လမိုက်ညရဲ့ တိမ်မည်းများ
Vol. 21 Ch. 302
Child of light (ကျန်းကုန်း)
Volume 11: Chapter 10 - Sinister Clouds in the Dark of Night
“ညီနောင် ဆယ့်ရှစ်.. ပြဿနာ ရှိလို့လား..”
“အာ…. ဘာမှမဟုတ်ပါဘူး.. မှော်ပညာ လေ့လာတုန်းက အချိန်ကို တွေးမိလိုက်လို့ပါ.. အစပိုင်းတော့ အလင်းမှော်ပညာနဲ့ မတိုက်ခိုက်နိုင်ပေမယ့် အလယ်အလတ်အဆင့်ရောက်ရင်တော့ မိုက်သွားပြီ..”
“အရင်ကဆို အလင်းမှော်ပညာကို ဘယ်သူမှ စိတ်မဝင်စားပေမယ့် အခုတော့ မဟုတ်တော့ဘူးဟေ့.. အားလုံးက အလုအယက်ကို သင်ချင်နေကြတာ.. မှော်ပညာ အခြေခံ မရှိသေးသူတွေအကုန် အလင်းမှော် သင်နေကြပြီ..”
ကျုပ် အံ့ဩတကြီးနဲ့..
“ဘာလို့လဲ.. အလင်းမှော်ပညာနဲ့ဆို အဆင့်မြင့်နယ်ပယ်တွေ ရောက်ဖို့ အရမ်းခက်တာ.. အခု ငါ့တိုးတက်နှုန်းဆို မီးမှော်ပညာထက် အရမ်းနိမ့်တယ်..”
“ဒီကိစ္စပြောရမယ်ဆိုရင် နတ်ဘုရား တမန်တော်အကြောင်းက စပြောရလိမ့်မယ်။ နတ်ဘုရား တမန်တော်တွေက ဘယ်သူတွေဆိုတာ မင်းသိတယ်မို့လား.. ငါတို့ လူသား(၃)နိုင်ငံ၊ နတ်ဆိုးနဲ့ သားရဲမျိုးနွယ် တွေ ပြန်လည် ပေါင်းစည်း နိုင်ခဲ့တဲ့ သူရဲကောင်းပေါ့.. အစကတော့ မင်းတို့ အိုက်ရှားက လာတယ်လို့ ငါကြားတာ.. သူ့အလင်းမှော်ပညာက တော်တော် အံ့ဩဖို့ကောင်းတယ်.. သူက မှော်သခင်ကြီး အဆင့်ကျော်ပြီး မှော်ဘိုးဘေးအဆင့်နဲ့ ခြေတလှမ်းပဲ လိုတော့တယ်တဲ့.. အခုတော့ အိုက်ရှားက လူတိုင်း သူ့ကို ဂုဏ်ယူစရာလို့ သတ်မှတ်ထားကြတယ်..”
အဲလိုတွေ ရှိခဲ့တာလား။ ကျုပ် ဘာလို့များ မသိပါလိမ့်။ သူ့ချီးမွမ်းသံတွေကြားတော့ ကျုပ်တောင် တော်တော်လေး နေလို့ ကောင်းသွားတယ်။
“အဲ့လို ကောလဟလတွေတော့ ကြားနေရတာပဲ.. ဒါပေမယ့် သူက ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ အခွင့် အရေးရရင် သူ့ဆီက လမ်းညွှန်ချက် လိုချင်လိုက်တာကွာ..”
“ကောင်းပြီလေ.. ငါတို့တွေ အရှိန်မြှင့်လိုက်ရအောင်.. မဟုတ်ရင် အခုည နားစရာမရှိဖြစ်နေအုံးမယ်..”
ပြောပြီးတာနဲ့ ရှေ့ကို အရှိန်နဲ့ မောင်းထွက်သွားပါလေရော။ ကျုပ်လဲ အံ့ကြိတ်ပြီး နောက်က လိုက်ယုံကလွဲလို့ ဘာများ တတ်နိုင်အုံးမှာလဲ။
မြင်းစီးရတာ မပျော်တော့ဘူး။ နေ့တစ်ဝက်လောက် စီးပြီးတာနဲ့ တစ်ကိုယ်လုံး နာကျင်နေရောပဲ။ ကိုယ်ခံအား ကောင်းနေလို့ တော်သေးသာပေါ့။ ကောင်းကင်လဲ မှောင်သွားပြီ။ ကျုပ်ကို ညှာနေရတာဆိုတော့ မြို့ကို မရောက်လိုက်ဘူးလေ။
ခယ်အာလွင်တိ လမ်းဘေးက သစ်တောကို ညွှန်ပြရင်း..
“ဒီည ဟိုမှာ နားကြမယ်.. မနက်ဖြန်မှ ဆက်ကြတာပေါ့..”
သူ့ ငယ်သားတေါက..
“အရှင်.. အဲ့လိုသာဆို ကျုပ်တို့မှာ အချိန်မလောက်တော့ဘူး.. ချိန်းထားတဲ့နေရာကို အချိန်မရောက်နိုင်တော့ဘူး. ဘယ်လိုတွေးထားလဲ..”
ခယ်အာလွင်တိ လက်ကာပြရင်း..
“ဒါ အရေးမကြီးပါဘူး.. အေးဆေးပါ.. ညလဲနက်နေပြီ ငါလဲ နည်းနည်း ပင်ပန်းနေတယ်.. ဒီနေ့ ဒီမှာပဲ အနားယူလိုက်ကြရအောင်.. မနက်မှ အစောကြီးထပြီး ဆက်ထွက်ကြတာပေါ့..”
သူ့စကားကြားတော့ ကျုပ်စိတ်ထဲ တော်တော် နွေးသွားမိတယ်။ ဒီကောင် တော်တော် ဉာဏ်ကောင်းတာပဲ။ ခယ်အာလွင်တိဆိုတာ လူကောင်းတစ်ယောက် ဖြစ်တဲ့အပြင် မိတ်ဖွဲ့ရကျိုးလဲ နပ်ပါတယ်လေ။ ကျုပ်ကို ခေါ်ပြီး သူ့အဖွဲ့နဲ့အတူ တောထဲ ဝင်လာခဲ့လိုက်ကြတယ်။ မြင်တွေ ကြိုးချည်ပြီး နေရာနည်းနည်း ရှင်းလိုက်တယ်။ တစ်ချို့က မီးစမွှေးပြီး တစ်ချို့ကတော့ အသင့်ပါလာတဲ့ အိပ်ယာတွေ မြေပေါ်မှာ ခင်းနေကြတယ်။ အားလုံးက စနစ်ကျလုပ်နေကြတာဆိုတော့ ကောင်းကောင်း လေ့ကျင့်ပေးထားတာ သေချာတယ်။
အားလုံး ဝိုင်းပြီး စားကြ သောက်ကြတယ်။ ကောင်ကင်ကြီးလဲ လုံးဝ မှောင်မည်းသွားပြီ။ ခယ်အာလွင်တိရဲ့ ရိက္ခာဆိုပေမယ့် စားစရာ သောက်စရာတွေတော့ တော်တော်ကောင်းတာဗျ။ တည်းခိုခန်းမှာ သောက်ခဲ့ရတဲ့ ဝိုင်နဲ့ အတူတူပဲ။
“ငါ တပ်ထဲဝင်ကတည်းက ဒီဝိုင် အမြဲသောက်တာကွ။ အစပိုင်း ခါးပေမယ့် ပြီးမှ ချိုတဲ့ အရသာက ငါ့အသည်းဆွဲပဲ”
ဒီကောင် နည်းနည်း မူးနေပြီ။
ဝိုင်းပုလင်းကြီး ကိုင်ပြီး ပါးစပ်နဲ့ အပြည့် သောက်နေလေရဲ့..
“စစ်သည်တွေ ဝိုင်သောက်လို့ရလား။ သုံးနိုင်ငံ စစ်သည်တွေကို အရက်မသောက်ရဘူးလို့ တားမြစ်ထားတာ ကြားမိတယ်..”
ခယ်အာလွင်တိ ရယ်ရင်းနဲ့..
“ငါ မင်းထက် ပိုသိတာပေါ့ကွာ.. ဒါပေမယ့် ဒီဝိုင်က သိပ်မပြင်းပါဘူးကွာ။ အခု ငါ ခိုးသောက်နေတာ မဟုတ်ဘူးလား။ ငါ့လက်အောက်က ညီနောင်တွေလဲ ဒီဝိုင်ကို ကြိုက်တာဆိုတော့ ဘယ်သူမှ သွားတိုင်မှာ မဟုတ်ဘူးလေ”
ဒီကောင် ကျုပ်လက်ထဲက ပုလင်းပါယူပြီး ထပ်တောင် မော့သောက်လိုက်သေးတယ်။ ပါးနှစ်ဖက်တောင် နီရဲလာနေပြီ။ သူ့သူရဲကောင်း စိဝိညာဉ်တောင် တော်တော် သောက်ထားတာကြောင့် နည်းနည်းထိသွားပြီထင်တယ်။
ဒီခံစားချက်လဲ မဆိုးပါဘူးလေ။ မီးပုံရှေ့ ထိုင်ပြီး စားရသောက်ရတာ တော်တော် ကောင်းတာပဲ။ လေပြေတစ်ချက် တိုက်လိုက်တာ သစ်ရွက်တွေတောင် တဆတ်ဆတ် လှုပ်ခါသွားလေရဲ့။ အင်းဆက်ပိုးမွှားတွေရဲ့ တေးသံနဲ့ဆိုတော့ စိတ်အေးချမ်းမှုတစ်ခု ခံစားလိုက်ရပြန်ရော။
အားလုံး အိပ်ဖို့ပြင်တော့ အလှည့်ကျ ကင်းသမား (၄)ယောက်ပဲ ကျန်တော့တယ်။
ခယ်အာလွင်တိ ကျုပ်ဘေးနားမှာကပ်ပြီး ကြယ်တွေကိုကြည့်ရင်းနဲ့..
“ဆယ့်ရှစ်.. မင်း မြင်းစီးတာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ဘူးမို့လား..”
ကျုပ် ပြုံးရင်းနဲ့..
“မင်းမြင်တယ်ပေါ့.. ငါ ငယ်ငယ်ကလေးတည်းက (၂)ခါလောက် စီးဖူးသေးတယ်ဆိုတော့ အခုက ပထမဆုံးလို့ ပြောလို့ မရတော့ဘူးပေါ့..”
ကျုပ် ငယ်အကြောင်း ပြောရင်း အဝေးက အိုက်ရှားမြေမှာရှိတဲ့ မိဘတွေအကြောင်း ပြန်မတွေးမိဘဲကို မနေနိုင်တော့ဘူး။ သူတို့တွေ ဘယ်လိုများ နေကြမလဲမသိဘူး။ သူတို့အတွက်တော့ ကျုပ်ပျောက်နေတာ ကြာပြီလေ။ ဒါပေမယ့်လဲ ဖြေရှင်းရမှာတွေ အများကြီးရှိသေးတော့ ပြန်လို့မရနိုင်သေးဘူး။ ပြီးတော့ ကျုပ်ရုပ်ကြီးက ဒီလောက်ထိ ရုပ်ဆိုးနေပြီ။ သူတို့တွေ ကျုပ်ကို မှတ်မှ မှတ်မိပါအုံးမလားပဲ။
ခယ်လွင်သောင် ပြုံးရင်း..
“ငါ စစ်သားလုပ်လာတာ နှစ်တောင် တော်တော်ကြာနေပြီ… ဒီလောက်လေးမှ မမြင်နိုင်ရင် ဒီနှစ်တွေအတွင်း လေ့ကျင့်ထားခဲ့ရသမျှ အလဟသ ဖြစ်ကုန်မှာပေါ့.. မင်းမြင်းစီးတဲ့အချိန် ကိုယ်နေဟန်ကြည့်ပြီး ငါပြောနိုင်တယ်.. မင်းလဲ မဆိုးပါဘူးကွာ.. သာမန် မှော်ဆရာ တစ်ယောက်ဆိုရင် ပြုတ်ကျတာ ကြာပေါ့.. မြင်းစီးဖို့ဆိုတာ တစ်ရက် နှစ်ရက်နဲ့ သင်နိုင်တာမှ မဟုတ်တာ..”
ကျုပ် အတွေးတွေ နားလိုက်ပြီး..
“မင်း ဒီအတိုင်း ငါ့ကို ဆက်ခေါ်သွားမယ်ဆို မင်းအသွားနှုန်း တော်တော် ထိမှာပေါ့။ မင်း အရင်သွားနှင့်လိုက်လေ.. နောက် ပြန်ဆုံးနိုင်သေးတာကို..”
“ပြဿနာမရှိဘူး… အတူတူ စထွက်လာမှတော့ ခရီးဆုံးထိ အတူတူသွားကြတာပေါ့.. နည်းနည်း နှေးတာလဲ ကောင်းတာပါပဲ.. လောလောဆယ် လူသားမျိုးနွယ်၊ နတ်ဆိုးနဲ့ သားရဲမျိုးနွယ်တွေ အောင်အောင် မြင်မြင်နဲ့ ပေါင်းစည်းလိုက်ပြီ.. ပြီးတော့ နတ်ဘုရားတမန်တွေရဲ့ အဖွဲ့လဲရှိသေးတယ်.. ဘာပြဿနာမှ မဖြစ်လောက်ပါဘူး..”
မိစ္ဆာဘုရင် အမှောင်ထဲမှာ ကြံနေတာဆိုတော့ ယာယီငြိမ်းချမ်းနေတာ သိပ်ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး။ ပြန်ပေါ်လာရင် မျိုးနွယ်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီး စလာမှာ သေချာတယ်။
ပြောနေတုန်းပဲ ကောင်းကင်ကြီး မှောင်မည်းသွားတယ်။ ကြည်လင်နေတဲ့ ညကိုတောင် ဖုံးသွားသလိုပဲ။ ခယ်အာလွင်သောင်လဲ သတိထားမိသွားသလိုပဲ။
“ဟမ်.. မိုးရွာတော့မလို့လား.. မဖြစ်သေးပါဘူး.. ဒီမှာက အမိုးရှိတာမဟုတ်ဘူး… မိုးရွာရင် တော်တော် ကြောက်ဖို့ကောင်းမှာကွ..”
ကျုပ်ရင်ဘတ်ထဲက သန့်ရှင်းသောဓားရဲ့ စွမ်းအားတွေ ရုတ်တရက် တိုးလာတယ်။ ကျုပ် တစ်ကိုယ်လုံး တင်းတောင့်သွားတယ်။ အဲ့တိမ် ဘာလဲဆိုတာ ကျုပ်သိနေတယ်။ သန့်ရှင်းသောဓားရဲ့ သတိပေးချက်က ကျုပ်ကို ချက်ချင်း သတိရှိသွားစေတယ်။ ကျုပ် အလေးအနက်နဲ့..
“ခယ်အာ… မကောင်းတော့ဘူး… တိမ်က မူမမှန်ဘူး.. အမြန် သတိနဲ့ နေကြ.. ဒီပတ်ဝန်းကျင် မူမမှန်တော့ဘူး..”
============= (*^*)=============
အပိုင်း( ၃၀၃ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား