← Chapters

မဟာတာအို သုံးထောင် အထက်တွင် ဓားသည် ဘုရင်ဖြစ်၏။

Vol. 168 Ch. 2346

မဟာတာအို သုံးထောင် အထက်တွင် ဓားသည် ဘုရင်ဖြစ်၏။

Vol. 168 Ch. 2346

လင်းယွန် စကားကြောင့် တိုက်ပွဲများ ခဏရပ်သွားသည်။ သူ့ခွန်အားသည် ဤအဖွဲ့၌ ခေါင်းဆောင်ဖြစ်၏။

ထိုမြင်ကွင်းက အခြားသော စပ်စုနေသူများကို စူးစမ်းလိုစိတ်များ ပြင်းထန် လာစေသည်။

လင်းကျန်းရှန့်၊ ကျိကျစ်ရှီနှင့် ရှန်းထျန်းနန်သည်ပင် ကြောက်မက်ဖွယ် ကောင်းသော ခွန်အားကို ပြသခဲ့ကြ၏။

အထူးသဖြင့် ကောင်းကင်ဘုံ နတ်ဓား ထုတ်ဖော်ပြီးနောက် ကူတန်နှင့် ကူဖေးဟန်ကို တိုက်ခိုက်နိုင်သည့် လင်းကျန်းရှန့် ဖြစ်သည်။

သူမသည် ဤဓားသမား၏ ဆုံးဖြတ်ချက်အပေါ် လေးစားနေသည်မှာ မြင်သာ၏။

“ သူက ဘယ်သူလဲ ... ကူကျွင့်ကို စိန်ခေါ်ရဲလား။ ”

“ ကူကျွင့်က နဂါးသတ် အဆင့်မှာ ... ထိပ်တန်း ရာဂဏန်းအတွင်း အဆင့်သတ်မှတ် ခံရပြီး နတ်ဘုရားတပည့်တွေ ကိုတောင် မျက်လုံးထဲ ရှိတာ မဟုတ်ဘူး။ ”

“ သာမန် နတ်ဘုရားတွေက သူ့အာရုံကို မဖမ်းစားနိုင်ဘူးလို့ ငါကြားတယ်၊ အဲ့ဒါကြောင့် သူက နတ်ဘုရား တပည့် မဖြစ်ခဲ့တာ။ ”

အားလုံး၏ အကြည့်များသည် လင်းယွန်အပေါ်သို့ ကျရောက်သွားလေသည်။ အချို့သော ပါရမီရှင်များက လှေကား တက်ခြင်း ကိုပင် ရပ်လိုက်ပြီး လှည့်ကြည့်ကြ၏။

“ မင်းကို ငါသိတယ် မင်းကိုယ်မင်း ပန်းသင်္ချိုင်းလို့ခေါ်ပြီး လွန်ခဲ့တဲ့ လဝက်က ဝမ်ကြွယ်ကို အနိုင်ယူခဲ့တဲ့ လူပဲ။ ”

၎င်းကို ကောလဟာလ အဖြစ်သာ သဘောထားကြ သော်လည်း ကူကျွင့်မှ အမှန် ဖြစ်ကြောင်း သိထားသည်။

လင်းယွန်က လင်းကျန်းရှန့်နှင့် အခြားသူများ အနားတွင် ရပ်လိုက်သည်။ သူက ပြုံးပြီး၊

“ မှန်တယ် ... ငါ ပန်းသင်္ချိုင်းပဲ ... ။ ”

“ ကျန်သေးတယ် မင်းက ရွှေရောင် သစ်သီးကိုးလုံးတောင် ရခဲ့တယ်။ ”

ကူကျွင့်က ပြုံးပြီး ဖြည့်စွက်လိုက်၏။ ချီလင်တောင်၌ ဖြစ်ပျက်ခဲ့သမျှ အသေးစိတ် သူ သိထားသည်။

ရွှေရောင် တာအို သစ်သီး မည်မျှ သန့်စင်လိုက်သည်ကို သိလိုသဖြင့် ကူယုရှင်းနှင့် စုံစမ်းရန် သူ ညွှန်ကြားခဲ့ခြင်း ဖြစ်၏။

“ အဲဒီတော့ ဘာဖြစ်လဲ။ ”

လင်းယွန်က မျက်ခုံးပင့်ကာ ပြန်မေးလိုက်သည်။

“ ဟား ဟား ဟား ... ခွန်လွန်နယ်မြေရဲ့ တစ်စုံတစ်ယောက်က ငါ မျှော်လင့်ထား သလို ပါပဲလား ငါမင်းကို ရိုးသားမယ် ...

... ဒီနေ့ ဖြစ်ပျက်သမျှ ငါစီစဉ်ထားတာပဲ မင်းရဲ့ ရွှေရောင်တာအိုသစ်သီးတွေ နောက်မှာ ငါတစ်ယောက်ထဲ မဟုတ်ဘူး။ ”

“ အနည်းဆုံးတော့ မင်းက ရိုးသားတယ်။ ”

လင်းယွန်က အေးစက်စက် မျက်လုံးများဖြင့် ပြောလိုက်သည်။

“ ဝမ်ကြွယ်က ငါ့ရှေ့မှာ ဘာမှ မဟုတ်ဘူး ဆိုတာ မင်းကိုပြောဖို့ မေ့နေတယ်။ ”

စကားဆုံးသည်နှင့် ကူကျွင့် မျက်လုံး၌ ကြယ်ပွင့်များ လင်းလက်လာပြီး ရောင်ဝါများ လွင့်ထွက်လာလေသည်။

မွေးဖွားစဉ်တည်းက ဤရောင်ဝါများ ပါရှိလာခြင်းဖြစ်ပြီး သူ့ရှေ့ရှိ အရိုင်းအစိုင်းများ အပေါ် ဖိနှိမ်ရန် တမင် လွှတ်ခြင်းပေပင်။

“ မွေးကတည်းက ကြယ်တွေက ငါ့ကို အကာအကွယ်ပေးခဲ့တယ် ... အသက်သုံးနှစ်မှာ အင်ပါရီယန် ဖြစ်ပြီး ဆယ်နှစ်နဲ့ နဂါးသွေး လွှတ်ကြောကို ရောက်တယ် ...

... ဆယ့်ငါးနှစ်မှာ လောကနိယာမ နယ်ပယ်ရောက်ပြီး အခု သူတော်စင် သခင်ပဲ ... လင်းယွန် ... ငါက ဘုရင်တစ်ပါး ဖြစ်ဖို့ မွေးဖွားလာတဲ့ လူပါ၊ ...

... မင်းလို ခွန်လွန်သားတွေက ကြီးမြတ်မှု အကြောင်း ဘယ်လို လုပ်သိနိုင်မှာလဲ ငါ့ဘဝမှာ ဘာတွေ ကြုံခဲလဲ တွေးကြည့်ဝံ့လား အခု မင်းကို သတ်တော့မှာမို့ ...

... ရွှေတာအိုသစ်သီးတွေ ဘယ်လောက် သန့်စင်လိုက်လဲ ... ငါ့ကို ရိုးရိုးသားသားပြောပါ မဟုတ်ရင် မင်းဂရုစိုက်တဲ့လူတွေ ဒီနေ့ ထွက်သွားလို့ မရဘူး။ ”

ကူကျွင့်က ဟန်ပါပါ ခြိမ်းခြောက် လိုက်၏။ ထိုစကားများကြောင့် ရပ်ကြည့် နေသူများမှာ တုန်ယင် ကုန်သည်။

ဤသည်မှာ စစ်မှန်သော ဉာဏ်ကြီးရှင် တစ်ပါး၏ဘဝပေပင်။ သူတို့နှင့် ခြားနားချက်မှာ ကြီးမားလှ၏။

လင်းယွန်က ဓားကို လွှတ်လိုက်သဖြင့် သူအပါအဝင် ကျိကျစ်ရှီတို့သုံးဦးပါ ဖိအားများ သက်သာ ကုန်သည်။

“ မင်းဘာတွေပဲ တွေ့ကြုံ ... တွေ့ကြုံ နောက်ဆုံးတော့ သူတော်စင် သခင် နယ်ပယ်ပဲ မဟုတ်လား ... ဒါဆို ငါကရော သူတော်စင် သခင် မဟုတ်လို့ ဘာလဲ။ ”

လင်းယွန်၏ တုန့်ပြန် စကားကြောင့် ကူကျွင့်ခမျာ ခေတ္တမျှ အံ့အားသင့်သွားပြီး ရယ်မောလျက်၊

“ ဟား ဟား ဟား ... မင်း ဘာဖြစ်ဖြစ် ငါဂရုမစိုက်ဘူး ... ငါ့မျက်လုံးထဲမှာ မင်းဟာ သေမျိုး တစ်ယောက်ရဲ့ နိမ့်ကျတဲ့ သွေးပဲ၊ ဒါကြောင့် ငါ့ကို ရိုးရိုးသားသား ဖြေပါ ...

... မဟုတ်ရင် မင်းရဲ့ သူတော်စင် မူလကို ငါထုတ်ယူပြီး မိလိမ့်မယ် ... ဒါက မင်းအတွက် ကောင်းမယ် မထင်ဘူး။ ”

ကူကျွင့် စကားကြောင့် ကျိကျစ်ရှီနှင့် လင်းကျန့်ရှန့်က မျက်မှောင်ကြုတ် လိုက်မိ၏။ ကူရှင်းက ကူကျွင့်ဘေးမှ နေ၍ လှောင်ပြုံး ပြုံးသည်။

“ အဟား ... ထိတ်လန့်သွားပြီလား ... မင်းလို သေမျိုးသွေးသာရှိတဲ့ သူတော်စင်တွေရဲ့ သူတော်စင်မူလကို ထုတ်ယူတဲ့ အတွက် ဂုဏ်ယူသင့်ပါတယ်။ ”

“ ကောင်းပြီ ... ဒါကို ငါဂုဏ်ယူလိုက်မယ်။ ”

လင်းယွန်က ပြုံးလိုက်သည်။

“ မင်းက အရမ်း ခေါင်းမာတဲ့ အတွက် ငါကိုယ်တိုင် လာကူညီမယ်။ ”

ကူကျွင့်က လှုပ်ရှားလိုက်၏။ အရေပြားမှာ ရုတ်တရက် ကျောက်စိမ်းရောင် ပြောင်းသွားပြီး အားကောင်းသော ဓားရောင်ဝါကို ထုတ်လွှတ် လိုက်သည်။

ရိပ်ခနဲ လင်းယွန်ရှေ့ ရောက်လာပြီး လက်သီးဖြင့် ထိုးနှက်တော့၏။ ဤသည်မှာ ‘ကူ’ မျိုးနွယ်စု၏ ကြယ်တာရာ ဖန်တီးခြင်း စွမ်းအင် ကျင့်ကြံမှု ပညာရပ် ဖြစ်သည်။

သွေးမီးလျှံ ရွှေကျောက်စိမ်း သူတော်စင် ရူရ်ကို ဝါးမြိုထားသော ရွှေကျောက်စိမ်း နတ်ခန္ဓာ ကိုယ်လည်း ထုတ်ဖော်ထား၏။

၎င်းအတွက် ပေးဆပ်ရသော အရင်းအမြစ်များသည် မြောက်များစွာသော ပမာဏပေပင်။ မြင့်မြတ်သော မျိုးနွယ်စုများ မှတပါး မည်သည့် မျိုးနွယ်စုမဆို အုတ်မြစ် ကုန်ခန်းသွားနိုင်၏။

ထို့ကြောင့် ကူကျွင့် ကိုယ်လုံးကိုယ်ပေါက်သည် ဘုန်းဝိညာဉ် သူတော်စင် လက်ရာကို ယှဉ်နိုင်သည်။

“ ဝှစ် ... ။ ”

သို့တိုင် လင်းယွန်က လမ်းလျှောက် နေသကဲ့သို့ သူ့လက်ဖဝါးကို အလွယ်တကူ ရှောင်သွားသည်။

“ နဂါးငွေ့တန်း ကြယ်တာရာ ဖန်ဆင်းခြင်း။ ”

ကူကျွင့်က အဟုန်ကို မြှင့်လိုက်၏။ ကူမျိုးနွယ်စု၏ ဓားရေးတစ်ရပ် ဖြစ်သော နတ်ကြယ်ဓားကို ဖော်ဆောင်သည်။

လက်တစ်ချောင်းဖြင့် ကြယ်တစ်လုံးပင် ထိုးဖောက် ဖျက်ဆီးနိုင်သော ဓားရောင်ဝါကို ပစ်ခတ်လိုက်၏။

“ ရွှပ် ... ။ ”

“ အဓိပတိ နဂါးလက်သီး။ ”

တစ်ဖက်တွင် ခွန်လွန်၏ အပြင်းထန်ဆုံးသော လက်သီးနည်းစနစ်ကို ထုတ်ဖော်ကာ လင်းယွန်က ရင်ဆိုင်၏။

အဓိပတိ နဂါးလက်သီးသည် သရုပ်ဖော်သည့် အဆင့်သို့ ရောက်ရှိပြီးဖြစ်၍ နတ်နဂါး တစ်ရာကျော် ထွက်လာသည်။

ထို့ပြင် ရွှေကျီးကန်းနှင့် နတ်ဖီးနစ်များ ပါရှိခဲ့၏။ နတ်နေ-လ လက်သီး၏ နက်နဲမှုကို ပေါင်းစပ်လိုက်ခြင်း ပေပင်။

“ ဝုန်း ... ။ ”

လက်သီးနှင့် ဓားတို့ ထိပ်တိုက် တွေ့သောအခါတွင် ရွှေကျီးကန်းနှင့် နတ်ဖီးနစ် ကွဲအက်သွားကာ နတ်နဂါးသာ ကျန်ရစ်ခဲ့၏။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

လင်းယွန်က နောက်သုံးလှမ်းဆုတ်ပြီး သူ့လက်သီးရှိ ပြတ်ရှဒဏ်ရာကို ပြန်ကြည့်မိ လေသည်။

ရှေးဟောင်း နတ်မျိုးရိုးသည် ခွန်အားအချို့ ရှိသောကြောင့် ပြုံးလိုက်မိ၏။ နဂါးပြာ အရိုးကို အသက်သွင်းပြီး ဒဏ်ရာ ကုသလိုက်သည်။

ကူကျွင့်က အံ့ဩစွာဖြင့် လင်းယွန်ထံ ကြည့်မိလေသည်။ သူဟူသည် ဆဋ္ဌမအဆင့် သူတော်စင်သခင် အထွတ်အထိပ် ဖြစ်၏။

ရွှေဆေးပြားကို အဆက်မပြတ် သန့်စင်ထားခဲ့သည်။ ထို့ကြောင့် လင်းယွန်ကို အလွယ်တကူ ချိုးနှိမ်နိုင်မည်ဟု ထင်ခဲ့၏။

“ ရွှေရောင် တာအို သစ်သီးက မင်းကို အများကြီး အကျိုးရှိစေတဲ့ ... ရတနာ တစ်ခုလို့ မြင်မိတယ် ... မင်းကံကောင်းတာပဲ။ ”

“ ဒါတော့ လုံးဝမမှားဘူး။ ”

လင်းယွန်က ပြုံးပြီး ဝန်ခံခဲ့သည်။

“ ဟား ဟား ဟား ... ဒါပေမယ့် အခု ငါ့အပိုင်ဖြစ်သွားပြီ။ ”

ကူကျွင့်က စိတ်လှုပ်ရှားစွာဖြင့် ရယ်မော လိုက်သည်။ လင်းယွန်ကဲ့သို့ မွေးရာပါ နိမ့်ကျ လွန်းသော တစ်စုံတစ်ယောက်သည် ဤရတနာများကို မပိုင်ဆိုင်သင့်ချေ။

“ ရွှပ် ... ။ ”

ကူကျွင့် ပတ်ဝန်းကျင်၌ နဂါးငွေ့တန်း (၈၀)ဖြစ်ပေါ်လာပြီး နေတစ်စင်း ပျံဝဲလာတော့ သည်။ သူက လက်ညှိုးကို ပွတ်လိုက်သော အခါ ဓားရောင်ခြည် တစ်စင်း ပြေးထွက်လာ၏။

“ ငါ့မျက်လုံး ... ။ ”

“ အရမ်း စူးရှလွန်းတယ်။ ”

ဓားရောင်ခြည်သည် စူးရှလွန်းသဖြင့် ပတ်ဝန်းကျင်မှ လူများစွာ အံ့သြထိတ်လန့်သွား ကြသည်။

“ နဂါးနေနှင့် လတံဆိပ်- ယင်ယန် ပြောင်းပြန်။ ”

ဤတံဆိပ်သည် ခွဲခြမ်းစိတ်ဖြာခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ မိုးပြာနဂါး ဓားနှင့် ဓားကျမ်းနှစ်စောင်ကို အသက် သွင်းထား၏။

လက်ဝှေ့ရမ်းလိုက်ရုံဖြင့် နေနှင့်လ ပျံထွက် လာပြီး ကောင်းကင်နှင့်မြေကြီးကို ပိုင်းခြားကာ မြင်ကွင်းများ ပြောင်းသွားသည်။

ကူကျွင့် ဓားရောင်ခြည်ခမျာ ချက်ချင်း မှိန်ဖျော့လျက် ကောင်းကင်နှင့် မြေကြီးကြား ပျောက်ကွယ်သွား၏။

“ ဘာလဲ ... ။ ”

ခြေလှမ်းအနည်းငယ် နောက်ပြန် ဆုတ်လိုက်ပြီး အံ့အားသင့်စွာဖြင့် ကူကျွင့်က ပြန်ကြည့် လိုက်မိသည်။

“ နဂါး နေနှင့် လတံဆိပ်။ ”

လင်းယွန်က အဟုန်ကို တိုးမြှင့်သည်။ ကောင်းကင်ထက်ဝက်တိုင် လွှမ်းခြုံထားသော ကြက်သွေးရောင် အဆင်းသဏ္ဍာန်များ ထွက်ပေါ်လာ၏။

“ ဟား ဟား ဟား ... ။ ”

သည့်နောက် ကောင်းကင်ပေါ် ပျံတက်လိုက်ပြီး ရယ်မောလျက် ထည်ဝါသည့် ရောင်ဝါတစ်ခုကို ထုတ်ဖော်လိုက်သည်။

“ ဓားဆိုတာ ... မဟာတာအို သုံးထောင် အထက်က ဘုရင်ပဲ။ ”

***

All Chapters