← Chapters

ကမ္ဘာကြီးက နတ်ဘုရားတွေကို ဒေါသ ထွက်နေပြီ ထင်တယ်။

Vol. 168 Ch. 2349

ကမ္ဘာကြီးက နတ်ဘုရားတွေကို ဒေါသ ထွက်နေပြီ ထင်တယ်။

Vol. 168 Ch. 2349

“ ထွက်သွား ... ။ ”

အောင်းကြွယ်က သဏ္ဍာန်မဲ့ နန်းတော်၏ သိုင်းပညာရပ်ဖြင့် ဝင်လာသော တိုက်ခိုက်မှုများ အပေါ် ဖြိုခွဲပစ်လိုက်သည်။

အခြားနေရာများတွင်လည်း တိုက်ပွဲများ ဆက်၍ ကမောက်ကမ ဖြစ်နေပြီး လူတိုင်း၏ ကြုံးဝါးသံများ ညံနေခဲ့သည်။ မြင်ကွင်းမှာ စိတ်ကူးကို ကျော်လွန်နေ၏။

ကူမျိုးနွယ်စုက လင်းယွန်ကို နတ်ဘုရား သွေးနှင့် နှိမ်နှင်းနိုင်မည်ဟု ထင်မိခဲ့သော်လည်း လွှဲမှား သွားလေသည်။

ဓားသမား အများအပြားက ၎င်းနှင့်အတူ ရပ်တည်လာကြ၏။

“ ဟား ဟား ဟား ကျေနပ်စရာပဲ။ ”

ရှန်းထျန်းနန်က ရန်သူလေးယောက်ကို ကိုယ်တိုင် ရင်ဆိုင်ခဲ့ပြီး ရွှေကျီးကန်း ခန္ဓာကိုယ် စွမ်းအား အပြည့်အဝ ထုတ်လွှတ်ခဲ့သည်။

ကျိကျစ်ရှီနှင့် လင်းကျန်းရှန့်တို့မှာ မပျော့ညံ့ချေ။ သူတို့သည် နတ်ဘုရား အသွေး အသား၏ ဖိအားကို ခံနိုင်ရည် ရှိကြ၏။

နောက်ဆုံးတွင် ကူမျိုးနွယ်စုသည် ၎င်းတို့ မျိုးဆက်သွေးကို အသက်သွင်းပြီး အစီရင်တစ်ခု အဖြစ် ဖန်တီးလိုက်သည်။

အားလုံးထဲတွင် ကူကျွင့် သည်သာ သနားစရာ အကောင်းဆုံး ပေပင်။ လင်းယွန်က အခြား လူများကို လျစ်လျူရှုလျက် သူ့နောက် လိုက်လာခဲ့သည်။

နတ်အလင်းဓားသည် သူ့ကို ကောင်းစွာ ကန့်သတ်ထား၏။ ဤအရာက ဝမ်းနည်းစရာ ကောင်းပြီး သတိ မထားသော် ထပ်မံ ပါးရိုက် ခံရပေမည်။

“ မျှော်လင့်ထားတဲ့ အတိုင်းပါပဲ ... ရွှေကျောက်စိမ်း နတ်ဘုရား ခန္ဓာသာ မရှိရင် မင်းခေါင်း ပြုတ်ထွက်သွားတာ ကြာပြီ။ ”

လင်းယွန်က လှောင်ပြောင်၏။ ကူကျွင့်တစ်ယောက် စကား ပြန်မပြောနိုင်ချေ။ နတ်ဘုရား သွေးကို အသက်သွင်းထား သော်မှ တစ်ဖက်လူသည် သူ့အပေါ် ဖိအားပေးနေ၏။ သွက်လက်ပြီး အားနည်းချက် မရှိပေ။

လင်းယွန်၏ နဂါးသွေးသည် ပွက်ပွက်ဆူနေပြီး တိုက်ခိုက်မှု တစ်ခုစီတိုင်းက သတ္တမအဆင့် သူတော်စင် တစ်ဦးအပေါ် ဒဏ်ရာ ပြင်းထန်စွာ ပေးနိုင်၏။

ဓားရောင်ခြည်က အပြာရောင် နဂါးများ အဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ ဤအရာသည် အခြားသော ဓားသမားများကို နတ်ဘုရား မျိုးဆက်သွေး ဖိအားမှ တွန်းလှန်ပေး၏။

ကူကျွင့် တစ်ယောက် လင်းယွန်ကို ထိအောင်မထိုးနိုင်သောကြောင့် သွေးအန်လု နီးပါး ဖြစ်လာသည်။

နက္ခတ်ကို ထုတ်ဖော်ချင် သော်လည်း လင်းယွန်သည် သူ့ဓားပင် မဆွဲရသေးသဖြင့် စွန့်လွှတ်လိုက်မိ၏။

“ ဘာတွေ ဖြစ်နေတာလဲ။ ”

“ ဟား ဟား ဟား ... ဒါက အရမ်း စိတ်လှုပ်ရှားစရာပဲ ... လင်းယွန်က တကယ့်ကို သန်မာပါပေတယ်။ ”

“ ဒါက မာနကြီးတဲ့ ... နတ်ဘုရား မျိုးနွယ်ပဲလား ... သူတို့က မိုးတိမ် နယ်မြေက လူတွေကို အနိုင်ကျင့်ခဲ့တာ ဘယ်လောက်များ ကြာနေပြီလဲ။ ”

“ ထိတ်လန့်စရာ ကောင်းတယ်။ ”

ကျင့်ကြံသူ အများအပြားသည် စမ်းသပ်မှု ဖြေဆိုနေရသည်ကိုပင် မေ့သွားကာ ၎င်းတို့၏ သွေးများ ပွက်ပွက်ဆူ လာကြ၏။

အထူးသဖြင့် သစ်ကိုင်းဖြင့် လိုက်ရိုက် နေသော လင်းယွန်ထံ ကြည့်ပြီး ဖြစ်လေသည်။ နောက်ဆုံးတွင် မြင့်မြတ်သော မျိုးနွယ်ကို သင်ခန်းစာတစ်ခု သင်ပေးနိုင်ခဲ့ချေပြီ။

ထိုစဉ် ပြင်းထန်သော ဖိအားတစ်ခုက လှေကားပေါ်ရှိ ရုန်းရင်းဆန်ခတ်မှုများ အပေါ် ဆင်းသက်လာ၏။

လင်းယွန်အဖွဲ့နှင့် ကူမျိုးနွယ်တို့မှာ ချက်ချင်း ပြန်ဆုတ်ပြီး မော့ကြည့်လိုက်ကြ လေသည်။

“ နတ်သတ် ကျောက်တိုင်ရဲ့ ဖိအားပဲ။ ”

“ တစ်စုံတစ်ယောက်က သူ့အမည်ကို နတ်သတ် ကျောက်တိုင်မှာ ရေးလိုက်ပုံရတယ်။ ”

အားလုံးက ခေါင်းမော့ပြီး ရွှေရောင် အဆင်းရှိသည့် ပန်းပွင့်များထံ ကြည့်လိုက်ကြ လေသည်။

နောက်ဆုံးတွင် ပန်းပွင့်များသည် သစ်သီးသုံးမျိုး အဖြစ် ပြောင်းလဲလာပြီး တစ်စုံ တစ်ယောက်က ဖမ်းယူသွား၏။

ဤအရာက လူများစွာကို ထိတ်လန့် သွားစေသည်။ အချိန်အတော်ကြာ သည့်တိုင် အသက်ရှူရန် မေ့လျော့နေကုန်၏။

သစ်သီး သုံးလုံးသည် အလွန် အဖိုးတန်မည်ကို မည်သူမဆို ခန့်မှန်းနိုင်သည်။ ကောင်းကင်ဘုံ ဘိုးဘေး နတ်ဘုရား၏ ဆုလာဘ်များ ဖြစ်ပေ၏။

“ အဲဒီလူက သူ့နာမည်ကို ချန်ထားလိုက်လို့ ရွှေရောင် သစ်သီးသုံးလုံး ရခဲ့တယ်။ ”

အောင်းကြွယ်က လင်းယွန်အနား ချဉ်းကပ်လျက် ပြောကြားလာခဲ့သည်။

“ ဆု ပေးတာလား …။ ”

လင်းယွန်သည် အရင်းအမြစ်များ လိုအပ်နေပြီ ဖြစ်၏။ သတ္တမ အဆင့် သူတော်စင် သခင် အထွတ်အထိပ်သို့ ရောက်ရှိ ပြီးနောက် ကြိုးစားရပေမည်။

ကောင်းကင် ဒုက္ခသည် အန္တရာယ်များပြီး ပင်ပန်း နွမ်းနယ်မှုများအတွက် ပြန်၍ ဖြည့်တင်း ပေးရန် အရင်းအမြစ် လိုအပ်သည်။

လင်းယွန်က ထိုအတွေးဖြင့် ကူကျွင့်ထံ လှမ်းကြည့်ကာ၊

“ ထွက်သွား ... ။ ”

-ဟု မောင်းထုတ်လိုက်၏။

( လာပါစေ။ )

ကူကျွင့် တစ်ယောက် မျက်နှာပြင် အေးစက်လာပြီး ငြင်းဆန်ချင်ခဲ့ သော်လည်း သူ့နားထဲသို့ တိုးညှင်းသော အသံများ ရုတ်တရက် ဝင်လာသည်။

ထိုအသံကို ကြားသောအခါ စိတ်လှုပ်ရှားလာပြီး ပြုံးလျက်၊

“ လင်းယွန် ... မင်းနာမည်ကို နတ်သတ်ကျောက်တိုင်မှာ ထားခဲ့နိုင်မယ်လို့ ထင်နေလား ... ငါမင်းကို ကြိုပြောထားမယ် ... မင်းရဲ့ ရွှေတာအို သစ်သီးကို လိုချင်နေတာ ငါတစ်ယောက်တည်း မဟုတ်ဘူး၊ ...

... တန်ဖိုးကြီး ရတနာတွေကို သာမာန် လူတစ်ယောက် ပိုင်ဆိုင်တာဟာ ... ရာဇ၀တ်မှု တစ်ခုပဲ မင်းကို နတ်သတ် ကျောက်တိုင်မှာ ငါစောင့်နေမယ်။ ”

ထို့နောက် ဓားသမားများထံ ဝေ့ကြည့်ပြီး အောင်းကြွယ်၌ အဆုံးသတ်ကာ၊

“ ငါ့ရဲ့ နတ်ဘုရား မျိုးနွယ်ကို စော်ကား ပြီးတဲ့နောက် မင်းတို့တွေ စမ်းသပ်မှုကို ဖြေချင် နေကြသေးလား ဘယ်သူမှ အောင်မြင်မယ် မထင်နဲ့ ... သွားကြရအောင်။ ”

-ဟု ခြိမ်းခြောက် လှည့်ထွက်သွားသည်။

အောင်းကြွယ်က သူ့နှာခေါင်းကို ပွတ်သပ်လျက် ပြုံးလိုက်သည်။

“ ဒီကောင့်မှာ ... အကြံအစည် တစ်ခုခုတော့ ရှိရမယ်၊ သူ့ကို တစ်ယောက်ယောက်က သတင်းတစ်ခု ပေးပို့ခဲ့ သလိုပဲ။ ”

“ ဟမ့် ... လင်းယွန် ဂရုမစိုက်နဲ့ ... ဒီကောင်က ပါးစပ်ပဲ ရှိတဲ့ကောင်။ ”

ရှန်းထျန်းနန်က ကူကျွင့် နောက်ကျောကို ကြည့်ကာ နှာခေါင်းရှုံ့ လိုက်မိ၏။ ကျိကျစ်ရှီနှင့် လင်းကျန့်ရှန့်က စကား မပြောသော်လည်း အောင်းကြွယ် စကားကို ထောက်ခံကြောင်း ဖော်ပြလာကြသည်။

လင်းယွန်က စကားပြန်ပြောရန် ပြင်စဉ် သူ့ထံ ကြည့်နေကြသည့် ဓားသမားများကို မြင်ကာ ရပ်သွား၏။

“ ဟား ဟား ဟား ... ပန်းသင်္ချိုင်း ငါတို့အတွက် စိတ်မပူပါနဲ့ ကိစ္စမရှိဘူး ငါတို့က မင်းကို တိုက်ပွဲဝင်စေချင်တယ်။ ”

“ ဟုတ်တယ် ငါတို့က အပျော်သဘောနဲ့ ဒီကိုရောက်လာတာ ဒါကြောင့် ကျောက်တိုင်မှာ နာမည်တွေ မရေးရလည်း ကိစ္စမရှိဘူး။ ”

“ မြင့်မြတ်တဲ့ မျိုးနွယ်က လွန်သွားပြီ၊ ဒါပေမယ့် နောက်ဆုံးတော့ ငါတို့က သူတို့ကို အတူတူ တွန်းလှန် နိုင်ခဲ့ပါတယ်။ ”

“ သခင်လေးလင်း မတွန့်ဆုတ်ပါနဲ့ ... ငါတို့က ဓားသမားတွေ ဖြစ်ပြီး ... တိုက်ပွဲကို ကြိုက်ကြတယ်၊ ဒီလူတွေက ငါတို့ရဲ့ ရတနာ တွေကို အကြိမ်ကြိမ် လုယူဖူးတယ်။ ”

“ ဟုတ်တယ် ... ငါတို့က သေမှာ မကြောက်ဘူး။ ”

“ ပြောတာကောင်းတယ်။ ”

ဓားသမားများသည် စကားစမြည် ပြောလာသောအခါတွင် ပို၍ပင် ဒေါသကြီးလာ ကြသည်။

လင်းယွန်က တိတ်ဆိတ်နေဆဲ ဖြစ်၏။ သူ့လမ်းသည် အန္တရာယ် ကြုံနိုင်သည့်အတွက် နောက်က မလိုက်ရန် တားလိုသော အတွေးများ ရပ်ကုန်သည်။

“ အစ်ကိုကြီးလင်း ... ဆုံးဖြတ်ချက်ချပါ။ ”

ကျိကျစ်ရှီက ပြောသည်။ သူမသည် (၁၈)နှစ်အရွယ် ကလေးမလေး ဖြစ်သော်လည်း ဤမြင်ကွင်းကြောင့် သွေးဆူနေခဲ့သည်။

“ ငါလည်း နင့်ဆုံးဖြတ်အတိုင်း လိုက်နာမယ်။ ”

လင်းကျန်းရှန့်က ခေါင်းညိတ်ပြ၏။

“ ကောင်းပြီ ... ။ ”

လင်းယွန်က သစ်ကိုင်းကို မြှောက်ပြလိုက်ပြီး၊

“ မင်းတို့ အားလုံး ... ငါ နောက်ကို လိုက်ချင်နေမှတော့ မတားဘူး ... ဓားဆွဲပြီး လိုက်ခဲ့ပါ ... ငါတို့ နတ်ခွေးတွေကို အတူတူ သတ်ကြမယ်။”

-ဟု ကြေငြာ လိုက်တော့သည်။

ဓားသမား အားလုံး သူ့စကားကြောင့် ခေတ္တမျှ အံ့အားသင့်နေခဲ့ပြီး မကြာမီ ရယ်မော ကုန်ကြသည်။

“ ဟား ဟား ဟား ... ။ ”

“ ဟား ဟား ဟား ... ဟုတ်တယ် ဓားတစ်လက်နဲ့ နတ်ခွေးတွေကို သတ်မယ် ဓားတစ်လက်နဲ့ ... နတ်ခွေးတွေကို ငါတို့ သတ်မယ်။ ”

ဤမြင်ကွင်းကြောင့် အောင်းကြွယ်နှင့် ရှန်းထျန်းနန်က ပြုံးသည်။

“ ဒီလောကကြီးက ... နတ်ဘုရား မျိုးနွယ်စုတွေကို ဒေါသ ထွက်နေပုံပဲ။ ”

“ သူတို့က ဓားသမားဖြစ်ပြီး နည်းနည်း ရိုင်းတယ် ... ဒါနဲ့ မြင့်မြတ်တဲ့ မျိုးနွယ်စုတွေက ဘယ်အချိန်တုန်းက နတ်ခွေး ဖြစ်ကုန်ရတာလဲ ဟား ဟား ဟား ... ။"

ကူမျိုးနွယ်စုသည် အရှိန်မြှင့်ကာ နတ်သတ်ကျောက်တိုင်ထံ ပြေးတတ်သွား ကြသည်။ လမ်းဝါင် လှေကားထစ်များ တက်နေရာမှ ကူရှင်းက၊

“ အစ်ကိုကြီး ... မင်း စောစောက သိသာလွန်းတယ် မထင်ဘူးလား ... လင်းယွန် လိုက်မလာရင် ဘယ်လို လုပ်မလဲ။ ”

-ဟု မေးလိုက်သည်။

“ ငါ ရည်ရွယ်ပြီး လုပ်ခဲ့တာ ... ဒီကောင် လာလိမ့်မယ် ... ဒါပေမယ့် အဲတုန်းက စကား တွေက သူ့ကိုဦးတည်တာ မဟုတ်ဘူး။”

“ ဘယ်သူ့ကို ရည်ရွယ်တာလဲ။ ”

“ ဓားသမားတွေ ... ဒီကောင်တွေက သေမျိုး-မျိုးဆက်သွေးတွေပါ သူတို့ကြောင့်သာ မဟုတ်ရင် ... အစီရင်နဲ့ လင်းယွန်ကို နှိမ်နင်း နိုင်ပါတယ်။”

“ အစ်ကိုကြီး ... မင်းက တကယ့်ကို ဉာဏ်ကောင်းပါပေတယ်။ ”

ကူရှင်းက ပြုံးရယ်မိစဉ် လှေကား ထစ်များထံမှ ကြွေးကြော်သံကို ကြတားလိုက်ရ သဖြင့် ချက်ချင်း မျက်နှာပျက်သွားသည်။

“ ဓားတစ်လက်နဲ့ နတ်ခွေးတွေကို သတ်ပါ။ ”

“ ဘာတွေ ဖြစ်နေတာလဲ ... ။ ”

ကူကျွင့်က လှည့်ကြည့် လိုက်ရာ အံ့သြသွားသည်။ ကြွေးကြော်သံနှင့်အတူ ဓားသမား အရေအတွက် ပို၍ တိုးပွား လာခဲ့သည်။

“ မြန်မြန် ... နတ်သတ် ကျောက်တိုင်ဆီသွား ... ”

***

All Chapters