ကသိကအောက်
Vol. 21 Ch. 315
Child of light (ကျန်းကုန်း)
Volume 11: Chapter 23 - Embarrassed
“အရှင်.. ငွေရောင် မျက်နှာဖုံး ဆိုတာကလွဲလို့ အဲ့မှော်ဆရာရဲ့ ကျန်တဲ့အချက်အလက်တွေအရ နတ်ဘုရား တမန်တော် ကျန်းကုန်းနဲ့ အရမ်း တူနေပါတယ်.. ပြီးတော့ သူနဲ့ လမ်းခွဲတုန်းက လျှပ်စီးခံတပ်ကို ဦးတည်သွားတာပါ.. အရေးပေါ် လုပ်ဖို့ ကိစ္စရှိတယ်ဆိုပြီး ထွက်သွားလို့ အရှင့်ဒီမှာရှိနေတဲ့အတွက် ကျုပ် ဒီကို အမြန်ဆုံးရောက်အောင်လာပြီး သတင်ပို့တာပါ.. ကျန်းကုန်းက မရိုးရှင်းပါဘူး.. သူ့ မှော်ပညာ အဆင့်က အထွတ်အထိပ် ပြီးပြည့်စုံတဲ့အဆင့် ရောက်နေပါပြီ.. တော်ဝင်မင်းသမီးသာ ကျန်းကုန်းနဲ့ အတူရှိနေတာဆိုရင် ဘာမှ အန္တရာယ် ဖြစ်မှာ မဟုတ်ပါဘူး.. တော်တော်ကို ဖြောင့်မတ်တဲ့ လူပါ အရှင်..”
ခေါင်မာတတ်တဲ့ အကျင့်ဆိုးနဲ့ မင်းသမီးအကြောင်း စဉ်းစားမိလိုက်တိုင်း ခယ်အာလွင်တိ တော်တော်ကို ခေါင်းကိုက်နေရတာပါ။
ထန်ဖုန်းလွီချန် စစ်သည်ကို.
“အဲ့မှော်ဆရာ ဖေးယုရဲ့ ဆရာလို့ ပြောတာ သေချာလား..”
“မှန်ပါတယ်အရှင်.. သေချာပါတယ်..”
ထန်ဖုန်းလွီချန် ခယ်အာလွင်တိကို ကြည့်ပြီး..
“အဲ့ ဒါ ပြဿနာပဲ… သူ့ရှာဖို့အတွက် မင်းကို မှော်ဓား(၈)လက် ယူခဲ့ခိုင်းလိုက်တာ.. တကယ်လို့ အဲ့လူ နတ်ဘုရား တမန်တော် ကျန်းကုန်းသာဆိုရင် ရန်သွားစလို့ မဖြစ်ဘူး.. ဖေးယု မပြန်ချင်ဘူးဆိုလာ သူ့နား နေခိုင်းလိုက်ကွာ..”
“ဘယ်လို..”
ခယ်အာလွင်တိ ငိုပြီဗျို့။ ဧကရာဇ် ထန်ဖုန်းက သူ့သမီးတော်ကို တခါမှ မတွေ့ဘူးတဲ့သူနောက် လိုက်ခိုင်းလိုက်ပါတယ်တဲ့။ အံ့ဩလို့ကို မဆုံးဘူး။
ထန်ဖုန်းလွီချန်ရဲ့ မျက်လုံးထဲမှာ အလင်းရောင် တစ်ချက် လက်သွားပြီး..
“ငါပြောတဲ့ အတိုင်းသာ လုပ်လိုက်.. မင်း သွားနားလို့ရပြီ.”
“ဟုတ်ကဲ့.. အရှင်..”
ခယ်အာလွင်တိ လှည့်ထွက်သွားတော့တယ်။ ထောင့်တစ်နေရာကနေ အရိပ်(၈)ခု ခုန်ဆင်းလာပြီး သူ့နောက် လိုက်သွားလေရဲ့။
......*****......
ကျုပ် ဖေးယုကို ခေါ်လာရင်း တောင်ဘက်ကိုပဲ ပျံသွားနေတာဗျ။ အချိန်နည်းနည်းကြာတော့ နတ်ဆိုးမျိုးနွယ် ကုန်းမြင့်ပိုင်း ရောက်လာတယ်။ လျှပ်စီးခံတပ်က လူသန်ကြီး လမ်းညွှန်လိုက်တဲ့အတိုင်းဆို နတ်ဘုရားလက်မှိုင်ချချိုင့်ဝှမ်း တွေ့ဖို့အတွက် တောင်ဘက်ကိုပဲ ရှာရမယ့်ပုံလေ။
သန့်ရှင်းသောဓား စွမ်းအားတွေ ဖြန့်ကျက်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို စစ်ဆေးပြီးမှ အောက်ဆင်းလိုက်တယ်။ ဖေးယုက..
“ဆရာ.. လေပေါ်မှာ ပျံသွားရတဲ့ ခံစားချက် အရမ်းကောင်းတာပဲနော်.. ငါရော ဘယ်လိုပျံရမလဲ.. သင်ပေးမယ်မို့လား..”
“ပျံရတာ လွယ်တယ်များ ထင်နေလား.. အခြေခံ မှော်အုတ်မြစ် ခိုင်မာမှုမရှိရင် ဘယ်လိုမှ ပျံနိုင်မှာ မဟုတ်ဘူး.. နင့် လက်ရှိ အဆင့်နဲ့ဆိုရင် (၁၀)နှစ်လောက် ခါးခါးသီးသီး လေ့ကျင့်မှ ပျံနိုင်မှာ.. တခြား ထူးခြားမှု တစ်ခုမကြုံရင် နင် ဘယ်လိုမှ ပျံနိုင်မှာ မဟုတ်ဘူး..”
“ဂရုမစိုက်ဘူး.. ငါပျံချင်တယ်.. နင်ငါ့ကို ပျံနိုင်အောင် လုပ်ပေးပေါ့.. မဟုတ်ဘူးလား”
“နင် ပျံနိုင်ချင်ရင် နည်း(၃)မျိုးရှိတယ်.. ပထမတစ်ခုက နင့်တိုက်ပွဲစိတ်ဝိညာဉ်ကပဲ ကမ္ဘာမြေဆွဲအားကနေ လွတ်ပြီး အတိုင်းအတာ တစ်ခုအထိ ပေါက်ကွဲစွမ်းအား ရလိမ့်မယ်.. နောက်တစ်ခုက လေဒြပ်စင်တွေ ထိန်းချုပ်နိုင်အောင် နင့်မှော်ကျင့်စဉ် အဆင့်တက်နိုင်အောင်လုပ်ရင်လဲ ပျံနိုင်လိမ့်မယ်… တတိယတစ်ခုက..”
“တတိယ နည်းက ဘယ်လိုလဲ..”
ဟိုးအဝေးက နတ်ဘုရားကာကွယ်ရေးအဖွဲ့မှာ စောင့်ရှောက်နေတဲ့ ရှောင်ကျင်းကို မတွေးမိဘဲ မနေနိုင်တော့ဘူး။ ကျုပ်သက်ပြင်းချရင်း..
“တတိယနည်းက ပျံသန်းနိုင်တဲ့ မှော်သားရဲတစ်မျိုးမျိုး စီးဖို့ပေါ့”
ရှောင်ကျင်းဆိုတာ မှော်သားရဲတွေရဲ့ ဘုရင်လေ။ တိုက်ပွဲစိတ်ဝိညာဉ်ကို အထူးလေ့ကျင့်တဲ့ ညီအစ်ကိုတွေ၊ မှော်သားရဲ အဲဒါတွေနဲ့ တွေ့ခဲ့ရတာ နှစ်တွေ မနည်းတော့ဘူးပဲ။ အစကတော့ ရှောင်ကျင်းကို သေလုနီးနီး တိုက်ခိုက်ခဲ့တဲ့ အစ်ကိုဟိုင်ရီရဲ့ ကျားကြောင့်သာ မဟုတ်ရင် ကျုပ်တို့ကြားမှာ ဒီလောက်ထိ ဆက်ဆံရေး ခိုင်မာလိမ့်မယ် မထင်မိဘူး။ ရှောင်ကျင်းလဲ ကျုပ်ပျောက်နေလို့ လွမ်းနေမလားမသိဘူး”
“မှော်သားရဲလား.. ငါ့မှာလဲ ရှိတယ်.. ဒီမှာကြည့်.. နှင်းဖြူလေး ထွက်လာလိုက်..”
ဖေးယု ကောင်းကင်ပေါ် ချိပ်စည်းတစ်ခု ပစ်လွှတ်လိုက်လို့ ကျုပ်တောင် အံ့ဩမိသွားတယ်။ သူ့လက်ထဲကနေ အဖြူရောင် အလင်းတစ်ခု တောက်လာပြီး ဆဋ္ဌဂံပုံ နယ်မြေတစ်ခု ကောင်းကင်ပေါ်မှာ ပေါ်လာတယ်။ အာ.. ဒါ အသက်နဲ့ ချိတ်ဆက်ထားတဲ့ သားရဲကိုခေါ်တဲ့ နည်းပါလား။ အလင်းတန်းတွေကြောင့် ပတ်ဝန်းကျင်က မှော်ဒြပ်စင်တွေ ဖရိုဖရဲ ဖြစ်သွားတယ်။ နှင်းဖြူရောင် ငှက်ကလေး တစ်ကောင် အသံကြည်ကြည်လင်လင် ပေးရင်း ဆဋ္ဌဂံပုံ နယ်မြေထဲက ပျံထွက်လာပြီး ဖေးယု ပခုံးပေါ်နားနေတယ်။
အဲ့ငှက်ကလေးက (၃.၃)မီတာလောက်ရှည်ပြီး နှင်းဖြူပုံစံ အမွှေးတွေနဲ့ဗျ။ နီရဲရဲ မျက်လုံးလေး (၂)လုံးနဲ့ ကျုပ်ကို စူးစမ်းစပ်စု နေလေရဲ့။ သူ့ခေါင်းပေါ်မှာလဲ ချိုသေးသေးလေး ပါပြီး ခန္ဓာကိုယ်ထဲကနေ အားနည်းနေတဲ့ စွမ်းအား ထုတ်လွှတ်နေတယ်။
“ဖွံ့ဖြိုးဆဲ မျိုးစိတ် မှော်သားရဲ..”
ဖေးယု ရင်ခုန်ရင်း ကြွေးကြော်နေသလိုပဲ။ တကယ့်ကို ဖွံ့ဖြိုးဆဲ မှော်သားရဲ တစ်ကောင်ပိုင်ထားတယ် ဆိုတော့ နိုင်ငံတစ်ခုရဲ့ မင်းသမီး ပီသပါပေတယ်။ ငှက်ဖြူလေးက ဘာအမျိုးအစားမှန်း မသိပေမယ့် သူ့ခန္ဓာကိုယ်ထဲက အရှိန်အဝါကို သေသေချာချာ ခံစားနေရတယ်။ သူ့စွမ်းအားက အလားအလာ အကောင်းကြီး မဟုတ်ပေမယ့် အဆင့်နိမ့် ဖွံ့ဖြိုးဆဲ မှော်သားရဲတော့ သေချာတယ်ဗျ။
ဖေးယု ကျေနပ်နေတဲ့ ပုံနဲ့..
“ဘယ်လုလဲ.. ငါ့ မှော်သားရဲကို နှင်းဖြူလေးလို့ ခေါ်တယ်.. ဆရာ နင် ငါ့ကို ပျံနိုင်အောင် ကူညီမယ် ပြောထားတယ်နော်..”
“နင့် မှော်သားရဲက အဆင့်နိမ့်တယ်.. ဖွံ့ဖြိုးဆဲ မှော်သားရဲ ဖြစ်တဲ့အတွက် မင်း ပျံသွားနိုင်ချင်ရင် နင့်စွမ်းအား ကောင်းအောင် လေ့ကျင့်မှရမယ်.. လောလောဆယ် သူ့စွမ်းအား အပြည့်အဝ ပြနိုင်မှာ မဟုတ်သေးဘူး..”
ဖေးယု နှင်းဖြူအတောင်တွေကို အသာပွတ်ပေးရင်း နှုတ်ခမ်းစူပြီး..
“အဲ့ဒါ ဘယ်လောက် ကြာမလဲ.. ဆရာ နင့်မှော်ပညာ အရမ်းအစွမ်းထက်တယ်ဆိုတော့ ငါ့မှော်စွမ်းအားအဆင့် တက်နိုင်အောင် အချိန်တိုလေးနဲ့ လုပ်ပေးဖို့ နည်းလမ်း မရှိဘူးလား..”
“စဉ်းတောင် မစဉ်းစားနဲ့.. မှော်ပညာဆိုတာ ကလေး ကစားသလိုမျိုး အလွယ်လေး ထင်နေလား.. ခါးခါးသီးသီး မလေ့ကျင့်ဘဲ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး.. ဖေးယု ငါ့မှာ အရမ်းကို အရေးကြီးတဲ့ ကိစ္စတစ်ခု လုပ်ဖို့ရှိနေလို့ မင်းကို ဆက်ပြီး ဂရုစိုက်နိုင်မှာ မဟုတ်ဘူး.. ဒီလို လုပ်ရင်ရော.. တည်နေရာရွှေပြောင်း ဝင်္ကပါသုံးပြီး မြို့ထဲကို ပို့ပေးမယ်.. အဲ့လိုဆို တလူက လိုက်ဖမ်းတဲ့ကောင်တွေကို ကြောက်စရာမလိုတော့ဘူး..”
ဖေးယု ရုပ်က ချက်ချင်းကို ဝမ်းနည်းပူဆွေးတဲ့ ပြောင်းသွားပြီး..
“ဆရာ.. ဆရာ.. နင် ငါ့ကို မလိုချင်တော့ဘူးလား.. ငါက သနားစရာလေးပါ.. ငါက မိန်းကလေးဆိုတော့ လူဆိုးတွေနဲ့ တွေ့ရင် ဘယ်လိုလုပ်ရမှာလဲ.. ဆရာ.. ကျေးဇူးပြုပြီး နင်နဲ့ အတူ ခေါ်သွားပေးပါ.. ငါ နင့်စကား နားထောင်ပါ့မယ်..”
သူ အသနားခံတဲ့ စကားတွေ ကြားတော့လဲ ကျုပ်ခေါင်းကိုက်သွားမိတယ်။ ဘာလို့များ ဒီဒုက္ခအိုး ကျုပ်ကို လာနှောက်ယှက်နေရတာလဲဗျာ။ အလင်းနတ်ဘုရား အမွေခံဖို့သွားမှာပါဆို သူ့ကို ဘယ်လိုလုပ် ခေါ်သွားလို့ ရမှာတုန်း။ စိတ်ညစ်ပ။
(#ဘာသာပြန်ဆိုသူ မှတ်ချက်။ အင်္ဂလိပ် စာစဉ်တွင် ‘ငှက်မွှေးလေး’ ဟု ပါရှိသောလည်း နောက်ပိုင်း ဇာတ်လမ်းစဉ်အရ အလိုက်ဖက်ဆုံးဖြစ်သည့် ‘နှင်းဖြူလေး’ ဟုသာ သုံးနှုံးပါမည်)
============= (*^*)=============
အပိုင်း( ၃၁၆ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား