ပန်းသင်္ချိုင်း လာပြီ။
Vol. 168 Ch. 2352
လင်းယွန် အပြုံးသည် လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။
“ မဟုတ်ဘူး မင်းဒီလို မလုပ်နိုင်ဘူး … ။ ”
ခြောက်ယောက်သား အဆုံးစွန်ထိ တွန်းပို့ခံရပြီး ကရုဏာတောင်းနေခဲ့သော်လည်း လင်းယွန်က မလွှတ်ချေ။
“ တိုက် ... ။ ”
ထို့ကြောင့် ဒူးထောက် နေရာမှ ချက်ချင်း ထရပ်ကာ ရွှေဆေးပြားများကို အသက်သွင်းပြီး သူတို့ကိုယ် သူတို့ ဖောက်ခွဲရန် ပြင်၏။
“ ငါ့ကို ... အပါ ခေါ်ချင်နေတာလား ... အိပ်မက် မက်မနေနဲ့။ ”
လင်းယွန်က လေထဲ ရှောင်တိမ်းလျက် ဖဲကြိုးကိုးထောင်ဖြင့် ၎င်းတို့ထံ ချက်ချင်း ပစ်ချ လိုက်ရသည်။
“ ဝှစ် ... ။ ”
၎င်းတို့ အားလုံးသည် အသက်ကို ကာကွယ်နိုင်သည့် ရတနာများ ပိုင်ဆိုင်ထား သော်လည်း သူ့ဓားရှေ့တွင် အချည်းနှီးသာ ဖြစ်၏။
လျှို့ဝှက်ရတနာများ သို့မဟုတ် သူတော်စင် လက်နက်များ မည်သို့ပင် ဖြစ်စေ ထိုးဖောက်ခံရ ပေမည်။
တောက်ပသော ရောင်ခြည်တော် ဓား၊ ဓားနှစ်လက် ဝိညာဉ်၊ နတ်ရူရ်နှင့် ဒိုမိန်းသည် ၎င်းတို့ ခြောက်ဦးအပေါ် ကန့်သတ်နိုင်ခဲ့၏။
“ အား ... ။ ”
ရွှေဆေးပြားများ မပေါက်ကွဲသေးမီ ဒူးဆစ်များကွဲလျက် ပြန်လည် ပြုတ်ကျသွား တော့သည်။
နတ်ခွေးများကို သတ်ပစ်မည် ဟူသော ကြွေးကြော်သံသည် စည်းကမ်းများ ကြောင့်သာ မဟုတ်သော် အမှန် ဖြစ်လာနိုင်၏။
“ စွပ် ... စွပ် ... စွပ် ... ။ ”
လင်းယွန်က ကြင်နာခြင်း မရှိခဲ့ဘဲ လူတိုင်း၏ သူတော်စင်မူလကို ဖဲကြိုးများဖြင့် ထုတ်ယူလိုက်သည်။
ဤသည်မှာ သတ်ခြင်းထက် သာ၍ ကောင်းချေပြီ။ နောင်တွင် ဤလူများသည် ဒုက္ခိတများ အဖြစ်သာ ရှင်သန်ရတော့မည် ဖြစ်၏။
နတ်သတ် ကျောက်တိုင်တဝိုက်တွင် သူတော်စင်မူလများ ပျံဝဲလျက် ဒူးထောက်နေ ကြသည့် လူခြောက်ဦးဖြင့် ရှုပ်ပွနေခဲ့သည်။
ကောင်းကင် လွင်ပြင်သမိုင်း တစ်လျှောက် တစ်ကြိမ်မျှ မကြုံဖူးသော မြင်ကွင်းမျိုး ပေပင်။ လူတိုင်းက အံ့အားသင့် ကုန်၏။
