ကျိုးဟိုင် ပင်းချန် တက္ကသိုလ်ရဲ့ ဒုကျောင်းအုပ်
Vol. 93 Ch. 1382
ဝမ်ယွင်ကျန်းသည် လင်းရီထံ ဖုန်းဆက်နေသည်ကို မြင်တော့ ယွီချောင်းရှီ၏ အမူအရာသည် သိပ်မသာယာတော့ချေ။ သူ တိုးညင်းစွာ ရေရွတ်လိုက်၏။
“ ငါတော့ တကယ် လေးစားတယ်… ဟိုဟာလုပ်လည်း လင်းရီခေါ်… ဒီဟာလုပ်လည်း လင်းရီခေါ်နဲ့… ဒီကောင်တီထဲမှာ ဘယ်သူက တကယ့် ခေါင်းဆောင်မှန်းကို မသိဘူး..”
“ ဒီလို အသေးမွှား ကိစ္စလေးအပေါ်မှာ ဒေါသထွက်စရာ မလိုပါဘူး..” ယွီမင် ပြောလိုက်ပြီး “ ငါကိုယ်တိုင် ဒီလာခဲ့မှတော့ ဒီကိစ္စကို အဆင်ပြေအောင် လုပ်နိုင်တာ သေချာတယ်.. စိတ်မပူနဲ့.. ငါလည်း အဲ့ လင်းရီလို့ ခေါ်တဲ့ လူက ဘယ်လိုပုံစံလဲ ဆိုတာကြည့်ပြီး သူက ဘာတွေများ ထူးခြားနေလဲဆိုတာ မြင်ချင်သေးတယ်..”
“ အမေ အဲ့လို ပြောမှတော့ ကျွန်တော်လည်း စိတ်ချပါပြီ..”
ကျိုးဖုန်း ပြောလိုက်ပြီး “ အမေ့ကို အားကိုးမယ်နော်…”
“ မပူနဲ့… အားလုံးက နင်အမေရဲ့ ထိန်းချုပ်မှုအောက်မှာပဲ… ဘာမှ မမှားယွင်းစေရဘူး..”
ဝမ်ယွင်ကျန်း ဖုန်းချလိုက်သည်။
မိနစ် အနည်းငယ်ကြာပြီးနောက် လင်းရီသည် ရုံးခန်းထဲသို့ ရောက်ရှိလာလေသည်။
မူလကတော့ ဝမ်ယွင်ကျန်း တစ်ယောက်တည်းသာ ရှိနေလိမ့်မည်လို့ သူထင်ထားခဲ့သော်လည်း အခြား လူသုံးယောက်ပါ ရှိနေလိမ့်မည်လို့ လင်းရီ ထင်မှတ်မထားခဲ့ချေ။
ရုံးခန်းထဲသို့ ဝင်လာခဲ့ပြီးနောက် လင်းရီ ယွီမင်ကို တစ်ချက်၊ နှစ်ချက် ရှိုးကြည့်လိုက်၏။ ထို့နောက် လျစ်လျူရှုထားလိုက်သည်။
“ ခေါင်းဆောင်… ဘာကိစ္စလဲ…”
“ ငါတို့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ကိစ္စတွေ ဆွေးနွေးနေကြတာ မင်း အမြင်ကို နားထောင်ချင်လာလို့…” ဝမ်ယွင်ကျန်း ပြောလိုက်သည်။
“ အာ….”
လင်းရီ အတန်ငယ်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီး “ အောက်က ရွာလေးတွေမှာ ပြဿနာ တစ်ချို့ ရှိနေတုန်းပဲ ဆိုပေမယ့် သူတို့လည်း အစီအစဉ်တကျနဲ့ ခရီးရောက်နေတာပဲလေ… ကိစ္စတွေက အရမ်းမြန်မြန်ကြီး အကျိုးသက်ရောက်မှု ရှိလာဖို့ကတော့ ဘယ်လို ဖြစ်နိုင်မှာလဲ… ကျွန်တော်တို့ ဖြည်းဖြည်းချင်း သွားရမှာပေါ့…”
“ ငါတို့ ပြောနေကြတာ အဲ့ဒီ ကိစ္စ မဟုတ်ဘူး…” ဝမ်ယွင်ကျန်း ပြုံးလိုက်ပြီး “ အခု စီးပွားရေးနဲ့ ကျန်းမာရေး ပြဿနာတွေက ဖြေရှင်းပြီးလုနီးပါး ဖြစ်နေပြီ ဆိုတော့ ကျန်တော့တာက ပညာရေးပဲ… ဒါကြောင့်မို့ ငါ မင်းရဲ့ အမြင်ကို သိချင်တယ်..”
“ ဒီပြဿနာကို ဘယ်လို ဖြေရှင်းရမလဲဆိုတာတော့ ကျွန်တော်လည်း သေချာ မတွေးကြည့်ရသေးဘူး…”
“ အတွင်းရေးမှူးဝမ်…. အဲ့လိုဆိုမှတော့ လင်းရီကို တခြားကိစ္စတွေမှာပဲ တာဝန်ပေးထားလိုက်ပါ.. ပညာရေး ကဏ္ဍကိုတော့ ကျုပ်တို့ တာဝန်ယူလိုက်မယ်.. အာရုံတွေ ထွေပြားသွားရင် ကောင်းမှာ မဟုတ်ဘူး… သူ့အလုပ်သူ သေချာအာရုံစိုက်ပါစေ…” ယွီချောင်းရှီ ပြောလိုက်သည်။
“ ခင်များတို့က ဒီကိစ္စကို တာဝန်ယူကြမလို့လား..” လင်းရီ ယွီချောင်းရှီကို ကြည့်လိုက်ပြီး ဆက်ပြော၏။
“ ဘယ်သူပဲ တာဝန်ယူယူ ကျွန်တော်ကတော့ ဂရုမစိုက်ဘူး.. ကပေါက်ချိ ကပေါက်ချာ မဖြစ်သရွေ့ အဆင်ပြေတယ်…”
“ မင်းဘာတွေ လာပြောနေတာ… ငါတို့ကို မင်းလောက်တောင် အရည်အချင်း မရှိဘူးလို့ ထင်နေတာလား..” ယွီချောင်းရှီ အေးစက်စက် အမူအရာဖြင့် ပြောလိုက်သည်။
“ ခင်များက တကယ်ကို တစ်ခုခုပဲ.. တကယ်လို့ ခင်များကသာ အဲ့လောက် တော်နေမယ်ဆိုရင် ဒီလောက် နှစ်တွေ ကြာပြီးတာတောင် တုံးစန်းကောင်တီက ဘာလို့ ဒီလို အခြေအနေပဲ ရှိနေသေးလဲ…”
“ မင်း….”
“ ရပြီ… ငြင်းခုန်မနေကြနဲ့.. ခုက ငြင်းခုန်ရမယ့် အချိန်မဟုတ်ဘူး..” ဝမ်ယွင်ကျန်း ပြောလိုက်သည်။
“ အို…” ယွီမင်သည် အံ့အားသင့်ဟန်ဖြင့် ပြုံး၍ လင်းရီကို ကြည့်လိုက်၏။
“ ဒါရိုက်တာလင်း.. ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ.. ငါက ယွီဟန် ပင်းချန် တက္ကသိုလ်ရဲ့ အတိုင်ပင်ခံ တစ်ယောက် ဖြစ်ခဲ့ဖူးတယ်.. တုံးစန်းကောင်တီရဲ့ အခြေအနေကို သားကနေ တဆင့် သိလိုက်ရတော့ ဒီလာပြီး ကူညီပေးဖို့ ဆုံးဖြတ်လိုက်တာလေ… ငါက ကပေါက်ချိ ကပေါက်ချာ လုပ်မှာကို စိုးရိမ်နေတာဆိုရင် နင် အတွေးလွန်နေတာပဲ ဖြစ်ရမယ်…”
“ ပင်စင်ယူထားပြီးတဲ့ အတိုင်ပင်ခံ တစ်ယောက်က အဲ့လို အာမခံချက်မျိုး ပေးရဲနေတယ်ပေါ့… “
“ ငါက ပင်စင်ယူပြီးသွားပြီ ဆိုပေမယ့် ငါ့ရဲ့ အဆက်အသွယ်တွေကတော့ ရှိနေသေးတုန်းပဲ…” ယွီမင် ပြောလိုက်ပြီး “ ပြီးတော့ နင်လည်း ယွီဟန် ပင်းချန် တက္ကသိုလ်ရဲ့ စံနှုန်းကို သိထားသင့်တယ်.. အဲ့တာက ထိပ်တန်း တက္ကသိုလ် တစ်ခုပဲ..”
“ ကျွန်တော် သိတယ်.. ဒါပေမယ့် သူတို့က ကျိုးဟိုင်က ဆရာတွေလောက် ကောင်းလိမ့်မယ်လို့တော့ ကျွန်တော် မထင်ဘူး…”
“ ကျောင်းနှစ်ခုက မတူညီတဲ့ ကိုယ်ပိုင် ဝိသေသတွေရှိတယ်.. နင် နှိုင်းယှဉ်လို့တော့ ဘယ်ရမှာ…”
“ ခင်များက အပြစ်ရှိသလို ခံစားနေရတာလား… ဒါမှမဟုတ် ယွီဟန် ပင်းချန် တက္ကသိုလ်ကို ဘက်ဆွဲပြီး ပြောပေးနေတာလား… သင်ကြားရေး အထောက်အကူတွေရော ဘဏ္ဍာရေး အခြေအနေကရော နှစ်ခုကြား တော်တော်လေး ကွာတယ်ဆိုတာတော့ ခင်များ လက်ခံလိုက်…”
ယွီမင်၏ အမူအရာသည် သိပ်မလှတော့ချေ။
“ ရှိတယ်ဆိုရင်တောင်မှ ဘွဲ့ရကျောင်းသားတွေအပေါ် ဘာ အကျိုးသက်ရောက်မှုမှ မရှိဘူး… ပြီးတော့ ဒါရိုက်တာလင်းက ဒါတွေ ဘာလို့ လာပြောနေလဲဆိုတာ ငါ တကယ်ကြီး သိတော့ သိချင်မိတယ်…”
“ သိချင်နေတယ်ဆိုမှတော့ ပြောပြရမှာပေါ့..” လင်းရီ သူ၏ အမူအရာကို တည်တံ့လိုက်ပြီး “ ကျွန်တော်က ကျိုးဟိုင် ပင်းချန် တက္ကသိုလ်ရဲ့ ဂုဏ်သရေဆောင် ဒုကျောင်းအုပ်ကြီးပဲ.. ဘယ်လိုပဲ ကြည့်ကြည့် ကျွန်တော်က ခင်များလို ပင်စင်ယူထားတဲ့ အတိုင်ပင်ခံ တစ်ယောက်ထက် အများကြီးသာတယ်… “
သူ ထိုစကား ပြောပြီးသည်နှင့် ရုံးခန်းထဲတွင် ရောက်နေကြသူတိုင်း ကြက်သေသေသွားခဲ့ကြသည်။ သတိပြန်လည်လာအောင် အတော်လေး အချိန်ပေးလိုက်ရလေသည်။
“ လင်းရီ… မင်း ဘာပြောလိုက်တယ်… မင်းက ကျိုးဟိုင် ပင်းချန် တက္ကသိုလ်ရဲ့ ဒုကျောင်းအုပ် ဟုတ်လား…” ဝမ်ယွင်ကျန်း မယုံကြည်နိုင်သည့် လေသံဖြင့် မေးလာခဲ့၏။
“ ဒါက ကျွန်တော့်ရဲ့ တခြား အချိန်ပိုင်း အလုပ်လေးပါ… တကယ်လို့ မယုံဘူးဆိုရင် အဲ့ဒီ တက္ကသိုလ်ရဲ့ ဝက်ဘ်ဆိုဒ်မှာ စစ်ဆေးကြည့်လို့ရတယ်… ကျွန်တော့်ရဲ့ ဓာတ်ပုံ အဲ့ဒီမှာ ရှိတယ်….”
လေးယောက်သားလုံး မယုံကြည်နိုင်ကြချေ။ သူတို့တွေ ဖုန်း ချက်ချင်းထုတ်၍ ကျိုးဟိုင် ပင်းချန် တက္ကသိုလ်၏ တရားဝင် ဝက်ဘ်ဆိုဒ်ကို ဖွင့်လိုက်ကြ၏။ မျှော်လင့်ထားသည့်အတိုင်း လင်းရီ၏ ဓာတ်ပုံသည် ကျောင်း၏ ခေါင်းဆောင် အခန်းကဏ္ဍ၌ ထွက်ပေါ်လာခဲ့၏။
“ ခင်များရဲ့ ယုံကြည်ချက်တွေ ဘယ်ကနေ လျှံထွက်လာခဲ့လဲတော့ ကျွန်တော် တကယ်မသိဘူး… ပင်စင်ယူထားတဲ့ အတိုင်ပင်ခံ တစ်ယောက်က ဒီကိစ္စကို ဖြေရှင်းပေးနိုင်တယ်ဆိုတာကတော့ တော်တော်လေး ဇဝေဇဝါ ဖြစ်မိတယ်သိလား..”
လင်းရီ ပြောလိုက်ပြီး “ ဧကန္တ ခင်များရဲ့ ပင်စင်စား အတိုင်ပင်ခံ ရာထူးကပဲ ကျွန်တော့်ထက် အံ့အားသင့်ဖို့ ကောင်းနေတာများလား… ကျွန်တော်တော့ မထင်ဘူးနော်…”
ယွီမင်၏ အမူအရာသည် အလွန်တရာကို ကိုးရို့ကားယား နိုင်သွားခဲ့သည်။ သူမ၏ မျက်နှာက ဖြူတစ်လှည့် နီတစ်လှည့် ဖြစ်နေပြီး အင်မတန် အရှက်ရနေမိတော့၏။
“ လင်းလေး… မင်းမှာ တကယ်ကြီး အဲ့လို အထင်ကြီးဖို့ကောင်းတဲ့ အထောက်အထားမျိုး ရှိနေမယ်တောင် ထင်မထားဘူး.. ငါ့ကို တကယ် အထင်ကြီးသွားစေတာပဲ…”
ဝမ်ယွင်ကျန်းသည် လင်းရီကို ပန်းလေးတစ်ပွင့်အား ကြည့်သကဲ့သို့ ကြည့်နေတော့သည်။
သူကတော့ ဆက်တိုက်ဆိုသလိုကို အံ့အားသင့်စရာတွေ ပေးနေတော့တာပဲ…
လင်းရီ အလိုအလျောက် ကြက်သီးဖြန်းသွားခဲ့၏။
အဘိုးကြီး … ခင်များအကြည့်က ဘာလား.. ကျုပ်က အလှလေးဆိုရင်တောင် D cup လောက်မှနော်…
“ ဒီတိုင်း ဒုကျောင်းအုပ် ရာထူးလေးပါပဲဗျာ.. ထွေထူး အထင်ကြီးဖို့ကောင်းနေတာလည်း မဟုတ်ပါဘူး… စိတ်ထဲတောင် ထားမနေဘူး…”
လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် သူတို့ဘက်က ပင်စင်ယူထားတဲ့ အတိုင်ပင်ခံ တစ်ယောက်က ဒီမှာ လက်ညိုးလာထိုးပြနေတယ်ဆိုတော့ …. ဘယ်သူက သူတို့ကို အဲ့လို သတ္တိတွေ ပေးလိုက်တာလဲ…”
ယွီမင်နှင့် ကျန်နှစ်ယောက်သည် အကျည်းတန်သည့် အမူအရာများနှင့် ဖြစ်သွားခဲ့ကြ၏။ သူတို့ အင်မတန် အရှက်ရနေကြသည်။ သို့သော် ပြန်ငြင်းဆန်နိုင်သည့် ခွန်အား ရှိမနေခဲ့ကြချေ။
လင်းရီ၏ အဆင့်အတန်းဖြင့် ဆိုပါက သူတို့တွင် ယှဉ်ပြိုင်နိုင်သည့် အစွမ်းအစ မရှိသည်မှာ အမှန်ပင်။
“ လောင်ယွီ… ကျိုးလေး… တကယ်လို့ တခြား ကိစ္စတွေ မရှိတော့ဘူးဆိုရင် မင်းတို့ အရင် သွားနှင့်ကြတော့ … ငါလင်းလေးနဲ့ ပြောစရာလေးတွေ ရှိသေးလို့…” ဝမ်ယွင်ကျန်း အမိန့်ပေးသည့် လေသံဖြင့် ပြောလိုက်သည်။
“ ဒါဆို ကျုပ်တို့ သွားနှင့်ပါဦးမယ်…”
သုံးယောက်သားလုံးက ထိုစကားကို တောင့်တနေသည်မှာ အချိန်အတော်ကြာကတည်းကပင်။ ယခုတော့ အခွင့်အရေး ရပြီ ဖြစ်သဖြင့် တစ်မိနစ်လေးပင် ကြာကြာ မနေချင်ကြတော့ပေ။
သုံးယောက်စလုံး ထွက်ခွာသွားပြီးနောက် ရုံးခန်းထဲတွင် လင်းရီနှင့် ဝမ်ယွင်ကျန်းတို့ နှစ်ဦးသာလျှင် ကျန်ရစ်ခဲ့လေသည်။
“ လင်းရီရာ… လင်းရီ… ငါတော့ မင်းကို ဘာပြောလို့ ပြောရမှန်းတောင် မသိတော့ဘူး… မင်း တကယ်ကြီး အဲ့လောက် အံ့ဩဖို့ကောင်းတဲ့ အထောက်အထားကို ဖုံးကွယ်ထားခဲ့တယ်ပေါ့..” ဝမ်ယွင်ကျန်း သက်ပြင်းချလိုက်၏။
“ အုပ်ချုပ်ရေး ရာထူးအရဆိုရင် မင်းရဲ့ ဒုကျောင်းအုပ် အဆင့်အတန်းက ငါ့လို ပါမွှား အတွင်းရေးမှူးထက် အများကြီး မြင့်တယ်…”
“ ကျွန်တော်က ဒီရာထူးကို အချိန်ပိုင်းလောက်လေးပဲ ကိုင်ထားတာ… အလေးအနက် ထားတာမဟုတ်ဘူး.. ဒါပေမယ့် ကျွန်တော့် စကားလုံးတွေက ဝိတ်တစ်ချို့တော့ ရှိနေဆဲပါပဲ… ဒါကြောင့်မို့ ခေါင်းဆောင် ပညာရေး ကဏ္ဍနဲ့ ပတ်သက်ပြီး စိတ်ပူစရာ မလိုဘူး… ဒီကိစ္စကို အဆင်ပြေအောင် အကောင်းဆုံး လုပ်ပေးမယ်….”
ဝမ်ယွင်ကျန်း ရင်ထဲထိသွားခဲ့ပြီး လင်းရီကို လေးစားကိုးစားသည့် အကြည့်တို့ဖြင့် ကြည့်နေလျက် ရှိတော့၏။
“ မင်း မြို့ပေါ် ရွေ့ပြောင်းမယ့် ကိစ္စနဲ့ ပတ်သက်ပြီး ငါ နောက်ကွယ်ကနေ သေချာပေါက် ကူညီပေးနေမယ်… ပြီးတော့ တုံးစန်းကောင်တီထဲမှာဆို ငါက ဆရာကြီး… မင်းကတော့ ဒုတာဝန်ခံပေါ့… တကယ်လို့ တစ်ယောက်ယောက်ကများ မင်းကို ပြဿနာ လာရှာဝံ့နေတယ်ဆိုရင် သူတို့ ငါ ဝမ်ယွင်ကျန်းကို အရင်မေးရလိမ့်မယ်…”
“ ခေါင်းဆောင်ကတော့ ကျွန်တော့်ကို အဲ့ဒီစကားတွေ ပြောပြီး ကိုးရို့ကားယား ဖြစ်အောင် လုပ်နေတာပဲ… ကျွန်တော်က ဒီကို အလုပ်လုပ်ဖို့ သပ်သပ်ပဲ လာခဲ့တာပါ… ဘယ်လို အကူအညီမျိုးကိုမှ မျှော်လင့်မထားပါဘူး…”
“ မင်းရဲ့ အတွေးတွေကို ငါနားလည်တယ်.. ဒါပေမယ့် တုံးစန်းကောင်တီ ကောင်းဖို့ ဒီလောက် လုပ်ပေးထားမှတော့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ ငါ့ရဲ့ ကျေးဇူးတင်မှုကို ဖော်ပြရမယ်လေ… ဆုမပေးဘဲနဲ့ ကိုယ့်ရဲ့ လက်အောက်ငယ်သားကို စိတ်ပျက်စေလို့တော့ ဘယ်ဖြစ်မှာ…”
“ ကျေးဇူးပါ ခေါင်းဆောင်…” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
ဝမ်ယွင်ကျန်း တဟားဟား ရယ်မော၍ ခေါင်းညိမ့်လိုက်၏။
“ ပညာရေး ကိစ္စမှာ ငါ ဝင်မပါတော့ဘူး… ဒါပေမယ့် မင်းမှာ တခြား အစီအစဉ်တွေရော ရှိသေးလား.. ငါ့ကို ပြောလို့ရတယ်…”
“ ခု လောလောဆယ် လိုအပ်တာက စိုက်ပျိုးမြေနဲ့ ရိတ်သိမ်းမှု ပြဿနာကို ဖြေရှင်းဖို့ပဲ… အဲ့ဒီအတွက် မြောက်ပိုင်းဒေသကို ခရီးတစ်ခေါက်ထွက်ပြီး သူတို့ရဲ့ အတွေ့အကြုံတွေကနေ လေ့လာဖို့ စီစဉ်ထားတယ်… ပညာရေး ကိစ္စအတွက်ကတော့ ခဏလောက် ရွေ့ဆိုင်းထားဖို့ စဉ်းစားထားတယ်.. ကောင်တီရဲ့ စီးပွားရေး တိုးတက်ကောင်းမွန်လာပြီးမှ ဒီကိစ္စ စီစဉ်ရင်လည်း နောက်မကျသေးဘူး…”