← Chapters

သူ(မ)က လင်းကတော်

Vol. 93 Ch. 1391

သူ(မ)က လင်းကတော်

Vol. 93 Ch. 1391

ဤအလှလေးများကို မြင်တော့ ကျီချင်းရန်၊ ကော်နင်ယွဲ့နှင့် ချွီရွှမ့်ဟော်တို့ ကြက်သေသေသွားခဲ့ကြ၏။

ကျီချင်းရန်ကို မြင်တော့ ချင်းဟန်နှင့် လျန်ကျင်းမင်တို့လည်း ကြက်သေသေသွားခဲ့ကြသည်။

လင်းကြီးက ဘာလို့ သူ့ကောင်မလေးကိုပါ ခေါ်လာခဲ့ရတာတုန်း….

“ သခင်လေးလင်း… ကျွန်မတို့ ခုလေးတင် သခင်လေးချင်းဆီကနေ ကြားပြီးတာ ရှင့်နောက် လိုက်နိုင်တဲ့ မိန်းကလေးတွေ အကုန်လုံးက ထိပ်တန်း အလှပဂေး တွေချည်းပဲတဲ့… စစချင်းတုန်းကတော့ မယုံပါဘူး… ဒါပေမယ့် ခုတော့ ယုံသွားပြီ…”

“ ဒီလို အရှိန်အဝါ၊ ဒီလို ကိုယ်လုံးကိုယ်ပေါက်၊ ဒီလို ခန္ဓာကိုယ်များ ရအောင် ဘယ်လိုများ လေ့ကျင့်ထားလဲ မသိဘူးနော်… မနာလိုလိုက်တာ…”

“ သခင်လေးလင်း… အထဲကို ကြွပြီး ဒီနားလာထိုင်လေ…. ဘာလို့ တံခါးဝနားမှာပဲ ရပ်နေရတာ… ဒီက ရှင့်အလာကို စောင့်နေတာ…”

ရဲတင်းသည့် ကောင်မလေး နှစ်ယောက်ကတော့ ရှေ့သို့ ထွက်လာပြီး လင်းရီ၏ လက်မောင်းကို တစ်ဖက် တစ်ချက်ဆီ ဆွဲကာ အတူသောက်ရန် ဟန်ပြင်သည်။

“ အဟွတ် အဟွတ်… ဥက္ကဌကျီလည်း လိုက်လာခဲ့တာလား…” ချင်းဟန် ချောင်းအခြောက် သုံးလေးကြိမ်ခန့် ဆိုးလိုက်ပြီး “ ဒါက ငါတို့ဆိုင်က ဝန်ဆောင်မှု အသစ်လေ… ဥက္ကဌကျီ ထင်နေသလိုမျိုး မဟုတ်ရပါဘူး…”

“ အဟမ်း… မင်းတို့ အားလုံး ထွက်သွားကြတော့… ငါတို့က ဒီတိုင်း ရှိူးပြနေကြတာ….” လျန်ကျင်းမင် ကိုးရို့ကားယား ဝင်ပြောသည်။

ကောင်မလေးများ အားလုံး ချင်းဟန်နှင့် လျန်ကျင်းမင်ကို နားဝေတိမ်တောင် ကြည့်လိုက်ကြသည်။

သူတို့ပဲ လင်းရီနဲ့ အတူသောက်ပေးဖို့ ဆိုပြီး ဒီဖိတ်လိုက်တာ မဟုတ်ဘူးလား..

ဘာလို့ ခု ချက်ချင်းကြီး ထွက်သွားခိုင်းနေရတာလဲ…

ပြီးတော့ သခင်လေးချင်းကလည်း ခုလေးတင် သခင်လေးလင်းနဲ့ ပါလာတဲ့ မိန်းကလေးကို ဥက္ကဌကျီဆိုပြီး ခေါ်လိုက်သေးတယ်… ဘာတွေ ဖြစ်နေတာလဲ….

“ သခင်လေးလျန်… ကျွန်မတို့ကို အသုံးမလိုတော့ဘူးလား…” ဆံပင်အရှည်နှင့် မော်ဒယ်လ်လေးကနေပြီး တိုးညှင်းစွာ မေးသည်။

လျန်ကျင်းမင် သွားကြားထဲကနေ အသံကို ညစ်ထုတ်၍ မသိမသာ ပြောလိုက်၏။

“ သခင်လေးလင်းရဲ့ သူဌေးမကြီးကိုယ်တိုင် ဒီရောက်နေတာလေ… သူ့နား ကပ်ပြီး မြှူဆွယ်လို့ သင့်မလား…”

“ အား…. ဒါဆိုလည်း ကျွန်မတို့ သွားတော့မယ်…”

ကျီချင်းရန်က လင်းရီ၏ အမျိုးသမီးဆိုတာကို သိလိုက်ရတော့ ကောင်မလေးများအားလုံး ချက်ချင်းဆိုသလို အသိဝင်လာခဲ့ကြသည်။

သူမ ဒီလောက်လှပြီး ကိုယ်လုံးကိုယ်ပေါက်လည်း ပြေပြစ်နေတာ မဆန်းတော့ပါဘူး… ဒါကြောင်မို့ သူတို့တွေ လိုက်မမှီဘူးဆိုပြီး ခံစားနေရတာ ဖြစ်မယ်…

လူ တစ်ဒါဇင်ကျော် အခန်းထဲကနေ ထွက်သွားခဲ့ကြ၏။ သို့သော် ကျီချင်းရန်မှာတော့ ထိုကြားကာလတွင် လင်းရီကို အကြိမ်ပေါင်းများစွာ စိုက်ကြည့်နေသည်။ မည်သည့် အဓိပ္ပာယ်နှင့်လဲဆိုတာတော့ သိရန် ခဲယဉ်းမည် မထင်။

“ ဒါ ငါနဲ့ ဘာမှမဆိုင်ဘူး… အဲ့ သူတောင်းစား နှစ်ကောင်က ငါ့ သိက္ခာကို လာဖျက်ဆီးနေတာ… ငါ တကယ်ကြီး ဘာမှ မလုပ်ဘူး…”

ကျီချင်းရန် တိတ်တိတ်လေး လင်းရီကို ဆွဲဆိတ်လိုက်သည်။

“ အိမ်ရောက်မှ နင်နဲ့ ရှင်းမယ်…”

ချင်းဟန်နှင့် လျန်ကျင်းမင်တို့ သူတို့ လေးယောက်ကို ထိုင်ရန် ကြိုဆိုလိုက်ကြပြီး အချင်းအချင်း မိတ်ဆက်လိုက်ကြ၏။ မကြာမီ တစ်ယောက်ကို တစ်ယောက် ရင်းနှီးသွားခဲ့ကြကာ သက်တောင့်သက်သာ ဖြစ်သွားခဲ့ကြ၏။

“ ယောက်ဖ… မင်းဒီနေ့ မင်း အစ်ကိုကြီးလင်းနား ကပ်မနေနဲ့…. ငါတို့လည်း ပြိုင်ပွဲဝင်ကြမှာ… အတူသွားကြစို့…” ချင်းဟန် ပြောလိုက်သည်။

“ အစ်ကိုချင်းလည်း ဒီနေ့ည ပြိုင်ပွဲမှာ ဝင်ပြိုင်မှာပဲလား…” ချွီရွှမ့်ဟော် မေးလိုက်သည်။

“ ငါတို့ကလပ်က စပွန်ဆာပေးတဲ့သူတွေထဲက တစ်ခုလေ… အဲ့တော့ သွားရမှာက သွားရမှာပဲ… အချိန်ကျလာရင် အတူသွားကြတာပေါ့…” ချင်းဟန် ပြောလိုက်သည်။

“ ဒါပေမယ့် တစ်သင်းတည်း မဟုတ်တာကတော့ နှမြောဖို့ ကောင်းတယ်….”

“ အရိုးသားဆုံး ပြောရရင် ကျွန်တော့်ရဲ့ စကေးတွေကလည်း သာမန်ပါပဲ… အပျော်သပ်သပ် ဝင်ပါရုံပါ…” ချွီရွှမ့်ဟော်ကနေပြီး ပြောလိုက်သည်။

“ ဝင်ပြိုင်ရတဲ့ အဓိက အကြောင်းအရင်းက ကျိုးဟိုင် နိုင်ငံတကာ ကားပြိုင်ပွဲကွင်းမှာ ကျင်းပမှာ မို့လို့… အဲ့ကို ရောက်ဖူးချင်နေတာ ကြာပြီ… အလကား ဂုန်းသွားဆင်းပြီး ပျော်လည်း ပျော်ရမယ်ဆိုတော့ အခွင့်အရေးပဲလေ… မဟုတ်ရင် ကိုယ့်ကိုယ်ကို လူရှေ့သူရှေ့ အရှက်ကွဲခံနေမှာ မဟုတ်ဘူး…”