“ ဒါက တောက်ပသော ရောင်ခြည်တော်ဓားရဲ့ စွမ်းအားလား တကယ် ကြောက်စရာ ကောင်းတယ် ... ။ ”
“ လင်းယွန်ခွန်အားနဲ့ နဂါးသတ်အဆင့်မှာ တစ်ရာအထိ ရောက်နိုင်မှာကို ငါကြောက်တယ်၊ သူက ဆဋ္ဌမအဆင့် သူတော်စင် သခင်ပဲ ရှိပါသေးတယ်။ ”
“ နဂါးသတ် အဆင့်က နယ်မြေသုံးထောင် ကြားကအဆင့်ပါ ... မြင့်မြတ်မြေတွေ များစွာက စိုးမိုးထားတယ် ... သူကတော့ ခွန်လွန်ရဲ့ တစ်ဦးတည်းသော လူပဲ။ ”
ဖဲကြိုးကိုးထောင် ခန္ဓာကိုယ်အတွင်း ပြန်ရောက်လာချိန်၌ လင်းယွန် တစ်ယောက် ကောင်းကင်မှ ဆင်းသက်လာခဲ့၏။
နတ်ဘုရား မျိုးနွယ်စုများမှာ အသံ မထွက်ဝံ့ကြချေ။ ပန်းသင်္ချိုင်းဓားကို လက်ဖြင့် ညွှန်လျက် နတ်သတ် ကျောက်တိုင်တွင် သူ့နာမည် လင်းယွန်က ရေးခြစ်၏။
“ မြန်မြန် ... လင်းယွန်က သူ့နာမည်ကို ချန်ထားနေပြီ။ ”
“ ဒါပဲ ... သူ ဘယ်လောက်အထိ မြင့်မြင့်ရေး နိုင်မလဲလို့ တွေးမိတယ်။ ”
လူတိုင်း၏ မျက်ဝန်းများတွင် မျှော်လင့်ချက်များ တောက်ပနေ၏။ သို့သော် လင်းယွန်က အတားအဆီးတစ်ခုကို ခံစားလိုက်ရသဖြင့် ရပ်လိုက်သည်။
အောင်းကြွယ်၊ ကျိကျစ်ရှီ၊ ရှန်းထန်းနန်နှင့် လင်းကျန်းရှန့်က သူ့အနား ရောက်လာ၏။
“ ဘယ်လိုလဲ ... အမြင့် ဘယ်လောက် အထိ ရေးမလဲ။ ”
အောင်းကြွယ်က စိတ်ဝင်တစား မေးသည်။
“ ဆန္ဒမရှိဘူး ... ဘာဖြစ်ဖြစ် ။ ”
လင်းယွန်က စိတ်မဝင်စားတော့ဘဲ သူ့နာမည်ကို အပြီးသတ် လိုက်သည်။ သို့သော် သူ ရေးပြီးနောက် ပန်းသင်္ချိုင်း လင်းယွန်သည် အပေါ်သို့ တက်သွားပြီး ရွှေရောင် အဆင်းများ ထုတ်လွှတ်လာသည်။
“ ဝှီး ... ။ ”
ရွှေရောင် အလင်းများ၌ ပွင့်ချပ် ကိုးချပ်ပါသော ပန်းသုံးပွင့်-ပွင့်လန်းလာကာ ရွှေရောင် ဆေးပြား သုံးပြား ကျဆင်းလာ၏။
လင်းယွန် မျက်ဝန်းများ တောက်ပ သွားသည်။ ကောင်းကင် လွင်ပြင်သို့ ရောက်ရှိ ပြီးနောက် သူ့ ကျင့်ကြံမှု တိုးလာသကဲ့သို့ အရင်းအမြစ်များလည်း ကုန်ဆုံးခဲ့ရ၏။
“ ရှေးဟောင်း ရောင်ဝါလား ... ။ ”
ရွှေရောင် ဆေးပြား သုံးပြားထံ ငုံ့ကြည့်ပြီး အတွင်းရှိ ထူထပ်သော ရှေးဦး အငွေ့အသက်ကို ခံစားလိုက်ရသည်။ ဤအရာက ရတနာများ ဖြစ်သဖြင့် သဘာဝအတိုင်း ရွှင်လန်းမိ၏။
“ ဒါက စိတ်မဝင်စားတဲ့ ပုံစံလား ... မင်း ။ ”
အောင်းကြွယ် နှုတ်ခမ်းများ လှုပ်ယမ်းသွားပြီး လင်းယွန်ကို ကူကယ်ရာမဲ့စွာ စိုက်ကြည့်လိုက်သည်။ လင်းယွန်က နားမလည် သဖြင့် သူ့ထံ ပြန်ကြည့်၏။
“ အခုမင်းက ပေါ့ပေါ့ပါးပါး ရေးပြီး ရွှေရောင်ဆေးပြား သုံးပြား ရခဲ့တယ်၊ မင်းအပြင် ပါရမီရှင်တွေဘဲ ဒါမျိုး လုပ်နိုင်ကြတယ်။ ”
“ အခြား တစ်ယောက် လုပ်နိုင်ခဲ့လား။ ”
“ မှန်တယ် ... ။ ”
“ ဘယ်သူလဲ ... ။ ”
“ ရှန့်ကွမ်ကြွယ် ... ။ ”
လင်းယွန်က ခေါင်းခါလိုက်ပြီး၊
“ ငါတကယ် စိတ်မဝင်စားတာ ... ဒါတွေက ဘာတွေလဲ။ ”
“ သူတို့က မီးလျှံမူလ ဆေးပြားတွေပဲ၊ အာနိသင်က ကောင်းကင် ကပ်ဘေးဒုက္ခတွေ ကနေ ကယ်တင်ပေးတယ်၊ သတ္တမအဆင့် သူတော်စင်သခင် အတွက် ...
... တန်ဖိုးက စိတ်ကူး မယဉ်နိုင်ဘူး လေလံတစ်ခုမှာ အမြင့်ဆုံး ဈေးနဲ့ ရောင်းလို့ ရတယ်။”
“ အဲဒါ အရမ်းကောင်းတယ်။ ”
လင်းယွန်က ကျေနပ်သွား၏။ သူတို့ စကားစမြည် ပြောနေကြစဉ် ရုန်းရင်းဆန်ခတ်မှု များမှာ ပျံ့နှံ့နေပြီ ဖြစ်သည်။
ဤဓားသမားသည် သူတော်စင် မူလ ခုနစ်လုံးကို ထုတ်ယူခဲ့သည်သာမက မီးလျှံ မူလ ဆေးပြား သုံးပြားလည်း ရရှိခဲ့၏။
“ ကောင်းကင်လွင်ပြင်ရဲ့ ... မီးလျှံမူလ ဆေးပြားကို ကောင်းကင် ပျက်စီးခြင်း ဘိုးဘေး သန့်စင်ထားတာလို့ ကြားတယ်။ ”
လင်းယွန်သည် ခွန်အားကို အပြည့်အ၀ အသုံးမချခဲ့မှန်း အောင်းကြွယ် သိ၏။ ခွန်အား အပြည့် သုံးချင်သော် အမည်ရေးထိုးရန် (၄) နာရီခန့် အနားယူ ရပေလိမ့်မည်။
ထို့ကြောင့် အမျိုးသမီး ကျင့်ကြံသူများ အမြင်၌ လင်းယွန်သည် ချစ်စရာ ကောင်းလာ တော့သည်။
လူတိုင်း သူတို့ နာမည်များကို ရေးထွင်း လိုက်ကြသည်။ သို့မှသာ မည်မျှ ခက်ခဲကြောင်း နားလည်လာ၏။
“ အစ်ကိုလင်း ... အရင်က မင်းရဲ့ဒေါသကို ငါသတိ မထားမိဘူး ... မောက်မာမိတဲ့ အတွက် တောင်းပန်ပါတယ်။ ”
ရှန်းထျန်းနန်က ပြုံးပြီး ပြောသည်။
“ မောက်မာနေတဲ့ မင်းပုံစံကို ငါပိုကြိုက်တယ်။ ”
လင်းယွန်က ပြန်ပြောလိုက်၏။
“ ဟား ... ဟား ... ဟား ... ဒါဆို ငါမတောင်းပန်တော့ဘူး။ ”
ရှန်းထျန်းနန်က ချက်ချင်း ရယ်မော၏။ ထိုစဉ်က ဤလူထွားကြီးသည် မည်မျှ ကြီးစိုး မောက်မာခဲ့ကြောင်း လင်းယွန် သတိရ နေသေးသည်။
ခေါင်းတလားများဖြင့် ဝမ်ကြွယ်အပေါ် ကစားနေစဉ် သူသည်ပင် ရိုက်သတ်ချင်စိတ်မျိုး ဝင်လာခဲ့ဖူးသည်။ အရေးကြီးသည်မှာ သူတို့ သူငယ်ချင်း ဖြစ်နိုင်ပေ၏။
“ ဟား ဟား ဟား ... အစ်ကိုလင်း၊ ကောင်းကင်ဘုံ ဘိုးဘေး နတ်ဘုရားက မင်းကို လက်မခံရင် ငါ့ဂိုဏ်းကို လာနိုင်တယ် ... မင်းရဲ့ ဒေါသက မိစ္ဆာလမ်းနဲ့ လိုက်ဖက်တယ်။ ”
အောင်းကြွယ်က သဘောကျစွာ ဝင်ပြော၏။
“ မဟုတ်ဘူး ... ငါက သဘောကောင်းတဲ့ လူပဲ။ ”
လင်းယွန်က ချက်ချင်း သူ့စကားကို ပြင်ဆင်ပေးသဖြင့် အောင်းကြွယ်တစ်ယောက် နှုတ်ခမ်းများ တွန့်တက်သွား၏။
( မင်းလိုလူက ... သဘောထား ကြီးတယ်လို့ဆိုချင်တာလား ... ဒါဆို ငါတို့ မိစ္ဆာ ကျင့်ကြံသူတွေက ဘာဖြစ်ကုန်ပြီလဲ။ )
လင်းကျန်းရှန့်က လင်းယွန်ကို ကြည့်၏။ ဤဓားသမားသည် ဆန်းကြယ်ပေသည်။ မိစ္ဆာ ကျင့်ကြံသူများပင် သူ့လောက် ရက်စက်မည် မဟုတ်ကြောင်း ပြောနိုင်၏။
သို့သော် ချန်ကျွင့်နှင့် ရှလော သူ့ကို စော်ကားနေစဉ်က လျစ်လျူရှုထားသည့်အပေါ် ပြန်သတိရလာသည်။
“ သခင်လေးလင်းကို ငါယုံတယ်။ ”
ရုတ်တရက် သူမ စကားကြောင့် လင်းယွန်က ပြုံးလိုက်သည်။
“ တွေ့လား ... ငါသဘောကောင်းတာ သူသိတယ်။ ”
အောင်းကြွယ်က လင်းကျန့်ရှန့်ထံ လှည့်ကြည့်မိ၏။ ဤအမျိုးသမီး ပြောင်းလဲ သွားချေပြီ။ ထို့နောက် စကားမပြောတော့ဘဲ နာမည်များ ရေးထိုးလိုက်ကြသည်။
ထို့ကြောင့် လင်ယွန် ခွန်အားကို ပို၍ သိလာရ၏။ လင်းကျန်းရှန်နှင့် ကျိကျစ်ရှီတို့ပင် မီးလျှံမူလ ဆေးပြား နှစ်ပြားသာ ရရှိခဲ့သည်။
အထိမ်းအမှတ် ကျောက်တိုင်တွင် အမည်များကို ချန်ထားခဲ့ပြီးနောက် လူတိုင်းက လင်းယွန်အပေါ် လေးစားစွာ ပြန်ကြည့် လာကြ၏။
“ ဒါက အရမ်း ခက်တယ် ... မီးလျှံမူလ ဆေးပြားရဖို့ကို ... ငါ့ခွန်အား အကုန်သုံးလိုက် ရတယ်။ ”
ရှန်းထျန်းနန်က လင်းယွန်ထံ လှည့်ကြည့်ကာ၊
“ မင်းက ... တကယ့်ကို မနာလိုစရာပဲ။ ”
-ဟု ဆက်ပြောသည်။
“ ဒီကျောက်တိုင်က နတ်ဘုရားတွေကို တကယ် သတ်နိုင်တယ် ငါ့ရဲ့ ဖိနစ်သွေးတောင် လှုပ်မရခဲ့ဘူး။ ”
တစ်ဖက်တွင် နတ်သတ်ကျောက်တိုင်မှ ကျိကျစ်ရှီ၏ ဖီးနစ်သွေးကို ဖိနှိမ်ထားကြောင်း သူမကလည်း ဝန်ခံလာ၏။
၎င်းသည် အတိတ်၌ နတ်ဘုရားများ၊ ရှေးဦးသားရဲများနှင့် တန်ခိုးရှင်များ ပေါ် အမှန်ပင် ခြိမ်းခြောက်နိုင်ခဲ့ပုံ ရသည်။
လူတိုင်း၏ စကားကြောင့် လင်းယွန်က ကျောက်တိုင်ထံ ပြန်ကြည့်မိ၏။ နဂါးလေးသာ ရှိပါက ၎င်းကို ခိုးယူမည်မှာ သေချာသည်။
သူ့အတွက် သင့်လျော်သော လက်ကိုင်တုတ်တစ်ချောင်း ဖြစ်လာနိုင်ပေမည်။ အနည်းဆုံး အုပ်စိုးရှင်အဆင့် လက်ရာများကို ယှည်နိုင်ပေ၏။ ထိုအတွေးက သူ့ကို ပြုံးမိစေ ခဲ့သည်။
“ ဘာတွေ ပြုံးနေတာလဲ။ ”
ကျိကျစ်ရှီက မေးသည်။
“ ဘာမှ မဟုတ်ပါဘူး ... စမ်းသပ်မှု ဒုတိယအဆင့်ကို သွားကြရအောင် ... ဘာလဲ ဆိုတာ ငါ သိချင်နေပြီ … ။ ”
လင်းယွန်က ရှက်ရွံ့စွာ ပြန်ဖြေလိုက်၏။ ပထမစမ်းသပ်မှုကို တောင်ခါးပန်း၌ ကျင်းပခဲ့ပြီး ဒုတိယ စမ်းသပ်မှုမှာ တောင်ကြီး၏ သုံးပုံနှစ်ပုံ နေရာ၌ ဖြစ်သည်။
နတ်ဘုရား တစ်ပါးက စောင့်ကြည့်နေ သကဲ့သို့ တောင်တန်းတဝိုက်တွင် သူတော်စင် စွမ်းအင်များ ထူထပ်ပြီး အမျိုးမျိုးသော တာအို တေးသံများ ပြည့်နှက်နေ၏။
ဒုတိယအဆင့် ကျင်းပသည့် နေရာ၌ လူများစွာ စုဝေးနေခဲ့ကြသည်။ ၎င်းတို့သည် ပထမအဆင့်ကို ရက်ပေါင်းများစွာ တည်းက အောင်မြင်ထားသူများ ဖြစ်၏။
“ ပန်းသင်္ချိုင်းလာပြီ။ ”
“ အဲဒီလူက တော်တော် ရက်စက်တယ်။ ”
လင်းယွန်၏ အမည်မှာ ပျံ့နှံ့နေပုံရ၏။ စမ်းသပ်မှု ပထမအဆင့်ကို ဖြတ်ကျော်ခဲ့သော ဉာဏ်ကြီးရှင်များသည် သူ့သတင်းကို ကြိုဖြန့်ထားချေပြီ။
၎င်းတို့က နတ်သတ်ကျောက်တိုင် ရှေ့မှ တိုက်ပွဲကို သက်သေခံခဲ့၏။ သို့သော် ရန်လိုနေ သူများလည်း ရှိနေသေးသည်။
***