နောက်လိုက်လား.. မင်းသမီးလား…
Vol. 21 Ch. 312
Child of light (ကျန်းကုန်း)
Volume 11: Chapter 20 - Disciple? Princess?
“အာ့ယိုး…”
အသံကြားလို့ လှည့်ကြည့်လိုက်တော့ ကောင်မလေး မြေပေါ်လဲကျနေတာ တွေ့လိုက်ရတယ်။ ကျုပ် အကျင့်အရ သူ့ကို ပြန်လှည့်မကူပဲ မနေနိုင်ဘူး။
“ဘာ ပြဿနာရှိလို့လဲ..”
“ဘာတွေ လာမေးနေတာလဲ.. ငါချောလဲသွားတာ မမြင်ဘူးလား.. နင်ဘာလို့ လာမထူသေးတာလဲ..”
ကျုပ် သူ့အသား မထိချင်ဘူးလေ။ ဒီတော့ ပေါင်းစပ်စွမ်းအားတစ်ခု ပစ်ထုတ်လိုက်တယ်။ အဝတ်တနေရာ စုတ်ပြဲသွားပေမယ့် ဒဏ်ရာရတာ မတွေ့ရဘူး။ ကျုပ် စိုးရိမ်တာ အပိုဖြစ်နေရော။
“မိန်းကလေး.. ကျေးဇူးပြုပြီး မင်းသွားချင်တဲ့နေရာ သွားလိုက်ပါ..”
ပြောပြီး တောင်ဘက်ကို ဆက်သွားလိုက်တော့တယ်။
“မျက်နှာဖုံးနဲ့ ကောင်..”
ကျုပ်နောက်က လှမ်းအော်တဲ့ အသံထဲမှာ နုညံ့ပြီး ဝမ်းနည်းသံနဲ့ဆိုတော့ ကျုပ် မချေနိုင်ပါဘူးဗျာ။ နဂိုထဲက မိန်းကလေးတွေပေါ်ဆို နှလုံးသားက အရမ်းနုညံ့တတ်သူဆိုတော့လဲ..
“ဘာဖြစ်ရပြန်ပြီလဲ..”
ကောင်မလေး ကျုပ်ကို ကြည့်နေတာ တစ်ခုခု မှားနေသလိုပဲ..
“ကျေးဇူးပြုပြီး နင်ငါ့ကို ပြန်ပို့ပေးလို့ရမလား.. ဒါမှမဟုတ် နင်နဲ့အတူ ခေါ်သွားပေးပါလာ.. အခု နင်ဘယ်ကိုသွားမှာလဲ..”
အလင်းနတ်ဘုရား အမွေဆက်ခံဖို့ သွားမှာပါဆို ဒီလို စိဓာတ်မျိုးနဲ့ ကောင်မလေးကို ဘယ်လိုလုပ် ခေါ်သွားလို့ရမှာလဲ။ အမွေဆက်ခံနိုင်မလားတောင် မသေချာသေးတဲ့ဟာကို။
“နင် ဘယ်သူဆိုတာ ငါ့ကို အရင်ပြောလေ။ ဒီကောင်တွေကရော နင့်ကို ဘာလို့ လိုက်ဖမ်းတာလဲ..”
ကောင်မလေး နှုတ်ခမ်းစူပြီး..
“ငါဘယ်သူလဲဆိုတာ သိချင်တာလား..”
ကျုပ် ခေါင်းပဲ ညိတ်ပြလိုက်တယ်။ ကောင်မလေး အပြုံးသဲ့သဲ့နဲ့..
“နင့်ကို ပြောမပြဘူး.. ပြောလိုက်ရင် နင်ငါ့ကို ပစ်ထားခဲ့မှာ.. လျှပ်စီးခံတပ်ထဲကနေ ငါ့ကိုခေါ်ထုတ်လာဖို့ နင့်ကို ဘယ်သူခိုင်းလို့လဲ.. ကြည့်ရတာ နင်က လေဟာနယ် မှော်ဆရာထင်တယ်.. ငါ့ကို အနီးကပ် လမ်းညွှန်ပေးနိုင်မလား.. လေဟာနယ် မှော်ပညာကို ငါအမြဲတမ်း သဘောကျတာဟ.. ငါလဲ အဆင့်မြင့် လေဟာနယ် မှော်ဆရာပဲလေ..”
အဆင့်မြင့် မှော်ဆရာတဲ့လား။ သူ့အရည်အချင်း ဘယ်လိုမှကို မြင်လို့မရဘူး။ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ မှော်စွမ်းအား လောက်နဲ့တော့ ဒင်းက အလယ်အလတ်အဆင့်တောင် မရောက်သေးဘူး။
ကျုပ် သံသယမျက်လုံးနဲ့ ကြည့်လိုက်တော့ သူ့မာန ထိသွားတယ် ထင်တယ်။ သူ အော်သံတိုးတိုး ရွတ်တော့ မူလနေရာက ပျောက်ပြီး ကျုပ်ဘယ်ဘက်နာမှာ ပေါ်လာတယ်။
“ဘယ့်နှယ့်လဲ.. ဒါဆို ယုံပြီလား.. ငါ့ လေဟာနယ် မှော်ပညာလဲ မဆိုးပါဘူး..”
ဒီလောက်နေနဲ့ ယုံကြည်မှု လွန်ကဲနေတဲ့ သူ့ပုံစံကြည့်ပြီး ကျုပ်ဖြင့် မရယ်ဘဲကို မနေနိုင်တော့ဘူး။ သူ့တာတို တည်နေရာရွှေ့ပြောင်းခြင်းက နည်းနည်းတော့ ဆိုးသား။ ကျုပ် မှော်ပညာ စလေ့လာတုန်းက အဆင့်ကို ရောက်နေပြီ။ မန္တန်ကို ကြိတ်မှိတ်သုံးနိုင်ယုံလောက်က လွဲပြီး ဘာမှ ကောင်းမနေဘူး။ မန္တန်ရွတ်ချိန် နှေးနေတာ ထည့်မပြောရင်တောင် ဒါလေး သုံးလိုက်ယုံနဲ့ သူ့မျက်နှာ ဖြူဖျော့နေတာက အရမ်းအားနည်းလွန်းနေတာ အသိသာကြီး။
“အမျိုးသမီး.. နင် အခြေခံအဆင့်လောက်ပဲ ရှိနေမှာ စိုးမိပါရဲ့..”
“ရိုင်းလိုက်တာ.. နန်းတော်က လူတွေလဲ တူတူပဲ.. ငါ့အိမ်က ငါအဆင့်မြင့်မှော်ဆရာ အဆင့်ရောက်နေပြီ ပြောထားတယ်..”
နန်းတော်လား.. ဘယ်နန်းတော်လဲ… အင်း.. ဖြစ်နိုင်လောက်မလား။ တွေးရင်းနဲ့ ကျုပ်တောင် ပိုသိချင်လာတယ်။
“ဒီလိုမျိုး တာတို တည်နေရာရွှေ့ပြောင်း နိုင်ယုံလောက်နဲ့ ဘယ်လိုလုပ် အဆင့်မြင့် မှော်ဆရာ ဖြစ်နိုင်မှာလဲ.. ဒါဆို ငါမေးစမ်းပါရစေအုံး.. တိုက်ခိုက်ရေး မန္တန်တွေ သိပြီလား..”
ကျုပ် မေးလိုက်တော့ ကောင်မလေး တတွတ်တွတ်နဲ့..
“လေဟာနယ် မှော်ပညာမှာ တိုက်ခိုက်ရေး မန္တန်တွေ ရှိသေးတာလား.. ငါ ဘာလို့ မကြားဖူးတာလဲ..”
ကောင်းကြရော။ ကျင့်ကြံမှု အားနည်းယုံတင်မဟုတ်ဘူး။ ဗဟုသုတကလဲ နည်းချက်။ အဲ့လိုမှမဟုတ်ရင် ဘယ်လိုလုပ် မာနကြီးနေမှာလဲ။ ဒါတွေ တွေးမိတာနဲ့..
“ဒါကို ကြည့်လိုက်.. ဒါ တိုက်ခိုက်ရေး လေဟာနယ်မန္တန်ပဲ..”
စကားဆုံးတာနဲ့ လေဟာနယ် မျဉ်းစောင်းလေး တစ်ခု လက်မြှောက်ပြီး ဆွဲထုတ်လိုက်တယ်။ ခနအတွင်း လေဟာနယ် အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး အားလုံးကို ဆွဲစုပ် သွားတယ်။ ပတ်ဝန်းကျင်က ကျောက်တုံးနဲ့ သဲတွေပါ စုပ်ယူသွားတာလေ။ ကောင်မလေး မတည်ငြိမ်နိုင်တော့ဘဲ ကြောက်လန့်ပြီး အော်ဟစ်နေရင်း လေဟာနယ် မျဉ်းစောင်းဘက် လဲသွားတယ်။်သူ့ကို ထိန်းဖို့ နောက်တစ်ကြိမ် လက်ဝှေ့ယမ်းပြီး အလင်းနယ်မြေတစ်ခု ပစ်ထုတ်လိုက်ရတော့တယ်။
“ဘယ့်နှယ့်လဲ.. လေဟာနယ် တိုက်ခိုက်ရေး မန္တန်က ဘာလဲဆိုတာ သိထားသင့်တယ်.. မိသားစုကတော့ နင် စိတ်အား ထက်ထက်သန်သန်နဲ့ သင်ယူလေ့ကျင့်မယ်လို့ မျှော်လင့်ထားလောက်တယ်။ နှုတ်ဆက်ပါတယ်..”
ပြောပြီးတာနဲ့ ကျုပ်လှည့်ထွက်ခဲ့လိုက်တော့တယ်။
အဲ့ကောင်မလေး ရုတ်တရက် အာဗြဲကြီးနဲ့ အော်နေပြန်ရော။ ကျုပ် စိတ်ရှည်မှုလဲ အကန့်အသတ်ထိ ရောက်သွားပြီလေ။ နောက် ပြန်လှည့်ပြီး..
“အမျိုးသမီး ဘာဖြစ်ပြန်ပြီလဲ..”
ကောင်မလေး ကျုပ်ကို ကြည့်နေတယ်။ တစ်ခုခုတော့ မှားနေသလိုပဲ။
“ငါ.. ငါ.. မလှုပ်နိုင်တော့ဘူး..”
ကျုပ် အလျှင်လိုနေတော့ အလင်းနယ်မြေမန္တန် ပြတ်ရုတ်သိမ်းဖို့ မေ့သွားတာ ချက်ချင်း နားလည်မိလိုက်တယ်။ ကျုပ်ကိုကျုပ် ဒုက္ခပေးလိုက်မိတာပဲ။ သူ့မှော်စွမ်းအားလောက်နဲ့ ဘယ်လိုလုပ် ဖောက်ထွက်နိုင်မှာတုန်း။ အလင်းနယ်မြေ ပြန်ရုတ်သိမ်းပေးလိုက်တယ်။
“ဟုတ်ပြီ.. အခု နင်လှုပ်လို့ ရသွားပြီ..”
ကောင်မလေး ရုတ်တရက် ဒူးထောက်ချပြီး..
“ဆရာသခင်.. ငါ့ကို တပည့်အဖြစ် လက်ခံပေးပါ.. နင့် လမ်းညွှန်မှုအောက်မှာ နေချင်ပါတယ်..”
မြတ်စွာဘုရား။ သူ ကျုပ်ကို ဆရာတင်နေတာလား။ မဖြစ်နိုင်ဘူးလေ။ ဒင်းကို လက်ခံလိုက်ရင် သူ သေလောက်အောင် စိတ်ဆိုးမှာဗျ။
“မေ့လိုက်ပါ.. လက်ရှိ ငါ့မှော်ပညာ အဆင့်က တပည့်လက်ခံနိုင်လောက်အောင် မမြင့်သေးဘူး… ကျေးဇူးပြုပြီး တခြားတစ်ယောက်ရှာပြီး သင်လိုက်ပါ..”
“မဟုတ်ဘူး.. ဘယ်သူ့ဆီကမှ မသင်ချင်ဘူး.. နင့်ဆီက မှော်ပညာပဲ သင်ချင်တယ်.. နင့်လို လေဟာနယ် မှော်ပညာ ကျွမ်းကျင်သူနဲ့ ဒီနေ့ တွေ့လိုက်ရတာ ကံကောင်းလိုက်တာ.. နင် ငါ့ကို လက်ခံမှ ရမယ်.. ဆရာ.. ငါ အမိန့်နာခံပြီး လမ်းညွှန်မှုအတိုင်း နေပါ့မယ်.. ငါ လစာ ကောင်းကောင်း ပေးပါ့မယ်..”
ကျုပ် ရယ်လိုက်မိတာပေါ့။ ဒင်းက ကျုပ်ကို ငွေနဲ့ မျှားချင်နေတာလား။ ဒင်းပုံစံကြောင့် ဘယ်သူမှ သင်မပေးချင်တာ ဖြစ်လောက်တယ်။
ကျုပ် စွမ်းအား ပစ်လွှတ်ပြီး သူမတ်တပ်ရပ်အောင် လုပ်လိုက်တယ်။
“အမျိုးသမီး.. ငါ့ကို ဆရာလို့ မခေါ်ပါနဲ့.. ငါတကယ်ကို အရေးတကြီး လုပ်စရာရှိနေလို့ပါ.. နင် အခု ခံတပ် ပြန်သင့်နေပြီ..”
“မဟုတ်ဘူး.. ငါ့ကို လက်မခံရင် အခုပဲ ခုန်ချလိုက်တော့မယ်..”
စကားဆုံးတော့ ချောက်ကမ်းပါးစွန်း သွားရပ်နေလိုက်တယ်။
“နင် ခုန်ချလဲ ငါလက်ခံမှာ မဟုတ်ဘူး..”
ကောင်မလေး တုန်လှုပ်သွားတယ်။
“ကောင်းပြီ.. နင်လဲ ငါ့ကို သေစေချင်နေတာပဲ..”
စကားဆုံးတော့ ပင်လဲထဲ တကယ်ကို ခုန်ချသွားပါလေရော။ ဒင်း ဒီလောက်ထိ လုပ်မယ် ထင်မထားတော့ ကျုပ်တောင် တုန်လှုပ်သွားတယ်။ ဒင်းကို စုက္ကရေးကို အမြန်ဆုံး ဝှေ့ရမ်းပြီး ပြန်ကယ်လိုက်ရတယ်။
“နင် ဘာလုပ်နေတယ်ထင်လဲ.. အသက်ကိုများ လွယ်လွယ်လေးလေး လုပ်ချင်သလို လုပ်နေတယ်..”
ကောင်မလေး မျက်နလုံး နီရဲရဲနဲ့ ကျုပ်ကို မုန်းတီးမှု အပြည့်နဲ့ ကြည့်ပြီး..
“နင် ငါ့ကို အနိုင်ကျင့်တာပဲ.. နင်တို့အားလုံး ငါ့ကို အနိုင်ကျင့်တယ်.. နင် ငါ့ကို သေခွင့်ပေးစမ်းပါ..”
ကောင်းကိုက်စရာ ကောင်းလိုက်တာဗျာ။ သူများကိစ္စ ဝင်ပါမိရင်း ဒီလိုအခြေအနေထိ ကိုယ့်ကိုကိုယ် ဘာလို့ ပို့မိသွားပါလိမ့်။
ကောင်မလေး အသနားခံတဲ့ ရုပ်နဲ့..
“ဆရာ.. နင် ငါ့အကြောင်းသိချင်တာ မို့လား.. အခု ငါပြောပြမယ်..”
ဒင်း စိတ်လို လက်ရ ပြောလာမယ် မထင်မိထားတော့ ကျုပ် အံ့ဩသွားမိတယ်။ နားထောင်ကြည့်မတာ မမှားဘူး ထင်လို့ ခေါင်းညိတ်ပြလိုက်တယ်။
============= (*^*)=============
အပိုင်း( ၃၁၃ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား