← Chapters

ဓားသမားတွေ ဘယ်ရောက်နေလဲ။

Vol. 168 Ch. 2348

ဓားသမားတွေ ဘယ်ရောက်နေလဲ။

Vol. 168 Ch. 2348

“ သူ ဘယ်လို လုပ်လိုက်တာလဲ ... သစ်ပင်အကိုင်းအခက်နဲ့ ကူကျွင့်ကို ပါးရိုက် လိုက်တာလား။ ”

“ ငါသာ မမှားရင် ... ကူကျွင့်ရဲ့ ခန္ဓာကိုယ်သန့်စင်တဲ့ နည်းစနစ်က ဘယ်သူမှ ထိခိုက်အောင် လုပ်လို့ မရဘူး။ ”

ဤသည်မှာ ဖြစ်ပျက်နေသည့် အဖြစ်အပျက်ကို မည်သူမျှ နားမလည်နိုင်သော ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ရပ် ပေပင်။

“ ဟား ဟား ဟား ... လင်းယွန်က ခွန်လွန်နယ်မြေရဲ့ ဓားသမားပဲ ... နတ်အလင်း ဓားရည်ရွယ်ချက်ကို အပြည့်အဝ ကျွမ်းကျင်စွာ ဆုပ်ကိုင်ထားတယ် ... ဓားတာအို အရ ဆိုရင် ကူကျွင့် အထက်မှာ ရှိတယ်။ ”

“ သစ်ကိုင်း တစ်ကိုင်းက သူ့လက်မှာ အစွမ်းထက်တဲ့ ဓားတစ်လက်လိုပဲ။ ”

“ ပန်းသင်္ချိုင်းက ခွန်လွန်ရဲ့ ဂုဏ်ကို ပြန်လည် တည်ဆောက်ဖို့ ကြိုးစားနေတာ ထင်တယ်။ ”

စကား ပြောနေစဉ် လင်းယွန်ကို နဂါးပြာဘိုးဘေးနှင့် နှိုင်းယှဉ် ကြည့်ကြသည်။ ထိုအချိန်က နဂါးပြာ ဘိုးဘေး နတ်ဘုရားသည် မယုံကြည်နိုင်လောက်အောင် အစွမ်းထက်ပြီး သူ့အမည်ကို ထုထစ်နိုင်ခဲ့သည်။

ကောင်းကင်လမ်း တည်ထောင်သော အခါတွင် စကြာဝဠာ တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ဖူးသည်။

“ ပန်းသင်္ချိုင်း ... ။ ”

ကူကျွင့်က အံကြိတ် လိုက်သည်။ သူ့အနေဖြင့် သနားစရာပုံ ပေါက်သော်လည်း ဓားမဟုတ် သောကြောင့် ဒဏ်ရာ ပြင်းပြင်း ထန်ထန် မရချေ။

“ အရည်အချင်း အရ ယှဉ်ရင် ... ငါက မင်းထက်နိမ့်တယ် ... ဒါပေမယ့် ငါအကုန်လုံး ထုတ်ရင် ... မင်း ငါ့ပြိုင်ဘက်ဖြစ်လာမှာ မဟုတ်ဘူး။ ”

ကူကျွင့်က နက္ခတ်ကို ရည်ရွယ်ကာ ပြောခြင်း ဖြစ်သည်။ လင်းယွန်က ပြုံးလိုက်၏။ ကောင်းကင် သင်္ချိုင်း နက္ခတ်ကို ဤလူ စိတ်ကူး ကြည့်ဖူးမည် မဟုတ်ချေ။

လက်ရှိ ခွန်အားဖြင့် နက္ခတ် တစ်ခုလုံးကို ဆင့်ခေါ် နိုင်ပြီ ဖြစ်သည်။ ကိုယ်လုံး ကိုယ်ပေါက် တွင်လည်း မည်သူ့ကိုမျှ မကြောက်ချေ။

လင်းယွန်က ငြိမ်သက်နေချိန်တွင် အခြားလူများ၏ မျက်နှာများ ပြောင်းလဲသွား ခဲ့သည်။

“ ကူကျွင့်ပြောတာ အမှားတော့ မဟုတ်ဘူး၊ သူ့ရဲ့ ရွှေကျောက်စိမ်း ကိုယ်လုံး ကိုယ်ပေါက်က ကျော်ကြားပြီး ပြိုင်ဘက်ကင်းပဲ။ ”

“ ဒါပေမယ့် ... လင်းယွန်က သူ့ ကြယ်စုကိုတောင် မထုတ်သေးတာ ... ကူကျွင့် ယုံကြည်မှုက ဘယ်ကလာတာလဲ။ ”

လင်းယွန်၏ စွမ်းဆောင်မှုကြောင့် လူများစွာ၏ ထောက်ခံမှုကို ရရှိပြီး ဆွေးနွေးသံ အချို့ ထွက်ပေါ်လာခဲ့သည်။

လင်းယွန်က ပြုံးလျက်၊

“ ငါရိုက်တာ မနာဘူး ထင်တယ် ... အခုထိ အဖြစ်မှန်ကို မမြင်နိုင်သေးဘူး။ ”

-ဟု မှတ်ချက် ပြန်ပေးလိုက်၏။

သူ့မျက်လုံးများ၌ လူသတ်ရန် ရည်ရွယ်ချက်များ ထွက်ပေါ်လာသည်။ သို့သော် ဤအရပ်၌ လူသတ်၍ ရ-မရ မသိချေ။

ထိုစကားသည် ဒဏ်ရာကို ဆားပွတ် လိုက်သကဲ့သို့ ကူကျွင့်ခန္ဓာကိုယ် တုန်ယင် သွားစေသည်။

“ ငါ့ဓားကို ဆွဲပြီးရင် ... မင်းနောင်တ ရလိမ့်မယ်။ ”

လင်းယွန်မှ ခြိမ်းခြောက် စကား ပြောလိုက်သည်။ ၎င်းသည် ဤမျှ မောက်မာ လိမ့်မည်ဟု မထင်ထားသော ကူမျိုးနွယ်စုက အံ့သြသွား၏။

“ ဟမ့် ... မင်း ဆက်တက်ချင်လား ရွှေသစ်သီး လွှဲပေးပါ ... အနည်းဆုံး မင်းမှာ (၃)လုံးကျန်မယ် ဆိုတာ ငါသိတယ်။ ”

တစ်ဖက်လူ သန်မာနေခြင်းသည် ရွှေရောင်သစ်သီးကြောင့် ဖြစ်ပြီး ၎င်းကို ကူကျွင့် လိုချင်လာသည်။

အများဆုံး ရွှေရောင် သစ်သီး ငါးလုံးသာ သန့်စင်နိုင်မည်ဟု ယုံကြည်သည်။ လင်းယွန်က ရွှေရောင်သစ်သီးများကို အခြားသူထံ ဝေမျှထား လိမ့်မည်ဟု မတွေးထားမိချေ။

သူ့အမြင်တွင် ထိုသို့သော ရတနာမျိုးကို အခြားသူများထံ ပေးကမ်းခြင်းထက် အဖိုးတန် ရတနာများနှင့် လဲလှယ်အသုံး ပြုခြင်းသည်သာ အကောင်းဆုံး ဖြစ်သည်။

“ မင်းလို အရှက်မဲ့တဲ့ လူကို ငါ တစ်ခါမှ မတွေ့ဖူးဘူး ... မင်းက ငါ့ရဲ့ သူတော်စင်မူလကို ထုတ်ယူချင်တယ် ... အခု ရွှေသစ်သီး ... ငါ့ရဲ့ စိတ်ရှည် သည်းခံမှုကို မစမ်းကြည့်ဖို့ အကြံပေးပါရစေ။ ”

လင်းယွန်က ပြုံးပြီး ပြန်ပြောလိုက်သည်။

“ ဒါဆို ငါစမ်းကြည့်ရင် ဘယ်ဘာဖြစ်မလဲ မင်းတို့ ဘယ်သူမှ ဖြတ်သန်းခွင့် မရှိဘူးလို့ ... ငါ ပြောရင် ... ဒါက ချွင်းချက် မရှိဘဲ။ ”

သူ့စကားကြောင့် ကူမျိုးနွယ်၏ ဉာဏ်ကြီးရှင်များ အားလုံး အနားသို့ စုရုံးလာပြီး လမ်းပိတ်ထား လိုက်ကြသည်။

သတ္တမ အဆင့် သူတော်စင် သခင် လေးယောက်ရှိပြီး ကျန်လူများမှာ ဆဋ္ဌမအဆင့် သူတော်စင်သခင်များ ဖြစ်၏။

“ ငါတို့ရဲ့ ... နတ်အသွေးအသား အသက်သွင်းပြီး ကူမျိုးနွယ်ရဲ့ ခွန်အားကို မြင်ခွင့်ပေးလိုက်ပါ။ ”

ကူကျွင့်က အမိန့်ပေးသည်။ လူတိုင်း၏ နဖူး၌ ရွှေတံဆိပ် ပွင့်လာကာ မျိုးဆက်သွေး အသက်ဝင်လာ၏။

ရောင်ဝါ အငွေ့အသက်များ ပေါင်းစပ် လိုက်သောအခါတွင် လူတိုင်း ကြောက်လန့် သွားတော့သည်။

“ ရွှေတာအို သစ်သီးကို ... ငါ့လက် မအပ်ချင်ဘူး ဆိုတော့ ... မင်းမှာ ခွန်အား ဘယ်လောက်ရှိလဲ ငါကြည့်မယ် လင်းယွန် မင်းတစ်ယောက်တည်းနဲ့ ကူမျိုးနွယ်စုကို ရင်ဆိုင်တာ သေချာလား။ ”

“ အစ်ကိုကြီးလင်း တစ်ယောက် တည်းလို့ ဘယ်သူ ပြောတာလဲ။ ”

ကျိကျစ်ရှီက ဖီးနစ်တောင်ပံများ ဆင့်ခေါ်ကာ လင်းယွန်ဘေးသို့ လာရပ်၏။

“ ကောင်းကင်ဘုံ ဖီးနစ် သမီးတော်။ ”

တစ်စုံတစ်ယောက်က လူအုပ်ထဲမှ အော်ပြောပြီး လူတိုင်း အံ့သြသွား ကြသည်။ ကောင်းကင်ဘုံ ဖီးနစ် သမီးတော်၏ မျိုးဆက် သွေးသည် ကူမျိုးနွယ်ထက် သာ၍မြတ်၏။

“ ဟား ဟား ဟား ... ငါ့ကိုလည်း မမေ့နဲ့ ... ငါ့မှာ နတ်ဘုရားသွေး မရှိပေမယ့် အနာဂါတ်မှာ မင်းတို့ ဘိုးဘေးသင်္ချိုင်းကို ငါတူးမယ်။ ”

ရှန်းထျန်းနန်က ရူးသွပ်စွာ ရယ်၏။ အဖော်ကောင်းလျှင် သူ မလုပ်ရဲစရာ အကြောင်း မရှိချေ။

လင်းကျန်းရှန့် ကမူ စကားမဆိုဘဲ နတ်အလင်းဓား ထုတ်ပြပြီး လင်းယွန်အနား တိုးကပ်လာခဲ့သည်။

နတ်ဘုရား၏ အသွေးအသားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်း၏။ အထူးသဖြင့် ၎င်းတို့ လူနှစ်ဆယ်ကို အတူတကွ ပေါင်းစည်းထားချိန် ဖြစ်သည်။

ထိုလူနှစ်ဆယ်ထဲ ရပ်နေသော ကူကျွင့်က နတ်သွေးနှင့် ချိတ်ဆက်လျက် ရှေးဦးအစီရင် တစ်ခုကို အသက်သွင်းနေ၏။

“ ဒါဆို မင်းက ကောင်းကင်ဘုံ ဖီးနစ် သမီးတော် ဆိုရင်ရော ဘာဖြစ်လဲ ... ငါဒီနေ့ မင်းနဲ့ ရင်ဆိုင်မယ်။ ”

“ ပန်းသင်္ချိုင်း ... ငါလည်း လာပြီ။ ”

အောင်းကြွယ်က ပြုံးလျက် လင်းယွန် အနားသို့ ချဉ်းကပ်လာသည်။ ဤလုပ်ရပ်က လင်းကျန်းရှန့်ကို အံ့သြသွားစေ၏။

အောင်းကြွယ် နောက်ကျောရှိ ဓားမော့က မြည်သံပေးသည်။ တိုက်ပွဲအတွက် စိတ်လှုပ်ရှား လာပုံရ၏။

“ ဘာ ကြည့်တာလဲ ... ငါ့ကို အထင်သေးနေတာလား ငါက မိုးတိမ်နယ်မြေရဲ့ တပည့်ကြီးတွေ ထဲက တစ်ယောက်ပါ ... လင်းယွန် မင်းငါ့ကို ကြိုဆိုလား။ ”

“ ဒါ ငါ့ပုံစံပဲ ... အားလုံးက တူညီတဲ့ ပန်းတိုင်ရှိတဲ့အတွက် အတူတူ လျှောက်လှမ်းလို့ ရတယ်။ ”

“ ဟား ဟား ဟား ... ပြောတာ ကောင်းတယ်။ ”

အောင်းကြွယ်က ရယ်မောလျက် ရပ်ကြည့်နေသော ကျင့်ကြံသူများထံ ဝေ့ကြည့် လိုက်ကာ၊

“ ဟမ့် ... ဓားသမားတွေ ဘယ်ရောက်သွားလဲ ... ငါ့လို ဓားမော့သမား တစ်ယောက်တောင် တိုက်ပွဲဝင်ဖို့ သတ္တိရှိတယ် ကြည့်ရတာ ဓားသမားတွေ ...

... သေကုန်ပြီ ထင်တယ် ဒါမှမဟုတ် မြင့်မြတ်တဲ့ မျိုးနွယ်ကို မင်းတို့ဓားသမားတွေက ကြောက်နေကြတာလား။ ”

-ဟု မေးခွန်း ထုတ်လေသည်။

သူ့စကားက ရပ်ကြည့်နေသော လူအုပ်ကို မျက်လုံးပြူး သွားစေ၏။ ထိုအခြေအနေအပေါ် ကူကျွင့် မြင်ပြီး၊

“ ဒါက ကူမျိုးနွယ်ရဲ့ ကိစ္စပဲ ... တစ်ယောက်ယောက်က ဝင်စွက်ဖက် ဝံ့ရင်၊ ဒီနေရာမှာ သတ်ခြင်းကို တားမြစ်ထား ရင်တောင် ...

... မင်းတို့လို သေမျိုးသွေးသားတွေကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းတွေ အများကြီး ရှိတယ် ဆိုတာ မမေ့ပါနဲ့။ ”

-ဟု ခြိမ်းခြောက်လိုက်သည်။

“ မင်း ဘာပြောတာလဲ။ ”

“ ဒါဆို ငါတို့ နှောင့်ယှက်ရင် ဘယ်လိုလုပ်မလဲ။ ”

“ ဟမ့် ... မြင့်မြတ်တဲ့ မျိုးနွယ်စုက ဆန္ဒရှိတဲ့အတိုင်း လုပ်နိုင်မယ် ထင်လား ငါတို့လို ဓားသမားတွေမှာ ဒေါသ မရှိဘူးလို့ ဘယ်သူပြောလဲ။ ”

“ ဓားမော့ သမားတောင် တိုက်ရဲနေတာ ငါတို့လို ဓားသမားတွေက ဘာကိုကြောက်နေရ မှာလဲ။ ”

လက်ရှိ ဓားသမား အားလုံး ဒေါသ ဖြစ်ကုန်ကြသည်။ အောင်းကြွယ်၏ အသံရှိ တိုက်ပွဲဝင် ဆန္ဒများ ကူးစက်ခြင်း ပေပင်။

“ ပန်းသင်္ချိုင်း ဒီနေ့ မင်းတောင်ပေါ် တက်နိုင်ဖို့ ကူညီပေးမယ် သစ်ကိုင်းတစ်ကိုင်းနဲ့ နတ်ဘုရား သွေးသားတွေကို ရိုက်နိုင်မှတော့ ငါတို့လက်ထဲက ဓားတွေနဲ့ ဘာလို့ ...

... ကြောက်နေရမှာလဲ ... အဆိုးဆုံးက သေခြင်းတရား ဖြစ်ပြီး ... ဘယ်ဓားသမားမှ သေခြင်းကို မကြောက်ဘူး။ ”

သူ့ဘေးသို့ လူများစွာ လာရပ်သဖြင့် လင်းယွန်က အံ့သြသွားသည်။

“ ပုရွက်ဆိတ်တွေ မြင့်မြတ်တဲ့ မျိုးနွယ်စုကို ဆန့်ကျင်ဖို့ သတ္တိရှိလား ... အားလုံးကို သတ်ပစ် ... ။ ”

ကူကျွင့်က ဒေါသဖြင့် အမိန့်ပေးကာ အောင်းကြွယ်ထံ လှည့်ကြည့်ပြီး၊

“ အဲဒီ မိစ္ဆာကောင်နဲ့ အရင် စ ... ။ ”

-ဟု အော်ဟစ်လိုက်၏။

အောင်းကြွယ်သည် စွက်ဖက်ရန် သတ္တိရှိသောကြောင့် ၎င်းကို ဦးစွာ သင်ခန်းစာ ပေးရပေမည်။ သူ ပြောပြီးသည့် အခိုက်တွင် ဆဋ္ဌမအဆင့် သူတော်စင် သခင်များက အောင်းကြွယ်ထံ ဦးတည်တော့၏။

သတ္တမ အဆင့် သူတော်စင် သခင်များ သည်သာ ကျိကျစ်ရှီနှင့် ကျန်သူများထံ ပြေးဝင် လေသည်။

“ ဟား ဟား ဟား ... ကောင်းလိုက်တာ ... ”

အောင်းကြွယ်က ထိတ်လန့်ခြင်း မရှိဘဲ သူ့ဓားမော့ကို ဆွဲထုတ်ကာ ရယ်သည်။ သူ့ထံမှ နတ်ဆိုးရောင်ဝါများ ဖြာထွက်လျက် ဝင်ရောက် လာသူများကို ကြိုဆိုတော့၏။

***

All Chapters