ချင်းဟန်၊ မင်းအဘွားပဲ
Vol. 93 Ch. 1390
တံခါးဝရှိ အသံကို ကြားတော့ စစ်ကြောရေး အခန်းထဲရှိ လူတိုင်း လှမ်းမျှော်ကြည့်လိုက်ကြသည်။
“ ကိုကြီး…”
လင်းရီနှင့် ကျီချင်းရန်ကို မြင်တော့ ကော်နင်ယွဲ့ အလျင်စလို ပြေးလာခဲ့ပြီး အနိုင်ကျင့်ခံထားရသည့် ကလေးလေး တစ်ယောက်နှယ် မျက်ရည်လည်ရွဲနှင့် ပြေးဖက်လေသည်။
“ အစ်ကို… မရီး…”
ချွီရွှမ့်ဟော်လည်း လာပြီး နှုတ်ဆက်သည်။
“ ရပြီ ရပြီ.. နင့်အစ်ကိုနဲ့ အစ်မလည်း ရောက်လာပြီကို ဘာလို့ ငိုနေသေးတာလဲ..” ကျီချင်းရန် နှစ်သိမ့်ပေးလိုက်၏။
“ ဒီတိုင်း သူတို့က ညီမတို့ကို အနိုင်ကျင့်ကြလို့…” ကော်နင်ယွဲ့ လမ်းကြောင်းဖောက်လိုက်ပြီး “ သူတို့လည်း ပြိုင်မောင်းတာခြင်း အတူတူ ညီမတို့ကိုပဲ လက်ထိပ်ခတ်ပြီး အပြစ်ပေးထားတာ… သူတို့ကိုကျတော့ သာသာယာယာပဲ…”
“ အစ်ကို ဒီကိစ္စ ဖြေရှင်းလိုက်မယ်…”
ကော်နင်ယွဲ့နှင့် ပတ်သက်လို့ လင်းရီသည် နည်းနည်းလေး ကြပ်မတ်သည် ဆိုသော်လည်းပဲ သူ၏ ညီမလေး အနိုင်ကျင့်ခံနေရသည့် အသံကြားတော့ လင်းရီ မျက်နှာ တစ်ခုလည်း မည်းမှောင်သွားခဲ့သည်။
“ မင်းက ဘယ်သူတုန်း…”
တုံကျန်းဟွာသည် ခက်ထန်သည့် မျက်နှာထားဖြင့် မေးလိုက်၏။
ကျန်းမိသားစုသည်ပင် သူနှင့် စကားပြောသည့် အခါ ယဉ်ကျေးရသည်။ သို့သော် ဤလူငယ်လေးက အမှန်ပင် ရိုင်းပြလှသလို အကျိုးသင့် အကြောင်းသင့်လည်း မရှိချေ။ လူကြီးသူမကိုလည်း ရိုသေရကောင်းမှန်း မသိသည့်ကောင်ပင်။
“ ငါက လင်းရီပဲ… တခြား ပြောပြဖို့ လိုသေးလား..”
“ လင်းရီ… “
တုံကျန်းဟွာ တီးတိုးရေရွတ်လိုက်ပြီး “ မင်းကိုယ်မင်း ဘယ်သူထင်နေတာလဲ… မင်း နာမည်ပြောလိုက်တာနဲ့ပဲ ငါက သိရမှာလား… “
“ ဒါဆိုလည်း ဒီဥစ္စာကို တစ်ချက်ကြည့်လိုက်…”
လင်းရီသည် ကျုံးဝေ့တပ်ဖွဲ့က ပေးအပ်သည့် အိုင်ဒီကို ထုတ်၍ တုံကျန်းဟွာရှေ့ ဝှေ့ယမ်းပြလိုက်သည်။
၎င်း အိုင်ဒီတွင် ရေးသားထားသည့် စစ်တပ် အဆင့်ကို မြင်တော့ တုံကျန်းဟွာ၏ ဦးခေါင်းတစ်ခုလုံး ချာချာလည်သွားခဲ့ပြီး အတန်ကြာအောင် ကြက်သေသေသွားခဲ့လေသည်။
“ ဒီကိစ္စက စကတည်းကရင် ကြီးကြီးမားမား မဟုတ်လို့ ငါ မြို့ထဲမှာ မုန်တိုင်း တစ်ခု မဖန်တီးချင်ဘူး… တကယ်လို့ ငါသာ ချိန်ပင်းချန်ဆီ ဖုန်းဆက်လိုက်ရင် မင်းရဲ့ ရာထူးကို ဘယ်လောက်ကြာကြာ ထိန်းသိမ်းထားနိုင်မလဲ ငါ မပြောတတ်ဘူး… ငါသာ မင်း နေရာမှာ ဆိုလို့ကတော့ သေချာပေါက် ဂရုစိုက်မှာပဲ…”
“ မင်း… မင်း တကယ်ကြီး ဒါရိုက်တာချိန်နဲ့ သိနေတယ်ပေါ့…”
“ ဘယ်လိုထင်လို့…” လင်းရီ ပြောလိုက်ပြီး “ သူတောင် ငါ့ကို စကားပြောရင် မင်းလောက် မမောက်မာရဲဘူး..”
စစ်ကြောရေး အခန်းထဲရှိ လူတိုင်း လင်းရီကို ငူငိုင်စွာ ငေးကြည့်မိလိုက်ကြသည်။ သူတို့၏ ကနေဦး အထင်သေးမှုမှသည် ကြောက်ရွံ့မှုသို့ တမဟုတ်ချင်း ကူးပြောင်းသွားခဲ့တော့၏။
အထူးသဖြင့်တော့ တုံကျန်းဟွာ။
အနှီ ရှေ့ရှိ လူငယ်က ချိန်ပင်းချန်နှင့် သိသည် မသိသည်ကို အပထား။ အနီရောင် အိုင်ဒီ တစ်ခုနှင့်တင် သူ၏ အထောက်အထားက သွားရှုပ်၍ မရသည့် လူစားမျိုး ဖြစ်ကြောင်း သက်သေပြပြီးသား ဖြစ်သည်။
သူတော့ ဤတစ်ကြိမ်တွင် ပြဿနာ အကြီးကြီး တက်ချေပြီ။
“ မစ္စတာလင်း… ငါတို့ ဒီကိစ္စကို အဆင်ပြေအောင် မကိုင်တွယ်ခဲ့မိဘူး… ငါတို့ ခုချက်ချင်း မစ္စတာလင်းရဲ့ ညီမနဲ့ ယောက်ဖကို လွှတ်ပေးလိုက်ပါ့မယ်…”
တုံးကျန်းဟွာသည် သူ့လက်အောက်ငယ်သားများကို စောင်းကာ ကြည့်၍ ဟိန်းဟောက်လိုက်၏။ “ ဘာတွေ ငေးကြောင်နေတာလဲ.. မြန်မြန် လက်ထိပ် ဖြုတ်ပေးလိုက်လေ... ခွေးမသားတွေ…”
“ လုပ်နေပါပြီဗျ… လုပ်နေပါပြီဗျ…”
လက်ထိပ်များလည်း ပြန်ဖယ်ရှားပြီး ဖြစ်၏။ ကျန်းညီအစ်ကိုနှစ်ယောက်သည် လင်းရီကို ကြောက်ကြောက်ရွံ့ရွံ့နှင့် ငေးကြည့်နေလျက်ရှိသည်။ သူတို့ဘက် လှည့်မလာပါစေနှင့် ဟူ၍ စိတ်ထဲကနေပြီး ကြားဖူးသမျှ ဘုရားများထံ ဆုတောင်းနေမိတော့၏။
ထို့ပြင် သူတို့ရှေ့ရှိ လူငယ်လေး၏ အထောက်အထားနှင့် ပတ်သက်၍လည်း တော်တော်လေးကို ဇဝေဇဝါ ဖြစ်နေမိကြသည်။
ဘာလို့ တုံကျန်းဟွာက သူ့ကို အဲ့လောက်တောင် ကြောက်နေရတာလဲ…
“ ကျန်တာကို မင်းဘာမင်း အဆင်ပြေသလို စီစဉ်လိုက်… ဒါပေမယ့် မျှမျှတတတော့ ဖြစ်ပါစေ… မဟုတ်လို့ကတော့……..” လင်းရီ စကားဆုံးအောင် မပြောဘဲ ကော်နင်ယွဲ့နှင့် ကျန်သူများကို အပြင်သို့ ခေါ်ထုတ်သွားခဲ့လိုက်သည်။
တုံကျန်းဟွာက သူ၏ ဆိုလိုရင်း အနက်ကို နားလည်သဘောပေါက်ပြီး မည်သို့ ကိုင်တွယ်ရမလဲဆိုတာ နားလည်လိမ့်မည်လို့ သူ ယုံကြည်သည်။ မဟုတ်ပါက သူ၏ လက်ရှိရာထူးကို ကြိုတင်ပြီး နှုတ်ဆက်ထားတာက ကောင်းပေလိမ့်မည်။
“ အန်… အန်ကယ်တုံ….” ကျန်းလီဟန် မဝံ့မရဲလေး စကားအစ်ကြည့်လိုက်ပြီး “ ကျွန်တော်တို့ အရင် သွားနှင့်တော့မယ်နော်… နောက်ကျမှ အန်ကယ့်ကို ထမင်း ဖိတ်ကျွေးပါတော့မယ်… အန်ကယ် အားထုတ်ပေးရတာ အလကား မဖြစ်စေရပါဘူး…”
“ မင်းတို့ ထွက်သွားလို့ရတယ်.. အဲ့တာ ခုနက…. ဒါပေမယ့် အခု ထွက်သွားလို့ မရတော့ဘူး…” တုံကျန်းဟွာ ခပ်တင်းတင်းပဲ ပြောလိုက်ပြီး “ သူက ငါ့ကို လေးလေးနက်နက် ကိုင်တွယ်ခိုင်းသွားခဲ့တယ်… သူ့ဘက်က ရှင်းအောင် ပြောထားခဲ့ပြီးသား… တကယ်လို့ ငါက ဒီတိုင်း လွှတ်ပေးလိုက်မယ်ဆိုရင် မနက်ဖြန် အလုပ်ဆက်ဆင်းနိုင်တော့မှာ မဟုတ်ဘူး…”
ကျန်းလီဟန် မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည်လည်း ဤကိစ္စက ကိုင်တွယ်ရ နည်းနည်းခက်မည်ကို နားလည်သည်။ မေးခွန်း မေးမြန်းရန် အတွက် တာဝန်ရှိသည့် အခြား ယာဉ်ထိန်းရဲ နှစ်ဦးကို မသိစိတ် အလျောက်ကြည့်၍ “ ခုနက လူ ဘယ်သူလဲ သူတို့ပြောသွားသေးလား…”
“ ဟိုကောင်မလေး ပြောတာတော့ သူ့အစ်ကိုက လင်းယွင် အုပ်စုရဲ့ ဥက္ကဌတဲ့… ငါတို့လည်း လိမ်ပြီး ပြောနေတယ် ထင်တာနဲ့ လေးလေးနက်နက် မထားမိလိုက်ဘူး…”
“ လင်းယွင် အုပ်စုရဲ့ ဥက္ကဌ………”
ကျန်းလီဟန် ထိတ်လန့် ကြောက်ရွံ့စွာဖြင့် လွှတ်ခနဲ အော်ဟစ်မိသွားခဲ့ပြီး သူ၏ အမူအရာသည် တုံကျန်းဟွာထက်ပင် ပို၍ အကျည်းတန်နေတော့သည်။
“ အစ်ကို… လင်းယွင်အုပ်စုက တော်တော်လေး အားကောင်းတာလား…” ကျန်းလီချွင် မေးလိုက်ပြီး “ ငါတော့ တစ်ခါမှ မကြားဖူးဘူး..”
“ အားကောင်းတာထက်ကို ပိုတာပေါ့ကွာ…” ကျန်းလီဟန်၏ အသံသည် အနည်းငယ် တုန်ယင်နေလျက် ရှိပြီး “ သူတို့ကိုယ်သူတို့ မကြာခဏ လူရှေ့ထွက်လေ့ မရှိဘူးဆိုပေမယ့် လင်းယွင်အုပ်စုဆိုတာ အာလီဘာဘာနဲ့တောင် ယှဉ်နိုင်တဲ့ ကုမ္ပဏီဆိုတာ မင်း သိထားရမယ်… သူတို့ကို အပြစ်ပြုတယ်ဆိုတာ ကိုယ့်သေတွင်းကိုယ် တူးတာနဲ့ မခြားဘူး…”
“ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ… ချွီရွှမ့်ဟော်က ဘယ်လိုလုပ်ပြီး အဲ့လောက် အဆက်အသွယ်ကောင်းတဲ့ ကောင်မလေးမျိုး ရသွားခဲ့တာလဲတဲ့…”
********
ယာဉ်ထိန်းရဲစခန်းထဲကနေ ထွက်လာခဲ့ပြီးနောက် ချွီရွှမ့်ဟော်သည် ရှက်ရွံ့နေသည့် လေသံဖြင့် “ ယောက်ဖနဲ့ မရီးကို ဒုက္ခပေးမိပြီ…”
“ ဘာမှ မဖြစ်ဘူး ဘာမှ မဖြစ်ဘူး…. နောင်ကျ ပိုပြီး ဂရုစိုက်ပေါ့..”
“ နင့်အစ်ကိုဆို မကြာခဏ သောက်ပြီး ကားမောင်းသောက်သေးတာပဲ.. သူက နင့်ထက်တောင် အမှုတွေ များသေး… ”
“ အစ်ကိုကြီးက သောက်ပြီးမှတောင် ကားမောင်းရဲတယ်ပေါ့…” ချွီရွှမ့်ဟော်နှင့် ကော်နင်ယွဲ့တို့ နှစ်ယောက်စလုံး ရှော့ခ်ရသွားခဲ့ကြသည်။ လင်းရီက ထိုကဲ့သို့သော အမှုမျိုးကို ပြုဝံ့နေသည်။
အစ်ကိုကြီးက ကျိုးဟိုင်ရဲ့ ဧကရာဇ်ပဲ ဖြစ်ရမယ်…
“ ငါ တခြားတော့ ဘာမှ မပြောနိုင်ဘူးဆိုပေမယ့် ကျိုးဟိုင်မှာ ဒီအကောင် မလုပ်ဝံ့တာ မရှိဘူး…” ကျီချင်းရန်သည် မျက်လုံးလှန်၍ လင်းရီကို ကြည့်လိုက်သည်။ အမြဲတမ်း မဆင်မခြင် နိုင်နေသဖြင့် အပြစ်တင်ချင်နေဟန် ရလေသည်။
ကလင် ကလင် ကလင်….
လင်းရီ စကားဟတော့မည့် အချိန်မှာပဲ သူ့အိတ်ကပ်ထဲရှိ ဖုန်းသံ မြည်ဟည်းလာခဲ့၏။ ယင်းက ချင်းဟန်ထံမှပင်။
“ မင်း ကျိုးဟိုင်ပြန်လာတယ်လို့ ငါကြားတယ်….”
“ ဒီ မနက်တင် ပြန်ရောက်တာပဲ…”
“ ဒါဆိုလည်း ဘာတွေစောင့်နေတာ… ငါ့ ဆိုင်ကိုလာခဲ့… မင်း အတွက် ဝိုင်းပြင်ထားပေးတယ်… ဘာပဲ ဖြစ်ဖြစ် မင်းကို ကြိုဆိုရမယ်လေ…”
လင်းရီ သူ့နာရီကို ကြည့်လိုက်တော့ မွန်းလွဲ လေးနာရီ ကျော်နေပြီ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။
ထို့ပြင် နင်ယွဲ့တို့လည်း ဤနေရာသို့ ရောက်နေသဖြင့် သူတို့ကို တစ်ခုခု စားဖို့ ခေါ်သွားပေးရမည်။ ချင်းဟန်ရဲ့ နေရာကိုသွားပြီး အလကားကြိတ်မည့် အကြံကလည်း မဆိုးချေ။
“ ကောင်းပြီ… အဲ့မှာ စောင့်နေလိုက်… ငါ အခုပဲ လာခဲ့မယ်…”
ဖုန်းချပြီးနောက် လင်းရီ သုံးယောက်လုံးကို ကြည့်ပြီး ပြောလိုက်သည်။
“ ထမင်းစားဖို့ အချိန်တောင် ရောက်တော့မှာဆိုတော့ တကယ်လို့ ပြောစရာရှိရင် စားပြီးလို့ အိမ်ရောက်မှပဲ ပြောကြတာပေါ့…”
“ အိုကေ…”
“ ငါ မင်းတို့ကို လိပ်စာပို့ပေးလိုက်မယ်… အဲ့ဒီ အတိုင်း မောင်းလာခဲ့လိုက်…”
ကော်နင်ယွဲ့သည် လင်းရီ ပို့လာသည့် တည်နေရာကို ကြည့်ရင်း “ ကိုကြီး… ညီမ မှတ်မိတာ မှန်မယ်ဆိုရင် ဒီနေရာက ချင်းဟန်ရဲ့ ဘာဘီကျူးဆိုင်မလား…”
“ မင်း မှတ်မိတယ်ပေါ့….”
“ တစ်တော့မှာ ခဏခဏ မြင်နေရတာကိုး… ညီမ ကြားမိတာတော့ နေ့တိုင်း နီးပါးက လူအပြည့်ပဲတဲ့… အင်တာနက် ဆယ်လီ တော်တော်များများက အဲ့ဒီ နေရာသွားပြီး ပိုက်ဆံဖြုန်းတတ်ကြတယ်… သူတို့ သွားစားချင်တယ်ဆိုရင် သုံးလေးရက်လောက် ကြိုပြီးမှလည်း ဘွတ်ကင် ယူရသေးတယ်…”
“ ခုလေးတင် အဲ့ကောင် ဖုန်းဆက်ပြီး ဖိတ်လာတာဆိုတော့ ငါတို့အတွက် အခန်းက အဆင်သင့် ပြင်ထားပေးပြီးသား… အဲ့ ကိစ္စ စိတ်ပူနေစရာ မလိုဘူး…”
ကော်နင်ယွဲ့နှင့် ချွီရွှမ့်ဟော်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။
နာမည်ကျော် ချင်းဟန်က တကယ်ပဲ အစ်ကိုကြီးကို ထမင်းစားဖို့ ဖိတ်တယ်ပေါ့…
သာမန်လူသာဆိုရင် ဒီလိုမျိုး အလေးပေးခံရမှာ မဟုတ်လောက်ဘူး…
“ ဒါဆိုလည်း အမြန်သွားကြစို့လေ… ညီမ ရောက်ဖူးချင်နေတာ ကြာပြီ… ဒီနေ့တော့ အခွင့်အရေးရပြီ…”
စိတ်ဆုံးဖြတ်ပြီးသည့်နောက် လေးယောက်စလုံး ကိုယ်စီ ကားများထဲသို့ ဝင်ကာ ချင်းဟန်၏ ဘာဘီကျူးဆိုင်ထဲသို့ ဦးတည်လာခဲ့ကြသည်။
ထုံးစံအတိုင်းပဲ ချင်းဟန်ရဲ့ ဆိုင်ကတော့ လူမပြတ် စည်ကားလို့နေပြီး အဝင်ဝတွင်လည်း ဇိမ်ခံကားမျိုးစုံ ထိုးရပ်ထားသည်။ ပါကင် နေရာတွင် နှစ်နေရာ လွတ်နေသည်ကို လင်းရီ သတိပြုမိလိုက်၏။
အခြား ကားနှစ်စင်းကို လင်းရီ တစ်ချက်ရှိုးလိုက်ပြီး ကောင်းကျုံးယွမ် ရောက်မလာသေးဟု လင်းရီ ခန့်မှန်းလိုက်သည်။
ကားပါကင် ထိုးပြီးနောက် သူတို့ လေးယောက်စလုံးသည် ဆိုင်ထဲသို့ ဝင်လာခဲ့ပြီး သီးသန့်ခန်းရှေ့သို့ ရောက်လာခဲ့ကြ၏။
********
အခန်း ၃၀၃ထဲတွင် ။
ချင်းဟန်နှင့် လျန်ကျင်းမင်တို့ နှစ်ဦး ဆိုဖာပေါ်တွင် ထိုင်နေကြသည်။ သူတို့ အနားတွင်တော့ ဆက်ဆီ ဆန်ဆန် ဝတ်စားဆင်ယင်ထားသည့် အင်တာနက် ဆယ်လီများနှင့် မော်ဒယ်လ်တို့က ဆယ်ယောက်ကျော် ရှိနေကြ၏။
“ ဒီနေ့ရဲ့ စံချိန်စံနှုန်းတွေက တခြား ပုံမှန် နေ့တွေထက် ပိုမြင့်တယ်… လင်းကြီးသာ ရောက်လာလို့ကတော့ အဲ့ကောင် စိတ်ထိန်းနိုင်မှာ မဟုတ်လောက်ဘူး…”
လျန်ကျင်းမင် စီးကရက် မီးညှိလိုက်သည်။ “ ဒီလို ထိပ်တန်း မိန်းကလေးတွေ အများကြီးရဖို့ကို ငါ့ဘက်က တော်တော်ကြီး အားစိုက်ထုတ်ထားရတာ အစ်ကိုကြီးလင်းက သေချာပေါက် ပျော်သွားမှာပဲ… ကောင်းကြီးကတော့ ဒီနေ့ မလာလိုက်ရလို့ ကြိတ်ငိုနေလောက်ပြီ…”
ချင်းဟန် ရယ်မောလိုက်ပြီး တစ်ဒါဇင်ကျော်သည့် မိန်းကလေးများကို ကြည့်၍ “ အလှလေးတို့... အားလုံးပဲ သေချာအာရုံစိုက်ပြီး နားထောင်မယ်… မစ္စတာလင်း ရောက်လာတဲ့ အချိန်ကျရင် ကောင်းကောင်းမွန်မွန် ပြုမူဖို့ သတိရကြ… သူ ကျေနပ်လို့ မုန့်ဖိုးပေးရင် မင်းတို့ တစ်ဘဝလုံး သက်တောင့်သက်သာ ထိုင်ဖြုန်းနေလို့ ရပြီ… “
“ ဒါပေါ့ သခင်လေးချင်းရဲ့… ကျွန်မတို့ သေချာကြိုးစားမှာပါ…”
ထိုသို့ ပြောပြီးနောက် ဆယ်ယောက်ကျော်သည့် ကောင်မလေးများကနေ အင်္ကျီကို ပို၍ ဟိုက်အောင် ပြုလုပ်လိုက်ကြပြီး ဝဝတုတ်တုတ် အသားစိုင်ကြီးများကို လှစ်ဟာပြလာကြသည်။
ချလပ်…
ထိုအချိန်မှာပဲ သီးသန့်ခန်း တံခါး ပွင့်လာခဲ့ပြီး လင်းရီ၊ ကျီချင်းရန် နှင့် နင်ယွဲ့တို့ စုံတွဲ အထဲသို့ ဝင်လာသည်။
မြှူဆွယ်ဖျားယောင်းသည့် အဝတ်အစားများနှင့် ကောင်မလေး ဒါဇင်ကျော်တို့သည် ချက်ချင်းဆိုသလို မတ်တပ်ရပ်ကာ ညှတုတု လေသံလေးများဖြင့် နှုတ်ခွန်းဆက်လိုက်ကြသည်။
“ သခင်လေးလင်းကို ကြိုဆိုပါတယ်…”
လင်းရီ မျက်နှာမည်းခနဲ ဖြစ်သွားခဲ့သည်။
ချင်းဟန် ၊ မင်း အဘွားပဲ…..