“ အလကား ဂုန်းဆင်းတယ်ဆိုတာ ဘာစကားတုန်း… “ ချင်းဟန် ပြောလိုက်ပြီး “ ကျိုးဟိုင် နိုင်ငံတကာ ကားပြိုင်ပွဲကွင်းဆိုတာ မင်းရဲ့ ယောက်ဖ ပိုင်တာ… မင်း မိသားစုပိုင်ပဲ…. မင်း သွားချင်တဲ့ အချိန် သွားလို့ရတယ်…”

“ ဟင်… ကျိုးဟိုင် နိုင်ငံတကာ ကားပြိုင်ပွဲကွင်းက အစ်ကိုကြီးရဲ့ အပိုင်ပေါ့ ဟုတ်လား..” ချွီရွှမ့်ဟော် အံ့အားသင့်စွာဖြင့် မေးလာခဲ့သည်။

“ ဘာလုပ်ဖို့ လိမ်ရမှာလဲ…” ချင်းဟန် ပြောလိုက်ပြီး “ သူ့မှာ ပိုင်ဆိုင်မှုတွေက အများကြီး… ဆိပ်ကမ်းတွေရော၊ ကမ်းခြေတွေရော ချီးတဲ့မှ သူ့ရဲ့ ကိုယ်ရေး အချက်အလက်ထဲမှာ သောက်အဓိပ္ပာယ် မရှိတာတွေမှ အများကြီး… သူ့မှာ ရှိတဲ့ဟာတွေသာ တစ်ခုချင်း ကြွားပြီး ပြောမယ်ဆိုရင် တစ်နေ့နဲ့ တစ်ညတောင် ပြီးပါ့မလားပဲ…”

ချင်းဟန်၏ လင်းရီအပေါ် အကဲဖြတ်မှုကို မြင်တော့ ချွီရွှမ့်ဟော်သည် သူ့ ယောက်ဖက ကျိုးဟိုင်၏ ပြည်နယ် ဧကရာဇ်ဆိုတာကို နောက်ဆုံးတွင် ယုံကြည်သွားခဲ့သည်။ သူသည်က ပိရမစ် ထိပ်ဆုံး၌ ရပ်တည်နေသည့်လူပင်။

“ လင်းကော… မင်းမှာ မိုဒီဖိုင်း လုပ်ထားတဲ့ ကားတွေ အများကြီး ရှိတယ်မလား… အိမ်မှာ သိမ်းထားရတာ ဖုန်တက်နေလောက်ရောပေါ့.. ထုတ်မမောင်းဘူးဆိုရင် အင်ဂျင်တွေပါ သံချေးတက်ကုန်မယ်နော်…” လျန်ကျင်းမင် ပြောလိုက်ပြီး “ ဒီည သုံးလို့ရမယ့် အခွင့်အရေး ရှိတယ် ဆိုမှတော့ သွားပြီး နည်းနည်းလောက် ပျော်ကြရအောင်လား…”

“ ဒီလိုမျိုး အပျော်တမ်းပွဲတွေက ဂုဏ်ဒြပ်လည်း သိပ်ရှိတာ မဟုတ်ဘူး… ပြီးတော့ ကျွမ်းကျင်တဲ့ ထိပ်တန်း ကားမောင်းသမားတွေကလည်း မပါဘူး.. ငါ့ကားတွေကို ဖြုန်းတီးရာကျပါတယ်…” လင်းရီ ပြောလိုက်သည်။

“ နားလည်မှု မလွဲနဲ့… အဓိကက ငါတို့မှာ နိုင်မယ်ဆိုပြီး ယုံကြည်ချက် မရှိလို့… ပြီးတော့ ထိပ်တန်း ကားမောင်းသမားတွေ မရှိဘူးလို့လည်း အပြော မစောသေးနဲ့…” လျန်ကျင်းမင် ပြန်ပြောလိုက်ပြီး “ ငါကြားတာတော့ ယွီဟန်က NCF ပြိုင်ကားအသင်းကနေ အရည်အချင်း ရှိတဲ့ ဒရိုင်ဘာတွေ ခေါ်ထားတယ် ဆိုပဲ… သူတို့ရဲ့ စကေးတွေက ငါနဲ့ ချင်းကောထက်ကို သာတယ်… မင်းသာ ငါတို့ထဲ မဝင်ဘူးဆိုရင် သူတို့ကို အနိုင်ယူဖို့ ယုံကြည်ချက် ရှိမှာ မဟုတ်ဘူး… နောက်ဆုံး ငါတို့က အိမ်ရှင်ကွာ… ရှုံးသွားမယ်ဆို ငါတို့ရဲ့ ဂုဏ်သတင်းအပေါ် အများအပြား အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်နော်….”

“ ငါကြားထားတာတော့ အနားယူသွားတဲ့ professional racer တစ်ယောက်လည်း သူတို့ အသင်းထဲ ဝင်ထားတယ်ဆိုပဲ… ပြီးတော့ မနှစ်က ဒေသတွင်း ချန်ပီယံဖလားတောင်း ဆွတ်ခူးထားတဲ့သူ… ခုတော့ ဒီလို ပွဲလေးတွေ လိုက်ပြိုင်ရင်း ပိုက်ဆံရှာနေတာ ဆုငွေ ယွမ် ၁.၂ သန်းတောင် ပိုက်ထားပြီးပြီ… ငါတို့ရဲ့ ဆုကိုတော့ သူ့ကို အိမ်ပြန်သယ်သွားခိုင်းလို့ မဖြစ်ဘူးနော်…”

လက်ရှိ ရှိနေကြသူများအတွက် ၁.၂ သန်းဆိုသည်မှာ ရေပုန်းထဲက ရေတစ်စက်လောက်သာလျှင်ရှိသည်။ သူတို့ ကလပ်တွင် တစ်ညတာ ဖြုန်းဖို့ရန်ပင် မလောက်ငှချေ။

သို့သော် အဓိကကျသည်က ဂုဏ်သိက္ခာဖြစ်၏။ ဂုဏ်သိက္ခာဆိုသည်မှာ ပိုက်ဆံနှင့် မသက်ဆိုင်ချေ။ ထို့ကြောင့် မည်သူကမျှ မရှုံးနိမ့်ချင်ကြပေ။

“ ဒါဆိုလည်း ကောင်းပြီလေ… မင်းတို့ ဘယ်အချိန်လည်း စမှာ…”

“ ည ရှစ်နာရီ…”

လင်းရီ နာရီကို ကြည့်လိုက်ပြီး “ ဒါဆို မကြာတော့ဘူးပဲ…”

“ ဒါကြောင့်မို့ အမြန်စားသောက်ဖို့ လိုနေတာပေါ့.. မဟုတ်ရင် နောက်ကျတော့မှာ…”

“ မင်းတို့ အရင် သွားနှင့်လိုက်ကြ… ငါ အိမ်ပြန်ပြီး ကား ရွေးလိုက်ဦးမယ်.. ပြီးမှ မင်းတို့ဆီ လာခဲ့မယ်…”

“ ဒါဆို အတည်ဖြစ်သွားပြီနော်…”

စားသောက်ပြီးသည့်နောက် အုပ်စုသည် ကိုယ်စီ လမ်းခွဲလိုက်ကြ၏။ လင်းရီနှင့် ကျန်သူများက ကျိုကျုံး ဗီလာသို့ ပြန်လာခဲ့ကြပြီး လျန်ကျင်းမင်နှင့် ချင်းဟန်တို့က ကျိုးဟိုင် နိုင်ငံတကာ ကားပြိုင်ပွဲကွင်းထံ ဦးတည်သွားခဲ့သည်။

ခမ်းနားကြီးကျယ်လှသည့် ကျိုကျုံးဗီလာကို ကြည့်ရင်း ကော်နင်ယွဲ့ အချိန်အတော်ကြာအောင် မှင်တက် ဆွံ့အနေမိသည်။

“ ကိုကြီး… နင် ဒီမှာ ယောင်းမနဲ့ အတူ နေတာလား…”

“ ငါမင်းကို အရင်ကလည်း ပြောဖူးရဲ့သားနဲ့..”

“ ဒါပေမယ့် ဒီမှာ ကိုးခုတောင် ရှိတာလေ… ဘယ်တစ်ခုက ကိုကြီးဥစ္စာလဲ…”

“ ကိုးခုလုံးက ငါ့ဟာတွေ…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် မင်း ယောင်းမနဲ့ ငါနဲ့က ဗီလာ နံပါတ်တစ်မှာပဲ နေတာ… ကျန်တာ အကုန် အလွတ်…”

“ နင်… နင် အရမ်း လူမဆန်တာပဲ…”

“ အချိန်ကျရင် နင့်ကိုကြီးကို တစ်လုံးပေးဖို့ ပြောလိုက်မယ်…” ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်သည်။

ကော်နင်ယွဲ့က မင်္ဂလာ ဆောင်ရတော့မည်။ သမီးရှင်ဘက်က ဆွေမျိုး တစ်ယောက်အနေနှင့် သဘောထား တစ်ချို့တော့ ပြသသင့်၏။

လက်ရှိ ကြွယ်ဝချမ်းသာမှုဖြင့် ဆိုပါက လင်းရီကို မဆိုထားနှင့်။ ကျီချင်းရန်ပင် ဗီလာတစ်လုံး လက်ဆောင်ပေးလိုက်ဖို့ ၀န်မလေးချေ။

“ ဟီးဟီး… ဒါဆိုလည်း ကြိုပြီး ကျေးဇူးတင်ထားလိုက်မယ်နော် ယောင်းမလေး…”

“ မင်းကို ပေးမယ့်သူက ငါလေ… ဘာလို့ သူ့ကို ကျေးဇူးသွားတင်နေတာ…”

“ ကျစ်… ယောင်းမကြောင့်သာ မဟုတ်ရင် ကိုကြီးက အဲ့လောက် ရက်ရောမှာမို့တဲ့လား…”

လင်းရီ “….. “

ငါက အဲ့လောက်တောင် ဆိုးရွားနေတဲ့ အစ်ကိုလား…

အိမ်ကို ရောက်တော့ လင်းရီ သူ၏ မိုဒီဖိုင်း လုပ်ထားသည့် ကားများကို ထုတ်လာခဲ့သည်။ သာမန် စုဘာရူဟု ထင်ရသော်လည်းပဲ အထဲတွင်တော့ လုံးဝကို ထင်မှတ်မထားမည့် အရာများသာ သုံးထားသည်။

ကျီချင်းရန် ဤကားကို မြင်လိုက်သည့် အချိန်တိုင်း အတော်လေးကို အမြင်ကတ်မိ၏။

ကားသင်္ချိုင်းက ကျိုးပဲ့နေသည့် ထရပ်ကား အစုတ်ပင် ယခုကားထက် လှလိမ့်ဦးမည်ဟု သူမထင်သည်။

လင်းရီကတော့ သာမန်လူပြိန်းနှင့် ကျွမ်းကျင်သူတို့ကြား ကွာဟချက်ဟုသာ မှတ်ချက်ပေးလိုက်သည်။

ယခုကားကို မိုဒီဖိုင်း လုပ်ရန်အတွက် လင်းရီ စုစုပေါင်း ယွမ် ၈ သန်းကျော် အကုန်ကျ ခံထားရကာ သူ့ ဂိုဒေါင်ထဲရှိ ဘန်ထလေထက်ပင် ဈေးကြီးလေသည်။

အကယ်၍ ပရော်ဖက်ရှင်နယ် racer တို့ကသာ ဤကားကို မြင်မည်ဆိုပါက ကျိန်းသေပေါက်ကို သွားရေယိုကြလိမ့်မည်။

ချွီရွှမ့်ဟော်သည်လည်း ထိုအနက် တစ်ဦးဖြစ်၏။

“ အစ်ကို.. ဒီရဲ့ ကားကို ပြန်ပြင်ထားဖို့ဆို ယွမ် သန်းအနည်းငယ်တော့ ကုန်မှာ သေချာပေါက်ပဲ ဟုတ်တယ်မလား…”

“ ငါ မှတ်မိသလောက်တော့ ယွမ် ၈ သန်းကျော်လားပဲ…”

“ ဟင်…”

ကျီချင်းရန်နှင့် ကော်နင်ယွဲ့တို့ ကြက်သေသေသွားခဲ့ရလေသည်။

“ အဲ့လောက်တောင် များတယ်ပေါ့…”

“ အဲ့လောက်ပဲ…” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

ချွီရွှမ့်ဟော် ရယ်မောလိုက်၏။

“ ကျွန်တော့်ရဲ့ကား… မိုဒီဖိုင်း လုပ်ထားတဲ့ ကားတောင် အစ်ကို့ရဲ့ အင်ဂျင်လောက် တန်ကြေးရှိမှာ မဟုတ်ဘူး… ဒီကောင်ကြီးသာ ကားပြိုင်ပွဲကွင်းထဲ ယူသွားလိုက်လို့ကတော့ တစ်ကွင်းလုံးရဲ့ အကောင်းဆုံး ကားတစ်စင်း ဖြစ်လာလောက်တယ်…”

All Chapters