← Chapters

ငါက သဘော ကောင်းပါတယ်။

Vol. 168 Ch. 2351

ငါက သဘော ကောင်းပါတယ်။

Vol. 168 Ch. 2351

မည်သူမျှ လင်းယွန်ကို တိုက်ခိုက်ရန် အစမပြုရဲတော့ချေ။ လင်းယွန်က မီးလျှံများ သိုင်းခြုံလျက် ကူကျွင့်ထံ ပြေးဝင်လိုက်၏။

“ ရှေးဟောင်း ရောင်ဝါ ... ။ ”

ကူကျွင့်တစ်ယောက် ရွှေကျောက်စိမ်း ခန္ဓာကိုယ်ကို ချက်ချင်း ထုတ်ဖော်လိုက်မိသည်။ သို့တိုင် အဝေးသို့ လွင့်စဉ် သွားရ၏။

သူ မတုံ့ပြန်ခင် ဓားရောင်ခြည်တစ်စင်းက သူ့ရင်ဘတ်ပေါ် ကျရောက်လာပြီး သူ့ကို ပိုပိုပြီး ဝေးအောင် ပျံသန်းစေခဲ့သည်။

ရွှေကျောက်စိမ်း နတ်ဘုရား ကိုယ်လုံး ကိုယ်ပေါက်သည် ဖလှယ်မှု တစ်ချက်တည်းဖြင့် ကျိုးသွား၏၊ တောက်ပသော ရောင်ခြည်တော် ဓားကို မခံနိုင်ချေ။

နာကျင်မှုကြောင့် မျက်နှာဖြူ ဖျော့လျက် ပါးစပ်မှ သွေးများ စီးကျလာ၏။ အတွင်းအင်္ဂါနှင့် နံရိုးများ ဒဏ်ရာ ရသွားသည်။

“ ဒါ ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ။ ”

သူသည်လည်း ဓားသမားတစ်ဦး ဖြစ်သောကြောင့် ထိတ်လန့် သွားလေသည်။ ပြိုင်ဘက်သည် အခြားသော ဓားသမား များထက် ပိုသန်မာ၏။

လင်းယွန်က ကူကျွင့်ကို လွင့်စဉ်စေ ပြီးနောက် ကျန်ခြောက်ဦးထံလှည့်ပြီး တိုက်ခိုက် တော့သည်။

“ ရွှပ် ... ။ ”

နောက်ဆက်တွဲ ပုံရိပ်များချန်လျက် ဓားရောင်ခြည်များက လမ်းကြောင်းပေါ်ရှိ အရာ အားလုံးကို ဖျက်ဆီးပစ်ချေပြီ။

“ သူ့ကို နှိမ်နှင်း ... သူ့ရဲ့ အမည်ခံ တောက်ပသော ရောင်ခြည်တော် ဓားကနေ စွမ်းအား ထုတ်ခွင့်မပေးနဲ့။ ”

လျူအော်ဟန်က ထိတ်လန့် တုန်လှုပ် သွားသော်လည်း သတိရှိနေ၏။ ရွှေဆေးပြား ခြောက်ပြား အသက်ဝင်လာပြီး ရှေးဦး ရောင်ဝါများ ထွက်ကျလာသည်။

“ ဘောင်း ... ဘောင်း ... ဘောင်း ... ။ ”

နတ်ဘုရား ခြောက်ပါး ဆင်းသက်လာ သကဲ့သို့ သတ္တလောကကြီး ငြိမ်သက်သွားသည်။ ကောင်းကင် တာအို၏ စွမ်းအားက သူတို့ကို ပံ့ပိုးပေးလာပြီး အသေးစား ပေါက်ကွဲမှုများ လေထုအတွင်း ဖြစ်ပွားလာ၏။

သတ္တမအဆင့် သူတော်စင် သခင် ဖြစ်လာပြီးနောက် ကောင်းကင် တာအိုထံမှ ရှေးဟောင်း ရောင်ဝါကို ငှားသုံးလာနိုင်၏။

ထို့ကြောင့် ဆင်းရဲဒုက္ခတိုင်းသည် ကောင်းကင် တာအို၏ စမ်းသပ်မှု ဖြစ်သည်။ ၎င်းကို ဖြတ်ကျော်ပါက သူတို့နည်းတူ ရှေးဟောင်း ရောင်ဝါကို ရရှိနိုင်မည်။

သို့သော် လင်းယွန်၏ ဓားသည် ပြင်းထန်လွန်းပြီး မိုးပြာနဂါး ဓားဒိုမိန်းကို အတွေးဖြင့် လွှတ်ပေးလာ၏။

ခြောက်ယောက်သား မထိန်းနိုင်တော့ဘဲ လှုပ်ရှားမှု ဆယ်ကြိမ်အကြာ၌ အဝေးသို့လွင့်စဉ် ကုန်တော့သည်။

“ ဝှစ် ... ။ ”

တစ်ဖက်လူသည် သူတို့၏ နောက်လာမည့် လှုပ်ရှားမှုကို ခန့်မှန်းနိုင်သလိုပေပင်။ ထို့နောက် ကျောက်တိုင်ပေါ် ဆင်းသက်ကာ ခိုးဝင်ရန် ပြင်နေသော ကူကျွင့်ထံ လှည့်ကြည့်၏။

ကူကျွင့်တစ်ယောက် အိုးတိုးအမ်းတမ်း ဖြစ်သွားသည်။ မည်သို့ ဆက်လုပ် ရမည်ကို မဆုံးဖြတ်နိုင်ခင် လင်းယွန်က လက်လှမ်း လာ၏။

“ ဒီကိုလာ ... ။ ”

နဂါးထွက်သက် ထုတ်ဖော်လျက် လည်ပင်းကို ဆွဲကိုင်ကာ ကောင်းကင်ပေါ်သို့ မြှောက်တင်ခြင်း ခံလိုက်ရသည်။

“ မင်း ... မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ”

လင်းယွန်၏ အေးစက်သော အကြည့်ကို မြင်လိုက်ရသဖြင့် ကူကျွင့် တစ်ယောက် ဒူးတုန် လာခဲ့သည်။

“ ငါတို့ ကစားကြမယ်။ ”

“ ဝှစ် ... ။ ”

ပြီးနောက် ကျောက်တိုင်ပေါ်မှ ခုန်ဆင်းလျက် ကူကျွင့်ကျောပြင်ကို မြေပြင်ပေါ် ရိုက်ချိုးချ လိုက်လေသည်။

“ ဘုန်း ... ။ ”

“ ဂျွတ် ... ။ ”

ရွှေကျောက်စိမ်း နတ်ဘုရားခန္ဓာနှင့်ပင် ဤရိုက်နှက်မှုကို မခံနိုင်ဘဲ အရိုးများ ကွဲကြေ ကုန်၏။

“ လွှတ် လိုက် စမ်း ... ။ ”

ကျန်ခြောက်ယောက်က အော်ဟစ်ပြီး ကူညီရန် ပြေးဝင်လာသည်။

“ ဟား ဟား ဟား ... ကောင်းလိုက်တာ ... ။ ”

လင်းယွန်က ရယ်လျက် ကူကျွင့်ကို အလျားလိုက် ပြောင်းကိုင်ပြီး ပစ်ပေါက်လိုက် တော့သည်။

“ မြန်မြန် ရှောင် ... ။ ”

ခြောက်ယောက်ခမျာ အမြန် ရှောင်ထွက် တော့၏။ ၎င်းတို့က ကူကျွင့်ကို ဖမ်းယူချင်ပုံ မရ သဖြင့် လင်းယွန်က ပြန်လည်ဆွဲယူသည်။

“ မင်းတို့ မလိုချင်တဲ့ အတွက် ငါ ပြန်ယူလိုက်မယ်။ ”

သည်မြင်ကွင်းက လူတိုင်းကို ထိတ်လန့် သွားစေခဲ့၏။ မြင့်မြတ်သော မျိုးနွယ်မှ သြဇာ ကြီးမားသော ပုဂ္ဂိုလ်တစ်ဦးသည် အရုပ် တစ်ရုပ်လို ကစားခံ နေရသည်။

လင်းယွန်က ကျန်လက် တစ်ဖက်မှလည်း ပန်းသင်္ချိုင်းကို အဝေးရောက် ထိန်းချုပ်လိုက်ပြီး ထပ်မံ ဝင်ရောက်ခြင်း မပြုစေရန် သတိပေး လိုက်၏။

ပြီးနောက် ညာဘက်လက်ကို ဓားရည်ရွယ်ချက် သွန်းလောင်းလျက် ကူကျွင့် ရင်ဘတ်ထဲ နှိုက်ချလိုက်သည်။

“ အွတ် ... ။ ”

ရုတ်တရက် ကူကျင့် ခန္ဓာကိုယ်မှ သွေးများ စီးကျလာပြီး ရွှေပုတီးစေ့ တစ်စေ့ ထွက်ပေါ်လာ ခဲ့၏။ ဤသည်မှာ သူတော်စင် စွမ်းအင် အစိုင်အခဲ ဖြစ်သည်။

“ သူတော်စင် မူလ ... ။ ”

“ ဒါ ... ။ ”

“ မင်း ... ။ ”

“ ..... ။ ”

“ ကောင်းကင်ဘုံ လွင်ပြင်မှာ လူသတ်လို့ မရနိုင်ပေမယ့် သူတော်စင မူလ ထုတ်ယူတာက စည်းမျဉ်းနဲ့ ညီတယ်လို့ ကူကျွင့်က ပြောခဲ့တယ် မဟုတ်လား အခုတော့ သူ့ကို ဘာလုပ်ပါလို့ ပြောပြလိုက်သလိုပါပဲ။ ”

“ ဒီကောင် တကယ် ရက်စက်တယ်၊ နတ်ဆိုးကျင့်ကြံသူတွေတောင် သူ့လောက် မပြတ်သားဘူး။ ”

လူအုပ်ကြီးက ချက်ချင်း တုန်လှုပ်ကုန်သည်။

“ အစ်ကိုကျွင့် … ။ ”

ကူမျိုးနွယ်စုမှာ ထိတ်လန့်ပြီး တုန်ယင် သွား၏။ သူတော်စင် မူလကို နှိုက်ထုတ်ခံထားရ သဖြင့် သူတော်စင် တာအိုများ လွင့်ပြယ် ကုန်လေသည်။

ကျင့်ကြံမှုမှာ ချက်ချင်း လောကနိယာမ နယ်ပယ်သို့ ဆင်းသွား၏။ သို့သော် ကျောရိုးများ အရိုးခံထားလေရာ ဆက်၍ ကျဆင်းသွား ပြန်သည်။

“ လင်းယွန် ... ။ ”

ကူမျိုးနွယ်က ဒေါသဖြင့် လှမ်းတက် လာသော်လည်း ပန်းသင်္ချိုင်းက မြည်သံပေး လိုက်သဖြင့် ရပ်တန့်သွား၏။

“ ငါ့ကို လက်စားချေပေးပါ ... ။ ”

ကူကျွင့်က စိတ်ပျက်အားငယ်စွာ ပြောကြားလိုက်သည်။ သို့သော် ကူရှင်းသည် မျက်နှာ ဖြူဖျော့လျက် နှုတ်ခမ်းများ တုန်ရီနေခဲ့၏။

“ အစ်ကိုကျွင့် ... ငါတို့ အဲဒါကို လောလောဆယ် မေ့ထားရအောင် နတ်သားက အနားမှာမရှိဘူး ... ဒါက ကောင်းကင်ဘုံ လွင်ပြင်ပဲ ... ငါတို့ သည်းခံရမယ်။ ”

ထို့ကြောင့် လင်းယွန်က လှောင်ပြုံးဖြင့် သူတို့ထံမှ မျက်နှာလွှဲလိုက်ပြီး ကျန်ရှိနေသော လူငယ်(၆)ဦးထံ လှည့်ကြည့်လိုက်တော့၏။

၎င်းတို့သည် မွေးစကတည်းက မြင့်မြတ်သူများဖြစ်ပြီး စကြာဝဠာ အတွင်း၌ပင် သြဇာကြီးမားသော ပုဂ္ဂိုလ်များဖြစ်သည်။

“ လင်းယွန် ... မင်း သတ္တိရှိလား။ ”

လျူအော်ဟန်က စကားလုံးများ ပျောက်ဆုံးကာ လက်ညှိုးထိုးလျက် မေးမြန်း လိုက်သည်။

အစောပိုင်း ဖြစ်ပျက်ခဲ့သမျှသည် သူ့ကို ယုံကြည်မှု ပျက်ပြား သွားစေတော့၏။ စိတ်ထဲ၌ လင်းယွန်က သူ့ထံမှ သူတော်စင်မူလ နှိုက်ယူ နေပုံကို မြင်နေမိသည်။

“ မင်းသိချင်ရင် လာခဲ့ ... ငါ့ရဲ့ အောက်စည်းကို ဖြတ်ကျော်လာရင် မြင့်မြတ်တဲ့ မျိုးနွယ်စု ဖြစ်ရင်တောင် ချွင်းချက် မရှိဘဲ။ ”

“ သူ့ကို သတ် ... ။ ”

“ ငါတို့ သူ့ကို သတ်ရမယ် မဟုတ်ရင် မြင့်မြတ်တဲ့ မျိုးနွယ်စုဆိုတဲ့ ဂုဏ်သတင်းတွေ ပျက်စီး ရလိမ့်မယ်။ ”

လင်းယွန်ကိုသာ ဆက်လက် နင်းချေခွင့် ပေးလိုက်ပါက နောင်တွင် အခြားလူများလည်း သူတို့အပေါ် မထီမဲ့မြင် ပြုလာကြပေမည်။

“ ပန်းသင်္ချိုင်း ... ကြားလား။ ”

လင်းယွန်က လက်ဝှေ့ရမ်းပြီး ဓားကို ပြန်ခေါ်လိုက်၏။ ပန်းသင်္ချိုင်းမှ တုန့်ပြန်သည့် အနေဖြင့် တုန်ခါသွားသည်။

ထိုနောက်တွင် လင်းယွန်၏ စိတ်နေ စိတ်ထား ပြောင်းလဲသွားခဲ့ပြီး ထက်ရှသော ရောင်ဝါကို ပေးဆောင်လာ၏။

တစ်ဖက်တွင် လျူအော်ဟန်၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှုများ စွန်းထင်းလာကာ အေးစက်သွားသည်။

“ စည်းကမ်းတွေကို ဂရုမစိုက်နဲ့ သတ်ပစ်လိုက်။ ”

လျူအော်ဟန်က ပထမဆုံး လှုပ်ရှားမှုကို ပြုလုပ်ပြီး သူ့မျိုးရိုး၏ ကိုယ်ခံပညာရပ်ဖြစ်သည့် ပြိုင်ဘက်ကင်း လက်သီး နည်းစနစ်ကို ထုတ်ဖော်လိုက်သည်။

ထိုလက်သီး နည်းစနစ်ကို အားကိုးပြီး မျိုးဆက်တူအတွင်း ရှုံးပွဲ မရှိသေးချေ။ လက်သီး ရိပ်ပေါင်း (၉၉၉) ချက်ကို အသက် တရှိုက်စာ အတွင်း ထုတ်ပစ်လိုက်၏။

ဤတိုက်ခိုက်မှုမှ ထွက်ရှိလာသည့် ရောင်ဝါသည် လူတိုင်းကို အန္တရာယ် ရှိသော ခံစားချက်များ ပေးသည်။

“ ရွှပ် ... ။ ”

ထိုအချိန်တွင် လင်းယွန်က ဓားကို လွှဲလိုက်၏။ ကမ္ဘာကြီး တိတ်ဆိတ် သွားသည်။ လူတိုင်း သတိဝင်လာချိန်၌ ဖဲကြိုး(၉၀၀၀) ပျံဝဲနေချေပြီ။

နဂါးနေနှင့် လတံဆိပ်သည် ကောင်းကင် တခွင်ကို ထောက်ပံ့ထားပြီး အကန့်အသတ်မဲ့ ဓားပင်လယ် ဖြစ်လာစေ၏။

တောက်ပသော ရောင်ခြည်တော် ဓား ရည်ရွယ်ချက်သည် ဖဲကြိုးများကို အားကောင်း စေတော့သည်။

ချက်ချင်း ဓားရည်ရွယ်ချက်မှာ ကန့်သတ်ချက်သို့ ရောက်ရှိလာပြီး ရုတ်ရုတ် သဲသဲ ဖြစ်ကုန်၏။

ခြောက်ယောက်သား မျက်နှာများ ပြောင်းလဲသွားကာ မီတာတစ်ရာ ခရီးဝေးကို မိုင်ထောင်ချီ နေသည်ဟု ခံစားလိုက်ရ၏။

မည်မျှပင် ကြိုးစားစေကာမူ လင်းယွန် အနား မရောက်ချေ။ ကောင်းကင်နှင့် မြေကြီး ကြားတွင် ထိုဓားသမား မရှိတော့ဟု ခံစားလာမိသည်။

“ ဘာဖြစ်တာလဲ ... ။ ”

“ ဒါ ... ။ ”

သူတို့၏ တိုက်ခိုက်မှုများသည် အချည်းနှီးဖြစ်ကြောင်း တွေ့ရှိကာ စိတ်ပျက် သွားကြသည်။

“ ဒါက ဘာဓားရေးလဲ ။ ”

“ ငါလည်းမသိဘူး။ ”

“ နဂါးမျိုးရိုးရဲ့ ဓားပညာလို့ပဲ ငါပြောနိုင်တယ် သေချာတော့ မသိသေးဘူး။ ”

“ သူရဲ့ ဓားကျွမ်းကျင်မှုက မကြုံစဖူး အမြင့်ကို ရောက်နေပါပြီ ... ဓားနတ်ဘုရား လူ ပြန်ဝင်စားလာတာ ဖြစ်မယ်။ ”

လူတိုင်း စိတ်ပျက် အားငယ်သွားကာ လျူအော်ဟန်က မြေပြင်ပေါ်တွင် ပထမဆုံး ဒူးထောက် သွားခဲ့၏။

“ ပန်းသင်္ချိုင်း ... ငါဝန်ခံပါတယ်။ ”

ကျန်လူများကလည်း မစဉ်းစားဘဲ ဒူးထောက်ပြီး စိတ်ပျက်အားငယ်စွာ ခေါင်းငုံ့ လိုက်ကြသည်။

“ အရှုံးပေးပါတယ်။ ”

“ ပန်းသင်္ချိုင်း မင်း ငါတို့ရဲ့ သူတော်စင် မူလကို မယူရင်... အရာအားလုံး ညှိနှိုင်းလို့ ရပါတယ်။ ”

ခြောက်ယောက်သား ကန်တော့ချေ၏။ ဤအရာက မြင့်မြတ်သော မျိုးနွယ်စုများအပေါ် အမြင်ကို ပြောင်းလဲ သွားစေသည်။

မြင့်မြတ်ပြီး မောက်မာလွန်သော လူများသည် သနားစရာ ကောင်းစွာ တောင်းပန် ကျလိမ့်မည်ဟု မတွေးကြည့်မိဖူးချေ။

“ မင်းတို့ ဘာတွေ ပြောနေကြတာလဲ ... ငါက သဘောထားကြီးတဲ့ လူပါ ... အထင်မလွဲ ကြပါနဲ့။ ”

လင်းယွန်က ပြုံးပြီး ဓားကို ပြန်ရုတ်၏။ သို့မှသာ ခြေက်ယောက်သား စိတ်သက်သာရာ ရသွားသည်။ သို့သော် လင်းယွန်က စကား မဆုံးသေးချေ။

“ ဒါပေမယ့် ငါဆုံးဖြတ်ချက်ကို မင်းတို့ သိသင့်တယ် ထင်တယ် ... ဒီတစ်သက် ဒုက္ခိတ အဖြစ်နဲ့ပဲ မင်းတို့ နေရလိမ့်မယ်။ ”

***

All Chapters