← Chapters

အကူအညီလိုပြီ

Vol. 21 Ch. 304

အကူအညီလိုပြီ

Vol. 21 Ch. 304

Child of light (ကျန်းကုန်း)

Volume 11: Chapter 12 - Desperate Situation

ကျုပ် ညီအစ်ကိုတွေ အထောက်အပံ့မရှိတော့ ဒီတစ်ကြိမ် မိစ္ဆာတွေနဲ့ တိုက်ခိုက်ရတာ နတ်ဘုရားကာကွယ်ရေး အဖွဲ့နဲ့ ကွာခြားတာပေါ့။ ပြီးတော့ ကျုပ်က အခုလက်ရှိ အပြင်ဘက်ကနေ အတွင်းဘက်ကို တိုက်နေရတာ။ ဟိုတုန်းကတော့ ကျုပ်မှာ လူအင်အားများတော့ သန့်ရှင်းသောဓားရဲ့ စွမ်းအားကို လွတ်လွတ်လပ်လပ် သုံးနိုင်တယ်လေ။ ဒါပေမယ့် အခု မိစ္ဆာတွေ ဆက်တိုက် ထွက်လာနေတာဆိုတော့ မတတ်နိုင်တော့ဘူး။ ဒီကောင် တွေကို တိုက်ခိုက်ဖို့ သန့်ရှင်းသောဓား စွမ်းအားကို စုစည်းနေဖို့ အချိန် မရတော့ဘူး။

“ဖရိုဖရဲ လေဟာနယ်တွင်းကြီး.”

ကျုပ် လေဟာနယ် မှော်ပညာ သုံးပစ်လိုက်တယ်။ လေဟာနယ်တွေ အက်ကွဲပြီး အက်ကွဲကြောင်းတွေ ပေါ်လာလို့ မိစ္ဆာတွေ ရာနဲ့ချီ စုပ်ယူချေမှုန်းပစ်လိုက်တယ်။

ဖရိုဖရဲ လေဟာနယ်တွင်း ကြီးဖန်တီး တိုက်ခိုက်လိုက်တော့မှပဲ အနားရပြီး နည်းနည်း လျော့သွားတဲ့ ကျုပ်စွမ်းအားတွေ ပြန်ရသွားတော့တယ်။ ကျုပ် ပေါင်းစပ်စွမ်းအားတွေ ပြန်ရဖို့ မြန်တယ်ဆိုပေမယ့် နားဖို့ အချိန်မရှိဘူးလေ။

ရုတ်တရက် ကျုပ်အောက်က မြေပြင်က ပြင်းပြင်းထန်ထန် တုန်ခါလာတယ်။ မှော်ပညာ သုံးဖို့ အချိန်မရတော့ အမြန်ခုန်ရှောင်ယုံပဲ တတ်နိုင်တော့တယ်။ စောစောက ကျုပ်ရပ်ခဲ့တဲ့ နေရာကနေ ပင့်ကူကြီး တစ်ကောင် ပေါ်လာတယ်။ (၃)မီတာလောက်တောင် ရှည်တာပဲ။ ပင့်ကူ ဘိုးဘေးကြီးများလား မသိဘူး။ မျက်လုံး နီရဲရဲကြီးတွေနဲ့ ကျုပ်ကို စိုက်ကြည့်နေလေရဲ့။ ပါးစပ်ထဲကနေ အစိမ်းရောင် အမျှင်တစ်ခု ကျုပ်ဆီရောက်လာတယ်။

အခု ကျုပ်ခန္ဓာကိုယ်ထဲက စွမ်းအားတွေ ပြန်ကောင်းလာနေပြီလေ။ သူ့တိုက်ကွက်ကို တည်နေရာ ရွှေ့လိုက်ယုံနဲ့ ရှောင်နိုင်တာပေါ့။ ရှောင်ပြီးတာနဲ့ စုက္ကရေးနဲ့ အလင်းဓားကြီးတစ်ခု ဖန်တီးပြီး ခုတ်ချလိုက်တယ်။ အပေါ်စီးကနေ ခုတ်ချပစ်လိုက်တာ ပေါက်ကွဲသံကြီးနဲ့အတူ ပင့်ကူကြီး ယမ်းပေါက်ကွဲသလို ကွဲပြီး မြေပြင်ပေါ်မှာ မြောင်းနက်ကြီး တစ်ခုပဲ ကျန်တော့တယ်။

ကျုပ် ပင့်ကူကို ချေမှုန်းနေတုန်း တွင်းထဲကနေ မိစ္ဆာတွေ အများကြီး ထွက်လာနေတယ်။ ခယ်အာလွင်တိတို့လဲ တိုက်ခိုက်နေ တာကြောင့် အဲ့ကောင်တွေ ကျုပ်တစ်ယောက်ထဲကို ဝိုင်းတိုက်လို့ မရတော့ဘူး။ အခုတော့ လူ အယောက်(၂၀)လုံး တိုက်ပွဲထဲ ရောက်သွားပြီလေ။ ခယ်အာလွင်တိနဲ့ သူ့လူ (၁၈)ယောက် တိုက်ပွဲအတွေ့အကြုံ ရင့်နေတာ သေချာတယ်။ မိစ္ဆာအုပ်စုနဲ့ ရင်ဆိုင်နေရတာတောင် ထိန်လန့်သွားတာ၊ ဘာညာ မရှိဘဲ စက်ဝိုင်းပုံ ဗျူဟာအတိုင်း စနစ်တကျနဲ့ ရန်သူကို ရင်ဆိုင်နေကြတယ်။ သူတို့ တိုက်ပွဲစိတ်ဝိညာဉ်တွေ ဆက်တိုက် ထုတ်လွှတ်ရင်းနဲ့ဆိုတော့ သူတို့ကိုယ်သူတို့ အချိန်ခနတော့ ထိန်းထားနိုင်လောက်မှာပါ။

ကျုပ်ရင်ထဲမှာတော့ သန့်ရှင်းသောဓားရဲ့ စွမ်းအားတွေ စုစည်းဖို့ အချိန်နည်းနည်းလေးမှ မရလို့ ကြိတ်ငိုနေမိတာဗျ။ အခုဆို မိစ္ဆာတွေထဲက တစ်ချို့မှာ အတောင်ပံတွေပါ ပါနေတော့ စွမ်းအားတွေ စုစည်းဖို့ဆိုပြီး လေထဲပျံတက်လို့လဲ မဖြစ်နိုင်ဘူး။ ပတ်ပတ်လည်ကနေ ဝိုင်းတိုက်လာတာဆိုတော့ ကျုပ်မှာ ဖိအားတွေ တဖြည်းဖြည်း တိုးလာပြီ။ ဒီတွင်းပေါက်ကြီးကို ဖျက်စီးဖို့ သန့်ရှင်းသော ဓားရဲ့ စွမ်းအား စောစောမသုံးမိလိုက်တာ နောင်တရနေမိလိုက်တယ်။ နတ်ဘုရားကာကွယ်ရေးအဖွဲ့နယ်မြေနားမှာ ဖျက်စီးလိုက်တဲ့ တွင်းပေါက်ကြီးလောက် မကြီးပေမယ့် မိစ္ဆာတွေ ထွက်လာတဲ့အရှိန် ပိုပို မြန်လာနေတယ်။ ဒီအတိုင်းသာဆို ကျုပ်စွမ်းအားတွေ သုံးလို့ ကုန်တာနဲ့ သေမင်းနဲ့ သွားတွေ့ရတော့မယ့် အဖြစ်။

