မြို့ဝင်ခွင့် မပြုခြင်း
Vol. 20 Ch. 298
Child of light (ကျန်းကုန်း)
Volume 11: Chapter 6 - Refused Entry to the City
‘ငါဘာလို့များ ရုတ်တရက် နှာချေရပါလိမ့်.. မူကျီ ငါ့ကိုများ သတိရနေလား မသိဘူး..”
နတ်ဘုရားကာကွယ်ရေးအဖွဲ့ နယ်မြေက ထွက်လာပြီးတောင်တန်းကျော်အောင် နာရီတော်တော်ကြာ ဆက်သွားရသေးတယ်။ ကျုပ်ကတော့ လျှပ်စီးခံတပ်ဘက်ကို ရည်ရွယ်သွားနေတာဗျ။ အလင်းနတ်ဘုရား အမွေရဲ့ တည်နေရာကို ကျုပ်တစ်ယောက်ထဲသိတာဆိုတော့ သူတို့လိုက်လာမှာ မစိုးရိမ်ရဘူးလေ။
နေမြင့်လာတဲ့အပြင် ကောင်းကင်မျာလဲ တိမ်ကင်းစင်နေတော့ နတ်ဘုရားလက်မှိုင်ချချိုင့်ဝှမ်း ကိုရှာရအောင် ပျံသွားဖို့ပဲ ရွေးလိုက်တယ်။ ကျုပ်ထွက်လာကတည်းက အလင်းနတ်ဘုရား အမွေကို တတ်နိုင်သမျှ အမြန်ဆုံးယူပြီး အပြန်ပြန်လာချင်တာလေ။ ကျုပ်စွမ်းအားတွေ တိုးလာတယ်ဆိုပေမယ့် ဦးတည်ချက် တိကျဖို့ အာမ မခံနိုင်သေးတော့ တာဝေး တည်နေရာပို့ဆောင်ရေး မန္တန်မသုံးခင် သေချာ စဉ်းစားရသေးတယ်။ တော်တော် ကြာကြာစဉ်းစားပြီး အစီအစဉ် ပယ်ဖျက်လိုက်တယ်။ ကျုပ်သာ ကျရှုံးသွားရင် ဘယ်မှာသေသွား တယ်ဆိုတာ ဘယ်သူမှ သိလိုက်မှာတောင် မဟုတ်ဘူး။ တော်ကြာ လိုရောက်မရောက်ဘဲ ခံတပ် ရောက်သွားရင် ပိုကြာသွားမှာလေ။ ကျုပ်ပျံသွားတာက တည်နေရာရွှေ့ပြောင်းတာနဲ့ မယှဉ်နိုင်ပေမယ့် ဘာပြောပြော သိသိသာသာတော့ မြန်နေသေးတာပါပဲ။
နတ်ဘုရားဘုရင်ကတော့ တချိန်တုန်းက နတ်ဘုရားလက်မှိုင်ချ ချိုင့်ဝှမ်း ဆိုတာ လူသားတွေနဲ့ နတ်ဆိုးမျိုးနွယ်တွေအကြား နယ်နိမိတ်ရဲ့ အနောက်ဘက်ခြမ်းမှာရှိပြီး လျှပ်စီးခံတပ်က အရှေ့ဘက်မှာတဲ့။ နတ်ဘုရား လက်မှိုင်ချ ချိုင့်ဝှမ်းကို အနောက်ဘက်မှာပဲ ရှာရမှာပေါ့။
ကျုပ် တနေကုန် သွားလိုက်တယ်။ နေမင်းကြီးတောင် ခရီးပမ်းလို့ နားတော့မယ့် အရိပ်အယောင် ပြလာပြီ။ ဒီလိုနဲ့ ကောင်ကင်က တဖြည်းဖြည်း မှောင်လာတာပေါ့။ ပျံလာရတဲ့ တစ်လျှောက်လုံး ကျုပ်ခန္ဓာကိုယ်ထဲက စွမ်းအားတွေ တော်တော်သုံးခဲ့ရတယ်။ ပြီးတော့ တနေကုန်လဲ ဘာမှ မစားခဲ့ရတော့ ခန္ဓာကိုယ်က ဆန္ဒပြလာပြီ။ ပင်ပန်းနွမ်းနယ်မှုတွေနဲ့အတူ ခန္ဓာကိုယ်က တဖြည်းဖြည်း နုံးချိလာတာဗျို့။
မောနေတဲ့အချိန် အလင်းရောင်ထွက်နေတဲ့ မြေကွက်တစ်ကွက် ရုတ်တရက် တွေ့လိုက်ရတယ်။ မျက်လုံးထဲကို ပေါင်းစပ်စွမ်းအားတွေ ပို့လိုက်တယ်။ မြို့တစ်မြို့ဗျ။ တလူက လျှပ်စီးခံတပ်နဲ့ အနီးဆုံးဆိုတော့ တလူပဲ ဖြစ်လောက်တယ်။ ပင်ပန်းနေတဲ့အတူတူ မြို့ထဲမှာ နားဖို့ ဆုံးဖြတ်လိုက်တယ်။ အတွေးနဲ့အတူပဲ စုက္ကရေးကို အဝတ်နဲ့ပတ်၊ ဝတ်စုံ တစ်စုံထုတ်ပြီး လဲလိုက်တယ်။ ဝတ်ရုံလဲပြီးတာနဲ့ ဂရုတစိုက်ဆင်းပြီး ဝင်ပေါက်နားကို တောထဲကနေ တည်နေရာရွှေ့ပြောင်း လိုက်တော့တယ်။
ပတ်ဝန်းကျင်မှာ ဘယ်သူမှ မရှိတာတွေ့မှ ဝတ်စုံခေါင်းဆောင်းကို ဆွဲချပြီး ခေါင်းငုံ့ရင်း မြို့ထဲလျှောက်သွား လိုက်တယ်။
မြို့တံခါးရောက်ခါနီးတော့ တစ်ယောက်က..
“ဝင်ပေါက်ပိတ်နေပြီ.. ဝင်ပေါက်ပိတ်နေပြီ..”
ခေါင်းမော့ပြီး ဝင်ပေါက်ကို ကြည့်လိုက်တော့ ကျုပ်အံ့ဩသွားတယ်။ အစောင့် (၂)ယောက်က တံခါးကြီးကို အတွင်းကနေ တွန်းပိတ်တာ တွေ့လိုက်ရတယ်။ အပေါ်မော့ကြည့်လိုက်တော့ တံခါးထိပ်မှာ ‘အနန္တသကြားမြို့တော်’ ဆိုတဲ့ စာလုံးတွေ တွေ့လိုက်ရတယ်။ ကျုပ်တော်တော် ကံဆိုးပါလား။ အဲလိုသာသိရင် မြို့ထဲထိ တိုက်ရိုက် တည်နေရာရွှေ့လိုက်ပါတယ်ဗျာ။
“ခနလေး ခနလေး.. အရာရှိတို့ ကျေးဇူးပြုပြီး ဝင်ခွင့်ပြုပါ..”
ပြောလဲပြော.. ပြေးလဲပြေးပေါ့ဗျာ။
“ရပ်လိုက်.. တံခါးပိတ်ပြီဆိုတာ မမြင်ဘူးလား..”
စစ်သားတစ်ယောက် ကျုပ်ကို လုကြည့်ကြည့်နေတယ်။
ကျုပ် အလျင်စလိုနဲ့..
“အရာရှိ ကျုပ်အဝေးကနေ လာခဲ့ရတာမို့ အရမ်းကို ပင်ပန်းနေလို့ပါ။ ကျေးဇူးပြုပြီး ဝင်ခွင့်ပြုပါ..”
အရာရှိ ကျုပ်ကို စိုက်ကြည့်ပြီး..
“အချိန်စေ့ရင် ဘယ်သူမှ မဝင်ရဆိုတဲ့ စည်းကမ်းရှိတယ်။ ဧကရာဇ်ဆိုရင်တောင် ဝင်ခွင့်ပေးမှာမဟုတ်ဘူး။ မြို့ထဲဝင်ချင်ရင် နောက်နေ့ မနက်ထိ စောင့်လိုက်တော့”
ကျုပ်လဲ ဒေါသစိတ်နဲ့ မျက်မှောင်ကြုတ်ပြီး စိတ်က ပိုတိုလာတယ်..
“မင်း.. ငြိမ်းချမ်းရေးနိုင်ငံဆိုတဲ့ တလူနိုင်ငံတော်က တော်တော် ယုတ္တိမရှိတာပဲ..”
ကျုပ်စကားကြားတော့ ပြန်ဝင်ဖို့လုပ်နေတဲ့ စစ်သား နည်းနည်း တွေဝေသွားပုံပဲ။
“ငါတို့က ကိုယ့်တာဝန်ကိုယ် ထမ်းဆောင်နေတာ။ ဘာတွေ ယုတ္တိမရှိတာလဲ။ အမြန်ထွက်သွားလိုက်။ ငါတို့ တံခါးပိတ်ပြီ..”
စကားဆုံးတာနဲ့ ကျုပ်ကို တွန်းထုတ်ဖို့ လက်ဆန့်လိုက်တယ်။ ကျုပ်လဲ ခိုက်ရန်မဖြစ်ချင်တာနဲ့ လျှပ်တပျက် နေရာရွှေ့ပြီး ရှောင်ပေးလိုက်တယ်။ ဝင်ခွင့်မပေးရင်လဲ နံရံ ကျော်သွားယုံပေါ့။
လှည့်ပတ်ကြည့်နေတုန်း မြင်းခွာသံတွေ ထူးထူးခြားခြား ကြားလိုက်ရတယ်။ အမျိုးကောင်းတွေ အရှိန်နဲ့သွားနေတာပဲ။ သူတို့ ဦးတည်ရာက အနန္တသကြားပြို့ပဲ။ ဒါ တွေးမိတော့ လမ်းဘေးရှောင်ဖို့ တည်နေရာ ရွှေ့ပြောင်းလိုက်တယ်။
မကြာပါဘူး မြင်းစီးသံတွေ ပိုပီပြင်လာတယ်။ ဆယ်နဲ့ချီတဲ့ မြင်းစစ်သည်တွေ အပြေးလာနေကြတာပဲ။ သူတို့ကိုပဲ စိုက်ကြည့် နေမိလိုက်တယ်။ ခေါင်းဆောင်ကတော့ ခန့်ခန့်ညားညားပုံစံနဲ့ အရပ်က ကျုပ်လောက်ပဲ။ ခန္ဓာကိုယ်က ကျုပ်ထက် အများကြီး တောင့်ပြီး သန်သန်မာမာနဲ့ ငွေရောင် ချပ်ဝတ် ဝတ်ထားလေရဲ့။ နှာတံက ဖြောင့်ဖြောင့် မေးရိုးကားကားနဲ့ ကြည့်တော့ အကောင်းသားဗျ။ သူ့မျက်နှာမှာ စိုးရိမ်နေတဲ့အမူအရာအပြည့်နဲ့ ကျောမှာလဲ ငွေရောင်လှံတစ်ချောင်း ဒေါင့်ဖြတ်အနေအထား လွယ်ထားရင်း စစ်မြင်းကို တွင်တွင်သာ နှင်နေလေရဲ့။ သူ့နောက်လိုက်တွေလဲ ရဲရင့်သူတွေပဲ နေမှာဗျ။
မိုးကြိုးလျှပ်စီးလိုအလျှင်နဲ့ ဂိတ်တံခါးဆီသွားနေတယ်။ ဒါပေမယ့် ဂိတ်ကလဲ ပိတ်နေပြီ။
ငွေရောင်သံချပ်ကာနဲ့ လူငယ် မြင်းစီး တော်တော် ကောင်းတာပဲ။ ဝင်ပေါက် ပိတ်သွားတာမြင်တော့ မြင်းဇက်ကြိုး ဆွဲပြီး ရုတ်တရက် ရပ်လိုက်တယ်။ သူ့နောက်က လူတွေလဲ ထိန်းပြီး ရပ်လိုက်ကြရတော့တာပေါ့။
လူငယ် အသံကျယ်ကျယ်နဲ့..
“တံခါးဖွင့်လိုက်..”
မြို့စောင့် စစ်သည်တစ်ယောက် အပေါ်ကနေ ငုံ့ကြည့်ပြီး..
“ဘယ်သူ လာတာလဲဟေ့..”
လူငယ် စိတ်မရှည်တော့ဘဲ..
“ငါ အမတ်ကြီး ဖန်ဟောင်ရဲ့ လက်ထောက်တပ်မှူးပဲ။ ငါ့မှာ တရားဝင်အမိန့်စာ ပါတယ်။ တံခါးဖွင့်လိုက်..”
အော.. အမတ်ကြီးဖန်ဟောင်ရဲ့ ငယ်သားတစ်ယောက်ကိုး။ အရင်က ကျုပ်မတွေ့ဖူးသေးဘူး။ ကြည့်ရတာ တလူမှာ အရည်အချင်းရှိတဲ့သူတွေ တော်တော်များတဲ့ပုံပဲဗျ။
မြို့စောင့် ခေါင်းဆောင်က…
“ခနစောင့်..”
ခနကြာတော့ တံခါးပွင့်လာပြီး မြင်းစီး စစ်သည်တွေ ဖြတ်သွားကြတယ်။ မြို့စောင့် ခေါင်းဆောင် အဆင့်မြင့် ချပ်ဝတ်ဝတ်ထားတာပဲ။ ငွေရောင်ချပ်ဝတ်နဲ့ လူငယ်ကို..
“ကျေးဇူးပြုပြီး မင်းအမိန့်စာ ပြပါ..”
ငွေသံချပ်ကာနဲ့လူငယ် ပစ္စည်းတစ်ခု ထုတ်ပြလိုက်တယ်။ ခေါင်းဆောင် မြင်သွားတော့ ချက်ချင်း တရိုတသေနဲ့..
“ဒါ.. သခင်ခယ်အာလွင်တိပဲ.. အမြန်ဝင်ပါ..”
ဒါ မတရားဘူး။ ကျုပ်ကျ ဝင်ခွင့်မပေးဘဲ သူ့ကျ ဝင်ခွင့်ပေးလိုက်တယ်တဲ့။ ကျုပ်မှာလဲ အောက်ကျမခံချင်စိတ် ရှိလေတော့ သူတို့အဖွဲ့နောက်ကကပ်ပြီး မြို့ထဲဝင်ဖို့ တည်နေရာရွှေ့ပြောင်းလိုက်တာပေါ့။ မြို့တွေထဲကို တည်နေရာရွှေ့ဝင်သမျှ ဒီနေရာက ပထမဆုံးပေါ့ဗျာ။
============= (*^*)=============
အပိုင်း( ၂၉၉ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား