← Chapters

ယောင်းမ၊ ကူညီပါဦး

Vol. 93 Ch. 1388

ယောင်းမ၊ ကူညီပါဦး

Vol. 93 Ch. 1388

“ ဟင်… ဥက္ကဌလင်း ဟုတ်လား…”

ဝမ်ထျန်းလုံ၏ လင်းရီအပေါ် မည်သို့ ခေါ်ဆိုသုံးနှုန်းသည်ကို ကြားတော့ ခုလေးတင် ရောက်လာကြသူများအားလုံး အနည်းငယ် အံ့အားသင့်သွားခဲ့ကြသည်။

ဤလူ၏ ဝတ်ပုံ စားပုံအရ အဆင့်မြင့် ဟိုတယ်တစ်ခု၏ ရာထူး ခပ်ကြီးကြီးပိုင်းက ဖြစ်မည်မှာ ကျိန်းသေသည်။ သို့သော် လင်းရီကို ယခုလို တခမ်းတနားကြီးလုပ်၍ ‘ဥက္ကဌ’ ဆိုပြီး ခေါ်ဆိုနေသည်ကတော့ ….

ထူးတော့ ထူးဆန်းသည်။

“ လင်းရီ… နင် ဒီမှာ ခဏခဏ တည်းဖြစ်တာလား…” ဝမ်ထင် မေးလာသည်။

လင်းရီ အင်မတန် ချမ်းသာသည်ကို ဝမ်ထင် ဟိုးတုန်းကနေ သိထားပြီး ဖြစ်၏။ မဟုတ်ပါက ယွမ် တစ်သန်းတန်ကားမျိုး ဝယ်စီးလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ဟိုတယ် ဝန်ထမ်းတစ်ယောက်နေပြီး ဥက္ကဌ ဟူ၍ ခေါင်းစဉ်တပ်ခေါ်သည်ကတော့ ထူးဆန်းတယ်လို့ မဆိုသာပေ။

“ ရံဖန်ရံခါလောက်ပေါ့…”

“ ဒါဆို ဟိုတယ်ရဲ့ အမှုဆောင် အဖွဲ့ဝင်တွေ အကုန်လုံးက နင့်ကို နှုတ်ဆက်ဖို့ဆိုပြီး ဘာလို့ ထွက်လာခဲ့ကြတာလဲ…”

“ ဘာလို့ဆို ဒီဟိုတယ်က ငါ့ ဥစ္စာမို့လို့လေ… သူတို့ငါ့ကို ဥက္ကဌလင်းဆိုပြီး ခေါ်သင့်ခေါ်ထိုက်တာပဲ မဟုတ်ဘူးလား… မင်း ဘယ်လို အိုင်ကျူနဲ့ပါလိမ့်…”

ထိုစကားလုံးများ ပြောပြီးသည်နှင့် ချက်ချင်းဆိုသလို လူတိုင်းက ရှော့ခ်ရသွားခဲ့ကြ၏။ ဤဟိုတယ်က လင်းရီရဲ့ ပိုင်ဆိုင်မှု ဖြစ်လိမ့်မည်လို့ မည်သူမျှ မျှော်လင့်မထားကြချေ။

လူတိုင်း မသိစိတ် အလျောက် ခေါင်းမော့၍ ရွာက ဘုန်းကြီးကျောင်းထက်ပင် ခမ်းနားကြီးကျယ်နေသည့် ရှေ့ရှိ ဟိုတယ်ကြီးကို ကြည့်ရင်း အချိန်အတော်ကြာသည်အထိ ဆွံ့အနေမိကြ၏။

ကြည့်ရသလောက်တော့ လင်းရီ၏ ကြွယ်ဝချမ်းသာနေမှုက အနည်းဆုံး ယွမ် သန်း ၁၀၀ တော့ ကျော်မည့်ပုံပင်။

ဝမ်ထင် နှုတ်ခမ်းကို တင်းကြပ်စွာ ကိုက်ထားမိသည်။ အခြား အရာများကို မဆိုထားသေးနှင့်။ ဤဟိုတယ်ကြီး တစ်ခုတည်းကပင် သူမတို့ မိသားစုထက် ချမ်းသာကြောင်း သိသာနေလေပြီ။

“ သွားစို့.. ဒီမှာပဲ ရပ်မနေကြနဲ့… ကိုယ့် အဝတ်အစားအိတ်တွေ အရင်ဆုံး နေရာချလိုက်ကြ…”

“ အိုး.. အိုကေ…” လီစီကျင်း အလျင်စလို ပြောလိုက်သည်။ လင်းရီ၏ မယုံကြည်နိုင်ဖွယ် အထောက်အထားကြောင့် သူမ အချိန်အတော်ကြာသည်အထိ သတိပြန်မလည်နိုင်ပဲ ရှိနေလေသည်။

ဟိုတယ်ဘက်ကနေ၍ ကြိုတင်ပြီး သတင်းရရှိထားသဖြင့် အမည်စာရင်းပေးသည့် လုပ်ငန်းစဉ်က တော်တော်လေး လျင်မြန်သွားပြီး နာရီဝက်အတွင်းမှာပဲ လူတိုင်းက အခန်းကိုယ်စီနှင့် ဖြစ်သွားခဲ့ကြ၏။

ကျန်သည့် ကိစ္စများကိုတော့ လင်းရီ ကိုယ့်ကိုယ်ကို အပင်ပန်း ခံမနေတော့ဘဲ လီစီကျင်းနှင့်သာ အပ်ထားလိုက်သည်။

သူ ဖုန်းထဲရှိ ရက်စွဲကို တစ်ချက်ကြည့်လိုက်တော့ ဤနေ့က ရုံးပိတ်ရက် ဖြစ်နေသည်။ ထို့ကြောင့် ကျီချင်းရန်ထံ ဖုန်းခေါ်ပြီး ရုံးခန်းတွင် ရှိမရှိ လှမ်းမေးကြည့်လိုက်၏။

“ မစ္စတာလင်း.. ရှင် ဒီနေ့ အရမ်းအားနေတယ်ပေါ့ ဟုတ်လား… ကျွန်မကိုတောင် ဒီလို အချိန်ကြီး ဖုန်းတွေ ဘာတွေ ဆက်လို့….”

ဖုန်းဝင်သွားသည်နှင့် ကျီချင်းရန်သည် အပြုံးတစ်ပွင့်ဖြင့် ပြစ်တင်လာခဲ့သည်။ ရေဒီယိုလှိုင်း ကြိမ်နှုန်းများက သူမ၏ ချိုမြိန်မှုကို သယ်ဆောင်လာသည့်နှယ် ဖုန်းတစ်ဖက်ချမ်းရှိ လင်းရီသည် နားထဲ ပျားရည်များ စီးဆင်းသွားသည်ဟု ခံစားလိုက်ရ၏။

“ ငါဒီနေ့ အလုပ်မများဘူး… မင်း ဘာတွေများ လုပ်နေလဲ သိချင်လို့…”

“ ဒီကတော့ ရုံးမှာ အချိန်ပို ဆင်းနေရတယ်…”

“ ငါတို့ဘက်က တုံးစန်းကောင်တီရှိတဲ့ မြေတွေ အကုန် ဝယ်ပြီးသွားပြီလေ… ဒီဇိုင်းဌာနနဲ့ ခုလေးတင်ပဲ အစည်းအဝေး လုပ်ပြီးတယ်… ဒီကိစ္စကို ခု ဦးစားပေး ကိုင်တွယ်နေပြီ…”

“ အချိန်မရွေး စလို့ရနေတာပဲ…” လင်းရီ ပြောလိုက်ပြီး “ ဆောက်လုပ်ရေး ပြီးတာနဲ့ ကောင်တီရဲ့ စီးပွားရေးလည်း ထောင်တက်လာမှာနဲ့ ကွက်တိ.. ခုချိန်က စပြီးလုပ်ဖို့ အချိန်ကောင်းပဲ…”

“ ခစ်ခစ်.. ငါလည်း အဲ့လိုစဉ်းစားထားတယ်..”

“ ကောင်းပြီ… အလုပ်ရှုပ်လိုက်ဦး…. ငါလည်း တခြား ကိစ္စလေးတွေ ရှိလို့ သွားရဦးမယ်..”

“ အိုကေ… နေ့လည်ကျ ဖုန်းဆက်လိုက်မယ်နော်…”

“ အိုကေ..”

ဖုန်းချပြီးနောက် လင်းရီသည် ဟိုတယ်မှ ကားတစ်စင်း ထုတ်၍ ချောင်ရန် အုပ်စုသို့ မောင်းလာခဲ့လိုက်သည်။

သို့သော် လင်းရီ ချောင်ရန် အုပ်စုကို ရောက်တော့ ကျီချင်းရန်၏ ရုံးခန်းက ဗလာကျင်းနေသည်ကို သူမြင်တွေ့လိုက်ရ၏။

သန့်စင်ခန်းထဲလည်း မရှိသလို နားနေသည့် အခန်းထဲတွင်လည်း မရှိချေ။

နောက်ဆုံး သူမ၏ အိတ်ပင် ရှိမနေသည်ကို လင်းရီ သတိပြုမိလိုက်၏။ ကျီချင်းရန် ရုံးခန်းထဲ လုံးဝ ရှိမနေချေ။

၎င်းနောက် လင်းရီ သူမ၏ အတွင်းရေးမှူးကို မေးကြည့်ပြန်တော့လည်း တူညီသည့် အဖြေကိုသာ ရရှိလိုက်၏။ သူမလည်း ကျီချင်းရန် ဘယ်သွားခဲ့လဲဆိုတာ မသိချေ။

ကျီချင်းရန်၏ ထိုင်ခုံပေါ်တွင် ထိုင်ရင်း လင်းရီ သူမထံ ဖုန်းပြန်ဆက်လိုက်လေသည်။

“ မစ္စတာလင်း… ကျွန်မတို့ ဖုန်းပြောပြီးတာ နာရီ၀က်ပဲ ကြာသေးတာနော်… ကျွန်မ အကြောင်း အဲ့လောက်ထိ တွေးစရာ မလိုဘူးမလား…” ကျီချင်းရန် အပြုံးလေးဖြင့် ပြောလာခဲ့၏။

“ အင်း… ငါ အိပ်မပျော်တော့လို့လေ…” လင်းရီ ပြောလိုက်ပြီး “ ဒါကြောင့်မို့ မင်း ဘာတွေလုပ်နေလဲ သိချင်လို့…”

“ နင် ငါ့ကို လွမ်းနေတာ မဟုတ်ဘူးမလား.. နင်ငါ့ကို စစ်ဆေးနေတာမလား…”

“ အမ်… အဲ့လို စဉ်းစားလို့လည်း ရတယ်…”

“ ခစ်… နင် စစ်လည်း မကြောက်ပါဘူးနော်… ငါ မနက်ခင်းကတည်းကနေ ရုံးမှာ ရှိနေတာ .. နင် မယုံဘူးဆို ဖုန်းချပြီး ငါ့ အတွင်းရေးမှူးကို မေးကြည့်ကြည့်လိုက်… သူ ငါ့ကိုယ်စား သက်သေပြပေးနိုင်တယ်…”

“ သူ့ကို ဖုန်းဆက်ပြီး ဒုက္ခပေးစရာ မလိုတော့ဘူး… ငါ လူကိုယ်တိုင် မေးကြည့်ပြီးပြီ…”

“ ဟင်… သူ့ကို လူကိုယ်တိုင် မေးတယ်… ဘယ်လိုမျိုးလဲ..”

“ သူ့ ရုံးခန်းက မင်းနဲ့ ဘေးချင်းကပ်မှာမလား… တံခါးလေး တစ်ချက်ဖွင့်လိုက်တာနဲ့ မေးလို့ရနေတာကိုပဲ တကူးတက ဖုန်းခေါ်စရာ မလိုပါဘူး..”

“ ဟင်….”

ကျီချင်းရန် ခဏလောက် ကြက်သေသေသွားခဲ့ပြီး “ နင် ငါ့ရုံးခန်းထဲ ရောက်နေတာပဲ…”

“ ငါ တကယ်ကြီး တစ်စုံတစ်ယောက်ရဲ့ ရုံးခန်းထဲမှာ… ဒါပေမယ့် တစ္ဆေတွေကို ခြောက်လို့… စောနတုန်းက ကောင်မလေး တစ်ယောက် ရုံးခန်းထဲမှာ အလုပ်လုပ်နေပါတယ်ဆိုပြီး ပြောလိုက်သလားလို့…”

“ အား… လင်းရီ… နင် မကောင်းဘူး…”

ကျီချင်းရန် စီခနဲ အော်ပြောပြီး ဖုန်းချလိုက်၏။

သူမ ထိုကဲ့သို့ ပြောလိုက်သည်က လင်းရီသည် ထိုကဲ့သို့ ကိစ္စနှင့် အလုပ်ရှုပ်ခံ၍ အတွင်းရေးမှူးကို ဖုန်းဆက်လိမ့်မည် မဟုတ်ကြောင်း သေချာနေ၍ပင်။

သို့သော် သူက လူကိုယ်တိုင် ရုံးခန်းထဲ ရောက်နေလိမ့်မည်လို့တော့ သူမ ထင်မထားခဲ့ပါချေ။

မိနစ် အနည်းငယ်ကြာပြီးနောက် ကျီချင်းရန် အိတ်အလွယ်သားဖြင့် ရုံးခန်းထဲ အပြေးအလွှား ရောက်လို့လာခဲ့၏။

လင်းရီက ထိုင်ခုံပေါ်တွင် ထိုင်နေရင်း သူမကို ကျီစယ်သလို ကြည့်နေသည်။

“ ဥက္ကဌကျီကတော့ အလုပ်တွေ အရမ်း ကြိုးစားနေတာပဲ… ချွေးတွေကို ပြိုက်လို့… တော်တော်လေး အားသွန်ခွန်စိုက်နေတာပဲ….”

သူမ ရှက်တက်တက် ဖြစ်သွားခဲ့ပြီး ကျွဲမြီးလည်း တိုသွားခဲ့၏။

“ နင် ပြန်လာမှာကို ဘာလို့ ငါ့ကို မပြောတာလဲ ဟမ်…”

“ ကြိုပြောလို့ ဘာလုပ်ရမှာ… ရုတ်တရက် ထလာခဲ့လိုက်တာကမှ ပိုကောင်းတယ် မဟုတ်ဘူးလား..”

“ ဟွန့်… ငါ ဘာမှ မလုပ်ထားဘူး… အဲ့တော့ ဘာကိုမှ မကြောက်ဘူး…” ကျီချင်းရန် သူမအိတ်ကို ချလိုက်ပြီး “ စောနက ယွမ်ယွမ် ငါ့ကို ဖုန်းခေါ်ပြီး သူနဲ့ အတူ ရှော့ပင်းထွက်ပေးပါဆိုလို့ … နင် ဖုန်းခေါ်တော့ ငါ ကားပါကင်နား ရောက်နေပြီးသား..”

“ တကယ်ကြီးလား…”

“ ဒါပေါ့…”

ကျီချင်းရန် လင်းရီ၏ ပေါင်ပေါ် လာထိုင်ပြီး “ နင် မယုံဘူးဆို သူ့ကို ဖုန်းဆက်လိုက်လေ… သူ့ကို အခု မေးကြည့်ကြည့်… ငါ့ဘက်က သန့်ရှင်းတယ်ဆိုတာ အာမခံနိုင်တယ်…”

“ မမေးပါဘူး… ဒီက ချင်းရန် အဲ့လို မလုပ်ဘူးဆိုတာ ယုံကြည်ပြီးသား…”

“ မရဘူး… နင် မခေါ်ရင် ငါ ခေါ်မှာ..”

လင်းရီ ကူကယ်ရာမဲ့စွာဖြင့် ပြုံးရုံသာ တတ်နိုင်တော့သည်။ ကျီချင်းရန် ထိုမျှ အလေးအနက် ဖြစ်နေလိမ့်မည်လို့ သူ မထင်ထားခဲ့ပါချေ။ သူ ဖုန်းကို ထုတ်၍ ဟော်ယွမ်ယွမ်၏ နံပါတ်ကို နှိပ်လိုက်၏။

“ ဘာကိစ္စလဲ..”

ဟော်ယွမ်ယွမ်၏ ခပ်မာမာ လေသံက ထွက်ပေါ်လို့လာသည်။ မည်သူက ဘော့စ်၊ မည်သူက အလုပ်သမားဆိုတာ ပြောကြည့်ဖို့ မဖြစ်နိုင်သလောက်ပင်။

“ အဲ့တာ ဘာလေသံတုန်း… ငါက မင်းရဲ့ သူဌေးပါ ဟုတ်ပြီလား..”

“ အာ…. သူဌေးလား… ဘာကိစ္စလဲ…”

“ ထွေထူးမဟုတ်ပါဘူး… ခုက ရုံးပိတ်ရက်ဆိုတော့ ကိုယ့် ဝန်ထမ်းတွေဆီ ဖုန်းဆက်ပြီး သူတို့ ဘာတွေ လုပ်နေလဲ မေးကြည့်ကြည့်တာ…”

“ ကျွန်မ အခု အလုပ်ခရီးနဲ့ မြို့ပြင်ရောက်နေတာ… တစ်လလောက် ရှိပြီ… ကျွန်မရဲ့ အရာအားလုံးကို ကုမ္ပဏီ အတွက် ပေးဆပ်ထားတာနော်… ဝိတ်တွေလည်း ကျလို့… အချစ်အကြောင်းတောင် မတွေးနိုင်တော့ဘူး… စိတ်ထဲရှိတာဆိုလို့ ကုမ္ပဏီကို ဒီထက် ပိုတိုးတက်အောင် လုပ်ပေးဖို့ပဲ… ဥက္ကဌလင်းက ကျွန်မလို အလုပ်ကြိုးစားတဲ့ ဝန်ထမ်းကို လစာတိုးပေးမယ်လို့ မျှော်လင့်ရတာပဲ…”

“ ဟင်… မင်းက အလုပ်ကိစ္စနဲ့ အပြင်ရောက်နေတယ်ပေါ့ …”

ကျီချင်းရန်၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။ ဒီကောင်မလေးက ခုလေးတင် သူမကို ဖုန်းခေါ်၍ ရှော့ပင်းအတူ ထွက်ရန် ပြောခဲ့ပြီးမှ အခု ဘယ်လိုလုပ် အလုပ်ကိစ္စနဲ့ မြို့ပြင် ရောက်သွားပြန်ရတာ….

“ မင်း အလုပ်ကိစ္စနဲ့ အပြင်ရောက်နေတာ သေချာလား… မင်း အစ်မနဲ့ အတူ ရှော့ပင်းထွက်ဖို့ လုပ်နေတာ မဟုတ်ဘူးပေါ့…”

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ဒီက အစ်မကျီနဲ့ ရှော့ပင် ထွက်ချင်တာတောင် မထွက်ဖြစ်တာ ကြာလှပေါ့…. ပြီးပြည့်စုံတဲ့ ဝန်ထမ်းကောင်း တစ်ယောက် ဖြစ်အောင်ပဲ ကြိုးစားနေတာ… ၂၄/၇(တစ်ပတ် ၂၄နာရီ)လုံး အလုပ်လုပ်နေတာနော်…”

“ ဒါပေမယ့် မင်း အစ်မပြောတော့ မင်းက သူ့ကို ရှော့ပင်းထွက်ဖို့ ခေါ်တာတဲ့… ဘာတွေ ဖြစ်နေတာ… မင်းတို့တွေ အွန်လိုင်း ရှော့ပင်း လုပ်နေကြတာလား ဟုတ်လား…”

“ ဟင်… ရှင်က အစ်မကျီနဲ့ ရှိနေတာလား…”

“ အင်း…”

“ အားနာပါတယ်.. မိတ်ဆွေ ခေါ်ဆိုနေသောဖုန်းမှာ ယာယီ မအားသေးပါ… ကျေးဇူးပြုပြီး ခေတ္တမှ ပြန်လည် ကြိုးစားပေးပါ…..”

“ ငါလခွမ်း…”

လင်းရီ ဖုန်းကို ဘေးသို့ ကောက်ပစ်လိုက်ပြီး ကျီချင်းရန်ကို ကြည့်လိုက်လေသည်။

“ ဥက္ကဌကျီ… မင်း ဒါကို ဘယ်လို ရှင်းပြတော့မှာလဲ…”

“ သူ ပေါက်ကရတွေ လျှောက်ပြောနေတာကို နားထောင်မနေနဲ့… ငါ့တို့ဖုန်းပြောခဲ့တာ မှတ်တမ်းတောင် ရှိသေးတယ်…” သူမ အလျင် အမြန် ဖုန်းထုတ်ပြ၍ “ ကြည့်.. ခုလေးတင် ဖုန်းခေါ်သွားတာ တွေ့လား… ၂ မိနစ်ကျော်တောင် စကားပြောခဲ့သေးတယ်…”

“ ဒါက ဘာ အဓိပ္ပာယ်မှ ရှိမယ်လို့တော့ ငါ မထင်ဘူး..”

“ ဒါပေမယ့် သူ တကယ်ကြီး ငါ့ဆီ အဲ့လိုမျိုး ဖုန်းခေါ်လာခဲ့တာ… ငါ နင့်ကို မညာဘူး..” ကျီချင်းရန် အောက်နှုတ်ခမ်းကို ကိုက်ထားပြီး “ ငါသူ့ကို ပြန်ခေါ်ပြီး သေချာ ပြန်မေးလိုက်မယ်….”

ကျီချင်းရန် ငိုမဲ့မဲ့ ဖြစ်နေသည်ကို မြင်တော့ လင်းရီ မနေနိုင်ဘဲ ရယ်မောမိသွားခဲ့သည်။ ချစ်စရာ ကောင်းလွန်းလှ၏။

“ ကဲပါ ကဲပါ… ငါက ဒီတိုင်း ချစ်လို့စတာကို ဘာလို့ အဲ့လောက် အတည်ကြီးတွေ ဖြစ်နေတာလဲ…”

“ ငါတို့ တကယ်ကြီး အတူ ရှော့ပင်းထွက်ကြမလို့ဆိုနေတာကို…” ကျီချင်းရန်သည် အော်ငိုတော့မည့် ကလေးမလေး တစ်ယောက်ကဲ့သို့ တစ်ဖန် ပြန်ပြောနေပြီး “ ငါ နင့်ကို ညာတယ်ဆိုတာ အလုပ်သေချာ မလုပ်ဘူးလို့ အပြောခံရမှာစိုးလို့…”

“ ငါ ယုံပါတယ်…” လင်းရီ ကျီချင်းရန်၏ ပါးကို ဖျစ်ညစ်လိုက်ပြီး “ ငါတို့ အတူရှိလာတာ ဒီလောက်ကြာနေပြီကို မယုံကြည်ဘဲ ဘယ်နေမှာ…”

ကျီချင်းရန် တစ်ခုခုပြောရန် ဟန်ပြင်နေတုန်းမှာပဲ သူမ၏ ဖုန်းသံ မြည်ဟည်းလာလေသည်။ ယင်းက ကော်နင်ယွဲ့ဆီမှ ဖြစ်၏။

“ ယောင်းမလေး… နင် အခု အားလား… ဒီမှာ တစ်ခုခု ဖြစ်နေလို့ ညီမကို ကူညီပါဦး…”

All Chapters