အချိန်တွေသာ တဖြည်းဖြည်းကုန်သွားတယ် နည်းလမ်းလဲ စဉ်းစားလို့ကို မရနိုင်သေးဘူး။

ကိုယ်လွတ်ရုန်းပြေးဖို့ စဉ်းစားလိုက်ရင် လေဟာနယ် မှော်ပညာ သုံးလိုက်ယုံနဲ့ ကျုပ်လွတ်ဖို့ဆိုတာ ပြဿမရှိ ပေမယ့် ဘယ်လုပ်ရက်ပါ့မလဲ။ ခယ်အာလွင်တိနဲ့ ကျန်တဲ့သူတွေ ရှိသေးတယ်လေ။ ပြီးတော့ သူတို့တွေ ဒီနေရာမှာ မရှိဘူးဆိုရင်တောင် ကျုပ်ရှောင်ထွက်သွားပြီး ကမ္ဘာကြီးထိခိုက်သွားမယ့်ကိစ္စ မလုပ်နိင်ဘူးလေ။ ရှောင်ကျင်း၊ အစ်ကိုကြီးကျန်းဟူနဲ့ ကျန်တဲ့သူတွေ ဒီမှာ ရှိရင်ကောင်းမှာပဲ။ သူတို့ အကူအညီနဲ့သာဆို သန့်ရှင်းသောဓားရဲ့ စွမ်းအားကို ကောင်းကောင်း အသုံးချနိုင်မှာဗျ။ အများကြီး တွေးလိုက်မိပေမယ့် လက်တွေ့ အသုံးချနိုင်တာ မစဉ်းစားမိသေးဘူး။ အစကတော့ ကျုပ်စွမ်းအားတွေ မဆိုးဘူးလို့ ခံစားရပေမယ့် အခုလို အခြေအနေနဲ့ ကြုံလိုက်ရတော့ မလုံလောက်သေးဘူးဆိုတာ တွေ့လိုက်ရတယ်။ ဒါတောင် အခုတွေ့နေရတာက အတော်အတန် အားနည်းတဲ့ မိစ္ဆာတွေပဲရှိသေးတယ်။ ကျွမ်းကျင်အဆင့် မိစ္ဆာတွေသာ ပါလာမယ်ဆိုရင် ဒီနေ့ ကျုပ်သေဖို့များတယ်။ သန့်ရှင်းသော ဓားရဲ့ စွမ်းအား စုစည်းဖို့ အချိန်အလုံအလောက် ရအောင်ဆိုရင် ကျုပ်မှာ ဘယ်လိုမျိုး စိတ်ဝိညာဉ်အဆင့် ရောက်နေဖို့ လိုမလဲ။ ဒီမိစ္ဆာတွေဆိုတာ လူသားစစ်သည်တော်တွေ ခုခံနိုင်တဲ့ဟာ မှမဟုတ်တာ။ ဒါကိုက ကျုပ်အနေနဲ့ အလင်းနတ်ဘုရား အမွေဆက်ခံဖို့ မဖြစ်မနေ လိုအပ်နေပြီဆိုတဲ့ သက်သေပဲ။

မိစ္ဆာတွေ ပိုပို တိုးလာတာနဲ့အမျှ အားလဲ ပိုကောင်းလာကြတယ်။ ကျုပ်ကိုယ်ကျုပ် ထိန်းထားနိုင်ပေမယ့် ခယ်အာလွင်တိနဲ့ ကျန်တဲ့ ညီအစ်ကိုတွေ ဒဏ်ရာအသီးသီးနဲ့ ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်။ စစ်သည် (၂)ဦးဆို ဒဏ်ရာ အပြင်းအထန် ရသွားလို့ စက်ဝိုင်းဗျူဟာ အတွင်းထဲမှာ ဘေးကင်းအောင် ခနထား ထားရတယ်။ ဒါပေမယ့် ဖိအားကြောင့် တော်တော်ကို ခက်ခက်ခဲခဲ ရင်ဆိုင်နေကြရပြီး ပိုပိုဆိုးလာနေပြီ။ ခယ်အာလွင်တိ သတိလွတ်သွားတဲ့အချိန် မိစ္ဆာတစ်ကောင်က သူ့ပုခုံးကို ကုတ်ဆွဲသွားနိုင်လိုက်တယ်။ ဒဏ်ရာက သွေးတွေနဲ့ သူ့တစ်ကိုယ်လုံး ရွှဲသွားပါလေရော။ နာကျင်မှုကို ခါးခါးသီးသီး အံကြိတ်ခံရင်း အနီရောင် တိုက်ပွဲစိတ်ဝိညာဉ် လွှတ်ထုတ်ရင်း ဆက်တိုက် ခုခံ တိုက်ခိုက်နေတုန်းပဲ။

ဒီလောက် ရေကြီးနေတာ မြင်လိုက်ရတဲ့အခိုက်အတန့် အစီအစဉ်ကောင်းတစ်ခု မစဉ်းစားနိုင်ရင် အားလုံး စမုံတုန်းတော့မှာ။

အိုက်ရှား တော်ဝင်နန်းတော်ထဲမှာတုန်းက အချိန်ကို ရုတ်တရက် တွေးလိုက်မိတယ်။ မူကျီ နတ်ဆိုးမျိုးနွယ်ဝင်တွေနဲ့ နန်းတော်ထဲကို ဝင်လာတုန်းက ဆရာကျန်းအကူအညီနဲ့ တာမြစ်အလင်းမန္တန် သုံးခဲ့ဖူးတယ်လေ။ ကျုပ်ရဲ့ လက်ရှိ ပေါင်းစပ်စွမ်းအားတွေနဲ့ဆို တားမြစ်မန္တန်ကို ကိုယ့်ဟာကိုယ် သုံးနိုင်လောက်တယ်။ ‘ထာဝရ ပြန်လည်ရှင်သန်ခြင်း အလင်းတန်း’ ကိုသာ ခနလောက် ထိန်းထားနိုင်မယ်ဆိုရင် သန့်ရှင်းသောဓားရဲ့ စွမ်းအား စုစည်းဖို့ အချိန်ရသွားမယ်။ ဒါမှပဲ အပြတ်ရှင်းဖို့ အခွင့်အရေး ရတော့မှာ။ ဒီမန္တန်ရဲ့ အကျိုးနဲ့ ရန်သူကို သတ်နိုင်ယုံတင်မဟုတ်ဘူး ကိုယ့်လူတွေကိုလဲ ပြန်ကုပေးနိုင်မှာလေ။

ဒါ ကျုပ်လုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပဲ။ တားမြစ်မန္တန်သုံးပြီးသွားရင် ကျုပ်မှာ ခွန်အား နည်းနည်း ကျန်ဖို့တော့ မျှော်လင့်ရတာပဲ။ ကျုပ် တုန့်ဆိုင်းမနေတော့ဘဲ အံတင်းတင်းကြိတ်လိုက်တယ်။ ပြီးတော့ ဝမ်းခေါင်းသံကြီးနဲ့..

“အို လင်းရောင်ခြည်.. သင်ဟာ ကန့်သတ်မဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားတယ်.. အမှောင်ဆိုတာ သင့်ရှေ့မှာ ဘာမှကို မဟုတ်တာ.. မိုးကုတ်စက်ဝိုင်းတစ်လျှောက် စီးမျောနေတဲ့ ထာဝရအလင်းတွေ ဤလောကကို ဆင်းသက်လာပြီး နာကျင်မှုတွေ အားလုံး ငြိမ်းသတ်ဖို့အလို့ငှာ ပြန်လည်ကုသရေး အလင်းရောင်တွေ ပေးလိုက်စမ်းပါ.. ထာဝရ ပြန်လည်ကုသရေး လင်းရောင်ခြည်”

ပတ်ဝန်းကျင်က အလင်းဓာတ်တွေ ကျုပ်ပတ်ပတ်လည်မှာ စုစည်းလာလိုက်တာကြောင့် ကျုပ်တစ်ကိုယ်လုံး အက်ကွဲသွားသလိုပဲ။ ရွှေအမြူတေ(၃)ခုက ဒန်တျန်ထဲကနေ ကျုပ်ကျောပြင် အပြင်ဘက်ထိ ထွက်သွားပြီး ဆဋ္ဌဂံပုံ ဝင်္ကပါကြီးတစ်ခု ပေါ်လာတယ်။ လေထုထဲက အလင်းဒြပ်တွေတောင် တုန်ခါသွားတယ်။ နတ်ဘုရား အလင်းတွေလဲ ကျုပ်ခန္ဓာကိုယ်ထဲက ထွက်လာပြီ။ ကျုပ်ခန္ဓာကိုယ်ထဲက မှော်စွမ်းအားတွေလဲ အမြန်နှုန်းနဲ့ ထိုးထွက်နေလိုက်တာ ကျုပ်ရင်ထဲမှာ ပင်ပန်းမှုတွေ ခံစားလိုက်ရတယ်။ ဒီတားမြစ် မန္တန်သုံးပြီးရင် သန့်ရှင်းသော ဓားရဲ့ စွမ်းအားတွေ စုစည်းဖို့ ခွန်အား လုံလုံလောက်လောက် ကျန်မကျန် မသေချာတော့ ကျုပ်ရင်ထဲ ကြိတ်ငိုလိုက်မိတော့တယ်။

============= (*^*)=============

အပိုင်း( ၃၀၅ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters