တပည့်အတွက် ရန်သူကို တားဆီးခြင်း
Vol. 21 Ch. 313
Child of light (ကျန်းကုန်း)
Volume 11: Chapter 21 - Blocking the Enemy for the Disciple
ကောင်မလေး သက်ပြင်းချပြီး..
“ဆရာ.. ငါ့နာမည် ဖေးယုလွင်ချန်း.. ငါ့အဖေက တလူ ဧကရာဇ်..”
သူ့အဆင့်အတန်း ထူးခြားလိမ့်မယ် မှန်းထားပေမယ့် သူ့စကားကြားတော့ လန့်သွားမိတာ အမှန်ပဲ။ လူသားမျိုးနွယ်ရဲ့ ထိပ်သီး နိုင်ငံကြီး တစ်နိုင်ငံက မင်းသမီး ဖြစ်လိမ့်မယ်လို့ ထင်ကိုမထားမိဘူး။
“ငါ နန်းတော်ထဲမှာ မွေးလာပေမယ့် အားလုံးက ကောင်းကောင်း ဆက်ဆံတယ်လို့ မခံစားရဘူး.. ငါ့အမေက အရှင်ဧကရာဇ်ရဲ့ ကိုယ်လုပ်တော်လေ.. ခမည်တော် သူ့ကို ခကြာခန ဆုံးမလွန်းတော့ တခြား ကိုယ်လုပ်တော်တွေရဲ့ အထင်သေး အမြင်သေးခံရတယ်.. မကြာခင်ကပဲ ငါ့ခမည်းတော်ရဲ့ ကိုယ်လုပ်တော် တစ်ယောက်က ငါအမေကို အကျဉ်းချ ထားလိုက်တယ်.. ဒေါသတကြီးနဲ့လဲ အရမ်းရိုက်သေးတယ်.. အဲ့ ကိုယ်လုပ်တော်ရဲ့ အစ်ကိုက လွတ်တော်ထဲက အကြီးတန်း အရာရှိတွေထဲက တစ်ယောက်မို့ ဒုက္ခရောက်နေရတာ ငါသိတယ်.. အပြစ်ပေးခံရမှာ ကြောက်လို့ ငါထွက်ပြေးလာတာ.. စောစောက ခံတပ်ထဲမှာ ငါ့ကိုတွေ့သွားလို့ လိုက်ဖမ်းနေကြတာ.. နင်သာ မကယ်ရင် ငါ့ကို နန်းတော်ထဲ ပြန်ပို့ကြမှာ.. ငါ စိတ်ကြီးတာ မကောင်းမှန်း ငါဝန်ခံပါတယ်.. ဒါပေမယ့် သူတို့က အတင်း ဖိအားပေးကြတာလေ.. ငါ ငယ်ငယ်လေးထဲက အမေ့ကို ကာကွယ်ပေးချင်လို့ မရက်စက်ချင်ဘဲ ရက်စက်နေရတာ.. ဆရာ.. ငါတကယ် ပြန်လို့မဖြစ်ဘူး.. ခံတပ်ထဲ ဝင်တာနဲ့ သူတို့တွေ လာဖမ်းကြမှာ.. ဆရာ ကျေးဇူးပြုပြီး ကူညီလို့ရမလား.. ငါ တောင်းပန်ပါတယ်..”
ပြောရင်းနဲ့ မျက်ရည်တွေ ကျနေလိုက်တာများ ဝတ်စုံတောင် စိုနေပြီ။
သူ ကြုံခဲ့ရတာတွေက တော်တော် သနားဖို့ ကောင်းတာပဲ။ ကျုပ်နှလုံးသားကလဲ ကျောက်သားနဲ့ ထုထားတာမဟုတ်ဘူးလေဗျာ။ ဖေးယု ရှိုက်ကြီးတငင်နဲ့..
“ဆရာ.. ကျေးဇူးပြုပြီး အခုသွားမယ့် ခရီးမှာ လိုက်ခဲ့ပါရစေ.. မဟုတ်ရင် သူတို့တွေ ဖမ်းပြီး နှိပ်စက်ကြမှာ.. မြို့တော်နဲ့ဝေးတော့ ငါ့အဖေလဲ ကယ်နိုင်မှာ မဟုတ်ဘူး.. နင် ငါ့ကို ဒီလိုမျိုးကြီး ထားခဲ့လို့ မရဘူးလေ.. ဟုတ်တယ်မို့လား..”
သူ့ဘဝက တော်တော် ခါးခဲ့တာဆိုတော့ ကိုယ်ချင်းလဲ စာပါတယ်။ ဒါပေမယ့် အလင်းနတ်ဘုရား အမွေဆက်ခံဖို့ သွားမှာဆိုတော့ ဒီဒုက္ခအိုးလေးကို ဘယ်လိုလုပ် ခေါ်သွားလို့ရမှာလဲ။
အဲ့အချိန်မှာပဲ လျှပ်စီးခံတပ် ဝင်ပေါက်တံခါးကြီး ရုတ်တရက်ပွင့်သွားတယ်။ ပြီးတော့ တပ်သား တစ်သောင်းလောက် ကျုပ်တို့ဆီကို လျှပ်စီးလက်သလို ချီတက်လာကြတယ်။ ဖေးယုကို ကြည့်လိုက်တော့ ကျုပ်နောက် သွားပုန်းနေပြီ။
“ဆရာ.. သူတို့တွေ ငါ့ကို လာဖမ်းကြပြီ.. နင် ငါ့ကို ကယ်ပါအုံး..”
အချိန် တခနလေးနဲ့ တပ်သားတွေ ကျုပ်ရှေ့ရောက်လာကြတယ်။ အဖွဲ့ခေါင်းဆောင် ကျုပ်ကို မှော်သေနတ်နဲ့ ချိန်ပြီး..
“ငါတို့အိမ်က အမျိုးသမီးကို ပြန်ပေးဆွဲတာ ဘယ်သူလဲ..”
ကျုပ် အံ့ဩသွားပြီး ဖေးယုကို ကြည့်လိုက်တော့..
“ဆရာ သူတို့ လိမ်နေတာ.. နားမဝင်နဲ့.. သူတို့တွေ ငါ့ကို ဖမ်းတဲ့အချိန် နင် မနှောက်ယှက်စေချင်တာ..”
သူ စိုးရိမ်လွန်နေတဲ့ ပုံစံကြောင့် ကျုပ်မှာဖြင့် မယုံနိုင်လောက်အောင်ပါပဲ။
ကျုပ် သူတို့ ခေါင်းဆောင်ကို..
“နေပါအုံး.. မင်းက ဘယ်သူလဲ..”
“ငါ.. တလူနိုင်ငံတော် ဘုရင့်တပ်မတော်ရဲ့ ပင်မတပ်ဖွဲ့ခေါင်းဆောင်.. ငါ့ အိမ်က အမျိုးသမီးကို မြန်မြန် လွှတ်လိုက်.. မဟဟုတ်လို့ကတော့ ငါ့ကို မယဉ်ကျေးဘူးလို့ အပြစ် မတင်နဲ့..”
ဒီလောက်ထိ တင်တင်စီးစီး စကားသံကြားတော့ ကျုပ်လဲ ဒေါသထွက်ပြီး အေးစက်စက်နဲ့..
“ဒီတော့ မင်းမှာ ဘယ်လောက်အရည်အချင်းရှိလို့ ဘယ်လိုဆက်ဆံမလဲဆိုတာ ကြည့်ရသေးတာပေါ့.. ဖေးယုက ငါ့တပည့်.. သူ့ကို ငါ့ဆီက ခေါ်သွားဖို့ စိတ်ကူးတောင် မယဉ်လိုက်နဲ့..”
အဲ့ခေါင်းဆောင် ရယ်ရယ်မောမောနဲ့..
“မင်းက ငါတို့ မိန်းမငယ်လေးရဲ့ ဆရာ ဖြစ်နိုင်မယ် ထင်နေလား.. အားလုံး တိုက်ကြစမ်း.. ဒီ သောက်ရူး ဘယ်လောက် စွမ်းလဲဆိုတာ ငါသိချင်တယ်.. အမျိုးသမီးကို မထိခိုက်ဖို့ ဂရုစိုက်ကြ..”
လက်ထဲက စုက္ကရေး ဖေးယုကို ပေးထားလိုက်တယ်..
“သူတို့နဲ့ တိုက်တဲ့အချိန် ခနကိုင်ပေးထား..”
ဖေးယု အားရဝမ်းသာနဲ့ လှမ်းယူလိုက်ပေမယ့် ဒီလောက် လေးလိမ့်မယ် သူထင်မထားဘူးလေ။ စုက္ကရေးတောင် သူလက်ထဲက ပြုတ်ကျလုမတတ်ပဲ။
“ဆရာ နင့်တောင်ဝှေးက အရမ်းလေးတာပဲ.. ကျေးဇူးပြုပြီး သူတို့ကို မသတ်ပါနဲ့.. ပညာပေးယုံပဲ ပေးပါ..”
ဒီမိန်းကလေး ကြင်နာတတ်တဲ့ စိတ်ထားလေးတော့ ရှိသေးသားပဲ။ အဲ့ဒါတော့ သူ့အပေါ် နည်းနည်း သဘောကျမိတယ်။ ကျုပ် ခေါင်းညိတ် ပြလိုက်တယ်။ ကျုပ် ရှေ့ကို ခြေလှမ်းနည်းနည်း တိုးသွားတော့ မြင်းပေါ်က တပ်သားတွေ ဆင်းလာနေကြပြီ။ အဲ့အထဲက (၁၀၀)ကျော်လောက် ကျုပ်ကို ဝိုင်းထားတယ်။ ဒီတပ်သားတွေ စွမ်းအရည် ဆိုးတော့ မဆိုးဘူး။ သူတို့က ဧကရာဇ်ရဲ့ အစောင့်တပ်ဖွဲ့ဝင်တွေ ဖြစ်ထိုက်ပါတယ်လေ။ ခိုင်းသမျှလုပ်နေရတာတော့ သနားစရာပဲဗျာ။
“လူမိုက်..”
ခေါင်းဆောင် လှံရှည်ကြီးကိုင်ပြီး တိုက်ပွဲစိတ်ဝိညာဉ် လွှတ်ထုတ်ရင်း လျှပ်စီးလက်သလို ကျုပ်ရင်ဘတ်ကို ထိုးလာလေရဲ့။ သူ ကျုပ် မှော်ပညာကို ကြောက်နေတဲ့ ပုံပဲဗျ။ ကျုပ်ဆီ တိုးဝင်လာတဲ့ လှံတံကို ကြည့်ပြီး ဘေးကို အသာကပ်ရွှေ့လိုက်တယ်။ ပြီးတော့ ဖေးယုကို လှမ်းအော်ပြောလိုက်တယ်..
“သေချာကြည့်ထား… ဒါလေဟာနယ် မှော်ပညာပဲ..”
ကျုပ်ခန္ဓာကိုယ် လှုပ်ရှားရင်း ကိုယ်ပွား (၁၀)ခု ဖန်တီးပြီး ခေါင်းဆောင်ကို ဝိုင်းထားလိုက်တယ်။
သူ ထင်ထားတာထက် ကျော်ပြီး မန္တန်တွေ အလွယ်တကူ သုံးနေတာ မြင်တော့ ခေါင်းဆောင် အံ့ဩသွားတယ်။ သူ့လှံကြီးကလဲ ကြယ်မြှားတွေလို ပြောင်းလဲသွားပြီး သူ့ပတ်ပတ်လည်က ကိုယ်ပွားတွေဆီ ထိုးဖောက်သွားတယ်။
ကျုပ် အေးစက်စက်အော်ပြီး ကိုယ်ပွား (၁၀)ခုကို အလိုက်သင့် လှုပ်ရှားရင်း ရန်သူကို လေဟာနယ်မျဉ်းစောင်း တစ်ခု ပစ်လွှတ်လိုက်တယ်။ လေဟာနယ် စွမ်းအားတွေနဲ့ တိုက်ပွဲစိတ်ဝိညာဉ် ထိပ်တိုက်တွေ့ပြီး အသံကျယ်ကြီးနဲ့အတူ ခေါင်းဆောင်ဆီ ဆက်တိုးသွားတော့တယ်။
အဲ့ခေါင်းဆောင် အရည်အချင်း ရှိတဲ့အပြင် တိုက်ပွဲစိတ်ဝိညာဉ်လဲ သိပ်မဆိုးဘူးဗျ။ ခယ်အာလွင်တိ အဆင့်လောက်ဆိုတော့ ကြယ်စင်သူရဲကောင်း အဆင့်လောက် ဖြစ်လိမ့်မယ်။ ဒီကောင် အဲ့လောက် အကြောတင်းနေတာ အံ့ဩစရာ မရှိတော့ပါဘူး။
သူတို့ ခေါင်းဆောင် ဒဏ်ရာရသွားတာ တွေ့တော့ ကျန်တဲ့ တပ်သားတွေ ကျုပ်ကို ချက်ချင်း ဝိုင်းတိုက် ကြတော့တာပဲ။ သူတို့တွေအားလုံး မြင်းတပ်သုံးနေကျ လှံရှည်ကြီးတွေ သုံးကြတာဆိုတော့ တခနအတွင်း ကျုပ်ခေါင်းဆီကို လှံ (၇)ချောင်း၊ ခန္ဓာကိုယ် အောက်ပိုင်းကို (၆)ချောင်းဆိုတော့ ကျုပ်ဆီဝင်လာတာ (၁၃)ချောင်းပေါ့ဗျာ။
ကျုပ်ခန္ဓာကိုယ်က ပေါင်းစပ်စွမ်းအားတွေ ထွက်လာပြီး ချက်ချင်းကို ကျုပ်ပတ်ပတ်လည်မှာ ကာကွယ်ရေး ဒိုင်းကာ တစ်ခုဖွဲ့စည်းလိုက်လို့ လက်နက်တွေ အားလုံး ရပ်သွားတယ်။ ကျုပ် အေးစက်စက်နဲ့..
“ထွက်သွားစမ်း..”
ကျုပ်စွမ်းအား ထုတ်လွတ်လိုက်တာကြောင့် မြင်းတပ်သား (၁၃)ယောက် လွှင့်ထွက်သွားရော။
ပြီးတော့ တာတိုတည်နေရာရွှေ့လိုက်ပြီး ဖေးယုနား သွားလိုက်တယ်။
“မင်းတို့တွေ ဒီလောက်ထိ အရှက်ကင်းနေမှတော့ ငါ့ကို ရိုင်းတယ်လို့ အပြစ်လာမတင်နဲ့..”
ပြောရင်း လက်မြှောက်လိုက်တော့ ကောင်းကင်ကနေ အလင်းတန်းတွေ ကျုပ်ဆီစုလာပြီး (၁၀)မီတာလောက် ရှည်တဲ့ အလင်းဓားတစ်ချောင်း ကျုပ်လက်ထဲမှာ ပေါ်လာတယ်။
ခေါင်းဆောင် ကြောက်လန့်တကြား စိုက်ကြည့်ရင်း..
“မင်း.. မင်း.. ဘယ်သူလဲ..”
“ငါက မှော်ဆရာလေ.. မင်းသခင်ကို သွားပြန်ပြောလိုက်.. ဖေးယုကို ဆက်ဒုက္ခပေးချင်ရင် ငါနဲ့လာတွေ့လှည့်လို့ ပြောလိုက်..”
ပြောပြီးတာနဲ့ အလင်းဓားကို ဝှေ့ရမ်းလိုက်တယ်။ ကျယ်လောင်တဲ့ ပေါက်ကွဲသံ တစ်ချက်နဲ့အတူ ကျုပ်ဘေးကစပြီး မြောင်းကြီး တစ်ခု ပေါ်လာတယ်။ ကျုပ် ဖေးယုခါးလှမ်းဖက်ပြီး ပင်လယ်တစ်ဖက်ကမ်းကို ပျံသန်းသွားလိုက်တယ်။
ဖေးယု အရမ်းလန့်သွားပြီး မျက်လုံးစုံမှိတ်၊ ခေါင်းကို ကျုပ်ရင်ဘတ် ကပ်ထားလေရဲ့။ သူ့ခန္ဓာကိုယ်နဲ့ ပူးကပ်မိနေတုန်း တုန်လှုပ်ခြောက်ခြားနေတဲ့ ပုံစံလေးကြောင့် ရင်ထဲမှာ ထူးထူးဆန်းဆန်း ခံစားချက်မျိုး ရလိုက်ပေမယ့် အတွေးတွေဖျောက်ပြီး အရှိန်မြှင့်လိုက်မိတယ်။ ဒီအရှုတ်ထုပ်ကိုတော့ အချိန်တိုတိုနဲ့ လွှင့်ပစ်လို့ ရမယ့်ပုံ မမြင်တော့ပါဘူးဗျာ။ ကောင်မလေးကို ဒီမှာထားခဲ့ဖို့လဲ မဖြစ်နိုင်ဘူးဆိုတော့ ခေါ်သွားဖို့ကလွဲပြီး ဘာလုပ်နိုင်အုံးမှာလဲဗျာ။
============= (*^*)=============
အပိုင်း( ၃၁၄ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား