ကောင်းကင် နတ်ဘုရားလမ်း ပေါ်လာခြင်း။
Vol. 168 Ch. 2341
လင်းယွန်က ဓားတာအို အကန့်အသတ် ဖြစ်ကျော်ကာ ထာဝရတာအို (၉)ပါး အပေါ် ဖိနှိမ်လိုသော အိမ်မက်တစ်ခု ရှိသည်။
ထို့နောက်တွင် ဤလမ်းကြောင်းသည် ခရီးစဉ်တစ်လျှောက် သင်ယူမှုများ အားလုံးကို စစ်ထုတ် ပေါင်းစပ်ရန် လိုအပ်၏။
လုပ်ငန်းစဉ်သည် ရှည်လျားပေမည်။
“ ဒါတွေကို အကုန်သုံးပြီး ဓားတာအိုနဲ့ ငါဘယ်လောက်အထိ လျှောက်လှမ်း နိုင်မလဲ ဆိုတာ ကြည့်ရအောင်။ ”
ဆုံးဖြတ်ချက်ချကာ ရွှေရောင်သစ်သီးကို စားလိုက်၏။ ချွေးပေါက်များမှ ရွှေအလင်းများ စိမ့်ထွက်လာသည်။ စက္ကန့်ပိုင်းအတွင်း ခေါင်းလောင်းသံကို ကြားလိုက်ရ၏။
ထိုခေါင်းလောင်းသံ အောက်တွင် ဓားပင်လယ်ရှိ တောက်ပသော ရောင်ခြည်တော် ဓားရည်ရွယ်ချက်က ပွက်ပွက်ဆူလာသည်။
ထို့နောက် ပန်းမျိုးစုံ ပွင့်နေသော အာကာသထဲ လှမ်းဝင်လိုက်သည်။ ပန်းများ အားလုံး အုပ်စိုးရှင် တာအိုများ ဖြစ်၏။
(၃၆)ပါး တိတိရှိသည်။ အမျိုးမျိုးသော တာအိုပန်းများ ဖမ်းဆုပ်ကာ သူတို့ တန်ခိုးကို ပြသလိုက်သည်။
အုပ်စိုးရှင် တာအို ရှေ့တွင် မဟာ တာအိုပေါင်း သုံးထောင်ရှိ၏။ ၎င်းတို့ထံမှလည်း ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါကို ပေးစွမ်းသည်။
ရွှေရောင် သစ်သီးများ အဘယ်ကြောင့် ဤမျှတန်ဖိုးရှိနေသည်ကို ရုတ်တရက် နားလည် သွားလေသည်။
သစ်သီးများသည် တာအို မူလကို လမ်းပြနိုင်သည်။ ၎င်းတို့ကို ဆုပ်ကိုင်ထားသော နတ်ဘုရားများက အမှတ်အသားများ ချန်ခဲ့ကာ ရွှေသစ်သီးအဖြစ် ပြောင်းလဲထားခြင်း ဖြစ်၏။
မဟာတာအိုများ သည်လည်း နက်နဲပြီး ၎င်းတို့ကို မြင့်မားသောအဆင့်သို့ ရောက်ပါက နတ်ဘုရား ဖြစ်နိုင်မည်။
လူပေါင်းများစွာ စိုက်ကြည့်နေသကဲ့သို့ ခံစားရပြီး ကြီးမားသော ဖိအားများ သက်ဆင်း လာခဲ့သည်။ လက်ဝှေ့ယမ်းလိုက်သည်နှင့် လေ၊ မိုးကြိုး တာအိုများ လင်းလက်လာ၏။
ပန်းနှစ်ပွင့် လွင့်မျောလျက် ပေါင်းစပ် သွားသောအခါတွင် မိုးကြိုးမုန်တိုင်း ဖြစ်ပေါ် လာသည်။
သူတို့သည် နောက်ထပ် တာအိုပန်း တစ်ပွင့်ဖြင့် ပေါင်းစပ်ပြီးနောက် နဂါးဟောက်သံ ပေးစွမ်းလာ၏။
အုပ်စိုးရှင် တာအိုထက် မနိမ့်သော မိုးပြာနဂါးတာအို ရောင်ခြည်တော် ဖြစ်ချေပြီ။ ၎င်းသည် နဂါးများ အားလုံး၏ ဘုရင် ဖြစ်လာခဲ့၏။
မဟာတာအို အချင်းချင်း ပေါင်းစပ်ခြင်းဖြင့် အုပ်စိုးရှင် တာအိုကို ယှဉ်နိုင်ကြောင်း သိရှိလိုက် ရသည်။
“ ဒါပဲ ... ။ ”
မိုးပြာနဂါး တာအိုကို ကြည့်လျက် ထပ်မံ စမ်းသပ်ရန် အကြံပေါ်လာသည်။ များမကြာခင် နဂါးမျက်လုံးမှ ရွှေရောင် အလင်းတန်းများ လင်းလက်လာ၏။
ဤလုပ်ရပ်သည် ချက်ချင်းပင် ကျန်ရှိနေသော မဟာ တာအိုပန်းများ အားလုံး အပေါ် ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သည်။
၎င်းတို့ကို ရွေးရန် ပြောကြားနေသကဲ့သို့ ခံစားလာရသည်။ သို့သော် ထိုအထဲ၌ ဓားတာအို မပါသဖြင့် လင်းယွန်က မျက်မှောင်ကြုတ် သွား၏။
“ အမှိုက်တွေ တိတ်စမ်း ... ဓားဘယ်မှာလဲ ... ။ ”
ပတ်ဝန်းကျင်မှ ဆူညံနေသော နတ်ဘုရားအသံများကြောင့် ခေါင်းကိုက်လာရာ အော်ငေါက်လိုက်မိသည်။
သူ့အော်ငေါက်သံကြောင့် တာအို လောကကြီး တစ်ခုလုံး တုန်ခါလျက် ဒေါသ ထွက်ကုန် ကြ၏။
“ မင်း သေချင်နေတာလား။ ”
“ မင်းက ငါတို့ကို အမှိုက်လို့ ဘယ်လို ခေါ်ရဲတာလဲ ... မင်းက နတ်ဘုရားကို မရိုမသေ လုပ်နေတာလား။ ”
သူတို့ကို ရွေးချယ်ရန် မျက်နှာချို သွေးခဲ့မိသော တာအိုပိုင်ရှင်တိုင်း ဆွေ့ဆွေ့ခုန် လာတော့၏။
ဤအရာက လင်းယွန်ကို ထိတ်လန့်သွား စေသော်လည်း မကြာမီ ငြိမ်သက်သွားခဲ့သည်။ ဤလူများသည် သူ့ထက် အနည်းငယ် မြင့်သော အဆင့်မျှသာ ဖြစ်သည်။ ကြောက်နေစရာ မလိုချေ။
“ ဘာတွေ ဒေါသ ဖြစ်နေတာလဲ ... ပန်းသင်္ချိုင်းလင်းယွန် ဒီမှာရှိတယ် ဓားတာအို ဘာလုပ် နေတာလဲ။ ”
လင်းယွန်က အော်ငေါက်လိုက်သည်။ တစ်ဖက်တွင် ရှန်းထျန်းနန်နှင့် လင်းကျန်းရှန့် တို့သည်လည်း ဤဒေသသို့ ဝင်ရောက် နေကြ သဖြင့် မြင်ကွင်းကြောင့် ထိတ်လန့်သွား၏။
သို့သော် လင်းယွန်ကဲ့သို့ အသံများ ကြားရခြင်းမရှိဘဲ မာနကြီးသော အုပ်စိုးရှင် တာအိုများသာ မြင်လိုက်ရသည်။
“ ဖယ်ကြစမ်း ... ဓား ဘယ်မှာလဲ ... ။ ”
လင်းယွန်က ပတ်ဝန်းကျင်ရှိ နတ်ဘုရားများနှင့် တိုက်ခိုက်ကာ အော်ငေါက် နေခဲ့သည်။
နတ်ဘုရား တစ်ပါးကို အနိုင်ယူ လိုက်ချိန်တိုင်း တာအိုပန်း တစ်ပွင့် ပျောက်ကွယ်သွား ခဲ့သည်။ အချိန်များ ကုန်လွန်လာ ပြီးနောက် ဓားတုန်ခါသံ မြည်ဟည်းကာ ကျန်ရှိနေသော တာအိုပန်းများ မှိန်ဖျော့သွား၏။
“ မဟာ တာအို သုံးထောင်မှာ ဓားသည်သာ အမြင့်မြတ်ဆုံးပဲ။ ”
လင်းယွန်က ရေရွတ်သည်။ ထို့စဉ် တာအိုပိုင်ရှင် တစ်ယောက်က ခေါင်းညိမ့်ပြီး၊
“ ဓားနတ်ဘုရား လာပြီ။ ”
-ဟု ပြောသည်။ အံ့ဖွယ်တံခါး ထံမှ ဥက္ကာခဲကဲ့သို့ ရွှေမီးလုံးများ ပျံထွက်လာပြီး လင်းယွန်အပေါ် လောင်ကျွမ်းသွား၏။
မီးတောက်အောက်၌ စိတ်နေစိတ်ထား ပြောင်းလဲလာသည်။ ခရမ်းရောင် ပန်းပွင့်သည် ထက်ရှသော ဓားရောင်ဝါ ပေးစွမ်းလာ၏။
လေဟာနယ် ပုံပျက်နေပြီး လင်းယွန်၏ အတိတ်ပေါ်လာသည်။ ဤဖြစ်စဉ်သည် အလွန် ကြောက်စရာ ကောင်း၏။
လင်းကျန်းရှန့်နှင့် ရှန်းထျန်းနန် တို့မှာ လင်းယွန်ကို မမြင်ရသော်လည်း ထိတ်လန့် သွားသည်။
“ အဲဒါက ဘာလဲ ... ။ ”
ရှန်းထျန်းနန်က ကောင်းကင်ကို မော့ကြည့်လျက် အံသြသွား၏။ မိုးကုပ်စက်ဝိုင်း အဆုံး၌ ဓားကြီးတစ်လက် ရှိနေသည်။
ဓားနှင့် မြေပြင်ကို ကောင်းကင်လမ်း တစ်ခုက ချိတ်ဆက်ပေးထား၏။ ထိုလမ်းတွင် ပလ္လင်တစ်လုံး ရှိသည်။
ဤသည်မှာ ဒဏ္ဍာရီလာ အံ့ဖွယ်လမ်း ဖြစ်ပေမည်။ ပလ္လင်ပေါ် တက်ပြီး ထိုဓားထံသို့ လျှောက်လှမ်းသွား သူတိုင်း သေဆုံးကြရ၏။
အလောင်း ပင်လယ်ဝေ နေသည်။ သို့တိုင် မကြောက်မရွံ့ ကြိုးစားနေကြ သူများလည်း ရှိနေ သေး၏။
“ ဓားနတ်ဘုရား လမ်းစဉ်လား။ ”
လေးနက်သော အမူအရာဖြင့် ရှန်းထျန်းနန်တို့က မျက်မှောင်ကြုတ် ကြည့်လိုက် မိသည်။ ဤဖြစ်စဉ်ကို ရှေးဟောင်း မှတ်တမ်းများ၌သာ ဖတ်ဖူး၏။
ပထမတန်းစား ပါရမီရှင်များသည် ဧကရာဇ်နယ်မြေသို့ ရောက်ရှိသော အခါတွင် ကောင်းကင်လမ်းတစ်ခု ပေါ်လာပေမည်။
ဤသည်မှာ ထိုဧကရာဇ် သွားရမည့် နတ်ဘုရား လမ်းစဉ် ဖြစ်၏။ ကောင်းကင်ဘုံ နတ်ဘုရား လမ်းစဉ် ဟုလည်း ခေါ်ဆိုသည်။
ဤဖြစ်စဉ်ကို ခံစားရ သူများသည် ခြွင်းချက်မရှိ နတ်ဘုရား ဖြစ်သွားကြ ပေမည်။ လင်းယွန်သည် သူတော်စင်မျှသာ ဖြစ်၏။
ကောင်းကင်လမ်း နတ်ဘုရားလမ်း ပေါ်လာသည်မှာ ထူးဆန်းလှ၏။ ဤဓားသမား လူငယ်သည် ကိုယ်ပိုင်လမ်းစဉ်ကို ရှာနေပုံ ရလေသည်။
လင်းကျန်းရှန့် မျက်လုံးများ မှေးစင်း သွားလေသည်။ သွေးများ ပွက်ပွက်ဆူ လာ၏။ ဤသည်မှာ ဒဏ္ဍာရီလာ ဓားနတ်ဘုရား လမ်းစဉ် ဖြစ်သည်။
ကောင်းကင်ဓား ခန်းမ၏ ဘိုးဘေးများတွင် ဤဖြစ်စဉ်မျိုး မြင်ဖူးသည်။
“ လူတိုင်းနဲ့ မတူဘူး ... ထူးခြားတယ်။ ”
စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။ ဤလမ်းသည် လင်းယွန် ပိုင်ဆိုင်သော လမ်းဖြစ် ချေပြီ။
များမကြာ လင်းကျန်းရှန့်နှင့် ရှန်းထျန်းနန်က အသက် ပြင်းပြင်းရှူလျက် ကိုယ်ပိုင် တာအိုများ အတွင်း ပြန်လည် နစ်မြုပ်သွား၏။
သည်ရက်များအတွင်း ရွှေရောင်သစ်သီး တစ်လုံးကို လင်းယွန်မှ နေ့တိုင်းသန့်စင်သဖြင့် ဓားတာအို တိုးလာခဲ့သည်။
မီးတောက်များနှင့် ရွှေရောင်သစ်သီး၏ အာဟာရအောက်တွင် ဓားပန်းမှာ တရွေ့ရွေ့ ပြောင်းလဲလာသည်။
သုံးရက်ကြာသောအခါ နက်ပြာရောင် ဓားပန်းသည် ငွေရောင်ဖြစ်လာ၏။ ငါးရက်ကုန် လွန်ပြီးနောက် ရွှေရောင် ပြောင်းသွားသည်။
ဓားတာအိုကြိုး ကိုးသောင်းပြည့်လာကာ ပွင့်ချပ်ကိုးချပ် ပါရှိသော ရွှေကြာပန်း တစ်ပွင့် ဖြစ်လာ၏။
မျက်လုံး ဖွင့်လိုက်သော အခါတွင် ရွှေကြာပန်းတစ်ပွင့် ပေါ်လာပြီး ထွက်သက်မှာ မီးပင်လယ်အလား ပြောင်းလဲသွားသည်။
သူတော်စင် ရောင်ဝါများ သိုင်းခြုံလျက် ရတနာဓားတစ်လက် ကဲ့သို့ တောက်ပလာ၏။
“ မဟာ တာအို သုံးထောင်မှာ ... ဓားသည်သာ အမြင့်မြတ်ဆုံးပဲ။ ”
တောက်ပသော ရောင်ခြည်တော်ဓား ရည်ရွယ်ချက်သည် အဆင့်သစ်သို့ ရောက်ရှိပြီး ဖြာထွက်လာခဲ့သည်။
ယခုအချိန်တွင် သူ၏ သူတော်စင် တာအို ကြိုးများသည် နယ်ပယ်အသီးသီးမှ ကျင့်ကြံသူ များနှင့် တူညီသောအဆင့်သို့ ရောက်ရှိနေ၏။
ဓားရည်ရွယ်ချက်သည် သူတော်စင် သခင်နယ်ပယ် အတွက် ကန့်သတ်ချက် တစ်ခု ဖြစ်နေချေပြီ။ အုပ်စိုးရှင် သူတော်စင် သခင်များကို ယှဉ်နိုင်ပြီ ဖြစ်၏။
***