← Chapters

အထက်က မူဝါဒတွေ ချမှတ်တယ်၊ အောက်က သူ့အကြံနဲ့သူ ရှိတယ်

Vol. 93 Ch. 1384

အထက်က မူဝါဒတွေ ချမှတ်တယ်၊ အောက်က သူ့အကြံနဲ့သူ ရှိတယ်

Vol. 93 Ch. 1384

လီချင်းခိုင်သည် ရေတွင်းတူး အဖွဲ့၏ ခေါင်းဆောင်ကို စူးစိုက်ကြည့်လိုက်၏။

“ မင်းတို့က ခန်းလိုင်ကောင်တီရဲ့ ရေတွင်းတူး အဖွဲ့ မဟုတ်ဘူးလား… ဒါက ဘယ်လိုလုပ်ပြီး မင်းတို့ မိသားစုပိုင်မြေ ဖြစ်သွားရတာ..”

အဖွဲ့ခေါင်းဆောင်မှ တခြား လူနှစ်ယောက်ကို လက်ညိုးထိုးပြ၍ “ စစချင်းတုန်းက ကျုပ်တို့က ဒီရွာသားပဲ… အဲ့ဒီတုန်းက ကျုပ် ဦးလေးက ခန်းလိုင်ကောင်တီမှာ အလုပ်လုပ်နေတာ အတော်လေးကြာပြီ… နောက်ကျတော့ မိသားစုရဲ့ ကြက်မွေးပြီး စိုက်ပျိုးရေး လုပ်တာက ထင်သလောက် အမြတ်မရတော့ ဦးလေးနောက်လိုက်ပြီး ရေတွင်း ဘယ်လိုတူးရမလဲ လိုက်ကြည့်တယ်… ဒီနှစ်ထဲ အဲ့လောက် တိုက်ဆိုင်လိမ့်မယ်လို့တောင် ထင်မထားဘူး.. အလုပ်က ကိုယ့်တံခါးဝရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာနေတာ.. “ အဖွဲ့ခေါင်းဆောင်က ကျေနပ်ပီတိ ဖြစ်စွာ ပြုံးနေပြီး “ အခု ကျုပ်တို့ တူးမယ့် ရေတွင်းက ကျုပ်တို့ မြေရဲ့ အနာဂတ်ဖြစ်လာမှာလေ… ငါ့အစ်ကိုတို့ ပိုက်ဆံ မပေးဘူးဆိုရင်တောင် ကျုပ် ဒီအလုပ်ကို ကောင်းကောင်းလုပ်ရမှာပဲ… အဲ့လို မထင်ဘူးလား..”

လီချင်းခိုင်လည်း ဤသည်က အတော်လေး တိုက်ဆိုင်လွန်းသည်ဟု ခံစားနေရသည်။

“ အဲ့လိုဆိုမှတော့ ငါလည်း စိတ်သက်သာသွားပါပြီ.. ဒီ တာဝန်က မင်းတို့ မိသားစုတာဝန်ကို လုပ်ပေးလိုက်သလိုမျိုးနဲ့ အတူတူပဲ… မင်းတို့ကောင်တွင် အပျင်းတစ်ကြမယ်လို့တော့ ငါမထင်ဘူး..”

“ သေချာပေါက်ပဲပေါ့… စိတ်ချထားလိုက်ပါ…”

ထိုသို့ ပြောပြီးနောက် အဖွဲ့ခေါင်းဆောင်သည် အခြားသူများကိုခေါ်၍ စတင် အလုပ်စတော့၏။ ရေသာခိုခြင်း လုံးဝ မရှိချေ။

“ ကောင်လေး… မင်းက အခု ခန်းလိုင်ကောင်တီမှာ ရေတွင်းလိုက်တူးနေတယ်ဆိုတော့ တော်တော်လေး အဆင်ပြေမှာပေါ့… တစ်လ ဘယ်လောက်ရလဲ..” ရေတွင်းတူးနေစဉ် ဘေးကနေပြီး လီချင်းခိုင်သည် ထွေရာလေးပါး ပြောဆိုနေလျက်ရှိသည်။

“ ဝင်ငွေကတော့ ဒီလိုပါပဲ… မိသားစုတစ်ခု ကောင်းကောင်းလောက်ငှရုံလောက်ပေါ့..” အဖွဲ့ခေါင်းဆောင်က ပြောလိုက်ပြီး “ နောက်နှစ်ကျရင်တော့ ကျုပ်ဇနီးကိုပါ ခေါ်ပြီး ခန်းလိုင် ကောင်တီကို ရွေ့တော့မှာ… ဒီက မြေကိုတော့ ရသလောက်နဲ့ ငှားစားထားလိုက်မယ်..”

“ မင်း ထွက်သွားရင် အရှုံးကြီး ရှုံးရမှာနော်.. ချုံးပွဲချ ငိုနေရမယ်… ပြီးမှ ငါ သတိမပေးဘူး မပြောနဲ့..” လီချင်းခိုင် ပြောလိုက်သည်။

“ ဘာလို့… ရွာက ပြန်နေရာချထားခံရတော့မှာလား…”

“ အဲ့ နေရာချထားတာတွေ မေ့ထားလိုက်… မြို့က အခု ရင်းနှီးမြုပ်နှံမှု အကြီးစားကြီးတွေ ရထားတာ.. နောင်ကျရင် တုံးစန်းကောင်တီက ပိုပိုပြီး ကောင်းစားလာဖို့ပဲ ရှိတယ်… တခြားဟာတွေတော့ ငါ သေချာကြီး မပြောရဲသေးဘူး… ဒါပေမယ့် အနည်းဆုံး ခန်းလိုင်ကောင်တီထက် သာစေရမယ်လို့တော့ ပြောရဲတယ်… “ လီချင်းခိုင် ရှင်းပြလိုက်သည်။

“ ဒါ နိုင်ငံရေး သမားတွေ ပြောနေကြ စကားလုံးကြီးတွေပါ ငါ့အစ်ကိုရာ…. ခင်များ မနောက်စမ်းနဲ့ကွာ…”

“ ငါ့ ပုံစံက ကြွားပြောနေတဲ့ပုံ ပေါက်နေလို့လား..” လီချင်းခိုင် ပြောလိုက်ပြီး “ ကောင်တီက အခု စရိတ်ထုတ်ပေးပြီး မြောက်ပိုင်းဒေသကို လေ့လာဖို့အတွက် အဖွဲ့တစ်ဖွဲ့ စေလွှတ်မှာ… မင်းလို ငယ်ရွယ်ပြီး သန်မာတဲ့ လူငယ်တွေက လိုအပ်ချက်နဲ့ ကိုက်ညီတယ်… မင်းတို့ အမျိုးတွေထဲကရော စာရင်းပေးကြတဲ့လူတွေ မရှိကြဘူးလား…”

“ အိုး… တကယ်ကြီး အဲ့လောက် ကောင်းတဲ့ ကိစ္စ ရှိသေးတယ်ပေါ့…”

ရေတွင်းတူးသည့် အဖွဲ့ခေါင်းဆောင်နှင့် အခြား ရွာသား နှစ်ယောက်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

“ ကျုပ် ဇနီး ဒီအကြောင်း ပြောတာတွေလည်း မကြားမိဘူးကော…”

ကျန်နှစ်ယောက်လည်း ခေါင်းခါရမ်းလျက် သူတို့ ဤကိစ္စ မသိကြောင်းကို ဖော်ပြလိုက်ကြသည်။

“ မဖြစ်နိုင်တာ… ဒီသတင်း ကြေညာထားတာ သုံးလေးရက်လောက် ရှိနေပြီ… သွားမယ့်လူတွေလည်း ရွေးချယ်ပြီးလုနီးပါးပဲ… ပိုင်ရဲ့ မြို့ဆိုတာ အထက်ကြီးပိုင်းတွေက အာရုံစူးစိုက်နေတဲ့ နေရာကို မင်းတို့ကောင်တွေ မသိဘူးဆိုတာ မဖြစ်သင့်တဲ့ ကိစ္စ…”

“ ကျုပ် တကယ်ကြီး မကြားမိတာ ငါ့အစ်ကို…” အဖွဲ့ခေါင်းဆောင်က ပြောလိုက်သည်။

“ ကျုပ်တို့ရွာထဲက လူတွေ ထမင်းစားပြီးရင် ကွပ်ပျစ်ပေါ် အုပ်စုဖွဲ့ပြီး စကားပြောနေကြ.. ကြီးကြီး သေးသေး အကုန်ပြော… ကျုပ်တော့ တစ်ယောက်မှ အဲ့အကြောင်း ပြောတာ မကြားမိဘူး..”

“ တကယ်လို့ ဒီလောက် ကောင်းတဲ့ ကိစ္စသာ ရှိရင် တစ်ရွာလုံး ကျွက်ကျွက်ညံနေလောက်ပြီ… ဒီလောက် တိတ်ဆိတ်နေမှာ မဟုတ်ဘူး..”

လီချင်းခိုင် မေးစေ့ကို ပွတ်သပ်လိုက်ရင်း ဤကိစ္စကို နားမလည်နိုင်ဖြစ်နေသည်။

“ အလယ်မှာ တစ်ခုခု ဖြစ်သွားတာပဲ ဖြစ်ရမယ်…” လင်းရီ ဝင်ပြောလိုက်၏။

“ အလယ်မှာလား…”

လင်းရီ ခေါင်းညိမ့်လိုက်သည်။ “ ဒီစကားအတိုင်းပဲလေ…. ‘ အထက်က မူဝါဒတွေ ချမှတ်တယ်၊ အောက်မှာက သူ့အကြံနဲ့သူ ရှိတယ်’ အထက်က ရည်ရွယ်ချက်တွေ ကောင်းတယ် ဆိုပေမယ့် အောက်လူတွေ အကောင်အထည် ဖော်တဲ့ အချိန်မှာ သေချာပေါက် ပြဿနာတွေ ရှိနေနိုင်တာပဲ…”

ပြောပြီးနောက် လင်းရီသည် မတ်တပ်ရပ်၍ အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်သည်။ သူ ရေတွင်းတူး အဖွဲ့ခေါင်းဆောင်ကို ယခုလို ပြောလိုက်၏။ “ ပိုင်လင် ရွာက ဒီ အထက်လေးနားမှာပဲ ဟုတ်တယ်မလား..”

“ ဟုတ်တယ်… ကျုပ်တို့ အဲ့မှာပဲ နေတာ…”

“ မင်း အခု လုပ်နေတာတွေ ဘေးချိတ်ထားပြီး ငါတို့နဲ့ ပိုင်လင်ရွာကို လိုက်ခဲ့… အဲ့ရောက်ရင် ဘာဖြစ်နေလဲဆိုတာ ပိုပြီး နားလည်လွယ်သွားလောက်တယ်…”

“ အိုး… အိုကေလေ…”

ရေတွင်းတူး အဖွဲ့ခေါင်းဆောင်သည် သူ့ လုပ်လက်စ အလုပ်ကို ပစ်ထား၍ လင်းရီ၊ လီချင်းခိုင်တို့နှင့်အတူ ကားထဲလိုက်လာပြီး ရှေ့ရှိ ပိုင်လင် ကျေးရွာသို့ ဦးတည်လာခဲ့သည်။

သူတို့ ရွာအဝင်ဝသို့ ရောက်ရောက်ခြင်းမှာပဲ ကြက်သံ ခွေးသံများက ကမ်းလင့် ကြိုဆိုသည်။

လာရာလမ်းတွင် ရေတွင်းတူးသည့် အဖွဲ့ခေါင်းဆောင်၏ နာမည်က စုန့်ချန်ရှီ ဖြစ်ကြောင်းကို လင်းရီ သိလိုက်ရသည်။

အရင်တုန်းကတော့ မြို့နယ်ရှိ မိသားစုတိုင်းက မွေးမြူရေး အလုပ်ကို လုပ်ကိုင်ကြ၏။ အဓိက အားဖြင့် ကြက်၊ ဘဲ၊ ငန်းများကို မွေးကြပြီး တစ်အိမ်လျှင် အကောင်ရေး တစ်ရာတော့ အနည်းဆုံး ရှိကြသည်။

သို့သော် လက်ရှိနှစ်များ၌ ဈေးကွက် အခြေအနေက မကောင်းသဖြင့် တိရစ္ဆာန် မွေးမြူသူတို့က နည်းသထက် နည်းလာလေသည်။

“ ငါတို့ မင်းအိမ် လိုက်ကြည့်လို့ရလား..” ရွာထဲ ဝင်ပြီးနောက် လင်းရီ မေးလိုက်သည်။

“ ဘာလို့ မရမှာ… ငါ့အစ်ကိုတို့ စိတ်မရှိဘူးဆို ပြီးတာပဲ…”

“ ဒါဆိုလည်း သွားကြစို့…”

