ကြီးမားသော အကြင်နာတရားဖြင့် ဖိတ်ခေါ်ခြင်း
Vol. 20 Ch. 300
Child of light (ကျန်းကုန်း)
Volume 11: Chapter 8 - To Invite Great Kindness
ကျုပ်ကို ကူညီချင်တာတဲ့လား။ အဲ့လောက် ရိုးရှင်းမယ် မထင်ပါဘူး။ ပိုတောင် သတိနဲ့ နေမိလိုက်သေးတယ်။
“ငါ့ကို ဘယ်သူမှ ကူညီနိုင်မှာ မဟုတ်ပါဘူးကွာ.. ငါလဲ အကူအညီ မလိုပါဘူး..”
“ဒီမြို့လေးမှာ ညီနောင်ရဲ့ မှော်ပညာလေးနက်မှုနဲ့ဆို တန်ဖိုးထားရမှာ အမှန်ပဲ။ ငါက ခယ်အာလွင်တိပါ။ အခု စစ်တပ်မှာ တာဝန်ထမ်းနေတယ်။ မင်း ဆန္ဒရှိရင် တပ်ထဲဝင်နိုင်ဖို့ အာမခံနိုင်တယ်။ ငါတို့သာ လက်တွဲလုပ်ရင် နာမည်ကြီးလာမျာ သေချာတယ်”
ကျုပ် အံ့ဩသွားမိတယ်။ တော်တော် ရီစရာကောင်းတာပဲ။ အဲ့အောင် ကျုပ်ကို တပ်ထဲဝင်ဖို့ စည်းရုံးလိမ့်မယ် ထင်မထားမိဘူး။ ခယ်အာလွင်တိမှာ ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှမရှိတာ တွေ့တော့ ကျုပ် စိတ်အေးလက်အေးနဲ့ ပြုံးပြီး..
“မင်းက ငါ့ကို တပ်ထဲဝင်စေချင်နေတာလား.. ငါကိုရော ဘယ်လို ရာထူးမျိုး ပေးမှာမို့လဲ..”
ခယ်အာလွင်တိ မျက်လုံးထဲမှာ လက်ကနဲ ဖြစ်သွားပြီး..
“ငါက အမတ်ကြီး ဖန်ဟောင်ရဲ့ လက်ထောက် တပ်မှူးပါ။ မင်း သူ့ကိုတော့ သိတယ်မို့လား..”
“ဒါပေါ့။ တလူနိုင်ငံတော်ကြီးမှာ ကြီးမြတ်တဲ့ အမတ်ကြီး တစ်ယောက်ပဲလေ”
“အခု သူလျှပ်စီးခံတပ်မှာ အပြောင်းအလဲ နည်းနည်း ဖြစ်သွားတော့ အမတ်ကြီးရာထူးကနေ နှုတ်ထွက်လိုက်ပြီ။ ရာထူးလျော့ခံရပြီး အမှတ်(၂)စစ်တပ်မှာ ကွပ်ကဲဖို့ တာဝန်ပေးလိုက်တယ်..”
“အမတ်ကြီး ဖန်ဟောင် တစ်ရက်တော့ သူ့ဂုဏ်သိက္ခာတွေ ပြန်ရမှာသေချာပါတယ်လေ..”
ယဉ်ကျေးသမှုအရ မပြောခဲ့ပေမယ့် ဖန်ဟောင် တလူနိုင်ငံတာဝန်ကနေ နှုတ်ထါက်သွားပြီ။ နိုင်ငံတော်မှာ အချိန်တိုအတွင်း သူ့ရာထူးသူ ပြန်ရဖို့ နည်းလမ်း တွေးနေမှာလို့ ကျုပ်ယုံတယ်။
“အဲ့လိုဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်။ ဒါပေမယ့် ဧကရာဇ်ကြီးက အမှတ်(၂)စစ်တပ်ကို လွှတ်လိုက်ပေမယ့် နိုင်ငံတော်ရဲ့ အမှုတော်ကို နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့တာဆိုတော့ သူစကားတွေ တော်တော် အရာရောက်မှာလေ။ အခုဆို စစ်တပ်မှာ အားနည်းနေတာက မှော်ဆရာတွေ၊ အထူးသဖြင့် အဆင့်တန်းမြင့်တဲ့ သူရဲကောင်းတွေပေါ့။ မင်းသာ တပ်ထဲဝင်ရင် မင်းကို ငါ့လက်ထောက်အဖြစ် ရာထူးပေးမယ်။ ရန်သူတွေ တိုက်တဲ့အချိန် အားရပါးရ တိုက်ကြတာပေါ့ကွာ..”
ဒုတပ်မှူးရဲ့ လက်ထောက်တဲ့လား။ ဒါကလဲ နိမ့်တယ်လို့တော့ ပြောလို့မရပါဘူးလေ။ ခယ်အာလွင်တိ ပုံစံက ကန္တာရထဲမှာ ရေရှာနေတဲ့လူလို ဖြစ်နေတာပဲ။ ကျုပ် ခပ်အေးအေးနဲ့ပဲ..
“အရှင် ခယ်အာလွင်တိ… ငါတို့တွေ ဒီနေ့မှ စတွေ့ကြတာ.. ကျုပ်အစွမ်းနဲ့ ပတ်သက်ပြီး မင်းဘယ်လိုလုပ် သိနိုင်မလဲ.. စရိုက်ဆိုးနဲ့ တစ်ယောက်ကိုတော့ မင်းအနားမှာ ထားဖို့ စိတ်မဝင်စားလောက်ဘူး မို့လား..”
“မင်းနဲ့ စကားပြောကတည်းက အဲ့လိုလူမဟုတ်ဘူးဆိုတာ သက်သေပြပြီးသားလေ။ သွားစို့.. ငါမင်းကို အရက်တိုက်မယ်.. သောက်ရင်းနဲ့ ပြောကြတာပေါ့..”
ဒီလိုနဲ့ နှစ်ယောက်သား တည်းခိုခန်းထဲ ပြန်ဝင်လိုက်ကြတယ်။ ခယ်အာလွင်တိ တလူနိုင်ငံထွက် အစားအသောက်နဲ့ ဈေးကြီးဝိုင် မှာလိုက်တယ်။ ပြီးတော့ ခွက်ထဲကို သူကိုယ်တိုင် ထည့်ပေးပြီး..
“ကျေးဇူးပြုပြီး စမ်းကြည့်စမ်းပါအုံး.. မင်းလေသံအရတော့ အိုက်ရှား နိုင်ငံက ဖြစ်လောက်တယ်.. ဒီနေရာက အကောင်းဆုံးဝိုင် မမြည်းဖူးလောက်သေးဘူး.. စမ်းကြည့်လိုက်စမ်းပါ.. သေချာပေါက် ထူးခြားမှာပါလေ..”
ဒီကောင် အသေးစိတ် သတိထားတတ်တဲ့သူပဲ။ ကျုပ်လဲ ဝိုင်ခွက်မြှောက်လိုက်တယ်။ ခွက်ထဲက အနီရောင် စပျစ်ဝိုင်ရနံ့က ကျပ်စိတ်ကို အေးမြသွားတာပဲဗျို့။
“ကောင်းလိုက်တဲ့ ဝိုင်.”
တစ်ငုံသောက်လိုက်တာနဲ့ အချဉ်အခါး ခပ်ပါးပါးနဲ့ ဝိုင်အရသာက လည်ချောင်းထဲ စီးကျလာတယ်။ ဝင်စမှာ မျက်မှောင်ကြုတ်လိုက်မိပေမယ့် လည်ချောင်းရင်း ရောက်တော့ ရုတ်တရက် ချိုမြန်သွားပါလေရော။ နှလုံးသားထိ အချိုအရသာ စိမ့်သွားတာပဲ။ ကျုပ်ခန္ဓာကိုယ်တစ်ခုလုံး နွေးလာပြီး ခန္ဓာကိုယ်က ချွေးပေါက်တွေ ပွင့်ထွက်၊ တော်တော်ကို နေသာထိုင်သာ ဖြစ်သွားတာပါပဲလား။
“ကောင်းလိုက်တဲ့ ဝိုင်ကွာ..”
“ဒီဝိုင်က ထိပ်တန်းအဆင့် မဟုတ်ပေမယ့် ဆိုးတော့ မဆိုးပါဘူး.. မင်းရုပ်ကို ငါသေချာမမြင်ရပါလား.. ငါ…”
“ငါ ငယ်ငယ်တုန်းက တော်တော် ရုပ်ပျက်သွားတယ်.. မမြင်တာ အကောင်းဆုံးပါကွာ.. မင်း တော်တော် ကြောက်သွားမိမှာ စိုးမိတယ်..”
“ဘယ်လိုဖြစ်တာလဲ.. လူတွေကို ရုပ်ရည်နဲ့ ဆုံးဖြတ်လို့ မရပါဘူးကွာ..”
ကျုပ် မူလရုပ် မမှတ်မိစေချင်လို့ သူ့ကို မြင်ခွင့်မပေးချင်ဘူးလေ။ သူက အမတ်ကြီး ဖန်ဟောင်ရဲ့ ဒုတပ်မျူးဆိုရင် လျှပ်စီးခံတပ်မှာ ကျုပ်ကို တွေ့ဖူးလောက်တယ်လေ။ ကျုပ် လက်ပြတားရင်းနဲ့..
“တပ်မှူး ဘာများ ကိစ္စရှိလို့လဲ..”
“အမတ်အသစ်ကို အသင့်စောင့်ကြိုဖို့ လျှပ်စီးခံတပ်က တပ်တွေ နေရာချထားဖို့ စီစဉ်ထားတယ်လေ.. အမတ်ကြီး ဖန်ဟောင်က ရိက္ခာတွေစုပြီး ဒီမြို့ကို ပြန်ဖို့ အမိန့်ပေးလိုက်လို့ ပွဲကြီးပွဲကောင်း လွတ်သွားတာ.. လူသား(၃)နိုင်ငံရယ်၊ နတ်ဆိုးနဲ့ သားရဲမဟာမိတ်တပ်တွေ ပြန်လည်သင့်မြတ်ဖို့ ပြင်နေတုန်း အိုက်ရှားက ဧကရာဇ် ခယ်ကျာ ရုတ်တရက် စိတ်ပြောင်းပြီး နတ်ဆိုးနဲ့ သားရဲမဟာမိတ်တပ်တွေကို တိုက်ခိုက် ချင်တယ်ဆိုတာ သိလိုက်ရတယ်… သူ့လုပ်ပုံက နတ်ဘုရားတမန်တော်တွေကို စိတ်ပျက်စေတာပေါ့.. သူတို့တွေ ဘယ်လိုစွမ်းအားတွေ သုံးလိုက်တယ်မသိဘူး ခံတပ်ရှေ့က ကွင်းပြင်ကြီးမှာ တစ်ကီလိုမီတာလောက် ကျယ်တဲ့ ချောက်ကြီးတစ်ခု ဖန်တီးလိုက်တယ်… အဲ့မြင်ကွင်းက တော်တော်အံ့ဩဖို့ကောင်းတယ်.. ကိုယ်တိုင် မမြင်လိုက်ရတာ နာတယ်ကွာ..”
မမြင်လိုက်ရလို့ နာတယ်ဆိုပဲ။ ခနနေမှ ဆက်ပြီး..
“ညီနောင် မင်းအသက် မကြီးလောက်သေးပါဘူး.. မင်းအသံက သက်သေပဲ.. တပ်ထဲဝင်ရင် ဘယ်နှယ့်လဲ..”
“လောလောဆယ် တပ်ထဲဝင်ဖို့ စဉ်းစားမထားသေးဘူး.. အခု ကျုပ်ရည်ရွယ်ချက်က လျှပ်စီးခံတပ်ကို သွားကြည့်ဖို့လေ.. မင်းပြောတဲ့ တွင်းနက်ကြီးကို လေးလေးနက်နက် သွားကြည့်ချင်တာ…”
ခယ်အာလွင်တိ တပ်ထဲဝင်ဖို့ သူစည်းရုံးတာ ငြင်းလိုက်တော့ မျက်မှောင်ကြုတ်သွားပေမယ့် လျှပ်စီးခံတပ်ကို သွားမယ်ကြားတော့ ချက်ချင်းပဲ..
“ဒါဆို အတူတူသွားရအောင်လေ.. ဒီနေရာနဲ့ လျှပ်စီးခံတပ်က သိပ်မဝေးဘူး.. မြင်းနဲ့ဆို ရက်တိုတိုနဲ့ ရောက်လိမ့်မယ်”
ရိုးသားတဲ့ သူ့ပုံစံမြင်လိုက်ရတော့ ကျုပ်မငြင်းချင်တော့ဘူး။ ဒါပေမယ့် ကျုပ်သာ စွမ်းအားအပြည့်နဲ့ ပျံသွားမယ်ဆို တစ်ရက်တည်းနဲ့ ရောက်မှာလေ။ သဘောမတူသင့်ဘူး တွေးလိုက်မိတယ်။
ခယ်အာလွင်တိ ကျုပ်ငြိမ်နေတာ မြင်တော့ ချက်ချင်းပဲ..
“မင်း ငါတို့နဲ့ လိုက်မယ်ဆိုရင် ဒုက္ခတော်တော် နည်းသွားလိမ့်မယ်.. လျှပ်စီးခံတပ်မှာ သာမန်လူတွေ ဝင်လို့မရအောင် ပြုပြင်မှုတွေ ရှိတယ်ဆိုတာ မင်းသိလောက်မှာပါ။ မင်း ငါတို့နဲ့ လိုက်ခဲ့မယ်ဆိုရင် ငါ့လက်မှတ်နဲ့ မြို့ထဲဝင်ရတာ ပိုလွယ်သွားလိမ့်မယ်..”
ကျုပ်က အစကတည်းက လျှပ်စီးခံတပ်ထဲ မဝင်ဘဲ ပျံသွားဖို့ လုပ်ထားတာဆိုတော့ သူ့စကားတွေက ဘာအကျိုးမှ မသက်ရောက်ဘူးဗျ။ သူနဲ့ အချိန်တော်တော်ကြာအောင် မြင်းအတူတူစီးပြီး ခရီးထွက်ချင် နေတာကိုး။ ထားလိုက်ပါတော့။ ကျုပ် အမြဲတမ်း ရှောင်ကျင်းပဲ စီးနေတာလေ။ ငယ်ငယ်ကတည်းက မြင်းသိပ်စီးခဲ့ရတာ မဟုတ်ဘူး။ စမ်းကြည့်ရသေးတာပေါ့။
ကောင်းပြီလေ.. ဒါဆိုလဲ မင်းကိုပဲ ဒုက္ခပေးရတော့မျာပဲ..”
============= (*^*)=============
အပိုင်း( ၃၀၁ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား