← Chapters

ရပ်တန့်မရသော တိုက်ပွဲများ။

Vol. 168 Ch. 2345

ရပ်တန့်မရသော တိုက်ပွဲများ။

Vol. 168 Ch. 2345

လင်းကျန်းရှန့် တစ်ယောက် သတ္တမအဆင့် သူတော်စင်သခင် ဖြစ်ရန် မည်သူမျှ မမျှော်လင့် ထားချေ။

သူမ၏ နတ်အလင်းဓားသည် အလွန် အစွမ်းထက်နေပြီး ကူတန်ကို ကောင်းစွာ ထိန်းထား နိုင်သည်။

မိနစ်အနည်းငယ် အကြာတွင် ကူတန် တစ်ယောက် ဒဏ်ရာများ ဖုံးလွှမ်းသွားသည်။ ထိုရလဒ်ကို မည်သူမျှ မမျှော်လင့်ထားချေ။

လူတိုင်း ထိတ်လန့် တုန်လှုပ်ကုန်ပြီး ကြီးမားသော အကျိုးသက်ရောက်မှု ဖြစ်ပေါ် လာစေသည်။

“ ဒါက အဓိပ္ပာယ် မရှိဘူး ... မိုးတိမ်နယ်မြေရဲ့ တပည့်ကြီး တစ်ယောက်က ဘယ်လို့ ဒီလောက် အထိ အစွမ်းထက် နေရတာလဲ။ ”

“ မယုံနိုင်စရာပါပဲ ... ပန်းသင်္ချိုင်းတောင် အခုထိ မလှုပ်ရှားသေးဘူး။ ”

“ ထူးဆန်းတယ် ... သတ္တမအဆင့် သူတော်စင်သခင် ဖြစ်နေတဲ့ လင်းကျန်းရှန့်က ဘာလို့ ပန်းသင်္ချိုင်း နောက်ကို လိုက်နေရတာလဲ။ ”

“ ဒါသာ အမှန်ဆိုရင် လင်းယွန်မှာ ရွှေရောင်သစ်သီးတွေ တကယ် ရှိတယ်လို့ မဆိုလိုဘူးလား။ ”

လူတိုင်း သိချင်ရုံသာမက လင်းယွန်ထံ ကြည့်ကာ ဆွေးနွေးမှုများ ထွက်ပေါ် လာသည်။ ပတ်ဝန်းကျင်မှ အသံများ ကြားနေရသဖြင့် ကူ မျိုးနွယ်စုဝင်များ ရုပ်ဆိုးသွားသည်။

ကူကျွင့် အနားက လူငယ်တစ်ယောက်က ဒေါသတကြီးဖြင့်၊

“ ကူတန် ... ဒါတွေက သေမျိုး သွေးသားတွေပါ ... မင်းက အစ်ကိုကျွင့်ကို အရှက်ရအောင် လုပ်နေတာလား။ ”

-ဟု အော်ဟစ် လာသည်။

ထိုလူငယ် အမည်မှာ ကူရှင်းဖြစ်၏။ ကူကျွင့်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိပြီး လက်ရှိအဖွဲ့၌ ဒုတိယ အသန်မာဆုံး ပေပင်။

ကူတန်က အံကြိတ်လျက်၊

“ ဒါကို စိတ်မပူပါနဲ့ ... ငါနဲ့ ကျင့်ကြံမှု တူနေရင်တောင် သူက ... ဘာမှ မဟုတ်သေး ပါဘူး။ ”

သူသည် နတ်ဘုရား မိသားစုမှ ဆင်းသက်လာသူ ဖြစ်သဖြင့် ဝှက်ဖဲများရှိသည်။ ဥပမာ နတ်ဘုရားသွေးကို လောင်ကျွမ်း ခြင်းဖြစ်၏။

သို့သော် မိုးတိမ်နယ်မြေမှ တပည့်ကြီး တစ်ဦးအတွက် ဤနည်းလမ်းကို မသုံးလိုချေ။ ရှက်စရာ ကောင်းလှ၏။

“ ဟမ့် ... သေမျိုး သွေးသားတွေတဲ့လား မင်းတို့လိုလူတွေ မပြောနဲ့ ... ငါက နတ်ဘုရား သင်္ချိုင်းကိုတောင် တူးမဲ့လူကွ ... ။ ”

ရှန်းထျန်းနန်က သတ္တမအဆင့် သူတော်စင် သခင် ဖြစ်လာသည့် လင်းကျန်းရှန့်ထံ ကြည့်ပြီး တိုက်ပွဲဝင် ဆန္ဒများ ပေါက်ဖွားလာသည်။

သူသည် ကိုယ်လုံးကိုယ်ပေါက်ဖြင့် သူတော်စင် ဖြစ်လာသူ ဖြစ်၏။ ရွှေရောင်တာအို သစ်သီးကြောင့် ကျင့်ကြံမှု မအောင်မြင် သည့်တိုင် ရုပ်ခန္ဓာ တိုးတက်ခဲ့သည်။

“ ဟား ဟား ဟား လာခဲ့စမ်း မင်းတို့မှာ နတ်ဘုရားဘိုးဘေးတွေရှိရင် သူတို့ သင်္ချိုင်းကို ငါတူးမယ် ... ဒါပေမယ့် အခုတော့ မင်းတို့ကို အရင် သင်ခန်းစာ ပေးရမယ်။ ”

ရယ်မောလျက် ကောင်းကင်ပေါ် ခုန်တက်ကာ စိန်ခေါ်လိုက်တော့သည်။

“ မင်း ... သေချင်နေတာပဲ။ ”

ရှန်းထျန်းနန်သည် ဆဋ္ဌမ အဆင့် သူတော်စင်သခင်သာ ဖြစ်ကြောင်း သိမြင်ခဲ့ကြ သဖြင့် ကူမျိုးနွယ်စုမှာ ဒေါသထွက်ကုန်၏။

“ ဟား ဟား ဟား .... လာ။ ”

ရှန်းထျန်းနန် မျက်လုံးထဲ အလင်းများ တောက်ပလျက် လက်ဖဝါးပေါ်၌ ရွှေရောင်လင်း လာခဲ့သည်။

“ မဟာနေမင်း မီးတောက်။ ”

လက်ဖဝါးမှ ထွက်လာသော နေရောင်ခြည်သည် သူ့လမ်းကို ပိတ်ဆို့ချင် သူတိုင်းကို လွင့်ပျံ သွားစေ၏။

“ ရွှေကျီးကန်း နတ်ခန္ဓာပဲ ... ။ ”

လင်းယွန်က ရှန်ထျန်းနန်၏ ကိုယ်လုံး ကိုယ်ပေါက် အသွင် ပြောင်းသွားသည်ကို ချက်ခြင်း သတိပြုမိ၏။

သူ့ ရင်ဘတ်ရှိ ရွှေကျီးကန်း ရူရ်များ တောက်ပနေပြီး ကြောက်မက်ဖွယ် ရောင်ဝါကို ပေးဆောင်သည်။

“ ရှေးဟောင်း နတ်မျိုးရိုး အတွက် အထင်ကြီးစရာ ဘာမှ မရှိပါဘူး ငါ့ရွှေကျီးကန်း သွေးသားက မင်းတို့ထက် ပိုမြင့်မြတ်တယ် ဟား ... ဟား ... ဟား ... ။ ”

နတ်ရူရ်များ တလက်လက် တောက်ပနေပြီး ရှန်းထျန်းနန်က ရယ်မောလျက် တိုက်ပွဲဝင်နေ တော့သည်။

ကူမိသားစုမှ သုံးယောက်က သူ့ကို တားဆီးရန် ကြိုးစားသော်လည်း မအောင်မြင် ခဲ့ချေ။ ဆန့်ကျင်ဘက်အားဖြင့် ရှန်ထျန်းနန်၏ ထိုးနှက် ကန်ကျောက်ခြင်းကိုသာ ခံလိုက်ရ လေသည်။

“ အား ... ဒီမီးတောက် ... ။ ”

နေမင်းကြီးနှင့် တိုက်မိသကဲ့သို့ မီးတောက်များ ကူးစက် လောင်ကျွမ်းသဖြင့် နာကျင်စွာ အော်ဟစ် လိုက်ကြ၏။

“ ရှန်းထျန်းနန် ... ။ ”

“ ဒီကောင်က နဂါးသတ် အဆင့် အောက်ခြေမှာ အဆင့်သတ်မှတ် ခံထားရတဲ့ လူပဲ ... ဘယ်လိုလုပ် ဒီလောက် သန်မာလာတာလဲ။ ”

“ သူ့လို ဂူဖောက်သူ တစ်ယောက်က အရမ်းသန်မာလာတာ အဓိပ္ပါယ် မရှိဘူး။ ”

ရှန်းထျန်းနန်၏ ခွန်အားက လူတိုင်းကို ထိတ်လန့်စေသည်။

“ ဘာပဲဖြစ်ဖြစ် ... သူတို့က နတ်ဘုရား မျိုးနွယ်ကို ရင်ဆိုင်ဖို့ ... သတ္တိရှိတဲ့ အတွက် ကောင်းတယ် ... ငါတို့ကို သေမျိုး သွေးကြောင့် နှိမ့်ချခဲ့တဲ့ လူတွေကို ကြည့်မရဘူး။ ”

ကျင့်ကြံသူ အများအပြားက နတ်မျိုးနွယ်စုများကို မကျေမနပ် ဖြစ်နေကြ ပြီဖြစ်ရာ ရှန်းထျန်းနန် လုပ်ရပ်အပေါ် အားပေးလာကြသည်။

“ ငါလာပြီ ... ။ ”

ရှန်းထျန်းနန်က သူ့စွမ်းအားကို ပြသပြီးနောက် ကျိကျစ်ရှီထံ ချဉ်းကပ်လျက် သူမနှင့်အတူ တိုက်ပွဲဝင်တော့၏။

“ ဒီကောင်က နည်းနည်းလေးမှ မပြောင်းလဲဘူး ... အနှေးနဲ့ အမြန် ဆိုသလို မင်းကို ဒုက္ခပေးလိမ့်မယ်။ ”

ရုတ်တရက် လင်းယွန် အနားတွင် လူတစ်ယောက် ပေါ်လာသည်။ ဤသည်မှာ အောင်းကြွယ် ဖြစ်၏။

လင်းယွန်က အံ့အားသင့်သွားမိသည်။ သို့သော် ဤလူနှင့် သူ့တွင် ရန်ငြိုး မရှိချေ။

“ ရွှေသစ်သီးတွေ ရပြီးတဲ့နောက် ငါတို့အတွက် ... အခက်အခဲတွေ အများကြီး ကြုံခဲ့ရတယ် ... ဒါက ကျေနပ်စရာကောင်းတဲ့ တိုက်ပွဲတစ်ခု ဖြစ်လာမှာပါ။ ”

လင်းယွန် စကားကြောင့် အောင်းကြွယ်က စိတ်လှုပ်ရှား သွားသည်။ ဤလူသည် ဒုက္ခကို ကြောက်ပုံ မရချေ။

“ ရှန်းထျန်းနန် ... မင်း အသက်ရှင်ရတာ ပင်ပန်း နေပြီလား။ ”

ကူရှင်းက ဟောက်လိုက်သည်။

“ အစ်ကိုရှင်း ... ကျွန်တော် သူ့ကို ရင်ဆိုင်ပါရစေ။ ”

ကူမျိုးနွယ်စု၏ ထူးချွန် ထက်မြက်သော လူငယ်တစ်ယောက်က လှမ်းထွက်လာသည်။ သူ့နာမည်မှာ ကူဖေးချန်ဖြစ်ပြီး မျိုးဆက်သစ် လူငယ် ဉာဏ်ကြီးရှင် ဖြစ်၏။

သတ္တမအဆင့် သူတော်စင်သခင် လည်း ဖြစ်သည်။

“ ကောင်းလိုက်တာ ... ။ ”

ကူဖေးချန်မှ သူ့ထံ အားယူနေသည်ကို မြင်ပြီး ဝမ်းသာသွားသည်။ လင်းကျန်းရှန့်သည် သတ္တမအဆင့် သူတော်စင် သခင်ကို တိုက်ခိုက် နိုင်သည်ကို တွေ့ပြီးနောက် သူသည်လည်း စမ်းသပ်ချင်နေပြီ ဖြစ်၏။

သူ ပေါ်လွင်ရန် ဆုံးဖြတ်လိုက်ပြီး ကတည်းက သဘာဝအတိုင်း အစွမ်းအစကို ပြသရပေမည်။

“ မင်း ... ။ ”

သူ့တုန့်ပြန်မှုကြောင့် ကူဖေးဟန်က အံ့အားသင့်စွာဖြင့် ခြေလှမ်း အနည်းငယ် နောက်ပြန်ဆုတ် သွားသည်။

တစ်ချိန်တည်းမှာပင် ကူတန် နဖူးမှ ရှေးခေတ် ရောင်ဝါများ ဖြာထွက်နေသော ရွှေတံဆိပ်တစ်ခု ပေါ်လာ၏။

ကူတန် တစ်ယောက် နတ်ဘုရား သွေးသားကို အသက်သွင်း နေမှန်း မြင်သာ၏။ လူတိုင်း တုန်လှုပ်သွား ကြသည်။

သွေးသားစွမ်းကို အသက်သွင်း လိုက်သောအခါ ခွန်အားများ သိသိသာသာ တိုးလာပြီး လင်းကျန်းရှန့်ကို ခြေလှမ်း အနည်းငယ် ပြန်ဆုတ်စေ၏။

သို့သော် ကူတန်က ဆက်မလိုက်ခဲ့ဘဲ ကျိကျစ်ရှီထံ လှည့်ကြည့်သည်။ ဤကလေးမ လေသည် ဆဋ္ဌမအဆင့် သူတော်စင်သခင်သာ ဖြစ်ပြီး ပြိုင်ဘက်များကို ဒဏ်ရာ ပြင်းထန်စွာ ပေးနေခဲ့သည်။

“ ဝှစ် ... ။ ”

ထို့ကြောင့် ကျိကျစ်ရှီ၏ ပခုံးပေါ်သို့ လက်သီးဖြင့် အလစ်ဝင်တွယ် ပစ်လိုက်သည်။

“ ဘုန်း ... ။ ”

“ အွတ် ... ။ ”

ကံကောင်း ထောက်မစွာဖြင့် ကျိကျစ်ရှီက ဖီးနစ်မီးလျှံကို ထုတ်ဖော်ထားလေရာ ဒဏ်ရာ ပြင်းထန်ခြင်း မရှိခဲ့ချေ။

ဤသည်မှာ တိုက်ပွဲ၌ အတွေ့အကြုံ နည်းပါးလွန်းသောကြောင့် ဖြစ်ရာ လင်းယွန်က မျက်မှောင်ကြုတ် သွားခဲ့သည်။

အကယ်၍ သူသာဆိုသော် ကူတန်၏ ခိုးဝင်တိုက်ခိုက်မှု အောင်မြင်မည်မဟုတ်ချေ။

ကူမျိုးနွယ်စု ပါရမီရှင်များသည် ဤအခွင့်အရေးအပေါ် အရယူကာ ကျိကျစ်ရှီထံ ဝိုင်းရံလာကြသည်။

ဤမြင်ကွင်းကြောင့် လင်းကျန်းရှန့် မျက်ဝန်း၌ အေးစက်သော အလင်းများ တောက်ပ လာခဲ့၏။

“ နင်တို့မှာ တရားမျှတမှု မရှိတဲ့ အတွက် ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့။ ”

သည့်နောက် လင်းကျန်းရှန့်က ကောင်းကင်ဘုံ နတ်ဓားကို ဒြပ်စင်ငါးပါး တာအိုဖြင့် ထုတ်ဖော်ပစ် လိုက်သည်။

ရောင်စဉ် ငါးသွယ် အဆင်းရှိသည့် ဧရာမဓားကြီး တစ်လက်က နတ်နဂါးကဲ့သို့ ထွက်ပေါ် လာသည်။

“ ရွှပ် ... ။ ”

လူတိုင်း ချက်ချင်း နက္ခတ်များ ထုတ်ဖော် လိုက်သော်မှ ဓားရောင်ခြည်က ၎င်းကို ခွဲထုတ် ပစ်လိုက်သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ရှန်းထျန်းနန်နှင့် ကျိကျစ်ရှီကို ဝိုင်းထားသော လူအုပ်ကြီး ပြိုလဲကုန်၏။

ကူဖေးချန်နှင့် ကူတန်သာ ကျန်ရစ်သည်။ နက္ခတ်များကိုပင် အသုံးပြုခဲ့ကြသောကြောင့် တိုက်ပွဲမှာ ဖရိုဖရဲ ဖြစ်လာခဲ့ရသည်။

“ ဒီတိုက်ပွဲကို လွယ်လွယ်နဲ့ ... ရပ်လို့ မရတော့ဘူး ထင်တယ်။ ”