စုန့်ချန်ရှီ၏ ဦးဆောင်မှုအောက်တွင်ပဲ လင်းရီနှင့် လီချင်းခိုင်တို့သည် အုတ်အိမ်လေး တစ်လုံးရှေ့ ရောက်လာခဲ့ကြ၏။

အိမ်က မဆိုးချေ။ အုတ်နီခဲများဖြင့် ဆောက်လုပ်ထားပြီး ဟင်းသီးဟင်းရွက်များ စိုက်ထားသည့် ခြံလေး တစ်ခြံရှိကာ ပိုင်လင် ကျေးရွာ၌ အတော်လေး ကြီးမားသည့်အိမ်ဟု သတ်မှတ်၍ ရလေသည်။

အိမ်ရှေ့တွင် ကွပ်ပျစ်တစ်ခုရှိပြီး သက်ကြီး ရွယ်အို သုံးလေးယောက်နှင့် အမျိုးသား ၊ အမျိုးသမီး အချို့ စုဝေး စကားပြောနေကြသည်။

ဒီနေရာ ကွက်လပ်လေးက ပိုင်လင်ကျေးရွာရဲ့ cbd ဖြစ်သည်။ ရွာ၏ အားလပ်ချိန် ယဉ်ကျေးမှုတို့ ပြန့်ပွားရာ၊ သတင်းတို့ ဖလှယ်ရာ အဓိက နေရာ တစ်ခုဖြစ်သည်။ ရန်ကျင်းရှိ ဝမ်ဖူကျင်၊ ကျိုးဟိုင်ရှိ လုကျားကျွေ့၊ အမေရိကားရှိ နယူးရော မက်တာတန် နီးတူ အရေးပါသည်။

“ အာ.. ချန်ရှီ… နင် ဘာလို့ ပြန်လာခဲ့တာလဲ… ခု နေ့လည်တောင် မရောက်သေးဘဲနဲ့…”

ထိုစကားကိုတော့ စုချန်ရှီ၏ ဇနီး ၊ လီကျင်း ဆိုသည့် အမျိုးသမီးကနေ ပြောလိုက်ခြင်းပင်။

“ ဒီက လူကြီးမင်းနှစ်ယောက်က ကောင်တီရဲ့ အရာရှိကြီးတွေလေ… သူတို့က ရွာအကြောင်း သိချင်တယ်ဆိုလို့ ခေါ်လာခဲ့ပေးတာ..”

“ ငါ့အစ်ကိုတို့.. ကျေးဇူးပြုပြီး ထိုင်ကြပါ…”

“ ရတယ် ရတယ်.. ကျုပ်တို့က ဒီကို တစ်ခု သိချင်လို့ လာခဲ့တာ.. ကျုပ်မေးတာကို အမှန်အတိုင်း ဖြေပေးရင် အဆင်ပြေပြီ… “ လီချင်းခိုင် ပြောလိုက်သည်။

လူတိုင်းက ခေါင်းညိမ့်ပြ၍ သူတို့၏ ပူးပေါင်းဆောင်ရွက်ပေးလိုသည့် သဘောထားကို ထုတ်ဖော်လိုက်ကြသည်။

“ ကောင်တီက မွေးမြူရေး လုပ်ငန်းကို တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဖို့ အစီအစဉ် ရှိထားတယ်… ခင်များတို့ ပိုင်ရဲ့ မြို့နဲ့ အောက်က ရွာတွေက ဒီရဲ့ အခန်း ကဏ္ဍမှာ တော်တော်လေး အရေးပါတယ်လို့ ပြောရမယ်.. ကျုပ်တို့ဘက်ကနေပြီး ခင်များတို့ ရွာကနေ ငယ်ရွယ်ပြီး အားကောင်းမောင်းသန် လူငယ်တစ်ချို့ကို လေ့လာရေး ခရီး တစ်ခေါက် စေလွှတ်ဖို့ လုပ်ထားတာ ခင်များတို့ရွာက ဒီကိစ္စတွေ သိလား…”

ထိုစကားကြားတော့ အားလုံး တစ်ယောက်ကို တစ်ယောက် ရှုပ်ထွေးစွာ ပြန်ကြည့်မိကြသည်။ ဘာတွေ ဖြစ်နေမှန်း သူတို့ နားမလည်တော့ချေ။

ဒီလူ ဘာတွေလာနေတာလဲ…..

“ ဒီသတင်းက ထုတ်ပြန်ပြီးတာ အတော်ကြာပြီကို ခင်များတို့ ခုထိ ဘာမှ မသိကြသေးဘူးပေါ့..”

လီကျင်း ခေါင်းခါရမ်းလိုက်သည်။ “ ကျွန်မတို့ တကယ်ကြီး မသိတာ… ဘယ်သူမှလည်း ဘာမှလာမပြောကြဘူး…”

“ ကောင်းပြီ.. ကျုပ် နားလည်ပြီ…”

ရိုးရှင်းစွာ စကားပြောဆိုပြီးနောက် လင်းရီနှင့် လီချင်းခိုင်တို့ ပြန်ထွက်လာကြလေသည်။

လင်းရီက…

“ အဲ့ မူဝါဒက အကောင်အထည် မဖော်ရသေးမှန်း သိသာတယ်…”

“ ရွာလူကြီးဆီ သွားကြစို့…”

နှစ်ယောက်သား ရွာလူကြီး အိမ်သို့ မောင်းလာခဲ့ကြပြီး ၎င်းက အသစ်စက်စက် ဆောက်လုပ်ထားသည့် အိမ်ပင်။

ဧည့်ခန်းထဲတွင် လူသုံးယောက် ထိုင်နေကြပြီး တစ်ယောက်က အသက်လေးဆယ် အရွယ်ရှိ သက်လတ်ပိုင်း လူကြီး တစ်ဦးဖြစ်၏။ သူက စားပွဲရှေ့ထိုင်ပြီး ကျုံးဟွာ စီးကရက်ကို လက်ကြားညှပ်ထားသည်။

ကျန်နှစ်ယောက်က ဆိုဖာပေါ်တွင် ထိုင်နေပြီး ရှေ့ရှိ ကော်ဖီ စားပွဲပေါ်တွင် စားစရာ သောက်စရာများဖြင့် တည်ခင်းထားလျက် ရှိ၏။ စားရင်းသောက်ရင်းဖြင့် စကားပြောနေကြလေသည်။

“ မင်းတို့ထဲ ဘယ်သူက ဟန်ကျင်းဝူလဲ… "

လီချင်းခိုင် အထဲသို့ ရောက်လာပြီး မေးသည်။

“ ကျုပ်ပဲ…” စီးကရက် အကောင်းစားနှင့် သက်လတ်ပိုင်း လူကြီးက ပြောလိုက်ပြီး “ မင်းတို့က…”

“ ငါက လီချင်းခိုင်… ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ဒါရိုက်တာ… ဒါက လက်ထောက် ဒါရိုက်တာ လင်းရီ… ငါတို့ ဒီနေ့ ရောက်လာခဲ့တာ အခြေအနေ တစ်ခုကို နားလည်ချင်လို့ပဲ…”

သူတို့နှစ်ယောက် မည်သူမည်ဝါဆိုတာကို သိသွားပြီးနောက် ဧည့်ခန်းထဲရှိ သုံးယောက်လုံးက မတ်တပ်ရပ်လိုက်ကြ၏။

“ ဆိုတော့ လူကြီးမင်းတို့က ဒါရိုက်တာလီနဲ့ ဒါရိုက်တာလင်းကိုး… ထိုင်ပါဦးခင်ဗျ ထိုင်ပါဦးခင်ဗျ…”

ထိုသို့ပြောပြီးနောက် ဟန်ကျင်းဝူသည် စီးကရက် ကမ်းပေးလိုက်သည်။ သို့သော် နှစ်ယောက်လုံးက ငြင်းလိုက်ကြ၏။

“ ယဉ်ကျေးနေစရာ မလိုပါဘူး… ငါတို့ ဒီလာခဲ့တာ ဘာတွေ ဖြစ်နေလဲဆိုတာ သိချင်လို့ပဲ…”

“ ဒါရိုက်တာကြီးတို့က ဘာများသိချင်တာလဲ မသိဘူး…” ဟန်ကျင်းဝူသည် ပူးပေါင်းဆောင်ရွက်မှု ရှိစွာ ပြောလိုက်သည်။

“ မြောက်ပိုင်းကို လေ့လာရေး အဖွဲ့ စေလွှတ်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး မင်း အသိပေးစာ ရထားပြီးပြီမလား.. အဲ့ ကိစ္စ အခြေအနေ ဘယ်လိုရှိလဲ…”

All Chapters