← Chapters

နောက်တစ်ကြိမ် တားမြစ်မန္တန် သုံးခြင်း

Vol. 21 Ch. 305

နောက်တစ်ကြိမ် တားမြစ်မန္တန် သုံးခြင်း

Vol. 21 Ch. 305

Child of light (ကျန်းကုန်း)

Volume 11: Chapter 13 - Casting Another Forbidden Spell

စွမ်းအားတွေ တဖြည်းဖြည်း အားကောင်းလာပြီး ကျုပ်လက်တွေ အလိုလို အပေါ်မြှောက်လိုက်တယ်။ စုက္ကရေးကို ခန္ဓာကိုယ် ပတ်ပတ်လည် ဝှေ့ယမ်းရင်း စုက္ကရေးထိပ်မှာတပ်ထားတဲ့ အမြူတေကလဲ ကြည်လင်တောက်ပလာပြီး ထူးထူးခြားခြား တောက်ပလာတယ်။

သန့်ရှင်းသောဓားကို သုံးတုန်းကလိုပဲ ကျုပ်မျက်လုံးတွေ ရွှေရောင်ပြောင်းသွားတယ်။ ကျုပ်ကျောဘက်က ဆဋ္ဌဂံပုံက ပိုပို တောက်ပလာတယ်။ ဒါက အလင်းနတ်ဘုရား၊ တိုက်ပွဲနတ်ဘုရား မီကျားလီ ရဲ့ ပုံစံပေါ့။ ကြီးမား အားကောင်းလွန်းတဲ့ စွမ်းအားကြီးတစ်ခု ကျုပ်တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားတော့ သူ့ပုံသဏ္ဍာန် တဖြည်းဖြည်း ထင်ရှားလာတယ်။ စုက္ကရေး ထဲကို စွမ်းအားတွေ စုစည်းပြီးတာနဲ့ ကျုပ်မာန်သွင်း ဟိန်းဟောက်ရင်း ရွှေရောင် အလင်းတန်းတစ်ခု ကောင်းကင်ကို ပစ်လွှတ်လိုက်တော့တယ်။ အလင်းတန်းက မိစ္ဆာတိမ်တိုက်ထဲ ထိုးဖေါက်သွားတဲ့အချိန် အရာဝတ္ထု တစ်ခုခု ရှိနေသလိုပဲ။ ကျုပ်ပစ်လွှတ်လိုက်တဲ့ ရွှေရောင်အလင်းတန်းက မှောင်မိုက်နေတဲ့ ကောင်းကင်မှာ ကြည်လင်သွားပြီး၊ ကျုပ်ခန္ဓာကိုယ်ထဲက စွမ်းအား(၇၀)ရာခိုင်နှုန်းလောက် သုံးလိုက်ရတာဆိုတော့ ထူးထူးခြားခြားကို အားနည်းသွားသလို ခံစားလိုက်ရတယ်။ ဒါကြောင့် တားမြစ်မန္တန် ဖြစ်နေတာပဲလေ။

ကောင်းကင် မည်းမည်းကြီးကနေ ရုတ်တရက် တောက်ပလပြီး အမွှေးရနံ့တစ်ခု ပတ်ဝန်းကျင်တစ်ခွင် ရောက်လာတော့ ကျုပ်တောင် အာရုံစိုက်မှုတွေ ပိုကောင်းသွားတယ်။ ကောင်းကင်ပေါ်က သေခြင်း အငွေ့အသက်တွေ ပိုပိုပါးသွားပြီး ပတ်ဝန်းကျင်မှာရှိတဲ့ သတ္တဝါတွေလဲ နှေးကွေးလာတယ်။ ကျုပ်တစ်ပတ်လည်က သတ္တဝါတွေကို တွန်းထုတ်ပြီး နယ်မြေကျယ်ဖို့ အစွမ်းကုန် ကြိုးစားလိုက်တယ်။ မွှေးရနံ့ ပိုပိုပြင်းထန်လာပြီး နူးညံ့တဲ့ စွမ်းအားတစ်ခုက လူသားတွေကို မျှော်လင့်ချက်တွေ ပေးနေသလိုပဲ။

အလင်းမိုးဖွဲလေးတွေ ရွာလာတော့ ညတောင်မှ လင်းထိန်သွားတယ်။ အလင်းမိုး ဖွဲတွေ ကျုပ်ခန္ဓာကိုယ်ကို ထိပြီး ပျော်ဝင်သွားတယ်။ စွမ်းအား အလွန်အကျွံ သုံးမိလို့ ပျက်စီးသွားတဲ့ ကျုပ်ခန္ဓာကိုယ်ထဲက ကိုယ်ခံအား စနစ်တွေကို ပြန်ကုစားပေးနေယုံတင်မဟုတ်ဘူး၊ ခန္ဓာကိုယ်ထဲကို စွမ်းအားတွေ အဆက်မပြတ် ပြန်စုဆောင်း ပေးနေတယ်။

ကွင်းပြင်ရော ပတ်ဝန်းကျင်က သစ်တောတွေကိုရော ထာဝရ ပြန်လည်ကုစားရေး လင်းရောင်ခြည် က မီတာ(၁၀၀)လောက်ထိ ကန့်သတ်ထားတာဆိုတော့ ဒီနယ်မြေအတွင်း တားမြစ်မန္တန် စုရောက်သွားမှာပဲ။ အလင်းတန်းတွေ ပိုပို ပြင်းထန်လာပြီး အလင်းမိုးတွေ ပိုသည်းလာတယ်။ ကျုပ်တို့ နားက မိစ္ဆာတွေ တိုက်ခိုက်တာ ရပ်သွားပြီး ကောင်းကင်ပေါ်ကို တစ်ပုံစံတည်း ကြည့်ပြီး သန့်စင်လွန်းတဲ့ အလင်းစွမ်းအားတွေ အောက်မှာ အမှောင်စွမ်းအားနဲ့ ကောင်တွေ တဖြည်းဖြည်း အငွေ့ပျံသွားကြရော။ တစ်ကောင်ပြီး တစ်ကောင် ပျောက်သွားကြတယ်။ ဒါပေမယ့် မိစ္ဆာတွေ နာကျင်တဲ့ ပုံမပြဘဲ သက်သာရာ ရသွားသလိုပဲ။ ဘာကြောင့်ပါလိမ့်။ အလင်းမိုးတွေလဲ ရပ်တန့်ဖို့ မရည်ရွယ်ဘဲ ဖွဲဖွဲလေး ဆက်တိုက် ရွာချနေတယ်။ ဘယ်လောက် ကြာကြာခံမယ် မသိပေမယ့် ထာဝရပြန်လည် ကုစားရေး လင်းရောင်ခြည်နဲ့ တွင်းထဲက မိစ္ဆာတွေအကုန် မချေမှုန်းနိုင်တော့တာ သတိမထားမိရင် အခွင့်အရေးဆုံးရှုံးသွားမှာ သေချာတယ်။

ခယ်အာလွင်တိနဲ့ သူ့လူတွေကို ကာကွယ်ဖို့ ကျုပ် တည်နေရာ ရွှေ့ပြောင်းလိုက်တယ်။ ဒဏ်ရာ ရနေတဲ့ သူတွေလဲ ပြန်ကုပေးလိုက်တော့ စွမ်းအားတွေ ပြန်ကောင်းလာလို့ ပြန်ဟုတ်လာကြပြီ။ ကျုပ် အလေးအနက်နဲ့..

“ခယ်အာ ခနလေး ကာကွယ်ပေး.. အားလုံးကို ငါချက်ချင်း ရှင်းပစ်မယ်…”

ကျုပ်စကားသံက တွေဝေနေတဲ့ ခယ်အာလွင်တိကို လှုပ်နှိုးလိုက်သလိုပဲ။ သူ ကျုပ်ကို လေးလေးစားစားနဲ့ ကြည့်နေတယ်။ ခေါင်းညိတ်ပြန်ညိတ်ပြပြီး စုက္ကရေးကို ကျောမှာထားလိုက်တယ်။ ပြီးတော့ မြေပြင်ပေါ်မှာ ဝင်္ကပါပုံတွေ ချက်ချင်းချဆွဲလိုက်တယ်။ ရှုတ်ထွေးပွေလီတဲ့ ဝင်္ကပါသင်္ကေတတွေ ခပ်မြန်မြန် ပေါ်လာနေတယ်။ အလယ်တန်းစား ခံစစ်မှော်ဝင်္ကပါတစ်ခု မျဉ်းတွေမှာ ပေါ်လာတယ်။ ဒါက သုံးလိုက်တဲ့သူရဲ့ စွမ်းအားတွေကို အမြန်ဆုံးတိုးပေးနိုင်တဲ့ အထောက်အကူပြ ဝင်္ကပါတစ်ခုလေ။ ဒါပေမယ့် ဆိုးကျိုးတစ်ခု ရှိသေးတယ်။ ဒြပ်စင်တွေကို စုစည်းတဲ့နေရာမှာတော့ စနစ်တကျမရှိဘူးဗျ။ ဒြပ်စင်တစ်မျိုးတည်း သီးသန့် စုပ်ယူတာ မဟုတ်တော့ ထိန်းချုပ်ဖို့ နည်းနည်းခက်လိမ့်မယ်။ ရည်မှန်းချက် အောင်မြင်ဖို့တော့ သူ့ပဲ အသုံးချဖို့ ရှိတော့တာကိုး။ ဒါကိုသုံးပြီးရင် ကျုပ် ကျင့်ကြံမှု သိသိသာသာ ထိုးကျသွားမှာဆိုပေမယ့် အများကြီး စဉ်းစားနေချိန် မရှိဘူး။ ဘာပဲဖြစ်ဖြစ် ကျုပ် ကျင့်ကြံမှု ကျသွားမယ်ဆိုတာကိုက ဝင်္ကပါအတွက် ပေးဆပ်ရမယ့်ဟာဆိုတော့ ကျုပ် ထိန်းချုပ်နိုင်မှာမှ မဟုတ်တာ။

အသက်ပြင်းပြင်းရှူပြီး ဝင်္ကပါမျဉ်းတွေအတိုင်း မျောလွင့်နေလိုက်တယ်။ မျက်လုံးနှစ်ဖက် ပိတ်ထားပြီး ခန္ဓာကိုယ်ထဲက ပေါင်းစပ်စွမ်းအားတွေကို ထိန်းညှိလိုက်တယ်။ မှော်ဝင်္ကပါကနေ အဆက်မပြတ် တောက်ပနေတဲ့ အလင်းတန်းတွေနဲ့အတူ ပြင်းထန်တဲ့ စွမ်းအားတွေ ထုတ်ပေးနေတယ်။ ပတ်ဝန်းကျင်မှာ မရေတွက်နိုင်တဲ့ မှော်ဒြပ်စင်တွေ ၊ အထူးသဖြင့် အလင်းမိုးစက်လေးတွေ ကျုပ်ကို ဗဟိုပြုပြီး အမြန်ဆုံး စုစည်းလာကြတယ်။ အလင်းမိုးဖွဲလေးတွေကြောင့် မြေပေါက သတ္တဝါတွေအကုန် ပျောက်သွားတဲ့အပြင် တွင်းထဲက ကောင်တွေလဲ လှုပ်ရှားမှု မရှိသေးဘူး။

ဒြပ်စင်လှိုင်းလုံးကြီးတွေ တစ်လုံးပြီးတစ်လုံး ကျုပ်ဆီ လိမ့်ဝင်လာတယ်။ အလင်းဒြပ်စင်တွေ အများစုဆိုပေမယ့် တခြားမရေမတွက်နိုင်တဲ့ ဒြပ်စင်တွေလဲ ပါနေတယ်လေ။ စွမ်းအားတွေ စုပ်ယူလိုက်တာနဲ့ ခေါင်းထဲမှာ ကြောက်စိတ်တွေဝင်လာပြီး နည်းနည်း သတိလွတ်သွားမိတယ်။ တကယ်လို့သာ သေခြင်းစွမ်းအားတွေကို ဖယ်ရှားပေးတဲ့ ထာဝရပြန်လည်ကုသရေး လင်းရောင်ခြည်သာမရှိရင် ဒီအထောက်အကူပြု ဝင်္ကပါက သေခြင်းစွမ်းအားတွေ ကျုပ်ခန္ဓာကိုယ်ထဲ စုပ်ယူမိသွားမှာ သေချာတယ်။ အဲ့လိုသာဆို သန့်ရှင်းသော ဓားရဲ့ စွမ်းအားကို အသက်သွင်းနိုင်မှာ မဟုတ်သလို ကျုပ်ခန္ဓာကိုယ်ကလဲ ခံနိုင်မှာမဟုတ်ဘူး။ သေချာတာတော့ တူညီတဲ့ အမှားမျိုး ထပ်မကျူးလွန်နိုင်ပါဘူးဗျာ။ တော်တော်ကို အန္တရာယ်ကြီးမှာပဲ။ အတွေးကြောင့် ကျုပ်တစ်ကိုယ်လုံး ချွေးစေးတွေ ထွက်ကုန်ရော။

ကံကောင်းတာက ကျုပ်စမ်းသပ်လိုက်တာ အမှားမရှိဘဲ ကောင်းကောင်း အလုပ်ဖြစ်သွားတယ်။ မရေတွက်နိုင်တဲ့ စွမ်းအားတွေ ကျုပ်ခန္ဓာကိုယ်ထဲက စုပ်ယူသွားတယ်။ နည်းနည်း မှိန်သွားတဲ့ ရွှေအမြူတေ (၃)ခုလဲ ပြန်ပြီး ခိုင်မာတောက်ပလာတယ်။ ကောင်းကင် မြေပြင်တခွင်က စွမ်းအားတွေကနေ မွေးဖွားလာတဲ့ အလင်းဒြပ်စင်တွေကို မိတ်ဖက် တားမြစ်မန္တန်က တစ်ဝက်လောက် စုပ်ယူသွားတယ်လေ။ ခနလေးနဲ့ ကျုပ်ရဲ့ အထွတ်အထိပ် အခြေအနေကို ပြန်ရောက်သွားတယ်။ ဒီမှော်ဝင်္ကပါကိုသုံးတဲ့အတွက် ဘေးထွက်ဆိုးကျိုး မရှိနိုင်တော့တာ တွေ့လိုက်လို့ ဝမ်းသာလိုက်မိသေးတယ်။ ထာဝရပြန်လည်ကုစားလေး လင်းရောင်ခြည် နဲ့ ဒီဝင်္ကပါကို တွဲသုံးလိုက်တဲ့ အကျိုးဆက်က မဆိုးဘူးပဲ။

စွမ်းအားတွေ ဆက်တိုက် စုပ်ယူနေလိုက်တယ်။ အလင်းမိုးဖွဲလေးတွေ ကျနေတာနဲ့အမျှ မန္တန်ရဲ့ စွမ်းအား အားနည်းလာပြီ။ တားမြစ်မန္တန်ရဲ့ အစွမ်းတွေ ပျောက်ကွယ်သွားတာနဲ့အမျှ ကျုပ်ခန္ဓာကိုယ်ထဲက စွမ်းအားတွေ ရွှေရောင်ပြောင်းသွားပြီး အဆက်မပြတ်လည်ပတ်နေတဲ့ ရွှေအမြူတေ (၃)ခုကို ဝန်းရံနေလေရဲ့။ ကျုပ် ကျင်ကြံမှုတောင် တိုးသွားသလိုပဲ။ ကျုပ်ဆန္ဒရှိတဲ့အတိုင်း ပေါင်းစပ်စွမ်းအားတွေ ရင်ဘတ်ကို တိုးဝင်လာပြီး ငွေရောင် အလင်းဓားတစ်ခု ပေါ်လာတယ်။ ကျုပ် ယုံကြည်မှုတွေ အပြည့်နဲ့..

“နတ်ဘုရားဘုရင်ကိုယ်တိုင် ငါ့ကို သန့်ရှင်းသောဓားအပ်နှင်းထားတဲ့အတွက် ကောင်းကင်ဘုံထိ အရှိန်အဟုန်နဲ့ တောက်ပစေရမယ်ဟေ့…”

ကျုပ်ခန္ဓာကိုယ်ထဲက ပေါင်းစပ် စွမ်းအားတွေ သန့်ရှင်းသောဓားစွမ်းအားအဖြစ် အမြန်ဆုံး ပြောင်းလဲသွားတယ်။ စောစောက ပျောက်သွားတဲ့ အတောင်(၆)ခု ကျုပ်ကျောပြင်မှာ ပြန်ပေါ်လာပြီ။ ငွေရောင်ဓား ကျုပ်ခန္ဓာကိုယ်ကနေ ထွက်လာတဲ့အချိန် တစ်ကိုယ်လုံး တုန်ခါသွားတယ်။ သန့်ရှင်းသောဓားက ဖြည်းဖြည်း အရွယ်အစားကြီးလာပြီး ကျုပ်ရှေ့မှာ မျောလွင့်နေတယ်။ ရှေ့က စွမ်းအားတွေကို လုံးဝထိန်းချုပ်နိုင်တယ်လို့ ရှင်းရှင်းလင်းလင်း ခံစားမိနေတယ်ဗျ။

============= (*^*)=============

အပိုင်း( ၃၀၆ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters