← Chapters

သည်းမခံနိုင်။

Vol. 168 Ch. 2343

သည်းမခံနိုင်။

Vol. 168 Ch. 2343

ကောင်းကင်ဘုံ ပျက်စီးခြင်း ဘိုးဘေး နတ်ဘုရားသည် နဂါးပြာဘိုးဘေး နတ်ဘုရား နှင့် သိကျွမ်းခဲ့သည်မှာ အမှန် ပေပင်။

တိကျစွာ ပြောရပါမူ နဂါးပြာ ဘိုးဘေး နတ်ဘုရားသည် ကောင်းကင်ဘုံ ပျက်စီးခြင်း ဘိုးဘေး နတ်ဘုရားကို ကူညီပေးခဲ့ဖူး၏။

မဟုတ်သော် လင်းယွန်နှင့် ကျိကျစ်ရှီတို့ ခမျာ ကောင်းကင်ဘုံ လွင်ပြင်သို့ ရောက်နိုင်မည် မဟုတ်ချေ။

“ သွားကြရအောင် ... လူတော်တော် များများက ငါတို့ကို သတိထား ကြည့်နေတယ် လို့ ခံစားရတယ်။ ”

လင်းယွန်က ပြော၏။ သူတို့ မြို့ထဲကို ဝင်ပြီးကတည်းက အကြည့်များစွာ ကျရောက် နေခဲ့သည်။

အမျိုးသမီး နှစ်ယောက်ထက်ပင် သူ့ကို ပို၍အာရုံစိုက်ကြသည်။ ချီလင်တောင် အဖြစ် အပျက်များ ပျံ့နှံ့သွားပုံရ၏။

သို့သော် ဂရုစိုက်စရာ မလိုချေ။ သူတော်စင်တောင်ပေါ် တက်တော့မည် ဖြစ်ရာ သူ့ခွန်အားကို ထုတ်ဖော်ရမည် ဖြစ်သည်။

မြို့တံတိုင်းမှ ခုန်ချ ပြီးနောက် ကောင်းကင် လွင်ပြင်သို့ ဦးတည် သွားကြသည်။ ကောင်းကင် ပျက်စီးမြို့တော်သည် စည်းကမ်း ရှိပုံရ၏။

လူတိုင်း မလှုပ်ရှားရဲချေ။ သို့သော် သူတို့မြို့က ထွက်လိုက်သည်နှင့် လူတစ်စုမှ ဟန့်တားလာသည်။

ဤအဖွဲ့ရှိ လူတိုင်းသည် တန်ခိုးကြီးသော ရောင်ဝါကို စွန့်ထုတ်ကာ ဂုဏ်ယူဝံ့ကြွားကြ၏။ ဦးဆောင်သူကို မြင်ရချိန်၌ လင်းကျန်းရှန့်၏ အကြည့်များ အေးစက်သွားသည်။

“ သူတို့က ရှေးဟောင်း နတ်ဘုရား မျိုးရိုးက လာပုံရတယ်။ ”

ရှန်းထျန်းနန်က ပြောသည်။ ကောင်းကင်မှ ကောင်းချီးပေးထားသလိုမျိုး မြင့်မြတ်သော အရိပ်အယောင်များ သိုင်းခြုံထား၏။

“ လင်းကျန်းရှန့် ... ငါတို့ပြန်တွေ့ကြပြီ။ ”

အဖွဲ့ကို ဦးဆောင်သူမှာ ခရမ်းရောင် အဝတ်အစား ဝတ်ဆင်ထားသည့် အမျိုးသမီး တစ်ဦး ဖြစ်သည်။ သူမက ပြုံးလျက် နှုတ်ဆက် လာ၏။

“ ကူယုရှင်း ငါ့လမ်းကဖယ် ... ။ ”

ကူမျိုးနွယ်သည် ခိုင်မာသော အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ပြီး နှစ်ပေါင်း သောင်းနှင့်ချီ အမွေဆက်ခံခဲ့ကြသည်။

သို့သော် ရှေးဟောင်း နတ်ဘုရား မျိုးနွယ်များ၌ပင်လျှင် တိုက်ရိုက်မျိုးရိုးနှင့် အခွဲများ အဖြစ် ပိုင်းခြားထား၏။

ကူယုရှင်းသည် တိုက်ရိုက်မျိုးရိုးမှ မဟုတ်ချေ။

“ နင့်ရဲ့ ဒေါသကို နည်းနည်းလေးမှ မပြောင်းလဲဘူး ... နင်သာ ငါ့ဝမ်းကွဲအပေါ် တောင်းပန်ရင် ကောင်းကင်ဓားခန်းမ ဌာနချုပ် ကနေ နှင်ထုတ်ခံရမှာ မဟုတ်ဘူး၊ ...

... အခုတော့ အရိုင်းအစိုင်းတွေနဲ့ အတူလာနေရတယ်၊ ဒါပေမယ့် ဒီနေ့ နင့်ဆီ ငါလာတာ မဟုတ်ပါဘူး။ ”

ကူယုရှင်းက လင်းယွန်ထံ လှည့်ကြည့်ကာ၊

“ နင် ... အုပ်စိုးရှင် အထိမ်းအမှတ် ကျောက်တိုင်ကနေ ရွှေရောင် သစ်သီးတွေ အများကြီးရခဲ့တာ ငါကြားတယ် ... သူတို့ကို ငါ့ကြည့်ခွင့်ပေးပါ။ ”

“ ငါသန့်စင်လိုက်ပြီ ... လူမိုက်သာ ကိုယ်နဲ့အတူ ဆောင်ထားလိမ့်မယ်။ ”

လင်းယွန်က ပြုံးပြီး ပြောလိုက်သည်။

“ ရွှေသစ်သီး ကိုးလုံးကို ... နင် တစ်ယောက်တည်း သန့်စင်တာလား ... ငါ့ကို လူမိုက်လို့ ထင်နေလား။ ”

သူတို့၏ စကားဝိုင်းကြောင့် လူတိုင်း၏ အကြည့်များ လင်းယွန်ပေါ်သို့ ကျရောက်ကုန် တော့သည်။

“ သူက ပန်းသင်္ချိုင်းလား။ ”

“ ဟုတ်တယ် ... နတ်တပည့် ဝမ်ကြွယ်ကို အနိုင်ယူ ရုံသာမကဘူး ရွှေသစ်သီး ကိုးလုံးအထိ ရခဲ့တယ်လို့ ငါကြားတယ်။ ”

“ တစ်ယောက်ယောက်က သူ့ကို မျက်စိကျနေပြီ ကူယုရှင်းက သူ့ကို စစ်ဆေးဖို့ ဒီမှာ ရှိနေတာ ဖြစ်နိုင်တယ် ... ။ ”

“ ဒါက နတ်ဘုရား မျိုးနွယ်စုရဲ့ ... ယုံကြည်မှုပဲ သူတို့ထဲက ဘယ်သူမှ အားနည်းသူ မဟုတ်ဘူး။ ”

လူတိုင်းက လင်းယွန်ကို ကြည့်ကြသည်။ ကြိုးစားလျှင်ပင် ဖုံးကွယ်ရခက်သော ရတနာ ဓားတစ်လက်နှင့် တူကြောင်း ခံစားရ၏။

သည့်အပြင် ကောင်းကင် ပျက်စီးခြင်း သူတော်စင်တောင်သို့ ရောက်နိုင် သူတိုင်းသည် ပါရမီရှင်များ ဖြစ်သည်။

“ မင်းကိုယ်တိုင် ဘာလို့ လာမရှာတာလဲ။ ”

လင်းယွန်က လက်နှစ်ကို ဖြန့်ပြကာ ပြန်ပြော၏။ ကူယုရှင်း အကြည့်က လင်းယွန်ထံ စူးစူးစိုက်စိုက် ရောက်ရှိ သွားသည်။ သူမသည် လူမိုက် မဟုတ်ချေ။

“ နင့်ကိုယ်နင် ဘယ်လို ဖုံးကွယ်ရမယ် ဆိုတာ တကယ် သိတယ် ... ဒါပေမယ့် အဆင့် သုံးဆင့်ကို ဘယ်လောက်အထိ သွားနိုင်မလဲ ကြည့်ရအောင် ဝမ်ကြွယ်ကို စော်ကားပြီး တဲ့နောက် ...

... သူတော်စင် တောင်ကို လာဝံ့သလား ... သေခြင်းကို ဘယ်လို စာလုံးပေါင်းမှန်း မသိဘူး ထင်တယ်။ ”

“ မင်း ဘာပြောလိုက်တယ်။ ”

ရှန်းထျန်းနန်က ဒေါသထွက်သွားသည်။

“ ငါမှားလို့လား ... ဟားဟားဟား ငါတို့တွေ့မယ်။ ”

ကူယုရှင်းက ရယ်လျက် ထွက်ခွာ သွားလေသည်။ ထိုအဖွဲ့ ထွက်သွားသည်ကို ကြည့်ပြီး ကျိကျစ်ရှီနှင့် ရှန်းထျန်းနန်က ဒေါသထွက်လာ၏။

“ ခေါင်းဆောင်လင်း မင်းကို ... ကောင်းကင်ဓား ဌာနချုပ်ကနေ ထုတ်ပယ် လိုက်ပြီလား ။ ”

လင်းယွန်က မေးလိုက်သည်။

“ ငါ့ဆန္ဒနဲ့ ငါထွက်လာတာ အဲဒီမှာ လေထုက မကောင်းဘူး ... ဒါပေမယ့် တခြား လူတွေရဲ့ အမြင်မှာတော့ ထုတ်ပယ် ခံလိုက်ရတာပေါ့။ ”

ကောင်းကင်ဓား ခန်းမသည် ထာဝရ မြင့်မြတ်မြေ တစ်ခုဖြစ်ကာ ကောင်းကင်တာအို ခန်းမနှင့် ဆင်တူကြောင်း နားလည်လိုက်၏။

ဂိုဏ်းအတွင်း မျိုးနွယ်စုများ၏ အာဏာ ခွဲဝေမှုများရှိပုံရသည်။ ထို့ကြောင့် လင်းကျန်းရှန့် ကဲ့သို့သော နောက်ခံမျိုးရိုး မရှိသူများသည် သဘာဝအလျောက် ဖိနှိပ်ခြင်းကို ခံရပေ လိမ့်မည်။

“ လင်းယွန် ... အဲဒီ အမျိုးသမီးက မာနကြီးလွန်းတယ် ... ငါတို့က ဘာလို့ သူ့ကို သင်ခန်းစာ မပေးရတာလဲ။ ”

ရှန်းထျန်းနန်က မေးသည်။

“ စိတ်မပူပါနဲ့ တောင်ပေါ် တက်ရအောင်။ ”

လင်းယွန်က ပြုံးပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။ တစ်နာရီ ကုန်လွန် ပြီးနောက် တောင်ခြေသို့ ရောက်ရှိလာသည်။

ပတ်ဝန်းကျင်၌ နယ်ပယ် အသီးသီးမှ ပါရမီရှင် များနှင့် ပြည့်နှက်နေ၏။ ပထမ စမ်းသပ်မှုသည် နတ်သတ် ကျောက်တိုင် ဖြစ်ကြောင်း သိလိုက်ရသည်။

ဤကျောက်တိုင်ဖြင့် နတ်ဘုရား တစ်ပါးကို သတ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ထား၏။ ၎င်း၌ အမည်များ ချန်ထားခဲ့ရုံဖြင့် ပထမ အဆင့်ကို ကျော်ဖြတ်နိုင်မည် ဖြစ်သည်။

စမ်းသပ်မှု သုံးဆင့်ကို အောင်မြင်သူ ဆယ်ဦးသည် ကောင်းကင် ဧည့်ခံပွဲ၌ ပါဝင် နိုင်၏။

စမ်းသပ်မှု စတင်နေပြီ ဖြစ်သောကြောင့် လူတိုင်း နတ်သတ်ကျောက်တိုင်ထံ သွားနေကြ လေသည်။ ၎င်းသည် အချိန်အကန့်အသတ်မရှိ သဖြင့် ဦးစွာ ရောက်ရှိသွားသူများလည်း ရှိ၏။

“ ရှေးဟောင်း နတ်ဘုရား မျိုးနွယ်စုတွေ အပေါ်ကို ရောက်နေပြီ။ ”

အာမေဋိတ်သံ တစ်ခုက လူတိုင်းကို အာရုံစိုက်စေခဲ့သည်။

“ အဲဒါ ကူကျွင့်ပဲ ... ကူမျိုးဆက်ရဲ့ အသန်မာဆုံး ပါရမီရှင်။ ”

“ ရှေးဟောင်း နတ်ဘုရား မျိုးနွယ်စုရဲ့ လူငယ် မျိုးဆက်တိုင်းက ခမ်းနား လွန်းတယ်။

“ ဟား ဟား ဟား၊ ကောင်းကင်ဘုံ ပျက်စီးခြင်းဘိုးဘေး နတ်ဘုရားရဲ့ ပြင်ပတပည့် ဖြစ်ရင်တောင် ကူမျိုးနွယ်မှာ နတ်ဘုရား တစ်ပါး မွေးဖွားခွင့် ရလိမ့်မယ်။ ”

“ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကူကျွင့်ခွန်အားက နဂါးသတ် အဆင့်မှာ ထိပ်တန်းတစ်ရာ အတွင်း ဝင်ခဲ့တယ် ... အခုလည်း သတ္တမအဆင့် သူတော်စင် သခင် ဖြစ်နေပြီလို့ ကြားတယ်။ ”

ဆွေးနွေးမှုများ ကျယ်လောင်လာသဖြင့် လှေကားထစ်များပေါ် လျှောက်လှမ်းနေသည့် လူငယ်တစ်ဦးကို လင်းယွန်က စူးစမ်းလိုစိတ် ဖြစ်လာခဲ့သည်။

နက်ပြာရောင်ဝတ်ရုံကို ရွှေရောင်ဖြင့် အနားကွပ်ထားသော လူငယ် တစ်ယောက် ဖြစ်၏။

မျက်ဝန်းများက တောက်ပနေသည်။ သူ့အဖွဲ့တွင် လူ လေးဆယ်ရှိပြီး မည်သူမျှ မရှုပ်ရဲချေ။ ရှန်းထျန်းနန်က၊

“ ရှေးဟောင်း နတ်ဘုရား မျိုးနွယ်စုက ငါထင်ထားတာထက် ကြောက်စရာ ကောင်းတဲ့ အခြေခံအုတ်မြစ်မျိုး ရှိတယ် ...

... သူတို့ရဲ့ သားစဉ်မြေးဆက် တွေက ထာဝရ မြင့်မြတ်မြေတွေ မှာတောင် နာမည် ကြီးကြတယ် ကောင်းကင် လွင်ပြင်က သူတို့အတွက် ဇာတ်ခုံပဲ။ ”

တစ်စုံတစ်ယောက်သည် ထိုစကားကို ကြားသောအခါ ပြုံးလိုက်ကြပြီး၊

“ ဒါက ကောင်းကင်ဘုံ လွင်ပြင် စမ်းသပ်မှုပဲလေ ... ဘိုးဘေး နတ်ဘုရားရဲ့ တပည့် ဖြစ်လာဖို့က သဘာဝအတိုင်း မလွယ်ပါဘူး၊ ...

... ရှေးဟောင်း နတ်ဘုရား မျိုးနွယ်စုက ဆင်းသက်လာတဲ့လူတွေဆိုတာ ကောင်းကင်ဘုံ ဘိုးဘေးရဲ့ အမြင်မှာ ဘာမှ မဟုတ်ဘူး။ ”

နတ်ဘုရား အသွေးအသားမျှသာ ပိုင်ဆိုင်ထား သူသည် ဘိုးဘေး နယ်ပယ် နတ်ဘုရားနှင့် ယှဉ်နိုင်စရာ မရှိချေ။

ထိုလူငယ် စကားကို ရှန်းထျန်းနန်က ခေါင်းညိတ်လိုက်သည်။ အချိန်ကြာလာသည်နှင့် အမျှ ထာဝရ မြင့်မြတ်မြေ အသီးသီးမှ ပါရမီရှင် များ၊ နတ်ဘုရားတပည့်များ ပိုများလာသည်။

ဆယ့်ငါးမိနစ် အကြာတွင် အားလုံးသည် နတ်သတ် ကျောက်တိုင် ဆီသို့ ဦးတည်သော လှေကားဆီသို့ ရောက်ရှိလာကြ၏။

ဤလှေကားများသည် ရှည်လျားပြီး အထစ်ပေါင်း ကိုးရာကျော်သည်။ အဝေးမှ နတ်သတ် ကျောက်တိုင်မှလည်း လှေကားထစ် တက်သူတိုင်းကို ခက်ခဲစေမည့် ကြီးမားသော ဖိအား ဖြစ်စေသည်။

လူများက ရံဖန်ရံခါ လှေကားထစ်မှ ပြုတ်ကျပြီး သွေးများ ဖုံးလွှမ်းသွားတတ်၏။ အချို့က ဖိအားကို တွန်းလှန်ကာ အရှိန်မြှင့် ခဲ့ကြသည်။

ဤစမ်းသပ်မှုတွင် မည်သူ ပထမ ရောက်ရှိမည်ကို ထည့်တွက်နေစရာ မလိုချေ။ ကောင်းကင်ဘုံ ဘိုးဘေး၏ အာရုံကို စွဲဆောင် ရန်သာ လိုသည်။

“ ကြည့်ရတာ ... နင့်မှာ အထင်ကြီးစရာ ဘာမှလည်း မရှိပါဘူး။ ”

ကူယုရှင်း အသံ ထွက်ပေါ်လာသည်။ လှေကားထစ်များကို အလျင်အမြန် တက်ကာ လှောင်ပြုံးဖြင့် ဆိုသွား၏။

ကူယုရှင်းသည် အခွဲမျိုးရိုး၏ တပည့် တစ်ဦးသာ ဖြစ်သော်လည်း၊ သူမတွင် ထိုကဲ့သို့ ခွန်အား ရှိသည်။

ရှေးဟောင်း နတ်ဘုရား မျိုးနွယ်စုတွင် နက်နဲပြီး နားမလည်နိုင်သော အုတ်မြစ်ရှိပုံရ၏။

“ သူတို့က မြင့်မြတ်တဲ့ မျိုးနွယ်စုက လာတာပဲ ... ဒီလောက် မောက်မာ ရိုင်းစိုင်း နေကြတာ အံ့သြစရာ မရှိတော့ပါဘူး။ ”

ပတ်ဝန်းကျင်မှ ဆွေးနွေးသံများကို ကြားပြီးနောက် ကူယုရှင်းက ကောက်ကျစ်စွာ ပြုံးလိုက်သည်။

သူမသည် အာရုံ စူးစိုက်ခံရခြင်းကို နှစ်သက်လေသည်။ ထိုကြောင့် လှေကားထစ် နှစ်ရာကျော်ကို တစ်လှမ်းတည်းဖြင့် ကျော်လွှား တက်ပြလိုက်၏။

ပြီးနောက် နောက်ပြန်လှည့်ကြည့်ကာ၊

“ လင်းကျန်းရှန့် နင် ... အရင်တုန်းက ဉာဏ်ကြီးရှင် ဖြစ်ခဲ့ပေမဲ့ ... ဘာလို့ ဒီလောက် ပျော့ညံ့သွားရတာလဲ ငါ့ခွန်အား အပြည့်သုံးရင် နင်လိုက်မမှီတော့မှာ ငါကြောက်တယ်။ ”

ကျိကျစ်ရှီက အလွန်အကျွံ ဒေါသ ဖြစ်လာသည်။ လင်းကျန်းရှန့် မျက်လုံးများတွင် အေးစက်စက် အလင်းများ တောက်ပလာ၏။

သူမသည် အမြဲတမ်း ရိုးရိုးရှင်းရှင်း နေတတ်သူဖြစ်သည်။ သို့သော် ယခု အချိန်တွင် လင်းယွန်အတွက် ပြဿနာများ မဖြစ်စေလိုရာ သည်းခံမိ၏။

“ သည်းမခံနိုင်တော့ရင် သည်းခံနေဖို့ မလိုဘူး ငါတို့လို ဓားသမားတွေက နတ်ဘုရား မျိုးနွယ်စုကို ကြောက်ရွံ့စရာလား။ ”

လင်းယွန် စကားကြောင့် လင်းကျန်းရှန့်က လှည့်ကြည့်သည်။

“ နင်လည်း ဒုက္ခကို ကြိုက်ပုံရတယ်။ ”

“ ဖြစ်နိုင်ပါတယ်။ ”

“ နင်ပြောတာ မှန်တယ် သည်းမခံနိုင်ရင် ဘာလို့ သည်းခံနေရမှာလဲ ... နောက်ဆုံးတော့ ငါတို့လို ဓားသမားတွေက သေမှာတောင် မကြောက်ကြတာ။ ”

စကားဆုံးသည်နှင့် ကောင်းကင်ပေါ် ခုန်တက်ကာ ကူယုရှင်းကို ဖြတ်ကျော် လိုက် တော့သည်။

ဤအရာသည် ကူယုရှင်းကို သဘာဝအတိုင်း ထိတ်လန့် စေသော်လည်း တည်ငြိမ်ဟန် ဆောင်လိုက်ရသည်။

နတ်တပည့်တစ်ဦးကို အနိုင်ယူခဲ့သူမှာ လင်းယွန် ဖြစ်သည်။ လင်းကျန်းရှန့် မဟုတ်ချေ။ ပတ်ဝန်းကျင်၌ လူအများ ရှိနေသည်။

“ နင် မပျော်ဘူးလား ... နင်က ကောင်းကင်ဓား ဌာနချုပ်ကနေ မောင်းထုတ် လိုက်တဲ့ အမှိုက်ပဲ ... အရင်တုန်းကလို ဉာဏ်ကြီးရှင် တစ်ယောက်လို့ ထင်နေသေးလား။ ”

ထို့ကြောင့် အံကြိတ်ပြီး မေးလိုက်သည်၊ လင်းကျန့်ရှန့်က စကားဖြင့် တုန့်ပြန်ခြင်း မပြု ခဲ့ချေ။ ဓားမြည်သံများ ထွက်လာပြီး သူမ ဆံပင်များ လေထဲ တဖျပ်ဖျပ် လွင့်လာ၏။

လက်ကို မြှောက်လိုက်ရာ လက်ဖဝါး၌ ရောင်စုံနဂါး ငါးကောင် ထွက်လာ၏။ နဂါးများ၌ လျှပ်စီးများ လက်လာစဉ် ရိုက်ချလာ တော့သည်။

“ ဝှစ် ... ။ ”

***

All Chapters