← Chapters

ကျုပ်တို့ မိသားစုပိုင်မြေ

Vol. 93 Ch. 1383

ကျုပ်တို့ မိသားစုပိုင်မြေ

Vol. 93 Ch. 1383

ဝမ်ယွင်ကျန်းသည် လင်းရီကို စိတ်ဝင်တစား ကြည့်လိုက်၏။

သူ့အိတ်ကပ်ထဲကနေ စီးကရက် တစ်လိပ်ထုတ်ပေးပြီး လင်းရီထံ ကမ်းလိုက်သည်။ သို့သော် လင်းရီ ငြင်းလိုက်၏။

“ မင်းဘယ်လို စဉ်းစားထားလဲ ဆိုတာ ငါ့ကို အတိအကျ ပြောစမ်းပါဦး…”

“ ကျွန်တော့် အမြင်အရပေါ့နော်… ကောင်တီရဲ့ စီးပွားရေးက တိုးတက်ကောင်းမွန်လာနေပြီ… ဒါပေမယ့် ငွေကြေးက ကောင်တီအဆင့်မှာပဲ လည်ပတ်နေဦးမှာ.. အောက်က ရွာနဲ့ မြို့ငယ်လေးတွေဆီ စီးဆင်းသွားမယ့် ငွေတွေဆိုတာ တကယ့်တကယ် နည်းနည်းလေးရယ်… ပျှမ်းမျှ ကိန်းဂဏန်းက ပိုကောင်းလာတယ်ဆိုပေမယ့် ချမ်းသာခြင်းနဲ့ ဆင်းရဲခြင်းခြားက ကွာဟမှုကလည်း ထွက်ပေါ်လာခဲ့ပြီ…”

ဝမ်ယွင်ကျန်း နားထောင်ရင်း ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်သည်။

လင်းရီ ဆက်ပြော၏။

“ ကျွန်တော့်ရဲ့ အစီအစဉ်က အချက် သုံးချက်နဲ့ စတင်ဖို့ပဲ… တုံးစန်းကောင်တီထဲမှာရှိတဲ့ ဆားများတဲ့ မြေဆီလွှာ ပတ်ဝန်းကျင်ကို တိုးတက်ကောင်းမွန်အောင် လုပ်ဖို့ရယ်.. ဆားဒဏ် ခံနိုင်တဲ့ သီးနှံတွေ စိုက်ပျိုး ရိတ်သိမ်းနိုင်ဖို့ရယ်… နောက်ဆုံး တဆင့် အနေနဲ့ မွေးမြူရေး ပြုလုပ်ဖို့ရယ်…”

လင်းရီ သူ၏ အတွေးများကို မမောနိုင် မပမ်းနိုင် အကျယ်တဝင့် ရှင်းပြသွားခဲ့သည်။ ဝမ်ယွင်ကျန်းလည်း စိတ်ဝင်တစားနှင့် နားထောင်နေပြီး ကြားဖြတ်ပြောဆိုသည်မျိုး မပြုလုပ်ခဲ့ချေ။

“ ဒါကြောင့်မို့ ကျွန်တော် လူတစ်ချို့ ခေါ်ပြီး မြောက်ပိုင်းဒေသကို ခရီးထွက်ချင်တယ်… သူတို့ရဲ့ အတွေ့အကြုံတွေကနေ သင်ယူလေ့လာစရာတွေ ရှိမရှိ ကြည့်ချင်တယ်… “

“ ဒီရဲ့ နည်းလမ်းက အဆင်ပြေလောက်တယ်…” ဝမ်ယွင်ကျန်း စီးကရက်ပြာကို တစ်ချက် တောက်ချ၍ ပြောလိုက်ပြီး “ တိုက်တိုက်ဆိုင်ဆိုင်ပဲ ပင်းချိန်မြို့က စိုက်ပျိုးရေး သုတေသန ဌာနမှာ အလုပ်လုပ်နေတဲ့ ငါ့ သူငယ်ချင်း တစ်ယောက် ရှိတယ်… ငါသူ့ဆီ ဖုန်းခေါ်ပြီး ဒီကိစ္စ အဆင်ပြေအောင် ကြိုးစားကြည့်မယ်…”

“ အဲ့လိုဆို ပို အဆင်ပြေတာပေါ့…”

“ ဒါနဲ့ မွေးမြူရေးလုပ်ငန်းအတွက် မင်း ဘက်က အစီအစဉ် လုပ်ထားတာတွေ ရှိလား…”

“ မရှိဘူး..”

လင်းရီ ပခုံးတွန့်လျက် အပြုံးလေးဖြင့် “ အဓိကက ကျွန်တော်က ကျေးလက်ဘက်တွေမှာ မနေခဲ့ဖူးတော့ ဒီကိစ္စတွေ သိပ်နားမလည်ဘူး.. မွေးမြူရေးနဲ့ ပတ်သက်လို့ အတွေ့အကြုံ ကောင်းကောင်းရှိတဲ့ လူငယ်တချို့ ရှာနိုင်ရင် ပိုကောင်းလိမ့်မယ်… အဲ့လိုက ပိုအဆင်ပြေတယ်..”

ဝမ်ယွင်ကျန်း ခေါင်းညိမ့်လိုက်သည်။

“ အဲ့ ကိစ္စ ငါကြည့်လုပ်လိုက်မယ်… ငါ မင်းကို လူရွေးဖို့ ကူညီပေးမယ်… အချိန်ကျရင် လူကိုယ်တိုင် ခရီးထွက်ဖို့တော့ မင်းကို ဒုက္ခပေးရတော့မှာပဲ… ကုန်ကျစရိတ်တွေ အတွက်ကတော့ စိတ်မပူနဲ့… အရင်တုန်းကဆိုရင် ငါ ဒါမျိုး ပြောဝံ့မှာ မဟုတ်ဘူးဆိုပေမယ့် ခုလက်ရှိ အခြေအနေက မင်းကို ယွမ် သိန်းဂဏန်း အနည်းငယ်လောက် ပေးဖို့ ပြဿနာ မရှိတော့ဘူး…”

“ အဲ့လို လုပ်စရာမလိုပါဘူး… ငွေနည်းနည်းလေးလောက်ကတော့ ကျွန်တော်လည်း တတ်နိုင်ပါသေးတယ်… ကောင်တီအတွက်ပဲ သိမ်းထားလိုက်ပါ…”

ယွမ် သိန်းဂဏန်း အနည်းငယ် ဆိုသည်မှာ လင်းရီ မျက်လုံးထဲတွင် မပြောပလောက်သည့် ကိန်းဂဏန်း တစ်ခု ဖြစ်၏။ ထို့ကြောင့် သူ အလေးအနက် ထားမနေချေ။

“ ဒါဆို ဒီကိစ္စ ဒီလိုပဲ အရင်လုပ်ထားကြတာပေါ့… ငါ အခု စီစဉ်စရာ ရှိတာတွေ စီစဉ် ထားလိုက်မယ်… နောက်ဆုံး ဆုံးဖြတ်ချက် ချရမယ့်သူက မင်းပဲ.. ပြဿနာ မရှိဘူးမလား..”

“ ဒါပေါ့… မရှိဘူး..”

ဝမ်ယွင်ကျန်း ခေါင်းညိမ့်လိုက်သည်။ “ ဒီကိစ္စ အပြီးသတ်ဖို့ ငါ အများဆုံး အချိန် တစ်ပတ်ပဲ ယူမယ်… မင်းရဲ့ အချိန်ဇယားက အဆင်ပြေသရွေ့ ငါတို့ အချိန် မရွေး စလို့ရတယ်…”

“ ကျွန်တော့်ရဲ့ အချိန်ဇယားက ခင်များအပေါ် မူတည်နေတာလေ… သွားဆို သွားလိုက်ရုံပေါ့…”

“ ဟားဟား… ကောင်လေး … မင်း လုပ်စရာ ရှိတာ သွားလုပ်တော့…”

ဝမ်ယွင်ကျန်း၏ ရုံးခန်းထဲကနေ ထွက်လာခဲ့ပြီးနောက် လင်းရီသည် သူ့ရုံးခန်းထဲ ပြန်ရောက်လာခဲ့၏။ လီချင်းခိုင်မှာတော့ ယခုထက်ထိ တစ်ယောက်တည်းပင်။

“ အတွင်းရေးမှူးဝမ်က ခေါ်တာ ဘာကိစ္စလဲတဲ့…”

“ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး အတွက်ပါဗျာ.. အချိန်ကျရင် မြောက်ပိုင်းကို ခရီးတစ်ခေါက် ထွက်ရဦးမယ်…”

“ မင်း အစီအစဉ်ကရော…”

“ လိုအပ်လို့လား… အတွင်းရေးမှူးဝမ်က သင့်တော်တဲ့ လူတစ်ချို့ ရှာတွေ့တာနဲ့ သူတို့ကို ခေါ်သွားပေးလိုက်ရုံပဲ…”

“ ငါ ပြောချင်တာ မင်း ငါတို့ အုပ်စုကနေ ဘယ်သူ့ကို ခေါ်သွားမှာလဲ…”

“ ဟမ်… အစ်ကိုလီက လိုက်ချင်လို့လား…” လင်းရီ ပြုံးလိုက်ပြီး “ ဒီလိုဆိုရင်ကော.. ကျွန်တော်တို့ အကုန် အတူသွားကြမယ်.. ခင်များရဲ့ ဇနီးနဲ့ သားကိုပါ ခေါ်ခဲ့လိုက်… ခရီးတစ်ခေါက် ထွက်ကြတာပေါ့…”

လင်းရီ အကြံပေးလိုက်သည်။

“ မြောက်ပိုင်းက ရေပူစမ်းကို မရောက်ဖူးသေးရင် ရေပူစမ်းရဲ့ စည်းစိမ်ကို ခံစားဖူးတယ်လို့ မပြောနိုင်ဘူးတဲ့… အဲ့ဘက်ခြမ်းက ကျွန်တော်တို့ ဒီဘက်က ကျိုးဟိုင်ကထက်ကို အများကြီး ပိုကောင်းတယ်… အဲ့ခေါ်သွားပေးမယ်…”

“ မလုပ်နဲ့ မလုပ်နဲ့.. ငါ သူများအပေါ်မှာ အခွင့်ကောင်း မယူနိုင်ဘူး…” လီချင်းခိုင် အပြုံးလေးဖြင့် ငြင်းဆန်လိုက်ပြီး “ ငါ့ အကြံက ဖြစ်နိုင်မယ်ဆိုရင် မင်း လီလေးကို အတူခေါ်သွားပေးလိုက်လို့… သူက လုံံ့လ ဝီရိယ ရှိပြီး စိတ်အားထက်သန်တဲ့ သူဆိုပေမယ့် မင်းလောက်တော့ အစွမ်းအစမရှိဘူး… တကယ်လို့ မင်းမှာ တခြား အစီအစဉ် မရှိဘူးဆိုရင် သူ့ကို မင်းနဲ့ အတူ ခေါ်သွား… လီလေးက မိန်းမကောင်းလေးပါ… သူ့ကို တုံးစန်းကောင်တီမှာ ပစ်ထားခဲ့ရင် ရှက်ဖို့ကောင်းတယ်…”

“ အစ်ကိုလီ ပြောချင်တာကို ကျွန်တော် သိပြီးသားပါ…” လင်းရီ ရယ်သွမ်းလိုက်လေသည်။

“ ဒါပေမယ့် အစ်ကိုလီလည်း မလိုက်ချင်တာ သေချာပြီလား… အစ်ကိုလီက မလိုက်ချင်ဘူးဆိုရင်တောင် မရီးကို မေးဖို့ရော မလိုတော့ဘူးလား…”

“ သူက ငါ့ထက်တောင် ပိုဆိုးဦးမယ်… ကောင်တီရဲ့ ရန်ပုံငွေတွေကို ဒီလိုမျိုး ခရီးသွားဖို့ သူ သုံးရဲမှာ မဟုတ်ဘူး…”

“ ရန်ပုံငွေ မဟုတ်ပါဘူးဗျာ.. ကျွန်တော် စရိတ်ခံမှာပါ…”

“ အဲ့လိုလည်း ဖြစ်မှာ မဟုတ်ဘူး… ငါတို့ မင်းအပေါ် အခွင့်ကောင်း မယူနိုင်ဘူး…” လီချင်းခိုင် ပြုံးလျက် ရိုးသားစွာ ပြောလိုက်သည်။

“ ဒါပေမယ့် ငါမင်းကို တစ်ခုလောက်တော့ အကူအညီ တောင်းချင်တယ်…”

“ ဒီတိုင်းသာ ပြောလိုက်စမ်းပါ…”

“ မင်းရဲ့ မိသားစုက ကျိုးဟိုင်ကမလာ… ငါ့သားက အခု ကျိုးဟိုင် အင်ဂျင်နီယာ တက္ကသိုလ်မှာ စတုတ္ထနှစ် တက်နေတာ… ရာသီဥတုက အေးလာနေပြီ ဆိုတော့ မင်းငါ့ကို ကူပြီး လမ်းကြုံ အင်္ကျီလေးတွေ ဝင်ပေးနိုင်မလားလို့ပါ…”

“ ဟင်… အစ်ကိုလီရဲ့ သားက ကျိုးဟိုင်မှာ ကျောင်းတက်နေတာလား… အဲ့တာ ကျွန်တော့် ပိုင်နက်ပဲလေ… ဘာလို့ အစောကြီးကတည်းက မပြောတာ…”

လင်းရီသည် အခြားသူများ၏ ကိုယ်ရေးကိုယ်တာ ကိစ္စကို မေးမြန်းခဲသည်။ ထို့ကြောင့် လီချင်းခိုင်၏ ဇနီးက ကောင်တီ၏ ရှော့ပင်းမောလ်တွင် အဝတ်အစားရောင်းပြီး သားဖြစ်သူက ကျောင်းတက်နေသည်ဟူ၍သာ သူသိထားသည်။ သို့သော် ကျိုးဟိုင်တွင် ကျောင်းတက်နေလိမ့်မည်လို့တော့ သူ ထင်မထားခဲ့ချေ။

“ ရာသီအကူးအပြောင်းနဲ့ ကွက်တိပဲမလား…” လီချင်းခိုင် တဟားဟား ရယ်ရင်း ပြောလိုက်ပြီး “ ငါတို့နှစ်ယောက်လုံးကလည်း အလုပ်တွေ များနေတော့ ကိုယ်တိုင် သွားပေးဖို့က အချိန်မရှိဘူး… အဲ့တာနဲ့ပဲ မင်းကို ဒုက္ခပေးရတော့တာပဲ…”

“ ကိုယ့်အချင်းချင်းတွေကို အဲ့လိုမျိုးတွေ မလိုပါဘူး..”

နောက် ရက်အနည်းငယ် ကြာသည်အထိ လင်းရီသည် လီချင်းခိုင်နှင့်အတူ ကျေးရွာများသို့ လိုက်လံ လည်ပတ်၍ မြေနှင့် ပတ်သက်သည့် ပြဿနာများကို လိုက်လံ ရင်ဆိုင်သည်။ ထို့ပြင် မြောက်ပိုင်းသို့ သွားပြီး အခွင့်အရေးကောင်းများ လေ့လာသင်ယူရေးအတွက် စေလွှတ်မည့် ကိုယ်စားလှယ်များ ရွေးချယ်သည့် နေရာတွင်လည်း သူ ဝင်ပါခဲ့သည်။

ထို သတင်းကိုကြားတော့ လူတိုင်း စိတ်အားထက်သန်ကုန်ကြလေသည်။

ပထမတစ်ချက် အနေဖြင့် သူတို့သည် အသစ်အဆန်း တစ်စုံတစ်ရာကို လေ့လာသင်ယူခွင့်ရမည်။ ဒုတိယကတော့ အရာအားလုံးက စရိတ်ငြိမ်းဖြစ်၏။ ထို့ကြောင့် လိုက်ချင်နေသူတို့က မရှားပါးချေ။

အောက်ရှိ ကျေးရွာများအဖို့တော့ ဤသည်က သူတို့၏ တစ်သက်သာတွင် ကြုံတောင့်ကြုံခဲ ခရီးသွားနိုင်မည့် အခွင့်အရေး တစ်ရပ်တောင် ဖြစ်နေနိုင်သည်။

“ ငါတို့ရှေ့က အဖြူရောင် သစ်ရွက်မြို့လေးပဲ… “ လီချင်းခိုင် ပြောလိုက်ပြီး

“ ဒီနေရာက တုံးစန်းကောင်တီရဲ့ စိုက်ပျိုးရေး အဖြစ်ထွန်းဆုံး နေရာတစ်ခုပဲ… ငါတို့ဘက်က စိုက်ပျိုးမြေတွေရဲ့ လိုအပ်ချက်ကို ဖြည်းဆည်းပေးနိုင်အောင် ရေတွင်း ၁၅ တွင်းလောက် တူးပေးရမယ်…”

“ တော်တော်လေး များမှာပေါ့…”

“ မဟုတ်လို့လား..” လီချင်းခိုင် ပြောလိုက်ပြီး “ ဒါက တုံးစန်းကောင်တီမှာ အချမ်းသာဆုံး မြို့လေးလို့ ပြောရမယ်… စိုက်ပျိုးရေး အပြင် မွေးမြူရေး လုပ်ငန်းလည်း လုပ်ကြတယ်… မင်းပြောခဲ့တာ မြောက်ပိုင်းကို သွားပြီး လေ့လာချင်တယ်မလား… ဒီက လူတွေက အဲ့လို လုပ်ပြီးတာ ကြာပေါ့… ပြီးတော့ ငါ အတွင်းရေးမှူးဝမ်ဆီကနေ ပြန်ကြားမိတာ မင်းတို့ လေ့လာပြီးလို့ ပြန်လာရင် ဒီနေရာမှာ ပြန်ပြီး လက်တွေ့အသုံးချမယ် ဆိုလားပဲ.. “ လီချင်းခိုင် ရှင်းပြလိုက်သည်။

“မဟာဗျူဟာကျတဲ့ အစီအစဉ်တစ်ခုဆိုရင်တော့ ပြဿနာ မရှိဘူး… “ လင်းရီ အပြင်ဘက်သို့ ကြည့်လိုက်ပြီး “ မြို့ထဲ သွားပြီး ဒီက မြေပြင်အခြေအနေကို တစ်ချက်ကြည့်ကြတာပေါ့..”

“ သွားစို့.. ငါတို့ ရောက်ပြီ…”

လီချင်းခိုင်သည် လင်းရီကို မြို့တွင်းသို့ လေးလေးနက်နက် လိုက်လံ မောင်းပို့ပေးလိုက်သည်။

လင်းရီ သတိပြုမိလိုက်သည်က ဤနေရာသည် အခြားသော မြို့ငယ်လေးများထက် သာ၍ ကောင်းနေသည်။ သို့သော် သာရုံမျှပင်။ ခြုံငုံကြည့်မည် ဆိုပါက ဆင်းရဲနေဆဲပင်။

မြို့တွင်းရှိ ဆိုင်အများစု၏ အပြင်ဘက်တွင် ဆိုင်းဘုတ်များ ချိတ်ဆွဲထားကြ၏။ တချို့ကလည်း ကျောက်သင်ပုန်းနှင့် မြေဖြူကို သုံးပြီး မွေးမြူရေး တိရစ္ဆာန်များ ရရှိနိုင်ကြောင်း ကြေညာထားကြသည်။ စီးပွားရေး ကောင်းသည် မကောင်းသည်ကိုတော့ အပေါ်ယံ ကြည့်ရုံမျှနှင့် မသိနိုင်ချေ။

မြို့တွင်း‌ ခေတ္တ လှည့်လည် ကြည့်ရှုပြီးသည့်နောက် နှစ်ယောက်သား အောက်ရှိ ကျေးရွာသို့ ရောက်လာခဲ့ကာ ရေတွင်းတူးဖို့ စတင် ပြင်ဆင်သည်။

သစ်ရွက်ဖြူ(ပိုင်ရဲ့) မြို့နယ်၊ ပိုင်လင် ကျေးရွာ။

သူတို့ နှစ်ယောက် ရောက်လာသည့် အချိန်၌ ရေတွင်းတူးမည့် လူများက ပစ္စည်းကိရိယာများကို စတင် ပြင်ဆင်နေသည်။

အလုပ်ရှုပ်နေကြသည့် လူရှစ်ယောက်ရှိ၏။

လေထုကတော့ အနံ့အသက် အတော်လေး ဆိုးရွားနေလျက်ပါပင်။ သို့သော် အိမ်တိုင်းနီးပါးက မွေးမြူရေး လုပ်ကြသဖြင့် ဤသည်က ရှောင်လွှဲလို့ရသည့် အရာတစ်ခုတော့ မဟုတ်ချေ။

“ ဒီနေရာ အဆင်ပြေလား…. မင်းတို့ သေချာ ဂရုစိုက်နော်… တူးပြီးမှ ရေမထွက်လို့ကတော့ ငါတို့ ပိုက်ဆံ တစ်ပြားမှ ပေးမှာ မဟုတ်ဘူးနော်…” လီချင်းခိုင် ပြောလိုက်သည်။

“ ငါ့အစ်ကို ... ခင်များ အဲ့ကိစ္စ စိတ်ပူနေစရာ မလိုဘူး.. ဒါ ကျုပ်တို့ မိသားစုပိုင် မြေလေ.. ဘာလို့ သေချာလေး ဂရုမစိုက်ရမှာ…” ရေတွင်းတူးမည့် အဖွဲ့ခေါင်းဆောင်ကနေပြီး ပြောလိုက်သည်။

“ မင်းတို့ မိသားစုရဲ့ မြေ ဟုတ်လား..”

All Chapters