အောင်းကြွယ်က ပြုံးပြီး လင်းယွန် တစ်ယောက် ဤအခြေအနေအပေါ် မည်သို့ ကိုင်တွယ်မည်ကို သိချင်လာ၏။ သို့သော်။

“ ငါကလည်း ဒီကိစ္စကို လွယ်လွယ်နဲ့ မလွှတ်ဘူးဆိုတဲ့ ဖြစ်နိုင်ချေကိုရော မင်းဘာလို့ မတွေးကြည့်ရတာလဲ။ ”

လင်းယွန်က ပေါ့ပေါ့ပါးပါး တုန့်ပြန်၏။ ထိုစကားကြောင့် အောင်းကြွယ် တစ်ယောက် ထိတ်လန့်စွာ ပြန်ကြည့်လိုက်မိသည်။

လင်းကျန်းရှန်က ဓားကို ထုတ်လွှတ် လိုက်သောအခါ ကူတန်နှင့် ကူဖေးချန်က ခြေလှမ်း အနည်းငယ် ပြန်ဆုတ်သည်။

“ ဟမ့် ... သေမျိုး အသွေးအသားသာ ရှိတဲ့ တစ်စုံတစ်ယောက်က မြင့်မြတ်သော သွေးသား အပေါ် စိန်ခေါ်ဝံ့သလား။ ”

ကူဖေးဟန်က ဒေါသထွက်သွားသည်။ တစ်ဆက်တည်းမှာပင် သူ့ရှေ့ရှိ ရှန်းထျန်းနန်ထံ စိုက်ကြည့်ပြီး၊

“ ငါပြောတာ မှားနေလား ... မင်းမှာ ရွှေကျီးကန်း နတ်ခန္ဓာရှိပေမယ့် ရွှေကျီးကန်း သွေးသားကို မပိုင်ဆိုင်ပါဘူး ... ဟုတ်တယ် မဟုတ်လား။ ”

-ဟု မေးမြန်းလာ၏။

ကူမျိုးနွယ်စုသည် မာနကြီးပြီး သူတို့၏ မျက်လုံးများ၌ ရှန်းထျန်းနန်တို့အပေါ် အထင် အမြင် သေးနေဆဲ ဖြစ်၏။

“ ရှေးဟောင်း နတ်ဘုရား မျိုးရိုးကို ... စိန်ခေါ်ဖို့ မင်းတို့ကို ဘယ်သူ သတ္တိပေးခဲ့တာလဲ ဒီနေ မင်းတို့ကို သင်ခန်းစာ မသင်ပေးခဲ့ရင် ယဉ်ကျေးလာမယ် မထင်ဘူး။ ”

ထိုအချိန်တွင် ကူကျွင့်က သူ၏ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များ ထုတ်ပြ လိုက်ကာ လှေခါးထစ်များမှ တစ်လှမ်းခြင်း ပြန်ဆင်းလာ၏။

သူ ဆင်းလာစဉ် လူတိုင်းအပေါ် တောင်ကြီးတစ်လုံး ပြိုကျလာ သကဲ့သို့ ဖိအား ပေးစွမ်းလာသည်။

“ ဒါဆို မင်းဘာလို့ ... မလှုပ်ရတာလဲ ... ဒီနေ့မှာ ဘယ်သူက ဘယ်သူ့ကို သင်ခန်းစာပေး မလဲ ကြည့်လိုက်ကြရအောင်။ ”

ရုတ်တရက် မောက်မာခြင်း အပြည့် ပါရှိသော စကားသံနှင့်အတူ ဓားရောင်ဝါ တစ်ခု ကောင်းကင်ပေါ် ပျံတက်လာပြီး လေဟာနယ် အက်ကွဲသွားတော့သည်။

လူအုပ်ကြီးက အသံရှင်ကို ချက်ချင်း လှည့်ကြည့်လိုက်သည်။ နဖူးတွင် မှော်ဆန်သော ရွမ်းဗက်ပုံ ခရမ်းရောင် အမှတ်အသား ပါရှိသည့် အပြာဝတ် လူငယ် တစ်ယောက် ဖြစ်၏။

၎င်းက လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပို့လျက် ကြီးမြတ်လွန်းသူ တစ်ယောက် ကဲ့သို့ လှေခါးထစ်များပေါ် တစ်လှမ်းခြင်း ဖြည်းညှင်းစွာ လှမ်းတက်လာလေသည်။

***

All Chapters