← Chapters

စဉ်းလဲရက်စက်တဲ့ ကောင်မလေး

Vol. 21 Ch. 311

စဉ်းလဲရက်စက်တဲ့ ကောင်မလေး

Vol. 21 Ch. 311

Child of light (ကျန်းကုန်း)

Volume 11: Chapter 19 - Crafty and Unruly Girl

ကျုပ် ဝမ်းသာသွားမိတယ်။ ဦးတည်ချက် အကြမ်းမျဉ်းသိရတော့ ပိုလွယ်သွားတာပေါ့။

“ကျေးဇူးတင်ပါတယ်.. ငါအခု သွားတော့မယ်..”

စကားဆုံးတာနဲ့ တံခါးအပြင်ကို ထွက်ခဲ့လိုက်တယ်။ လူသန်ကြီး အံ့ဩပြီး စိုးရိမ်တကြီးနဲ့..

“မင်းနာမည် ငါ့ကို မပြောရသေးဘူးလေ..”

ကျုပ် သူ့ကို မျက်နှာဖုံးအောက်ကနေပဲ ပြုံးပြရင်း..

“မင်းရဲ့ လေဟာနယ် မှော်ပညာကိုပဲ သေချာလုံ့လရှိရှိ လေ့ကျင့်ပါ.. နောက်ဆို အသုံးဝင်လာလိမ့်မယ်.. ငါ့နာမည် ကျန်းကုန်းဝေ… နှုတ်ဆက်ခဲ့ပါတယ်..”

စကားဆုံးတာနဲ့ ကျုပ်ခန္ဓာကိုယ်ထဲက ပေါင်းစပ် စွမ်းအားတွေ ဖြန့်ကျက်ပြီး တည်နေရာရွှေ့ဖို့ မန္တန်ရွတ်လိုက်တာ လန့်နေတဲ့ လူသန်ကြီးကို ချန်ထားခဲ့ပြီး ချက်ချင်း ပျောက်သွားရော။

“ကျန်းကုန်းဝေ.. ကျန်းကုန်းဝေလား.. ဒီနာမည် အရမ်း ရင်းနှီးနေပါတယ်.. အာ.. နတ်ဘုရား တမန်တော် ကျန်းကုန်းဝေ..”

လူသန်ကြီးတော့ အော်ဟစ် နေလေရဲ့။

ငပိန်လေး ပြေးဝင်လာပြီး..

“အစ်ကိုကြီး.. ဘာပြဿနာရှိလို့လဲ..”

လူသန်ကြီး တုန်တုန်ရင်ရင်နဲ့..

“အစောကလူ.. အဲ့လူက နတ်ဘုရား တမန်တော် ကျန်းကုန်းဝေဟ..”

......*****......

ခံတပ် နံရံပေါ်ရောက်အောင် ခပ်မြန်မြန်ပဲ ဆက်တိုက် တည်နေရာရွှေ့ပြောင်းလိုက်တယ်။ နတ်ဆိုးမျိုးနွယ် ကုန်းမြင့်တစ်ခုမှာတဲ့လား။ အင်း.. အခုမှ ရှာရတာ လွယ်သွားတော့တယ်။ ကျုပ်လဲ စိတ်တွေလှုပ်ရှားပြီး တံခါးဝကို တည့်တည့် လျှောက်သွားလိုက်တယ်။ ဝင်ပေါက်ကတော့ ထုံးစံအတိုင်း ပိတ်ထားလေရဲ့။ ကျုပ် ဘယ်လို ထွက်လို့ရပါ့မလဲ။ ခရီးတို တည်နေရာရွှေ့ပြောင်းတာက ဒီနံရံ အထူကြီးကို ဖြတ်လို့မရဘူးလေ။ ကျုပ်မျက်နှာ ပြလို့မဖြစ်သေတဲ့ အခြေအနေမှာ ခံတပ်အစောင့်တွေကလဲ ကျုပ်အတွက်နဲ့ အပေါက်ဖွင့်ပေးမှာ မဟုတ်ဘူး။ အပြင်ထွက်ဖို့ နည်းနည်း ခက်လိမ့်မယ် ထင်တယ်။ မြို့ရိုးပေါ်မှာ မှော်စွမ်းအားတွေ အားမနည်းဘူးဗျ။ ပျံထွက်သွားလို့ကတော့ ငှက်တောင် လွတ်မှာ မဟုတ်ဘူး။

ခနလောက် စဉ်းစားလိုက်ပေမယ့် နည်းလမ်း မတွေ့သေးဘူး။ ကျုပ်လဲ အချိန်မဖြုန်းချင်ဘူး။ ခရီးတို ဝင်္ကပါတစ်ခု ခင်းဖို့ပဲ တတ်နိုင်တော့မယ် ထင်တယ်။

တွေးနေရင်းကနေ ပျက်စီးနေတဲ့ ဒေါင့်တနေရာတွေ့တော့ ခရီးတိုတည်နေရာရွှေ့ပြောင်း ဝင်္ကပါ စခင်းလိုက် တော့တယ်။ ကျုပ်စွမ်းအားနဲ့ဆိုတော့ ဝင်္ကပါခင်းတာ အချိန်မကြာလိုက်ဘူး။ တည်နေရာ အတည်ပြုပြီးတာနဲ့ ဝင်္ကပါအသက်သွင်းမလို့ လုပ်တုန်း အော်သံတစ်ခု ကြားလိုက်ရတယ်..

“မပြေးနဲ့.. နင်ဘာလုပ်နေတာလဲ..”

ကျုပ် အမှတ်တမဲ့ လန့်သွားတုန်း အနက်ရောင် အရိပ်တစ်ခု လှစ်ကနဲ ရောက်လာတယ်။ ဝတ်စုံနက်နဲ့ ကောင်မလေးကို စူးစိုက်ကြည့်လိုက်မိတယ်။ သူ့အရှိန် မြန်လွန်းတော့ ဆံပင်တွေ ကွယ်နေပြီး မျက်နှာတောင် သေချာမမြင်လိုက်ရဘူး။ ဒါပေမယ့် စွမ်းအင်နဲ့ ခန္ဓာကိုယ်အနေအထားအရ မိန်းကလေး တစ်ယောက်တော့ သေချာပါတယ်။

ကျုပ်မှင်တက်မိနေတုန်း သူက ကျုပ်နားရောက်နေပြီ။ အဲ့ဒါ ကျုပ်နောက်ဆုံးတော့ ကောင်မလေးကို မြင်လိုက်ရ ပြီပဲ။ ဆံနွယ်တွေ ပယ်သွားမှ သူ့မျက်နှာပေါ်မှာ စိုးရိမ်နေတဲ့ အငွေ့အသက်တွေ ပြည့်နေတယ်။ သူလဲ မိန်းမလှလေး တစ်ယောက်ပဲ။ သူ့အသက်လဲ ကျုပ်နဲ့ သိပ်မကွာလောက်ဘူး။ အသာဖြူဖြူနဲ့ မျက်လုံးထဲမှာတော့ အကြောက်တရားတွေနဲ့ ပြည့်နေတယ်။ သူ့နောက်မှာ စစ်သည်နှစ်ယောက်နဲ့။ ဒီကောင်တွေ စစ်စည်းကမ်း မလိုက်နာတာပဲ။ အားနွဲ့တဲ့ မိန်းမသားကို လိုက်ဖမ်းလို့မရဘူးလေ။ ဟူး.. ကျုပ် သူ့ကို ကူညီရတော့မယ် ထင်တယ်။

ကောင်မလေး ကျုပ်နားရောက်တာနဲ့ ဝင်္ကပါကို အမြန်ဖွင့်လိုက်တယ်။ အလင်းတန်း တစ်ချက်နဲ့အတူ ကျုပ်တို့ ပျောက်သွားတယ်။ လေဟာနယ် လှိုင်းလုံးကြီးထဲမှာ သူအန္တရာယ် ဖြစ်မှာစိုးလို့ သူ့ခါးနွဲ့နွဲ့လေးကို လှမ်းဖက်ပြီး သူ့ကိုကာကွယ်ဖို့ လုပ်လိုက်ပေမယ့် ကြောက်လန့် အော်ဟစ်နေလေရဲ့။

အလင်းတစ်ချက်နဲ့အတူ လျှပ်စီးခံတပ် အပြင်ဘက်က လွင်ပြင်ကို ကျုပ်မြင်လိုက်ရတယ်။ တည်နေရာရွှေ့ပြောင်း ဝင်္ကပါက (၃)ကီလိုမီတာ အကွာကိုဆိုတော့ လျှပ်စီးခံတပ်က ကျုပ်တို့နောက်မှာ ကျန်ခဲ့လိုက်ပြီ။ ကျုပ်တို့တွေ ဆက်တိုက် အောက်ကျနေတာဆိုတော့ ကျုပ်အံ့ဩမိသွားတယ်။ သတ်မှတ်လိုက်တဲ့ တည်နေရာက ကျုပ်တို့ကြောင့် ပေါ်လာတဲ့ ဧရာမ အပေါက်ကြီး တည့်တည့် ဖြစ်နေတယ်။ ကျုပ်ဖြင့် ထောင်ချောက်ထဲ ရောက်သွားသလိုပဲ။ ကျုပ် တစ်ချက်အော်ပြီး ခန္ဓာကိုယ်ထဲက စွမ်းအားတွေ စုဆောင်းလိုက်တယ်။ စုက္ကရေး ကိုင်ပြီး ပတ်ဝန်းကျင်က လေဒြပ်စင်တွေကို အတင်အကြပ်လှည့်ပတ်ပြီး ကျုပ်တို့ကို ပင့်တိုက်အောင်လုပ်ပြီး တွင်းဝပေါ် ပြန်ရောက်အောင် လုပ်လိုက်တော့တယ်။

မြေမာပေါ် ရောက်တော့ ကောင်မလေး အသံထါက်လာတယ်။

“ငါ့ကို လွှတ်တော့..”

ကျုပ်လက်က သူ့ခါးမှာဆိုတာ အခုမှ သတိထားမိပြီး အံ့ဩသွားတယ်။ ပြန်လွှတ်ရင်း ရှက်ပြုံးပြုံးပြီး ခြေနှစ်လမ်း လောက် နောက်ဆုတ်လိုက်တယ်။

ကောင်မလေး သူ့ရင်ဘတ်ပွတ်ရင်း စွတ်အော်နေတယ်။ သူလုပ်တာနဲ့ သူ့ရင်ဘတ်ပေါ်က တောင်ထွတ်(၂)ခု အသက်ရှူတိုင်း လှုပ်ခါနေလေရဲ့။ ရင်ထဲမှာတောင် အံ့အားတစ်ကြီးနဲ့ ရင်ဖိုသွားမိတယ်။ ကျုပ်မျက်နှာ ပူလာပြီး အကြည့်လွှဲလိုက်ရတော့တယ်။ မျက်နှာဖုံးကြောင့် ကျုပ်မျက်နှာ အမူအရာမပေါ်လို့ တော်သေးတယ်။

ခနကြာမှ ကောင်မလေးက..

“မင် ဘယ်သူလဲ..”

သူ့အသံက ပြတ်သား ကြည်လင် ချိုမြနေရောပဲ။

“ငါက နင့်ကို ကူညီခဲ့တဲ့ သူလေ.. ဒီကောင်တွေ နင့်ကို ဘာလို့ လိုက်ဖမ်းနေတာလဲ..”

ကောင်မလေး ထအော်ပြန်ရော..

“နင် ဘယ်လိုလုပ်လိုက်တာလဲ.. နင့်လုပ်ရပ်တွေ ကြပ်ကြပ်သတိထား.. အခု အဆင်ပြေတယ်ဆိုပေမယ့် ခံတပ်အပြင် ရောက်သွားပြီ.. ဘယ်လိုလုပ် ပြန်ဝင်ရတော့မှာလဲ..”

သူ့ကယ်လိုက်တာ ခနမှိန်းနေပြီး ကျုပ်ကို အပြစ်တင်နေပြန်ရော။ တော်တော် ယုတ္တိမတန်တာပဲ။ နုနုညံ့ညံ့နဲ့ မူကျီပဲ အကောင်းဆုံးဗျ။ ကျုပ် သူ့ကို ကယ်ပြီးပြီဆိုတော့ မေ့လိုက်တော့။ ဘာမှလဲ မျှော်လင့်ထားတာမှ မဟုတ်တာ။ ဒီနေရာက အမြန်ဆုံး ထွက်သွားမှရမယ်။ ခံတပ်နဲ့ အရမ်းနီးနေတာဆိုတော့ တော်ကြာ တွေ့သွားနိုင်တယ်။ တွေးမိတာနဲ့ တောင်ဘက် လှည့်လိုက်တော့တယ်။

ခြေလှမ်းနည်းနည်းပဲ လှမ်းရသေးတယ် ကောင်မလေး အသံထွက်လာတယ်..

“ဟေ့.. နင် ထွက်သွားတော့မလို့လား..”

ကျုပ် ပြန်လှည့်ပြီး မျက်မှောင်ကြုတ်ရင်း..

“ဘာဖြစ်ချင်နေသေးတာလဲ..”

“ခေါ်တုန်းက ခေါ်လာပြီး .. ငါ့ကို ပြန်ပို့ပေးသင့်တယ်လေ..”

သူ့စကား အကြောတင်းလွန်းတော့ ကျုပ်လဲ ဒေါကန်သွားပြီး..

“ထွက်တဲ့နည်းပဲ ငါသိတယ်။ ဝင်ဖို့ နည်းလမ်း ကိုယ့်ဟာကိုယ် စဉ်းစားလိုက်တော့.. ဘာဖြစ်ဖြစ် နင်လဲ လူသားပဲလေ.. ခံတပ်ရှေ့သွား အော်နေရင် ရပြီကို..”

သူ့ကို ကယ်ခဲ့လိုက်တာတောင် ဒင်းက အကောင်းမြင်တာ မဟုတ်ဘူး။ ပြီးတော့ ကျုပ်ပြောတာ အမှန်ပဲလေ။ သူက လူသားဆိုတာ သေချာမှတော့ ခံတပ်ထဲဝင်ဖို့ ပြဿနာ မရှိလောက်ဘူး။

နတ်ဘုရားလက်မှိုင်ချ ချိုင့်ဝှမ်းက ဘယ်နေရာလောက်မယ်ဆိုတာ တွက်ရင်း ကျုပ်ရှေ့က မြေပြင်အနေအထား အကဲခတ်ရင်း ခပ်မြန်မြန်ပဲ ရှေ့ဆက်သွားလိုက်တော့တယ်။

“ဟေ့ .. ဟေ့.. မျက်နှာဖုံးနဲ့ ကောင် ရပ်စမ်း..”

ခြေသံတစ်ချက် ကြားပြီး ကောင်မလေး ကျုပ်ရှေ့ အမြန်ပြေးပြီး လက်ဆန့်တားနေတယ်။ သူ ကျုပ်ကို စိုက်ကြည့်ရင်း..

“ငါက မိန်းမသားလေ.. နင် ယောက်ျားမဟုတ်ဘူးလား... နင်ဘာလို့ လူကြီးလူကောင်းလို မနေနိုင်ရတာလဲ..”

ကျုပ်ကတော့ အေးအေးဆေးဆေးနဲ့ပဲ..

“လူကြီးလူကောင်း တစ်ယောက်လိုလား.. ဒါက ပြောတဲ့သူအပေါ်မှာ မူတည်တယ်.. ဒီလို ယုတ္တိမရှိတဲ့ မိန်းကလေး တစ်ယောက်အတွက် မလိုအပ်ဘူး ထင်တာပဲ.. အစောကတည်းက မင်းကို ငါမကယ်ခဲ့သင့်ဘူးထင်တယ်.. ဖယ်လိုက်ပါ… ငါ့ အရမ်း အရေးကြီးနေတယ်..”

စကားဆုံးတာနဲ့ ခရီးတို တည်နေရာရွှေ့ပြောင်း မန္တန်သုံးပြီး တောင်ဘက်ကို ဆက်သွားလိုက်တော့တယ်။

============= (*^*)=============

အပိုင်း( ၃၁၂ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters