖို့ ဇာတိမြေကတောင် ထွက်လာခဲ့တာလေ။ ‘ကျန်းကုန်း.. ကျန်းကုန်း.. ဟိုင်ရှင်းခံစားချက်တွေ ငါ့ထက် မနိမ့်ဘူးနော်…”
“အစ်မ ဟိုင်ရှင်း နင်ထွက်လာတော့ နင့်မိသားစုကို အသိပေးခဲ့သေးလား..”
ဟိုင်ရှင်းရဲ့ ချစ်စရာမျက်နှာလေး နီရဲလာပြီး ခပ်တိုးတိုးနဲ့..
“ငါ..ငါ.. လန့် နေတာ.. ဒီနေရာ အရမ်းရှာရခက်တယ်.. ဒီတောင်တန်း ရောက်တာတောင် ရှာဖို့ (၂)ရက်လောက် ကြာသွားတယ်.. နောက်ဆုံးမှ ဒီနေရာကို တွေ့လိုက်တာ.. ဒါပေမယ့် သူတို့တွေ ငါ့ကို တားနေကြတာ..”
စကားဆုံးတော့ အစောင့် စစ်သည်တွေကို စူးစူးဝါးဝါး စိုက်ကြည့်နေလိုက်သေးတယ်။
မူကျီ ပြုံးပြီး..
“သူတို့တွေ သူ့အလုပ်သူ လုပ်တာမို့ အပြစ်တင်မနေပါနဲ့တော့.. အစ်မ တော်တော် ဒုက္ခရောက်သွားတာပဲ.. လာ လာ ခန်းထဲသွားပြီး ခနနားလိုက်ရအောင်..”
ဟိုင်ရှင်း ခနတုံ့ဆိုင်းပြီး မူကျီနောက်ကို ကြည့်ပြီးမှ စကား ထစ်ငေါ့ထစ်ငေါ့နဲ့..
“ညီမ မူကျီ.. ကျန်းကုန်း ဘယ်မှာလဲ.. သူ ငါ့ကို ဘာလို့ လာမတွေ့တာလဲ.. ငါ့ကို မတွေ့ချင်လို့လား..”
စကားဆုံးတော့ ဟိုင်ရှင်းမျက်လုံးတွေ နီရဲလာပြန်ရော။
မူကျီ မချိပြုံးလေးနဲ့ပဲ..
“ဘယ်လိုဖြစ်နိုင်မှာလဲ.. နင်လာတာသိရင် ပထမဆုံး လာတွေ့မှာ သူဆိုတာသေချာတယ်.. ဒါပေမယ့် အခု သူထွက်သွားတာ.. ဒါကိုသာကြည့်တော့..”
မူကျီ သူ့လက်ထဲ စာထည့်ပေးလိုက်ပြန်ရော။
ဟိုင်ရှင်း စာဖတ်ပြီး အံ့ဩရင်း..
“အခုထိတောင် ခရီးထွက်ပြီး သူ့ကို လွမ်းနေရအုံးမယ်လို့ ဘယ်တုန်းကမှ မျှော်လင့်မထားမိခဲ့တာ”
စကားဆုံးတာနဲ့ ဟိုင်ရှင်းခန္ဓာကိုယ်လေး ပုံကျသွားရော။ မူကျီ သူ့ကို အမြန်တွဲပေးထားလိုက်ရတယ်။
ကျန်းဟူ တုန်လှုပ်သွားပြီး..
“သူ ဘာဖြစ်တာလဲ. ဘာတွေ ဖြစ်နေတာလဲ..”
မူကျီ ဟိုင်ရှင်းကို သေချာစစ်ဆေးလိုက်တယ်။ အချိန်နည်းနည်းကြာမှ ဟိုင်ရှင်း အသက်ပြန်ရှူလာတော့တယ်။
“အစ်မ ဟိုင်ရှင်းက ကျန်းကုန်းကို အရမ်းချစ်တာ.. နောက်မှာ နင့်ညီ အကောင်းစားကို သေချာမေးကြည့်.. အစ်မ ဟိုင်ရှင်း မမှားဘူး.. သူ ပင်ပန်းတာရယ်.. အမေးဓါတ်ရယ်.. ဝမ်းနည်းမှုတွေကြောင့် ပြိုလဲသွားတာ.. အစ်ကိုကြီး ကျန်းဟူ.. စခန်းပြန်ရအောင်.. ခနလောက် နားလိုက်ရင် သူပြန်ကောင်းလာလိမ့်မယ်..”
မူကျီ သက်ပြင်းချပြီး ဟိုင်းရှင်းခန္ဓာကိုယ်လေးကို သယ်လာလိုက်တယ်။ ‘ကျန်းကုန်း.. ကျန်းကုန်း.. နင် တကယ့်အချိန်ကောင်းမှ ထွက်သွားဖို့ ရွေးလိုက်တာပဲ..”
============= (*^*)=============
အပိုင်း( ၂၉၈ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား