← Chapters

ဒုက္ခကို ဆိုက်ဆိုက်မြိုက်မြိုက် ပို့ပေးခြင်း

Vol. 97 Ch. 1274

ဒုက္ခကို ဆိုက်ဆိုက်မြိုက်မြိုက် ပို့ပေးခြင်း

Vol. 97 Ch. 1274

ချင်မူ့မျက်နှာအမူအရာသည် တင်းမာသုန်မှုန်နေ၏။ သူက ကောင်းကင်နတ်ဧကရီတို့ ညီမနှစ်ယောက်တို့၏ ရုပ်အလောင်းများ ကာကွယ်ပေးမှုအောက်တွင် ထိုက်ရှီဥအား သယ်လျက် ဆက်သွားနေသည်။

ထိုက်ရှီဥက ခပ်တိုးတိုး မေးသည်။ “မူလကျောက်တုံးကို ရသွားရင် မဟာဧကရာဇ်က ဘယ်လောက်တောင် တန်ခိုးကြီးလာမှာလဲ”

“မသိဘူး… ဒါပေမဲ့ ရှေးဟောင်းနတ်ဘုရားတွေအကုန်လုံး ပူးပေါင်းပြီးမှ မဟာဧကရာဇ်ကို ရှင်းပစ်နိုင်ခဲ့ကြတာ… အဆုံးသတ်မှာ သူ့မျက်ခုံးကြားက ထိုက်ချူမူလေကျာက်တုံးကို ခွဲခြေပစ်လိုက်တဲ့သူက နတ်ဘုရင်ကုန်းယွင်ပဲ”

ချင်မူက ကောင်းကင်နတ်ဧကရီနှင့် သူမညီမ၏ အလောင်းကို သိမ်းကာ ဆက်ပြောလိုက်သည်။ “ဒါတောင်မှ မဟာဧကရာဇ်က သေမသွားခဲ့ဘူး… ကောင်းကင်နတ်အရှင်ယွင် သူ့ကို လုပ်ကြံတော့မှ ရုပ်ခန္ဓာက သေသွားခဲ့တာ”

ထိုက်ရှီဥသည် တခဏ ငြိမ်သက်သွားပြီးနောက် ပြော၏။ “ဒါဆိုရင် အခု သူ့မှာ မူလကျောက်တုံး ရှိသွားပြီဆိုတော့ သူ့ကို နိုင်တဲ့သူ ဘယ်သူမှ မရှိတော့ဘူးလား… “

ချင်မူက လက်ဖဝါးဖြန့်လိုက်ရာ လက်ဖဝါးထဲတွင် ကျောက်တုံးတစ်စ ပေါ်လာသည်။ သူက ၎င်းကို စိုက်ကြည့်၍ ခပ်တိုးတိုး ပြောလေသည်။ “အင်း… တကယ်က ကျွန်တော့်ဆီ ရှိတဲ့ ကျောက်တုံးကလည်း အပြည့်အစုံ မဟုတ်သေးဘူး .. ကျွန်တော် မဟာဧကရာဇ်ကို ပေးလိုက်တဲ့အပိုင်းက မူလကျောက်တုံးရဲ့ တစ်၀က်ပဲ ရှိတယ်… မဟာဧကရာဇ်အနေနဲ့ အမြင့်ဆုံးအခြေအနေဆီ ပြန်မရောက်သေးဘူး ... အဲ့ဒီလူက သူ့ကို နိုင်နိုင်သေးတယ်..”

ဥထဲမှ ထိုက်ရှီမှာ အနည်းငယ် ကြောင်အသွားသော်လည်း ချင်မူသည် အဲဒီလူအကြောင်း ပြောမပြချေ။ ထိုအစား သူက ဥကို ချင်စာလုံး‌မြေထဲ ပြန်ထည့်လိုက်သည်။

တစ်ရက်ကြာသည့်အခါ ကောင်းကင်နတ်ဘုံ၏ ‌မြောက်ကောင်းကင်မုခ်၀‌ဆီသို့ ရောက်လာခဲ့ချေပြီ။

မြောက်ကောင်းကင်မုခ်၀အပြင်တွင် မိစ္ဆာစစ်တပ်ကြီးက ထွက်ခွာရန် အသင့်ပြင်ထားသည်။ စစ်တပ်ကြီး၏ ထိပ်ဆုံးတွင် အမှောင်လွှမ်းနေသော မဟူရာကောင်းကင်နန်းတောင်တစ်ဆောင်က ဦးဆောင်နေသည်။ အလင်းရောင်ပင်လျှင် ထိုအမှောင်ထုအား မဖြိုခွဲနိုင်ပေ။

“ကောင်းကင်နတ်အရှင်မူ”

အမှောင်ကောင်းကင်နန်းဆောင်၏ ပိုင်ရှင်ကား ကမ္ဘာဦးဘုံ၏ မိစ္ဆာဘိုးဘေးကြီး မဟာကာလအရှင်ပင်။ သူက ချင်မူ့ကို မြင်လျှင် နှုတ်ဆက်သည်။

ချင်မူက အမှောင်ကောင်းကင်နန်းဆောင်ထဲသို့ မ၀င်ဘဲ အပြင်၌ ရပ်ကာ လှမ်းမေးသည်။ “မဟာကာလအရှင်က ဘယ်သွားမလို့တုန်းဗျ”

မဟာကာလအရှင်သည် သူနှင့် ရန်ငြိုးအချို့ရှိသော်လည်း သူ့ကို ‌တလေး‌တစား ဆက်ဆံ၏။ “ကောင်းကင်နတ်ဘုံက ငါ့ကို မဟာလေဟာနယ်မြေထုဆီ အမြန်သွားဖို့ အမိန့်ပေးလိုက်လို့ပါ ကောင်းကင်နတ်အရှင်…. အဲ့ဒီ‌နေရာမှာ မိစ္ဆာလှိုင်းတွေ ထန်နေပြီး တစ်လောကလုံး ဗြောင်းဆန်နေတော့ ငါ့ရဲ့ စိတ်နှလုံးမိစ္ဆာတွေကို သောင်းကျန်းလာစေတယ်လေ…. ငါက မိစ္ဆာဘိုးဘေးကြီးလည်း ဖြစ်တော့ ကျုပ်ရဲ့ စိတ်နှလုံးမိစ္ဆာတွေကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်း ရှိနေတယ်… ဒါကြောင့်ပဲ ကောင်းကင်နတ်ဘုံက ပုန်ကန်မှုကို နှိမ်နင်းဖို့ လွှတ်လိုက်တော့တာပဲ”

ချင်မူက တစ်ယောက်တည်း တခဏ တွေးနေသည်။

ကမ္ဘာဦးဘုံ၏ ဧကရာဇ်ပလ္လင်အဆင့် ပုဂ္ဂိုလ်တစ်ယောက်အနေဖြင့် မဟာကာလ၏ သိုင်းအခြေခံနှင့် စွမ်းဆောင်ရည်တို့မှာ အင်မတန် မြင့်မားပေသည်။ ထိုမျှသာမက သူသည် ယိုတုတွင် မွေးဖွားလာခဲ့သော မကောင်းဆိုးဝါးမိစ္ဆာမျိုးနွယ်၏ ဘိုးဘေးကြီးလည်း ဖြစ်သည်။ ယိုတု၏ မိစ္ဆာချီနှင့် မိစ္ဆာသဘာ၀ဖြင့် မွေးဖွားခဲ့သောကြောင့် မဟာလေဟာနယ်အနေဖြင့် စိတ်နှလုံးမိစ္ဆာများနှင့် သေချာပေါက် ရင်ဆိုင်နိုင်လိမ့်မည်။

ကောင်းကင်နတ်ဘုံသည် သူ့အား မိစ္ဆာများထဲမှ မိစ္ဆာတစ်ကောင်ဟု သတ်မှတ်ထား၍သာ ‌မဟာလေဟာနယ်မြေထုသို့ စေလွှတ်ခဲ့ခြင်းဖြစ်ပေသည်။

မဟာကာလအရှင်က ချင်မူ့မျက်နှာအမူအရာကို အကဲခတ်နေသည်။ တခဏကြာပြီးနောက် သူက မေးသည်။ “ကောင်းကင်နတ်အရှင်၊ မင်းက မဟာလေဟာနယ်မြေပြင်အကြောင်း ထိုးလိုမွှေရေလိုနှောက် သိတယ်မဟုတ်လား… ငါ အဲ့ဒီကို သွားရမှာဆိုတော့ ဘာတွေများ သင်ပြပေးချင်သေးလဲ”

ချင်မူက ဖြေသည်။ “အကြံပေးချင်တာ တစ်‌ခုတော့ ရှိပါတယ်… ခင်ဗျား နောက်တန်းက စိတ်နှလုံးမိစ္ဆာတချို့ကိုပဲ ရှင်းလင်းရလိမ့်မယ်.. ရှေ့တန်းကို တက်သွားစရာမလိုဘူး…. ကောင်းကင်ယင်သားတော်က ယိုတုသားတော်ကို မဟာလေဟာနယ်ထဲမှာ တိုက်ခိုက်နေတာ…. အဲ့ဒီယိုတုသားတော်က အတော်လေး အစွမ်းထက်တော့ ခင်ဗျားရဲ့ပြိုင်ဘက် မဟုတ်ဘူး… ခင်ဗျား‌ ရှေ့တန်းကို သွားရင် သေချာပေါက် သေရလိမ့်မယ်”

မဟာကာလအရှင်က ကျေးဇူးတင်ကြောင်း ပြောသည်။ “ကောင်းကင်နတ်အရှင်ရဲ့ စေတနာကို သတိရနေပါ့မယ်”

ချင်မူက သူ စစ်တပ်ကြီးအား ဦးဆောင်သွားသည်ကို ငေးကြည့်နေသည်။

မကြာမီ ချင်မူတစ်ယောက် ကောင်းကင်နတ်အရှင်ရှောင်၏ ကောင်းကင်နန်းဆောင်သို့ ရောက်လာ၏။

တံခါးစောင့်နေသည့် တပည့်လေးတစ်ယောက်က ကောင်းကင်နတ်အရှင်ရှောင်ကို အလျင်အမြန် လာရှာ၍ ထိုက်ချူမူလကျောက်တုံး ဆက်သလိုက်သည်။

“ကောင်းကင်နတ်အရှင်မူက ဒီရတနာကို ကောင်းကင်နတ်အရှင်ဆီ ဆက်သံခိုင်းလိုက်လို့ပါ… သူက ‘ငါ အရင်က ငှားသွားခဲ့တဲ့ဟာ… အခု မူလပိုင်ရှင်လက်ထဲ ပြန်ထည့်ပေးလိုက်ပြီဆိုတော့ ကောင်းကင်နတ်အရှင် ငါ့ကို စိတ်မဆိုးလောက်ပါဘူး’ လို့လည်း ပြောသွားပါသေးတယ်”

ကောင်းကင်နတ်အရှင်ရှောင်သည် မူလကျောက်တုံး ကိုင်၍ တအံ့တဩ ပြောနေ၏။ “အဲဒီကောင်စုတ်လေးက တကယ်ကြီး စိတ်ကောင်းဝင်ပြီး ငါ့ကို ဒီရတနာ ပြန်ပေးခဲ့တယ်တဲ့လား … ဒီကောင်စုတ်လေး ဉာဏ်အလင်းပွင့်သွားတာများလား”

ကောင်းကင်နတ်အရှင်ရှောင်မှာ မူလကျောက်တုံးကို ပြန်ရလိုက်သည့်အတွက်လည်း အတော်လေး ပျော်နေမိသည်။ သူက ၎င်းကို သိမ်းလျက် ပြုံးရွှင်စွာ ပြောလိုက်သည်။ “ဒါပေမဲ့ ဖဲ့ယူထားသေးတယ်... တစ်ကိုယ်ကောင်းတော့ ဆန်တတ်တုန်းပါပဲ အဟက်... သူအရင်က ခိုးသွားခဲ့တာ ဒါတင်မဟုတ်ဘူး… ကောင်းကင်နတ်အရှင်မူ ဘယ်မှာလဲ”

တပည့်က ‌ဖြေ၏။ “ကောင်းကင်နတ်အရှင်မူက ပြန်သွားပါပြီ… သူ မပြန်ခင် မဟာဧကရာဇ် ပြန်အသက်ရှင်လာပြီး သူ့ဆီကနေ ကျန်တဲ့ကျောက်တုံးအပိုင်းအစတွေ ယူသွားတဲ့အကြောင်းလည်း ပြောဖို့ မှာသွားခဲ့ပါသေးတယ်”

ကောင်းကင်နတ်အရှင်ရှောင်၏ မျက်နှာကြီးမှာ မီးသွေးတုံးတမျှ မည်းနက်သွားတော့သည်။ သူက ‌မူလကျောက်တုံးကို လွှင့်ပစ်ကာ ဒေါသတကြီး အော်ဟစ်လိုက်၏။ “ဒီကောင်စုတ်လေး စိတ်ကောင်းရှိလှချည်လား တွေးနေတာ… တကယ်တမ်းက ဒုက္ခကို ငါ့ဆီ မျှားခေါ်လာပေးသွားတယ်ပေါ့လေ.. ‌ခွေးကောင်လေး… ချီးပဲ… မျိုးဆက်ကိုးဆက်အထိ သတ်ပစ်မယ်ကွ”

သူ့မှာ ဒေါသအမျက်တစ်ချောင်းချောင်းဖြင့် အဆက်မပြတ် ရယ်လိုက်၊ ဆဲလိုက် လုပ်နေသည်။

တပည့်လေးမှာ ဇက်ပုသွားပြီး ကောင်းကင်နတ်အရှင်မူသည် မည်သို့သော နည်းလမ်းမျိုးကို သုံး၍ သူ့ဆရာအား ဤမျှ ဒေါသထွက်စေခဲ့သည်လဲ တွေးနေမိလေသည်။

ကောင်းကင်နတ်အရှင်ရှောင်က ငေါက်ခနဲ ထရပ်လိုက်ပြီး သုန်မှုန်စွာဖြင့် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။

သူက ထိုက်ချူမူလကျောက်တုံးဆီ လျှောက်သွားလိုက်ကာ တခဏ တုံ့ဆိုင်းနေပြီးနောက် ကောက်ယူလိုက်၏။

မည်သို့ဆိုစေ ထိုက်ချူမူလကျောက်တုံးအား အရယူရလိမ့်မည်။ မဟာဧကရာဇ်ကို တိုက်ခိုက်ရမည်ဆိုလျှင်တောင်မှ တွန့်ဆုတ်နေမည်မဟုတ်ပေ.

ချင်မူသည် သူနှင့် မဟာဧကရာဇ်ကြားတွင် ကတောက်ကဆ ဖြစ်သွားအောင် ကျန်သည့် ကျောက်တုံးအပိုင်းအစကို ဆိုက်ဆိုက်မြိုက်မြိုက် လာပို့ခဲ့ခြင်း ဖြစ်၏။ သူ့ကို သုံး၍ မဟာဧကရာဇ်အား နှိပ်ကွပ်လိုသည်မှာ အသိသာကြီးပင်။ သူ့အနေဖြင့် ချင်မူ့အကြံအစည်ကို သိနေသော်လည်း ချင်မူ့ရည်ရွယ်ချက်အတိုင်း မဟာဧကရာဇ်နှင့် ထိပ်တိုက်တွေ့ရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။

“ကောင်စုတ်လေး... မင်းက ငါ့ကို အကောက်ကြံတယ်ပေါ့လေ… ရက်စက်ကောက်ကျစ်လိုက်တဲ့ကောင်...”

ကောင်းကင်နတ်အရှင်ရှောင်က တဟားဟား ထရယ်လိုက်ပြီးနောက် လက်ဝှေ့ရမ်းကာ တပည့်အား ထွက်သွားစေသည်။ သူက အသံတိုးတိုးဖြင့် ရေရွတ်နေ၏။ “ဘာပဲဖြစ်ဖြစ် ထိုက်ချူမူလကျောက်တုံးကို ရအောင် စုရမယ်… မူလကျောက်တုံး ကွဲကြေသွားခဲ့တုန်းက အပိုင်းအစတွေကို ဘယ်နေရာမှ ရှာလို့မရခဲ့ဘူး… အဲ့ဒီမူလကျောက်တုံးတွေက မိတ်တွေဟောင်းကြီးတွေဆီ ရောက်သွားတာပဲဖြစ်မယ်…. သူတို့ကလည်း ငါ့ကို အကောက်ကြံနေကြတာ.. ထိုက်ချူအစစ် မဖြစ်လာအောင် တားပြီး ငါ့စွမ်းအားတွေကို ကန့်သတ်ချင်နေကြတာ..”

သူက ခေါင်းမော့လိုက်ပြီး မျက်ဝန်းများတောက်ပလာသည်။ “ထိုက်ချူအစစ်က ငါ့စွမ်းအားနဲ့ မဟာဧကရာဇ်ရဲ့ စွမ်းအားနဲ့ ညီမျှတယ်… ကောင်းကင်ရတနာစနစ်နဲ့ ကောင်းကင်နန်းဆောင်စနစ်လေးမှာတင် ရပ်နေနိုင်မယ်တဲ့လား… ကောင်းကင်နတ်ဘုံအဆင့်လေးလောက်နဲ့ ရပ်နေရမယ်တဲ့လား… မဟာဧကရာဇ်နဲ့ ဖန်ဆင်းရှင်တွေဆီမှာ အသိစိတ်အလျဉ်စွမ်းရည်တွေ ပိုင်ဆိုင်ထားတာ ဂွကျတယ် … ငါ ကျောက်တုံးအစအနအားလုံး ရှာတွေ့ရင်တောင် ပြီးပြည့်စုံတဲ့ အခြေအနေကို ရောက်နိုင်တော့မှာမဟုတ်ဘူး….

“မဟာဧကရာဇ်က ယုတ်မာပက်စက်တဲ့ ဖန်ဆင်းရှင်တွေ ငါ့ကို ယဇ်ပူဇော်အောင် လုပ်ပြီး ငါ့ရဲ့ မူလကျောက်တုံးစွမ်းအားကို ကြားဖြတ်ပြီး စုပ်ယူခဲ့တယ်… သူက ငါ့ကို ထိုက်ချူအစစ် ဖြစ်ခွင့်မပေးခဲ့ဘူး…”

“ဒီနှစ်တွေအတွင်း ငါ အဖြေရှာနေခဲ့ရတာ ကြာပြီ… အခုတော့ ဖန်ဆင်းရှင်တွေမှန်သမျှ သတ်ပြီး သူတို့ရဲ့အသိစိတ်အလျဉ်တွေကို ကောင်းကင်နဲ့ မြေကြီးဆီ ပြန်ရောက်စေနိုင်မယ့် နည်းလမ်းကို ရှာတွေ့ခဲ့ပြီ..”

ကောင်းကင်နတ်အရှင်ရှောင်က သူ့လက်ထဲရှိ မူလကျောက်တုံးဆီသို့ကြည့်လိုက်သည်။ “ပထမဆုံး မဟာဧကရာဇ်ကို ဖမ်းရမယ်…မဟာဧကရာဇ်နဲ့ မဟာခြုံလွှမ်း အသိစိတ်အလျဉ်ကောင်းကင်ဘုံကို သိမ်းပိုက်ဖို့ကတော့ ဒုတိယပေါ့… ‌ကျောက်တုံးအစအနအားလုံး စုစည်းပြီး ပြုပြင်ဖို့ကတော့ တတိယအဆင့်… ငါ ဒီအဆင့်တွေအားလုံးသာ အောင်မြင်သွားရင် ထိုက်ချူအစစ်အမှန် ဖြစ်လာလိမ့်မယ်”

သူ့မှာ ဣန္ဒြေပင် မဆည်နိုင်အောင် စိတ်လှုပ်ရှားလာပြီး ရေရွတ်လိုက်သည်။ “ငါနဲ့ မဟာဧကရာဇ်ကြားက ရန်ငြိုးက ကမ္ဘာဦးခေတ်ကနေ အခုအထိ ကြာရှည်နေခဲ့ပြီ… ရန်ငြိုးကို ခြေနိုင်မယ့်နေ့က မဝေးတော့ဘူး…. အဲ့ဒီနေ့ကို မျှော်လင့်မိတယ်”

ချင်မူသည် ကောင်းကင်နတ်ဘုံမှ ပြန်၍ ကမ္ဘာဦးဘုံ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသို့ ရောက်လာ၏။

ထိုက်ချူမူလကျောက်တုံး မရှိသည့်အခါ သူ၏အသိစိတ်အလျဉ်မှာ ယခင်လို သွက်လက်လျင်မြန်မှု မရှိတော့မှန်း သတိထားလာမိသည်။ အသိစိတ်အလျဉ်အခြေခံမှာ ရှိနေသေးသော်လည်း သူ့အသိစိတ်အလျဉ်၏ ပေါ်ထွက်နိုင်လာနှုန်းနှင့် စွမ်းအားက ယခင်က များစွာ အားနည်းသွားသည်။

ထိုက်ချူကျောက်တုံးကို ကြာကြာသုံးလေ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူနဲ့ ငါ့ရဲ့ ဆက်နွယ်မှုက ပိုမိုနက်ရှိုင်းလာလေပဲ… ဒီမူလကျောက်တုံးကို ပေးလိုက်တာ အဆိုးကြီးတော့ မဟုတ်ပါဘူး’ သူ့မှာ အသက်တစ်ရှိုက် တုန်ရီစွာ ရှူထုတ်လိုက်သော်လည်း အနည်းငယ် နောင်တရနေသေးသည်။

“ငါ့မှာ ထိုက်ကျိမူလကျောက်တုံးရဲ့ အပိုင်းတစ်ပိုင်း ရှိသေးတယ်… ထိုက်ချူမူလကျောက်တုံး မရှိတော့ဘူးဆိုတော့ အဲ့ဒါကို မျက်လုံးရဲ့ သူငယ်အိမ်အဖြစ် အစားထိုးလို့ရမလား မသိဘူး”

သူက စိတ်ပိုင်းဖြတ်၍ ထိုက်ကျိ မူလကျောက်တုံးကို ချက်ချင်း ထုတ်လိုက်ပြီး ချင်စာလုံးမြေ၏ အဝင်ဝသို့ ထိုးထည့်ရန် ပြင်လိုက်သည်။

ချင်စာလုံးမြေ၏ အလယ်တွင် သူငယ်အိမ်တစ်ခုနှင့် တူသော အပေါက်ကြီးတစ်‌ပေါက် ရှိ၏။ ထိုက်ချူမူလကျောက်တုံး ထိုးသွင်းခံထားရခဲ့သော နေရာမှာ ယခုတွင် ဗလာကျင်းနေ၍ သူ့နတ်မျက်လုံး၏ စွမ်းအားမှာလည်း သိသိသာသာ လျော့ကျသွားခဲ့သည်။

ထိုက်ရှီဥထဲရှိ ရှေးဟောင်းနတ်ဘုရားက ပြုံးလျက် ပြောသည်။ “မင်းက ထိုက်ချူမူလကျောက်တုံးကို အခုလေးတင် ပြန်ပေးခဲ့ပြီး ထိုက်ကျိမူလကျောက်တုံးကို သုံးဖို့ ပြင်နေပြန်ပြီပေါ့… ထိုက်ကျိကျောက်တုံးတွင်းထဲက ရှေးဟောင်းနတ်ဘုရားက တူးဖော်မခံရသေးဘူး… သူက ကျောက်တုံးတွင်းထဲက စွမ်းအားကို နှစ်တွေအကြာကြီး စုပ်ယူခဲ့တာမလို့ အင်မတန် တန်ခိုးကြီးတယ်… မင်း သူ့ရဲ့မူလကျောက်တုံးကို သုံးရင်း ခွန်အားမြှင့်တင်လို့ရပေမယ့် သူနဲ့ ရန်ငြိုးဖွဲ့မိလိမ့်မယ်နော်”

“တာအိုနောင်တော်ထိုက်ရှီ ပြောတာက အဓိပ္ပာယ်ရှိသားပဲဗျ”

ချင်မူက တခဏ တွေးတောပြီးနောက် မှော်စွမ်းအင်တချို့ ထုတ်လွှတ်လိုက်သည်။ ၎င်းက ထိုက်ရှီဥကို မြှောက်၍ ချငိစာလုံးမြေ၏ အဝင်ဝသို့ ထိုးထည့်လိုက်ချေပြီ။

ထိုက်ရှီဥမှာ အပေါက်ဝတွင် ညပ်နေပြီး မလှုပ်နိုင်ချေ။ သူက ဒေါသတကြီး ပြောတော့သည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်းက ငါနဲ့ ရန်သူလုပ်ချင်တာလား”

All Chapters