မဖြစ်နိုင်ဘူး။
Vol. 168 Ch. 2339
“ ပလောက် ... ပလောက် ... ။ ”
ပန်းသင်္ချိုင်းမှ သွေးများ စီးကျနေသည်။ သွေး၌ အစွမ်းထက်သော သူတော်စင် စွမ်းအင် ပါရှိ၏။
လူတိုင်း နှလုံးခုန်သံများ မြန်လာပြီး ကြောက်ရွံ့မှုများ မြင့်တက်ကာ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားသည်။
မည်သူ့သွေးမှန်း မသိချေ။ သေချာသည်မှာ နှလုံးသွေး ဖြစ်သည်။ နှလုံးသား ဓားနှင့် ထိုးခံရခြင်း ဖြစ်၏။ မသေသော်မှ ဒဏ်ရာ အပြင်းအထန် ရရှိပေမည်။
ဝမ်ကြွယ်က မယုံကြည်နိုင်စွာဖြင့် ရင်ဘတ်ကို ဆုပ်ကိုင်ကာ ဒူးထောက်ကျ သွားသည်။
“ အဟွတ် ... အဟွတ် ... ။ ”
ချောင်းတဟွတ်ဟွတ် ဆိုးပြီး ရင်ဘတ်မှ သွေးများ စီးကျလာသည်။ ရောင်ဝါသည်လည်း ကျဆင်းသွား၏။
“ နှမျောစရာ ကောင်းလိုက်တာ … ။ ”
လင်းယွန်က ညည်းတွားလိုက်သည်။ ဝမ်ကြွယ်ကို မသတ်နိုင်ခဲ့ချေ။ ဓားက နှလုံးနှင့် ထိတွေ့သောအခါ တံဆိပ်တစ်ခုကို အာရုံခံ မိလေသည်။
ထိုတံဆိပ်က သူ့ကို အတင်းအကြပ် ပြန်ဆုတ်ရန် သတိပေးခဲ့သည်။ ဤသည်မှာ နတ်ဘုရားများ၏ တန်ခိုး ဖြစ်၏။
“ သခင်ငယ် ... ။ ”
တစ္ဆေဇီးကွက်နှင့် လျှပ်စီး မြွေဟောက်က အနားသို့ အမြန် ပြေးလွှားသွားပြီး ကူညီပေး လေသည်။
ထိုအချိန်တွင် ကျိကျစ်ရှီ၊ ရှန်းထျန်းနန်နှင့် လင်းကျန်းရှန့်က လင်းယွန်ထံ လျှောက်လှမ်း သွားသည်။
သူတို့က ဒဏ်ရာရနေသော ဝမ်ကြွယ်ထံ လေးနက်သည့် အမူအရာဖြင့် ကြည့်လိုက်ကြ လေသည်။
“ ပန်းသင်္ချိုင်း ... သူတော်စင် တောင်ပေါ်မှာ ပြန်ဆုံကြမယ်။ ”
ဝမ်ကြွယ်က မကျေမနပ်နှင့် တွန့်ဆုတ်စွာ ပြောကြားသည်။ လင်းယွန်က ပခုံးတွန့်လိုက်ပြီး ပြန်မပြောချေ။
“ ရှန်းထျန်းနန် ... မင်းလည်းပဲ။ ”
ထိုစကားကြောင့် ရှန်းထျန်းနန်က ကူကယ်ရာမဲ့စွာ ပြုံးပြီး၊
“ မင်းကို ဒူးထောက်ခိုင်းတာ ... ငါမဟုတ်ဘူး ဘာလို့ ငါဖြစ်ရတာလဲ။ ”
-ဟု ပြန်မေး၏။
“ ဟမ့် ... သူတော်စင်တောင်မှာ မင်းကို မတွေ့ရစေနဲ့ ... ငါခွင့်မလွှတ်ဘူး။ ”
သို့တိုင် ဝမ်ကြွယ်ဒေါသက သူ့ထံ ကျရောက်နေဆဲ ဖြစ်သည်။ လင်းယွန်က ရပ်ကြည့် မနေနိုင်တော့ချေ။
“ ငါလည်း မင်းကို မှာချင်တယ် ... နတ်ဘုရားတွေက မင်းအပေါ် တစ်သက်လုံး ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး ... စောစောက ငါ့ဓားဖျားမှာ မင်းအသက် ပါထားပြီးသား ဆိုတာ မမေ့နဲ့။ ”
“ သွားကြရအောင်။ ”
လင်းယွန်စကားကြောင့် ဝမ်ကြွယ် မျက်နှာပြောင်းသွား၏။ ဤနေရာ၌ နောက်ထပ် တစ်စက္ကန့်မျှပင် ဆက်မနေရဲတော့ချေ။
“ ဒီနေ့ ပြီးရင် ပန်းသင်္ချိုင်း နာမည်ကို ကောင်းကင်လွင်ပြင်က လူတိုင်း သိသွားမှာ သေချာတယ်။ ”
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက သက်ပြင်းချပြီး အမြန် ထွက်ခွာသွားကြတော့ သည်။ သူတို့၏ ရိတ်သိမ်းမှုသည် လင်းယွန်နှင့် မယှဉ်နိုင်သော်လည်း သင့်လျော်ချေ၏။
ထို့ကြောင့် အမြန်ဆုံး သန့်စင်လိုသည်။ လူတိုင်းကြားတွင် မုရှို့ဟန်သည်သာ စိတ်ဓာတ် ကျနေခဲ့သည်။
နောက်ဆုံး၌ သူ့ တာအိုသစ်သီးများကို ဝမ်ကြွယ်ထံ ပေးအပ်ခဲ့၏။ လင်းယွန်ထံ မဝံ့မရဲ ပြန်ကြည့်ကာ ရွှေသစ်သီးများထံ အတွေး ရောက်သွားသည်။
“ သွားကြရအောင် ... ငါ မင်းကို တာအိုသစ်သီး တစ်လုံး ... ပေးနိုင်တယ် တခြား ဘာမှ မစဉ်းစားနဲ့။ ”
အောင်းကြွယ်က သနားစရာ ကောင်းလွန်းသည့် သူ့ပုံစံမြင်ပြီး ရွှေတာအို သစ်သီးများ မတွေးရန် သတိ ပေးလိုက်၏။
“ ငါ လူမိုက် မဟုတ်ဘူး။ ”
မုရှို့ဟန်က ရွှေကျောက်စိမ်း ခန်းမကို ဦးဆောင်ပြီး ထွက်ခွာလာခဲ့သည်။ ဤနည်းဖြင့် ချီလင်တောင်တစ်ခုလုံး တိတ်ဆိတ်သွား၏။
အဆုံးတွင် ကောင်းကင်ဓားခန်းမ၏ တပည့်များသာ ကျန်ရှိတော့သည်။
“ အစ်ကိုကြီးလင်း ... မင်း သူ့ကို ဒီအတိုင်း လွှတ်ထားမှာလား။ ”
ကျိကျစ်ရှီက မေးသည်။ ဝမ်ကြွယ်ကို ရည်ရွယ်ခြင်းပေပင်။ လင်းကျန်းရှန့်က လှည့် ကြည့်ကာ လင်းယွန် အစား ပြန်ဖြေသည်။
“ သူ့မှာ နတ်ဘုရားရဲ့ အကာအကွယ် ရှိတယ်၊ သူ့အသက်အန္တရာယ် ကြုံလာရရင် အဲဒီ တံဆိပ်က အသက်ဝင် လာလိမ့်မယ်။ ”
“ ဒါက ဘာအဓိပ္ပါယ်လဲ ... ဒီနေရာက ကောင်းကင်ဘုံ လွင်ပြင်ရဲ့ ... စမ်းသပ်ကွင်း မဟုတ်လား။ ”
ကျိကျစ်ရှီက မကျေနပ်ချေ။
“ ဒါက တရားမျှတမှု မရှိဘူး ထင်နေတာလား တချို့ လူတွေအတွက်တော့ ချွင်းချက်ရှိပါတယ် ... ဝမ်ကြွယ်က လင်းကျန်းရှန့် အစား ...
... ငါ့ကို သတ်ချင်နေတာပဲ ကြည့် ... လင်းကျန်းရှန့်မှာ နတ်ဘုရား တံဆိပ် ရှိနေလို့ ... အချိန်မရွေး နတ်ဘုရားတပည့် ဖြစ်နိုင်တယ်။ ”
ရှန်းထျတ်းနန်က ပြုံးကာ ဝင်ပြော လိုက်သည်။ လင်းကျန်းရှန့်မှ ငြင်းဆန်ခြင်း မပြုချေ။ လင်းယွန်က သူမထံ ကြည့်ကာ၊
“ ဒြပ်ငါးပါး တာအိုရဲ့ မျက်နှာပြင်ကို တက်လှမ်းထားနိုင်ပြီ ... မင်းက တကယ့်ကို နက်နက်နဲနဲ ဖုံးကွယ်ထားတာပဲ။ ”
-ဟု ချီးကျူးစကားဆိုလိုက်၏။
“ နင်နဲ့ယှဉ်ရင် ဘာမှ မဟုတ်ပါဘူး။ ”
“ ဘာပဲဖြစ်ဖြစ် ... ငါနဲ့ ကျိကျစ်ရှီကို မင်း ကာကွယ်ခဲ့တယ်။ ”
“ ကောင်းပြီ ... အခု နင်ဘာဆက်လုပ်မလဲ။ ”
“ သူတော်စင် တောင်ကို သွားမယ် မင်းတို့ လိုက်မလား။ ”
“ ဟား ဟား ဟား ... ဒါပဲ ။ ”
ရှန်းထျန်းရှန့်မှ ရယ်မောလိုက်သည်။ လင်းကျန်းရှန့်သည်လည်း ပြုံးပြီး ခေါင်းညိတ် ပြ၏။
“ သူတို့ကိုရော ... ။ ”
လင်းယွန်က ကောင်းကင်ဓား ခန်းမ၏ တပည့်များထံ လှည့်ကြည့်ကာ မေးလိုက်သည်။
“ လမ်းခရီးက ... အရမ်း အန္တရာယ်များပါတယ် ... ကာကွယ်ပေးမဲ့ လူ မရှိရင် မလွယ်ဘူး၊ ခေါ်သွားပေးရင် တောင်မှ တောင်တက်ဖို့ အရည်အချင်း မရှိဘူး။ ”
“ ဝူယုဟွာ... မင်းလိုက်မလား။ ”
လင်းယွန်က တိုက်ရိုက် မေးလိုက် လေသည်။ ကျန်တပည့်များမှာ မနာလိုစိတ်ဖြင့် ဝူယုဟွာထံ ကြည့်ကြ၏။
နောက်ဆုံးတွင် လင်းယွန် သည်သာ ကာကွယ်ပေးပါက ခရီးစဉ် လုံခြုံမည် ဖြစ်သည်။ ဝူယုဟွာက ဝမ်းသာသွား သော်လည်း၊
“ ငါ လိုက်မှာ မဟုတ်ဘူး ... ခေါင်းဆောင် ပြောတာ မှန်တယ် ငါ့ခွန်အားနဲ့ သွားလို့ မရဘူး။ ”
-ဟု ငြင်းဆန်သည်။
“ အစ်ကိုကြီးလင်း ... မင်းငါ့ကို ဘာလို့ မခေါ်တာလဲ။ ”
ရုတ်တရက် ရှလောက လူအုပ်ထဲမှ ထွက်လာပြီး မျှော်လင့်ချက်ကြီးစွာ မေးမြန်း လာခဲ့သည်။
ဤဖြစ်စဉ်က ချန်ကျွင့်ကို လုံးဝ အံသြသွားစေ၏။ သူမကို သူ့လက်တွဲဖော် အဖြစ် သတ်မှတ်ထားခဲ့သည်။
တစ်နေ့တွင် အခြားလူ တစ်ဦးထံသို့ ထွက်သွားလိမ့်မည်ဟု မမျှော်လင့်ထားချေ။ ကောင်းကင်ဓားခန်းမ၏ တပည့်တိုင်း ငြိမ်သက် သွားကြသည်။
အစောပိုင်းအချိန်က လူမိုက်အဖြစ် လင်းယွန်ကို မောင်းထုတ်ခဲ့သည့် မြင်ကွင်းများ ပြန်မြင်လာ၏။ အဆင်မပြေတော့ချေ။
ဝူယုဟွာက ပြုံးစိစိဖြင့် ခေါင်းရမ်း လိုက်သည်။ မျက်နှာ ပျက်ယွင်းနေသော ချန်ကျွင့်ကို ကြည့်ကာ ကြည်နူးသွား၏။
“ အစ်ကိုကြီးလင်း ... ငါ …”
ရှလောက လင်းယွန်၏ အိမ်ဖော် ဖြစ်ချင်သည်ဟု ပြောလိုသော်လည်း ကျိကျစ်ရှီ ထံသို့ အကြည့်ရောက်သွားကာ၊
“ ငါ ... သခင်လေးလင်းနဲ့ မိန်းကလေးကျိရဲ့ အိမ်ဖော် ဖြစ်ချင်ပါတယ်။ ”
-ဟု ပြင်ဆင်ပြောကြားလိုက်သည်။
လင်းကျန်းရှန့် မျက်နှာကြောင့် လင်းယွန်က စကား ပြန်မပြောခဲ့ချေ။ ကျိကျစ်ရှီက သာလျှင် ပြုံးလျက်၊
“ ဒါတော့ လုံးဝ မဖြစ်နိုင်ပါဘူး ... အစ်ကိုကြီးလင်း ... မင်းလည်း အိမ်အဖော် မလိုဘူး မဟုတ်လား။ ”
-ဟု စကားကို ဖြတ်ချလိုက်သည်။
“ ရှလော ... သခင်လေးလင်းက ... ဆန္ဒ မရှိလို့ အတင်းအကြပ် မလုပ်ပါနဲ့ ... ပြီးတော့ မင်းနဲ့ ချန်ကျွင့်က သူ့ကို မောင်းထုတ် ခဲ့သေးတယ် မဟုတ်လား။ ”
လင်းကျန်းရှန့်က အေးစက်စွာ သတိပေးသည်။ ထို့နောက်၊
“ ချန်ကျွင့်နဲ့ ဝူယုဟွာ ... မင်းတို့ နှစ်ယောက်က တခြားလူတွေကို ဂရုစိုက်ပြီး ဆုံရပ်မှာ စောင့်နေပါ။ ”
လင်းကျန်းရှန့်က သူမ၏ တာအိုသစ်သီး (၃)လုံးကို ထုတ်ယူပြီး တစ်ယောက် တစ်လုံးစီ ပေးကမ်းလိုက်သည်။
“ အိမ်အကူ တစ်ယောက် အလကား ရတာလည်း မဆိုးပါဘူး။ ”
ရှန်းထျန်းနန်က ရေရွတ်လိုက်သည်။ သို့သော် ကျိကျစ်ရှီနှင့် လင်းကျန်းရှန့် အကြည့်များ ဆင်းသက်လာသဖြင့် ချက်ချင်း ခေါင်းစဉ် ပြောင်းလိုက်ရ၏။
“ အစ်ကိုလင်း ... ငါတို့လည်း သွားသင့်ပြီ။ ”
“ အလျင်လို နေစရာ မလိုပါဘူး။ ”
လင်းယွန်က လက်ပြလိုက်ရာ လွင့်ပစ်ခဲ့သော ရွှေရောင် သစ်သီးကိုးလုံး ပြန်လည် ရောက်ရှိလာသည်။
“ အစ်ကိုလင်း ... အဲဒီတုန်းက မင်း တကယ် လွှင့်ပစ်လိုက်တာ မဟုတ်ဘူးလား။ ”
“ ဟုတ်တယ် ... ဒါပေမယ့် ဒီသစ်သီးတွေ အပေါ်မှာ ငါ့ဓားကို ထားခဲ့တယ် ... ဒါကြောင့် လိုချင်ရင် အချိန်မရွေး ပြန်ခေါ်နိုင်တယ်။ ”
လင်းယွန်က ပြန်ဖြေပြီး ရွှေရောင် သစ်သီး လေးလုံးကို လင်းကျန်းရှန့်တို့ထံ ခွဲဝေပေးလိုက် တော့သည်။
“ ဒါက ငါ့ကို စောစောက စောင့်ရှောက် ပေးခဲ့တဲ့ အတွက် ။ ”
သူ့စကားကြောင့် ရှန်းထျန်းနန်က နှလုံးသွေးများ ခုန်ပေါက်လာ၏။ လင်းကျန်းရှန့် သည်သာ ချီတုံချတုံ ဖြစ်သွားလေသည်။
“ တကယ်တော့ ... နင် ... ထွက်သွား နိုင်ပြီလေ ... ငါတို့ကို စိုးရိမ်လို့သာ အဆင့်တက် ခဲ့တာ မဟုတ်လား။ ”
“ ငါတို့က မိတ်ဆွေတွေပဲ။ ”
လင်းယွန်က ပြန်ဖြေသည်။
“ ရွှေရောင် သစ်သီးဆိုတာ အုပ်စိုးရှင် တာအိုပဲ တန်ဖိုးက စိတ်ကူး မယဉ်နိုင်ဘူး ဒါဆို နင်ကိုယ်တိုင် သုံးတာ ပိုကောင်းမယ်။ ”
“ ဟုတ်တယ် ... အစ်ကိုလင်း၊ မင်းရဲ့ သူတော်စင်တာအိုက အရမ်း အားနည်းတယ် ဒါကြောင့် ဝမ်ကြွယ်ကို ရှုံးခဲ့ရတာ။ ”
ရှန်ထျန်းနန်မှလည်း လင်းကျန်းရှန့် စကားကို ထောက်ခံ၏။ ရွှေတာအို သစ်သီးသည် စွဲမက်ဖွယ် ကောင်းသော်လည်း နှစ်လုံးအထိ ယူခြင်းသည် လွန်ပေမည်။
“ အမှန်အတိုင်း ပြောရရင် ... ငါ့မှာ ရွှေရောင်သစ်သီးတွေ အပြင် ထာဝရတာအို သစ်သီးလည်း ရှိတယ် ... ။ ”
လင်းယွန် ထုတ်ပြောလိုက်သည့်အခိုက် လူတိုင်း ပါးစပ် အဟောင်းသား ဖြစ်ကုန်တော့ သည်။
***