← Chapters

ကောင်းကင်ဘုံ ပျက်စီးခြင်း သူတော်စင် တောင်တန်း။

Vol. 168 Ch. 2342

ကောင်းကင်ဘုံ ပျက်စီးခြင်း သူတော်စင် တောင်တန်း။

Vol. 168 Ch. 2342

ရွှေသစ်သီး ငါးလုံးသည် လင်းယွန်၏ ခွန်အားကို ကြီးမားသော အသွင်ပြောင်းမှု ဖြစ်စေကာ ဓားတာအို ကိုးသောင်းအထိ ရောက်ရှိလာသည်။

တောက်ပသော ရောင်ခြည်တော် ဓားရည်ရွယ်ချက်သည် အမည်ခံ အဆင့်သို့ ဖြတ်ကျော်ရန် ခြေတစ်လှမ်းသာ ဝေး၏။

အသက်ပြင်းပြင်း ရှူလျက် ခံစားချက်များ ရုန်းကြွလာသည်။ ထို့နောက် ကနဦးဓားပုံစံ (၆) မျိုးကို စတင် လေ့ကျင့်မိ၏။

ဤဓားပညာရပ်တွင် ပါရှိသော ရည်ရွယ်ချက်သည် ပို၍ပင် ပြီးပြည့်စုံလာကာ ဓားတာအို ရွှေကြာပန်း အောက်တွင် ဆယ်ဆ တိုးလာသည်။

နိဗ္ဗာန်ဓားကို လေ့ကျင့်ပြီး စိတ်ကျေနပ်မှု ခံစားရ သော်လည်း မရပ်တန့်ခဲ့ဘဲ ပိုးစုန်းကြူး နတ်ဓား၏ တတိယ ပုံစံထံ ဆက်သွားမိ၏။

နောက်ဆုံးတွင် ငြိမ်သက်သွားပြီး ကြက်သွေးရောင် သစ်သီး ထုတ်ယူ လိုက်သည်။ ဤသစ်သီးသည် နိဗ္ဗာန်တာအိုကို သိနိုင်၏။

တစ်ဖက်တွင် လင်းကျန်းရှန့် သည်လည်း ဒြပ်ငါးပါး တာအိုကို ဆင်ခြင်နေခဲ့သည်။ သူမ ဖန်တီးထားသော ဖြစ်စဉ်များမှာ အံ့သြစရာ ကောင်း၏။

ရွှေ၊ သစ်သား၊ ရေ၊ မီးနှင့် မြေကြီးတို့ ပေါင်းစပ်ကာ တက်ကြွမှု အပြည့်ဖြင့် မြင်ကွင်း ဖြစ်သည်။

ဓားရောင်ဝါသည် ကြောက်မက်ဖွယ် ကောင်းသော်လည်း ၎င်းဖြစ်စဉ်များဖြင့် မပေါင်း စည်းနိုင်သေးချေ။

“ ထာဝရ တာအို သစ်သီး တစ်လုံးနဲ့ ဒြပ်ငါးပါးကို ဆုပ်ကိုင်ဖို့ မလွယ်ဘူး ထင်တယ်။ ”

သူမှန်းဆထားသည့်အတိုင်း ပြင်ပ အရာဝတ္ထုတစ်ခုကို အားကိုးခြင်းဖြင့် ထာဝရ တာအိုအပေါ် ဆုပ်ကိုင်ရန် ခက်ခဲသည်။

၎င်းတို့သည် အများဆုံး ကူညီပေး နိုင်ရုံမျှသာဖြစ်၏။ အတွေးများ ပြန်သိမ်းလျက် ထာဝရ တာအို သစ်သီးကို သန့်စင်ရန် အာရုံစိုက် လိုက်သည်။

ငါးရက် အကြာတွင် သန့်စင်မှု လုပ်ငန်းစဉ် ပြီးဆုံးကာ မျက်လုံး ပြန်ဖွင့်မိသည်။ မဆိုင်းမတွ နိဗ္ဗာန်တံဆိပ်ကို ထုတ်ဖော်လိုက်၏။

ဆဋ္ဌမအဆင့် သူတော်စင် သခင်၏ ကန့်သတ်ချက်ကို ကျော်ဖြတ်ပြီး နဝမအဆင့် သူတော်စင် သခင် ဖြစ်လာသည်။

ဤသည်မှာ သူတော်စင် ဘုရင်ကို ယှဉ်သတ်နိုင်သော နိဗ္ဗာန် တာအို၏ စွမ်းအား ပေပင်။

နတ်ဖီးနစ် တောင်တန်း သခင်၏ အဆိုအရ တစ်စုံတစ်ဦး သန်မာ အားကောင်းသည်နှင့်အမျှ ၎င်းဝန်းကျင်ရှိ အာကာသပြင် သည်လည်း ပို၍ အားကောင်းနေမည် ဖြစ်သည်။

ထို့ကြောင့် ထိုသို့သော အာကာပြင်ကို ဖြိုခွဲလိုပါက တုံ့ပြန်မှုခံရနိုင်၏။ ဥပမာအားဖြင့် ဧကရာဇ်တစ်ပါး အပေါ် နိဗ္ဗာန်တာအို အသုံးပြု မိပါက သေခြင်းသာ ရလာဒ် ဖြစ်မည်။

နိဗ္ဗာန် တံဆိပ် ပွင့်လာသောအခါ အတားအဆီး တစ်ခုကို ခံစားလိုက်ရသည်။ အချိန်နှင့် အာကာသ ဖြစ်၏။

ခြေတစ်လှမ်း လှမ်းတက် သည်နှင့် အတားအဆီး ကျိုးသွားသည်။ ပြန်လှည့်ကြည့် လိုက်သော် သူ့ပုံရိပ်သည် ကနဦးဓားကို ထုတ်ဖော်နေဆဲဖြစ်၏။

မှော်ဆန်သော ဖြစ်စဉ် ဖြစ်သည်။ နိဗ္ဗာန် တာအိုတွင် အဆင့် (၅) ဆင့် ရှိပြီး အာကာသ-နိဗ္ဗာန်၊ သံသရာ နိဗ္ဗာန်၊ ဥတုလေးပါး နိဗ္ဗာန်၊ နိဗ္ဗာန်လမ်းစဉ် ခြောက်ပါးနှင့် လောက နိဗ္ဗာန် ဟူ၍ ဖြစ်သည်။

အချိန်-အာကာသတွင် ယူနစ်များစွာ ရှိသည်။ စက္ကန့်၊ မီလီစက္ကန့်၊ မိုက်ခရို စက္ကန့်နှင့် နာနိုစက္ကန့်များ ဖြစ်၏။

ယခင်က သူသည် နိဗ္ဗာန်ကို နာနိုစက္ကန့် နည်းငယ်မျှသာ အသက်သွင်းနိုင်သည်။ ယခု မီလီစက္ကန့် ကြာအောင် နေနိုင်လာ၏။

“ ဝှစ် ... ။ ”

နိဗ္ဗာန် ကုန်လွန် သွားသော အခါ ဓားကို လွှဲလျက် ကောင်းကင်မှ ပြန်လည် ဆင်းသက် လိုက်သည်။

မြေပြင်ရောက်သည်နှင့် နောက်ပြန် ဆုတ်လိုက်ပြီး အလင်းမူလကို ပြန်သွားသည်။ ဓားရောင်ခြည် နှစ်စင်း တိုက်မိသောအခါ ခြေလှမ်းငါးလှမ်း ဆုတ်လိုက်ရ၏။

ချက်ချင်း ရွှင်မြူးလာသည်။ ဤမတိုင်မီ နိဗ္ဗာန်တာအို သုံးသောအခါ ဓားဖြင့် သူ့ကိုယ်သူ ထိုးမိခဲ့သည်။

ယခုမူ ဓားပညာကို ပြီးပြည့်စုံအောင် မစွမ်းဆောင်နိုင်သော်လည်း ရလာဒ်မှာ ကွဲပြား သွားပြီ ဖြစ်သည်။

ဝမ်ကြွယ်နှင့် နောက်တစ်ကြိမ် တွေ့သော် ၎င်းကိုသတ်ပြီး နတ်ဘုရားတံဆိပ် ပေါက်ကွဲမှုမှ ထွက်ခွာရန် အချိန်အလုံအလောက် ရှိသွားပြီ ဖြစ်သည်။

“ ကျင့်ကြံမှုကို အာရုံစိုက်ဖို့ အချိန်တန်ပြီ။ ”

ဆဋ္ဌမအဆင့် သူတော်စင် သခင်သို့ ချောမွေ့စွာ ရောက်ရှိလာသော်လည်း ဖြစ်စဉ်မှာ အန္တရာယ် ရှိသည်။

အုတ်မြစ် မတည်မငြိမ် ဖြစ်နေသဖြင့် တာအိုသစ်သီးများဖြင့် ထိုအရာကို ပြုပြင်ပေး ရပေမည်။

ငါးရက်အကြာတွင် ဓားတုန်ခါသံများ ထွက်ပေါ်လာ၏။ မျက်လုံးများ ဖွင့်ကြည့်လိုက် ချိန်၌ လင်းကျန်းရှန့်၏ ကျင့်ကြံမှု ပြီးဆုံး သွားပြီ ဖြစ်သည်။

ရောင်ဝါ လွင့်စင်လာသောအခါ ကောင်းကင်ကို လင်းလက် တောက်ပစေသော အလင်းတိုင် အဖြစ်သို့ ပြောင်းလဲသွား၏။

ဓားနှင့် ရောင်ဝါသည် ယခင်ထက် နှစ်ဆပိုမိုပြင်းထန်လာပြီး နားမလည်နိုင်အောင် ဖြစ်လာသည်။ သို့သော် ဒြပ်ငါးပါးတာအိုကို မဆုပ်ကိုင်နိုင်ခဲ့ချေ။

လင်းကျန်းရှန့်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ကာ လင်းယွန်၌ အကြည့် အဆုံးသတ်သွား၏။

“ ဘယ်လို နေလဲ ... ။ ”

လင်းယွန်က ပြုံးကာ မေးလိုက်သည်။

“ ငါ့ဓားနဲ့ ဒြပ်ငါးပါး တာအိုက အရမ်း တိုးတက်နေပြီ၊ ဒါပေမယ့် မဆုပ်ကိုင်နိုင် ခဲ့တာ နှမျောစရာပဲ။ ”

“ ခေါင်းဆောင်လင်းမှာ အခွင့်အလမ်း လိုနေပုံပဲ ပြင်ပအရာတွေကို အားကိုးပြီး ထာဝရ တာအိုကို ဆုပ်ကိုင်ဖို့ ခက်ပါတယ်။ ”

“ ဟုတ်တယ် ... ဒါပေမယ့် အံ့သြစရာ တစ်ခုတော့ ရှိတယ် သတ္တမအဆင့် သူတော်စင် သခင် ဖြစ်လာပြီ။ ”

သူမထံမှ ရောင်ဝါသည် ပို၍ သန့်စင်နေ သည်ကို လင်းယွန် သတိပြုမိ၏။ နားမလည် နိုင်သော ခံစားချက်များ သူ့ကို ပေးခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ချေ။

နှာခေါင်းကို ပွတ်သပ်လျက် ပြုံးလိုက်ပြီး၊

“ ခေါင်းဆောင်လင်းကို နှစ်သိမ့်ပေးဖို့ ... ငါစဉ်းစားနေတာ ကြည့်ရတာ မလိုတော့ဘူး ထင်တယ်။ ”

-ဟု ပြန်လည် ပြောကြားမိသည်။

“ နင်က ... ဟာသတွေ တကယ်ပြော တတ်တာပဲ။ ”

အမှန်တွင် လင်းယွန် ရရှိထားသော ရွှေကြာပန်းသည် ကြောက်စရာ အကောင်းဆုံး ဖြစ်သည်။ သူတော်စင် ဘုရင် မဖြစ်ခင် တာအို ပန်းကို ရွှေကြာပန်းအဖြစ် ပြောင်းလဲ၍ မရချေ။

“ ငါ ဟာသပြောနေတာ မဟုတ်ဘူး။ ”

လင်းယွန်က ရိုးရိုးသားသား ပြောသည်။ ဝမ်ကြွယ်နှင့် တိုက်ခိုက်သော အခါတွင် သတ္တမ အဆင့် သူတော်စင် သခင်သည် မည်မျှ အစွမ်း ထက်ကြောင်း သိရှိထား၏။

နဂါး ဖီးနစ် ကမ္ဘာဖျက် ဆေးအိုးကိုပင် အသုံးပြု ခဲ့ရသည်။ ဤကဲ့သို့သော ပြိုင်ဘက်မျိုး မတွေ့ရသည်မှာ အချိန် အတော်ကြာပြီ ဖြစ်၏။

“ အများစုက သေနိုင်တဲ့ အတွက် ... ဒီကပ်ဘေးကို ကြောက်ကြတယ် ... သူတော်စင် မဖြစ်ခင်က ရဲဝံ့တဲ့ လူတွေတောင် ... ချွင်းချက် မရှိဘဲ ... ဒါက ကြောက်လေလေ ... ကျရှုံးဖို့ အလားအလာပိုများ လေလေပဲ။ ”

လင်းကျန်းရှန့်က သူမ အမြင်ကို ပြောပြသည်။ လင်းယွန်က ခေါင်းညိတ်ပြီး၊

“ ဟုတ်တယ် ... မင်းမှာ ပိုင်ဆိုင်မှု ရှိလာလေလေ သူတို့ကို ဆုံးရှုံးရမှာ ကြောက် လေလေပဲ။ ”

-ဟု တုန့်ပြန်လိုက်၏။

“ ဒါပေမယ့် ဓားသမား တစ်ယောက်က ဘယ်တော့မှ မကြောက်ရဘူး၊ အမြဲ သတ္တိရှိ ရမယ်။ ”

“ မှန်တယ် ... အဲဒါက ငါအောင်မြင်တဲ့ အကြောင်းပြချက်ပဲ။ ”

နှစ်ယောက်သား စကားပြောနေစဉ် ကျိကျစ်ရှီနှင့် ရှန်းထျန်းနန်တို့ နိုးထလာသည်။ လေးယောက်သာ တုံ့ဆိုင်းမနေဘဲ သူတော်စင် တောင်သို့ ခရီးဆက်ခဲ့ကြသည်။

ကောင်းကင် ပျက်စီးခြင်းမြို့သည် ဤကောင်းကင် လွင်ပြင်၏ အလယ်ဗ ဟိုတွင် တည်ရှိပြီး ရှေးအကျဆုံးမြို့ ဖြစ်၏။

ဤမြို့တွင် နယ်ပယ်အသီးသီးမှ ပါရမီရှင်များ စုဝေးနေကြပြီး သာမန်အားဖြင့် မြင်ရန် ခက်ခဲသော နတ်ဘုရား တပည့်များ ကိုပင် မြင်ရပေမည်။

ထိုမှတပါး ရှေးဟောင်း နတ်ဘုရား မိသားစုဝင်များလည်း ရှိသည်။ ၎င်းတို့၌ နတ် သွေးကြောများ ပိုင်ဆိုင်၏။

သူတော်စင် တောင်တန်းသည် ဤမြို့တော်၏ အဆုံးတွင် ရှိသည်။ ထိုအချိန်၌ လူလေးယောက် မြို့တော်၏ လမ်းမပေါ်တွင် လျှောက်လှမ်း လာနေသည်။

၎င်းတို့အနက် တစ်ယောက်သည် အသက် နှစ်ဆယ်ကျော်ရှိပြီး လွှမ်းမိုး ချုပ်ချယ်လိုသော အသွင်အပြင်ကို ပေးဆောင်၏။

သူ့ ညာဘက်တွင် ရိုင်းစိုင်းသော အသွင်အပြင်မျိုးဖြင့် ကြံ့ခိုင်သည့် အမျိုးသား တစ်ဦး ရှိသည်။

ကျန်နှစ်ယောက်မှာ ပြိုင်ဘက်ကင်း အလှတရားများ ဖြစ်၏။ တစ်ယောက်ချင်းစီ၌ ထူးခြားသော စိတ်နေစိတ်ထားများ ရှိသည်။

ဘယ်ဘက်ခြမ်းမှ မိန်းကလေးသည် ရေခဲတောင်လို အေးစက်နေပြီး ညာဘက်တွင် အပြစ်ကင်း ချစ်စရာ ကောင်း၏။

ထို့ကြောင့် သူမတို့ နှစ်ယောက်ထံ လမ်းတစ်လျှောက်ရှိ အာရုံစိုက်မှု များစွာက ကျရောက်နေခဲ့သည်။

ဤမြို့သည် နယ်ပယ်အသီးသီးမှ ပထမတန်းစား ပါရမီရှင်များ စုဝေးရာ အရပ် ဖြစ်၏။

တစ်စုံတစ်ဦးတွင် ကြောက်မက်ဖွယ် ကောင်းသော နောက်ခံ သမိုင်းမျိုး ရှိ-မရှိကို မသိနိုင်သဖြင့် မည်သူမျှ ရန်မစ ကြချေ။

“ ငါတို့ သူတော်စင် တောင်ကို ဆက်သွားကြ မလား။ ”

ရှန်းထျန်းနန်က မေးသည်။ သူတို့ ရောက်လာသည့် အချိန် နောက်ကျနေ သဖြင့် အနားယူရန် အချိန် မရှိတော့ချေ။

“ အင်း သွားမယ်။ ”

လင်းယွန်က ခေါင်းညိတ်သည်။

“ သူတော်စင် တောင်က အဆင့် သုံးဆင့်ရှိတယ် အဆင့်သုံးဆင့်လုံး ကျော်ဖြတ် နိုင်မှ ဘိုးဘေး နတ်ဘုရားနဲ့ တွေ့ခွင့်ရမယ်။ ”

လင်းကျန်းရှန့်က ရှင်းပြသည်။ ကောင်းကင်လွင်ပြင်ကို ဒေသကြီး(၁၀)ခု ခွဲခြား ထားပြီး ဒေသတိုင်း၌ ခွဲတမ်းတစ်ခုသာ ရှိ၏။

ထိုဆယ်ယောက်သည်သာ ဘိုးဘေး နတ်ဘုရား၏ တပည့် ဖြစ်လာနိုင်ပြီး ကျန်လူ များသည် ပြင်တပည့်သာ ဖြစ်ကြပေမည်။

“ ဒီဘိုးဘေး နတ်ဘုရားက ... နဂါးပြာဘိုးဘေး နတ်ဘုရားနဲ့ သိကျွမ်းတယ် ကြားတယ်။ ”

လင်းကျန်းရှန့်က လင်းယွန်ကို လှည့်ကြည့်ကာ ပြောကြား လိုက်လေသည်။

***

All Chapters