သစ်ကိုင်း တစ်ကိုင်းနဲ့ လုံလောက်ပြီ။
Vol. 168 Ch. 2347
လင်းယွန်သည် တိုက်ပွဲတွင် အသာစီးရ သွားသဖြင့် ကစားပွဲအပေါ် လှည့်လိုက်နိုင်သည်။ ကူကျွင့်အတွက်မူ ဤလက်သီးနည်းစနစ်ကို တစ်ကြိမ်မျှ မမြင်ဖူးလေရာ အံ့သြသွား၏။
“ ဒါက ဘယ်လို လက်သီးနည်းစနစ်လဲ။ ”
ယခင် လက်သီးနည်းစနစ်သည် နဂါးမျိုးရိုး၏ သိုင်းပညာရပ်တစ်ခုဖြစ်ကြောင်း သူ ပြောနိုင်သော်လည်း ဤအရာ မဟုတ်ချေ။
၎င်းသည် ရှေးခေတ် သိုင်းပညာရပ်များမှ လင်းယွန်နားလည် သဘောပေါက် ထားသည့် အရာ ဖြစ်ပြီး ဓား၊ နတ်ခန္ဓာနှင့် ကြယ်ဓား နှစ်လက်ကို ပေါင်းစပ်ထား၏။
၎င်းတွင်ပါရှိသော နက်နဲမှုသည် ကူကျွင့်အပေါ် အလွယ်တကူ ဖြေရှင်းနိုင်သည်။ နဂါးနေနှင့် လတံဆိပ်ကို ဖန်တီးခဲ့ သူပင် ဤမျှ အစွမ်းထက် လိမ့်မည်ဟု ထင်ထားမည် မဟုတ်ချေ။
“ ဘာဖြစ်နေတာလဲ ... ။ ”
“ သူက တကယ်ပဲ အရိုင်းမြေ ခွန်လွန်ကလား။ ”
“ ခွန်လွန်က အရိုင်းမြေ မဟုတ်ဘူး ... ကောင်းကင်လမ်း မပျက်ခင်တုန်းက စကြဝဠာ တစ်ခွင်မှာ နာမည်ကြီးခဲ့တယ်။ ”
တောက်ပလွန်းသော အလင်းကြောင့် လူတော်တော်များများက သည်တိုက်ပွဲ အပေါ် ကောင်းစွာ မမြင်လိုက်ရချေ။
“ အဲဒီတုန်းက ကောင်းကင်ဘုံ ပျက်စီးခြင်းဘိုးဘေး နတ်ဘုရားတောင်မှ နဂါးပြာ ဘိုးဘေးဆီကနေ အကူအညီ တောင်းခဲ့ရတယ် ...
... နဂါးပြာ ဘိုးဘေးဆိုတာ နတ်နဂါးခေတ်ကို ထူထောင်ပြီး ခွန်လွန်ကို တစ်ခေတ်ဆန်းစေတဲ့ လူပဲ။ ”
“ ပန်းသင်္ချိုင်းက နဂါးပြာ ဘိုးဘေးရဲ့ ဂုဏ်သိက္ခာကို ပြန်လည် ဖြည့်တင်းပေးမယ့် ပုံရတယ်။ ”
ကူကျွင့်တစ်ယောက် ဖိနှိပ်ခံခဲ့ရပြီး အချိန်အတော်ကြာတဲ့ အထိ အဖြေရှာနိုင်ဦးမည် မဟုတ်ချေ။
၎င်းတို့ နှစ်ဦးကြား တိုက်ပွဲသည် လူများစွာကို နောက်ဆုတ် စေခဲ့၏။ လှေခါး တက်နေ သူများပင် ရပ်တန့်ကုန်သည်။
လှုပ်ရှားမှု ဆယ်ကြိမ်ပြီးနောက် နှစ်ယောက်လုံး ခြေလှမ်း(၁၀)လှမ်း ဆုတ်ခွာ လိုက်သည်။ ကူကျွင့်က ဓားကို ဆွဲထုတ် လိုက်၏။
၎င်းသည် ဘုန်းဝိညာဉ် ခုနစ်ပါး လက်ရာဖြစ်ရန် ခြေတစ်လှမ်းသာ လိုသော အထွတ်အထိပ် ဘုန်းဝိညာဉ် ခြောက်ပါး လက်ရာ ဖြစ်သည်။
ဓားလွှဲလိုက်သောအခါ ကောင်းကင်၌ ကြက်သွေးရောင် တိမ်တိုက်များ စုဝေးလာခဲ့ သည်။
လင်းယွန်က ပြုံးလျက် မြေပြင်ပေါ်ရှိ သစ်ကိုင်းတစ်ကိုင်းကို ကောက်ကိုင်လိုက်သည်။ ၎င်းကို ကူကျွင့်ထံ ထိုးညွှန်လိုက်သော အခါတွင် အားကောင်းသော ဓားရောင်ဝါထွက်လာ၏။
“ မင်းဘယ်လို သတ္တိရှိလဲ။ ”
ကူကျွင့်က ကောင်းကင်ပေါ် ပျံတက်ကာ အော်ဟစ်လေသည်။
“ ဓားသမားရဲ့ လက်မှာ မြက်ပင်တောင် ဓားအဖြစ်သုံးနိုင်တယ် ဒီသစ်ကိုင်းက မင်းလို လူကို ရိုက်နှက်ဖို့ လုံလောက်ပါတယ်။ ”
လင်းယွန်က သစ်ကိုင်းကို လွှဲလိုက်သည့်အခါ ဓားရောင်ဝါသည် တစ်ဖန် တိုးလာ၏။ သူ့စကားကြောင့် လူတိုင်း သွေးဆူ ကုန်သည်။
“ ဒီလူရဲ့ ပါးစပ်က တကယ့်ကို ရက်စက်တာပဲ … ။ ”
အောင်းကြွယ်က သဘောကျစွာ ပြုံး၏။ နောက်ဆုံးတွင် နတ်ဘုရားမျိုးနွယ်ကို သစ်ကိုင်း တစ်ကိုင်းဖြင့် ရိုက်ခြင်းသည် မည်မျှ မောက်မာကြောင်း မြင်သာသည်။
ရှန်းထျန်းနန်က ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် နှုတ်ခမ်းထောင့်စွန်း ကော့တက်သွားသည်။ လင်းကျန့်ရှန့်က ပြုံးမိ၏။
“ မင်း ... သေချင်နေတာပဲ။ ”
ကူကျွင့် မျက်နှာ ပျက်လုနီးပါး ဖြစ်သွားသည်အထိ ဒေါသထွက်လာလေသည်။ လူသတ်ရန် ရည်ရွယ်ချက်များ ထွက်လာပြီး ပြေးဝင် တိုက်ခိုက်တော့၏။
ကြယ်ရောင်စုံ ကောင်းကင်ကြီး နောက်တစ်ကြိမ် ပေါ်လာကာ တိုက်ခိုက်မှု တိုင်းက ကြယ်တစ်ပွင့် ကြွေကျလာသကဲ့သို့ ပြင်းထန်ချေပြီ။
လင်းယွန်၏ ဓားပင်လယ် ပွက်ပွက်ဆူလာပြီး နတ်အလင်းဓားသွန်းကာ ပိုးစုန်းကြူးနတ်ဓားကို ဖန်တီးလိုက်၏။
“ အသက် ပြန်ဝင်လာသော သစ်ခြောက်ပင်။ ”
“ နေထွက်ခြင်း ... ။ ”
“ ဆန့်ကျင်ဘက် ဝင်ရိုးစွန်းများ ... ။ ”
“ ငွေရောင် သစ်ပင်မှ၊ မီးလျှံ ပန်းတစ်ပွင့်။ ”
ဓားချက် လေးချက်ကို အကောင်အထည် ဖော်ပြီး ကောင်းကင်ရှိ ကြယ်ရောင်တာရာများ အပေါ် ခွဲထုတ်ပစ်လိုက်သည်။
အမျိုးမျိုးသော ဖြစ်စဉ်များ ထွက်ပေါ် လာ၏။ သစ်ကိုင်း၌ အရွက်များ ပါရှိသော်လည်း တစ်ရွက်မျှ ကြွေလွင့်ခြင်း မရှိခဲ့ချေ။
နောက်ထပ် ဆယ်ကြိမ်ပြီးနောက် နေနှင့်လကို ယင်-ယန်ဓား အဖြစ် ကူကွင့်က ပေါင်းစပ်သွား၏။
“ ဒါက … ။ ”
အရာအားလုံး ဖျက်ဆီးပစ်ချင်သည့် ရေတံခွန်ကြီး ကောင်းကင်မှ ပြိုကျလာသည်ကို မြင်လိုက်ရသည်။
“ လင်းယွန်ကို ... ဒီလူက သူ့ကျင့်ကြံမှုနဲ့ အတင်းအကြပ် ဖိနှိပ်ချင်နေတယ်။ ”
အောင်းကြွယ်က မှတ်ချက်ပေး၏။ တစ်ဖက်တွင် ပြိုင်ဘက် ဓားရေးသည် သူ့ထက် သာလွန်ကြောင်း ကူကျွင့် သိသည်။
“ ရှေးဟောင်း နတ်ဘုရား မျိုးရိုးရဲ့ အုတ်မြစ်ကို ငါပြပါရစေ။”
“ ဟား ဟား ဟား ... ဓားသမားက ဘာကိုကြောက်နေရမှာလဲ။ ”
လင်းယွန်က ခြေလှမ်း သုံးလှမ်း ပြန်ဆုတ်ကာ ရယ်၏။ ထို့နောက် သစ်ကိုင်းနှင့် စက်ဝိုင်းပုံ ရေးဆွဲတော့သည်။
ဤသည်မှာ ပိုးစုန်းကြူး နတ်ဓား၏ တတိယပုံစံ ဖြစ်သော ကြယ်တာရာ ပွင့်ခြင်း ဖြစ်သည်။
ဓားရည်ရွယ်ချက်က နဂါးကြီးကဲ့သို့ ဟောက်သံပြုကာ မကြုံစဖူး စွမ်းအားများ ထုတ်လွှတ်လျက် ကြယ်တံခွန်များကို အဝေးသို့ တွန်းလွှတ်လိုက်သည်။
အာကာပြင် တစ်ခုလုံး ချက်ချင်း ဖရိုဖရဲ ဖြစ်သွားတော့၏။
“ မင်းက သေမျိုး သွေးသားပဲ။ ”
ကူကျွင့် တစ်ယောက် မဟာနေမင်း၊ မဟာယင်နှင့် ဓားတာအိုတို့ကို ပေါင်းစပ်ပြီး နှာခေါင်းရှုံ့လိုက်သည်။
ယင်နှင့်ယန်မှာ တစ်ယောက် အမြီးကို တစ်ယောက် လိုက်ဖမ်းနေသော ငါးနှစ်ကောင် ကဲ့သို့ လှည့်ပတ်လာ၏။
ဤအရာက လင်းယွန်ကို ကြီးမားသော ဖိအားများပေးပြီး ပတ်ဝန်းကျင် လေဟာနယ် တစ်ခုလုံး ပုံပျက်သွားစေသည်။
“ ကူမျိုးနွယ်ဂုဏ်ကို မြှင့်တင်ပါ။ ”
ကူကျွင့်၏ တာအိုများတွင် ပံ့ပိုးမှု တာအိုပေါင်း တစ်သိန်းကျော် ပါဝင်ပြီး ၎င်းဖြင့် လင်းယွန်ကို ရိုက်နှက်ရန် ပြင်၏။
ဤသည်မှာ နတ်ဘုရား မျိုးနွယ်စု၏ အခြေခံအုတ်မြစ်ဖြစ်သည်။ လူတိုင်းမနာလိုစရာ ကောင်းသော အရာပေပင်။
ဓားသက်သက်ဖြင့် လင်းယွန်အပေါ် မယှဉ်နိုင်သောကြောင့် မဟာနေမင်းနှင့် မဟာ ယင်တာအိုကို ပေါင်းထည့်ထားသည်။
ယင်းက သူ့ဓားကို နတ်အလင်းဓားထက် အားနည်းစေမည် မဟုတ်ချေ။
“ ခွန်လွန်က ကျင့်ကြံသူတွေက ... တခြားကမ္ဘာက လူတွေထက် အားမနည်းပါဘူး။ ”
လင်းယွန်က ပြုံးလျက် နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုးကြီး ဆင့်ခေါ်ကာ ရွှေရောင် ကြာပန်းကို ပွင့်စေလိုက်၏။
ဤသည်မှာ သူ့တာအိုပန်း ဖြစ်သည်။ ရွှေရောင်အဆင်း သဏ္ဍာန်သည် နတ်ဘုရား တစ်ပါးကဲ့သို့ အသွင်အပြင် ဖြစ်စေ၏။
“ ဝှစ် ... ။ ”
“ ဝုန်း ... ။ ”
“ ခရစ် ... ။ ”
လက်ထဲရှိသော သစ်ကိုင်းသည် မဟာနေမင်း၊ မဟာယင်နှင့် ဓားတာအိုတို့ဖြင့် ဖန်တီးထားသော ဒိုမိန်းကို ကွဲအက်စေခဲ့၏။
“ ကွဲအက်စမ်း ... ။ ”
လင်းယွန်က လှည့်ခုတ်လိုက်သောအခါတွင် သူ့လက်ထဲရှိ သစ်ကိုင်းသည် ထက်ရှလွန်းသည့် ဓားရောင်ခြည်များ ထွက်လာ၏။
သစ်ကိုင်းက နှင်တံတစ်ချောင်းလို တာအိုသုံးပါး ပေါင်းစည်းထားသော ဒိုမိန်းကို ကောင်းစွာ ဖြိုခွဲပစ်လိုက်သည်။
ကူကျွင့်ခမျာ ကောင်းကင်မှ ပြုတ်ကျပြီး ပါးစပ်မှ သွေးများစွာ စီးကျလျက် ဒူးတစ်ဖက် ထောက်ကျသွားသည်။ ကြောက်စရာ ဒဏ်ရာများ ကျန်ရစ်ခဲ့၏။
“ ဝှစ် ... ။ ”
လင်းယွန်က တန်ခိုးရှင် ဓားတစ်လက် ကဲ့သို့ မြေပြင်ပေါ် ဆင်းသက်လာခဲ့ပြီး ကူကျွင့်နဖူးထံ သစ်ကိုင်းနှင့် လှမ်းထိုးလိုက်သည်။
ကူကျွင့်တစ်ယောက် ဤတိုက်ခိုက်မှုကို တားဆီးရန် သူ့ဓားကို ချက်ချင်း လွှဲလိုက်ရ လေသည်။
“ ဖြန်း ... ။ ”
သို့သော် သစ်ကိုင်းက ဦးတည်ချက် ပြောင်းသွားပြီး ပါးပြင်ပေါ် လာရိုက်တော့၏။ စပ်ဖြင်းဖြင်း ခံစားချက်နှင့် ရှက်ရွံ့စိတ်က ဟုန်းခနဲ တောက်လောင်လာသည်။
ရက်စက်လွန်းသော တိုက်ပွဲဝင်ပုံစံဖြစ်၏။ ဤမြင်ကွင်းက လူအုပ်ကို အပ်ကျသံ ကြားသည် အထိ တိတ်ဆိတ်သွားစေသည်။
“ ထွီး ... ။ ”
ဒဏ်ရာမှာ မပြင်းထန် သော်လည်း မြင်ကွင်းက တစ်သက် မမေ့နိုင်စရာ ပေပင်။ ကူကျွင့်က ခြေနှစ်လှမ်းဆုတ်လျက် သွေးများ ထွေးထုတ်ကာ ရူးသွပ်လုနီးပါး ဖြစ်သွား၏။
ပြန်မော့ကြည့် လိုက်ချိန်၌ လင်းယွန်က ပြုံးပြီးကြည့်နေသည်။ ယင်းကြောင့် တွေးတော ဆင်ခြင် နိုင်စွမ်း ဆုံးရှုံးသွား၏။
“ ဝှစ် ... ။ ”
“ ဖြန်း ... ။ ”
နေရာတိုင်းတွင် ချို့ယွင်းချက်များ ရှိ၍ သုံးကြိမ်လှုပ်ရှားပြီး သစ်ကိုင်းက သူ့ပါးပြင်ပေါ် ထပ်မံ ကျရောက်လာပြန်သည်။
“ သစ်ကိုင်း တစ်ကိုင်းနဲ့ ... မင်းလို နတ်ဘုရားသွေးသား ပိုင်ရှင်ကို ရိုက်နှက်ဖို့ လုံလောက်တယ် ဆိုတာ မင်းယုံပြီလား။ ”
ကူကျွင့်က လင်းယွန် စကားကို ပြန်၍ တုန့်ပြန်နိုင်စွမ်းမရှိဘဲ ခြေလှမ်း အနည်းငယ် ပြန်ဆုတ်ကာ သူ့ပါးသူ ပြန်ကိုင်လိုက်သည်။
***