ချင်းလင်စံအိမ်ရဲ့စံက ကြောက်စရာကောင်းလောက်အောင်မြင့်! ၃
Vol. 43 Ch. 632
ထို့ကြောင့် တစ်ပတ်အကြာ ချင်းလင်အပန်းဖြေစံအိမ်ကိုတရားဝင်စဖွင့်သည်။ တစ်ချိန်တည်း Tiktok စံအိမ်တရားဝင်အကောင့်တွင်လည်း ကြေညာချက်ထုတ်လွှင့်သည်။
ထိုကြေညာချက်ဗီဒီယိုကြောင့် အားလုံးလန့်သွားလေသည်။
…
မင်စီရင်စု_
ဟိုတယ်တစ်ခု၌ အီတာနယ်မှာ ခြေထောက်များအားမရှိတော့၍ဆိုဖာပေါ်တွင်လဲလျောင်းလျက်သားနှင့် ကိုယ်လက်သန့်စင်ပြီး မလုံ့တလုံဝတ်ဆင်ကာထွက်လာသောအမျိုးသမီးငယ်ကိုကြည့်နေသည်။
"ခန့်ချော... စိတ်ပူပေးတဲ့အတွက် ကျေးဇူး!''
အမျိုးသမီးငယ်က လက်ယမ်းကာနှုတ်ဆက်သည်။
"နောက်တစ်ခါဆို Wechat လိုက်ရုံပဲ!''
နောက်အမျိုးသမီးတစ်ယောက်က ဖုန်းကိုလှုပ်ပြသည်။
အမျိုးသမီးနှစ်ယောက်ထွက်သွားပြီးနောက် အီတာနယ်ကဖုန်းထုတ်ပြီး ဝမ်ရန်ဆီ Wechat မှစာပို့လိုက်သည်_
"အတန်းဖော်ဟောင်းရေ... စီစဉ်ပေးတဲ့အတွက် ကျေးဇူးပဲ''
"ကောင်းတယ်! နောက်တစ်ခါစီစဉ်ပေးဦးမယ်''
ဝမ်ရန်က စာပြန်သည်။
အီတာနယ်ပြုံးလိုက်သည်။
နောက်တစ်ခါမလိုတော့ဘူး။ သူတို့ကို Wechat မှာ add ထားမှာ။
ပွင့်ပွင့်လင်းလင်းပြောရရင် တစ်ခါကဝမ်ရန်စီစဉ်ပေးတာကိုနည်းနည်းစွဲလမ်းခဲ့သော်လည်း သူ့မှာအဆက်အသွယ်မရှိ၊ ဒီလိုဝန်ဆောင်မှုမျိုးဘယ်မှာမှရှာမတွေ့ဖြစ်နေသောကြောင့် မင်စီရင်စုပြန်လာပြီး ဝမ်ရန်ကိုသာရှာရသည်။
အခု ဟိုအမျိုးသမီးငယ်ကို Wechat မှာ add ထား၍ နောက်တစ်ခါမင်စီရင်စုလာချင်ရင် သူမကိုဆက်သွယ်ရလွယ်သွားပြီ။
သူအပြန်ပြန်အလှန်လှန်စဉ်းစားထားသည်။ အခုနှစ်ယောက် add ထားပြီ။ နောက်တစ်ခါ တစ်ယောက်ကိုဆက်သွယ်ပြီး တစ်ယောက်ခေါ်လာခိုင်းရုံသာ။ နောက်တစ်ခေါက်ကျရင် တခြားတစ်ယောက်ကိုလည်း နောက်တစ်ယောက်ခေါ်လာခိုင်းမည်။
သူတို့ကို Wechat မှာ add ထားလိုက်ရင် ၄ ယောက်ဖြစ်ပြီ။
ဒီလိုလုပ်ရင်းလုပ်ရင်း အများကြီးဖြစ်လာလိမ့်မည်။
ခဏအနားယူပြီးနောက် အီတာနယ်ခြေထောက်များချိနဲ့မနေတော့။ သူကဖုန်းကိုင်ပြီး လိုင်းပေါ်လျှောက်ကြည့်လိုက်သည်။
ချင်းလင်စံအိမ်ကို like ထားသောကြောင့် မကြာမီ ချင်းလင်စံအိမ်ဗီဒီယိုကိုတွေ့သည်။
ထိုဗီဒီယိုကြောင့် သူလန့်သွားသည်။
"အားလုံးအတွက် သတင်းကောင်းရှိပါတယ်ရှင်... ချင်းလင်အပန်းဖြေစံအိမ်ကိုတရားဝင်စဖွင့်ပါပြီ... ပြီးတော့ app လည်းဖွင့်ထားပါပြီ... ကျွန်မတို့အပန်းဖြေစံအိမ်က အပန်းဖြေအနားယူတဲ့ပုံစံမျိုးပါ... အပန်းဖြေစံအိမ်ရဲ့ပတ်ဝန်းကျင်ကိုရှုစားကြည့်ပါဦး''
ဗီဒီယိုပြသည်နှင့် ဒရုန်းနှင့်ရိုက်ထားသော ရှင်းရှင်းလင်းလင်းမြင်ကွင်းကို အီတာနယ်မြင်ရသည်။
အလွန်ကျယ်သော အပန်းဖြေစံအိမ်ကြီး။ တစ်ချက်ကြည့်ရုံနှင့် အလယ်တွင် မဟာရဲတိုက်ကြီးကဲ့သို့ သုံးထပ်အဆောက်အဦးစံအိမ်ကြီးကိုတွေ့ရသည်။
သို့ရာတွင် ပတ်ဝန်းကျင်ရှုခင်းနှင့်ယှဉ်လိုက်လျှင် စံအိမ်က အဲလောက်မဟုတ်။
ပန်းတံတိုင်းများ၊ ဝါးတံတိုင်းများ၊ အားကစားကွင်းမြင်ခင်းပြင်၊ ပန်းခင်းထဲမှပန်းများ၊ ပန်းခြံထဲမှသစ်ပင်ပန်းမန်အမျိုးမျိုး၊ တစ်ခုချင်းတစ်ခုချင်းက အာရုံကိုအမျှင်မပြတ်ဆွဲဆောင်သွားသည်။
ဗီဒီယိုထဲတွင် ထိုသစ်ပင်ပန်းမန်များက လှပသောအနုပညာလက်ရာဆန်နေသည်။
မယုံနိုင်စရာ။
အရည်အသွေး ၁ ပန်းတံတိုင်းမှလွဲ၍ ကျန်အပင်များကို ချင်လင်က ဂိမ်းထဲမှသေချာရွေးချယ်စိုက်ပျိုးထားခြင်းဖြစ်သည်။ စိုက်ထားပြီးသော အရည်အသွေး ၂ အပင်များကိုအထူးရွေးချယ်ပြီး အပန်းဖြေစံအိမ်ထဲရွှေ့စိုက်ခဲ့သည်။ ခြံတိုင်း၊ သစ်ပင်တိုင်း၊ ဝါးပင်တိုင်း၊ ပန်းတိုင်းမှာ ဓာတ်ပုံစားခြင်းအရည်အသွေး +၂ ရှိသည်။
အားလုံးရောယှက်လိုက်သောအခါ အလှချင်းပြိုင်၍ ကဗျာမမီစာမမီပင်။
တစ်ခုချင်းကြည့်လျှင် ချင်းလင်မွေးမြူရေးခြံမှအရည်အသွေး ၂ ခွေးသွားစိတ်မြက်လို အံ့ဩစရာမကောင်းသော်လည်း ပြင်လိုက်ကြည့်သောအခါ အရောင်အသွေးစိုပြီး ပိုကြည့်ကောင်းသည်။
ဓာတ်ပုံစားသောအရည်အသွေးများပေါင်းစပ်ထားသောကြောင့် နတ်ပြည်ရောက်နေသလိုလို ခံစားချက်မှာထုတ်ဖော်မပြနိုင်။
အီတာနယ်က ဗီဒီယိုကြည့်ပြီး ရုတ်တရက်အပန်းဖြေစံအိမ်တွင်ရက်ပိုင်းလောက်နေချင်စိတ်ဖြစ်လာသည်။ ဘယ်လောက်သွင်းရမလဲမသိသော်လည်း ကိစ္စမရှိ။
သူ့လစဉ်ဝင်ငွေ တစ်သိန်းနဲ့ဆို နေလို့ရလောက်တယ်မလား?
သို့ရာတွင် ဗီဒီယိုကြည့်ရင်း အီတာနယ်ကြက်သေသေသွားသည်။ အထူးသဖြင့် ဗီဒီယိုအဆုံး၌ ဝင်ကြေးပေါ်လာသောနေရာပင်။
အခုထိ ချင်းလင်အပန်းဖြေစံအိမ်မှာ ကျန်းမာရေးစင်တာ ၅ နေရာသာဖွင့်ရသေးသည်။ တစ်နေရာကို အရင်ဆုံးဝန်ဆောင်ခ ၃ သန်းလိုပြီး အပန်းဖြေစံအိမ်လစဉ်ကြေးက ယွမ် ၅၀၀၀၀၀ ဖြစ်သည်။
ချင်လင်က ချင်းလင်အပန်းဖြေစံအိမ်မှဝင်ငွေအများကြီးရဖို့မျှော်လင့်မထား။ အဓိကသူ့ရည်ရွယ်ချက်က ကျော်ကြားဖို့၊ ဒီလိုထိပ်တန်းနေရာမျိုးရှိတယ်ဆိုတာသိစေဖို့၊ ချင်းလင်အပန်းဖြေစံအိမ်မှာ ဒီလိုဝန်ဆောင်မှုမျိုးရှိကြောင်း အသိပေးဖို့ပင်။
ထို့ကြောင့် လောလောဆယ် ဧည့်သည် ၅ ဦးသာလက်ခံထားသည်။ နောက်မှထပ်ပြီး အကန့်အသတ်ကိုချိန်ညှိမည်။
သို့ရာတွင် ဝန်ဆောင်ခကြောင့် အီတာနယ်မှာလက်တုန်ပြီး ဖုန်းပြုတ်ကျတော့မတတ်။
သူ့ယုံကြည်ချက်ကို ရိုက်ချလိုက်သလိုပင်။
စောစောကပဲ သူ့လစဉ်ဝင်ငွေတစ်သိန်းနဲ့သွားလည်နိုင်မယ်ထင်ခဲ့တာ။ ဒါပေမဲ့ ဝင်ကြေးတောင်မပြည့်ဘူးလို့ဘယ်ထင်မလဲ? နောက်ပြီး တစ်လယွမ် ၅၀၀၀၀၀ ဆိုတာက သူပင်ပင်ပန်းပန်းလုပ်ထားတဲ့လစာ ၅ လစာ။ သူလုံးဝမသုံးနိုင်တာမျိုး။
ချင်းလင်စံအိမ်၏ကြေညာချက်ကြောင့် အင်တာနက်ပေါ်တွင် ချက်ချင်းပွက်လောရိုက်သွားသည်။
ယွမ် ၃ သန်းစံနှုန်းကိုဖြစ်စေ၊ လစဉ်ယွမ် ၅ သိန်းကိုဖြစ်စေ၊ အတော်လေးလန့်ဖျပ်သွားကြသည်။ သာမန်လူတွေသွားနိုင်တဲ့နေရာမဟုတ်။
အရင် လူတချို့က ချင်းလင်စံအိမ်မှာအလွန်နာမည်ကြီးသော်လည်း အထက်တန်းကျကျသုံးစရာမရှိဘဲ အလွန်အဆင့်နိမ့်သည်ဟုထင်ကြသည်။
အခု ချင်းလင်စံအိမ်က အဆင့်မြင့်ဝန်ဆောင်မှုတွေမိတ်ဆက်ပေးလိုက်ပြီး အရမ်းအဆင့်မြင့်သွားတော့ ချင်းလင်စံအိမ်ကိုအထက်တန်းကျကျသုံးစရာမရှိလို့ အဆင့်နိမ့်တယ်ဆိုတဲ့လူတွေ ဘယ်ရောက်ကုန်လဲ?
တချို့က တန်ဖိုးကြောင့်လန့်ဖျပ်ပြီး တချို့ကတော့ အမြန်ဆုံးလှုပ်ရှားနေကြရောပေါ့။
ချင်းလင်အပန်းဖြေစံအိမ်_
ချင်လင်က သူ့ရုံးခန်းထဲမှ ကျောက်မိုချင်းရုံးခန်းထဲသွားပြီး ကွန်ပျူတာအသည်းအသန်ကြည့်နေသောကျောက်မိုချင်းအား_
"အပန်းဖြေစံအိမ်ရဲ့ ၅ နေရာထဲမှာ ၃ နေရာကိုချန်ထားရမယ်... လောင်ချန် လောင်မာနဲ့ လောင်လီက သူတို့ဇနီးတွေအတွက်တစ်နေရာစီယူထားတာ... သူတို့ကကိုယ်ဝန်နဲ့ဆိုတော့ ဒီလာပြီးအားဖြည့်ကြလိမ့်မယ်''
"အင်း! သူတို့သုံးယောက်က ယောက်ျားကောင်းတွေရထားတာပဲ''
ကျောက်မိုချင်းကရယ်သွမ်းသွေးပြီး ခေါင်းညိမ့်လိုက်သည်။ သူမက သူတို့ဇနီးသုံးယောက်နှင့်လည်း မိတ်ဆွေကောင်းတွေဖြစ်နေပြီ။ အပန်းဖြေဖို့လာတဲ့အခါ ကြာရင်ကြာသလောက် စကားပြောလို့ရပြီ။
"လာကြည့်ပါဦး... ကြေညာပြီးတာ မကြာသေးဘူး... လူတွေအများကြီးလာလျှောက်နေပြီ''
သူမက ချင်လင်ဘက်လှည့်ပြောလိုက်သည်။
ချင်လင်ကလျှောက်လာသောအခါ ကျောက်မိုချင်းကမတ်တပ်ရပ်ပေးသည်။ ချင်လင်ထိုင်ပြီးမှ သူ့ပေါင်ပေါ်ထိုင်ပြီး ကွန်ပျူတာအတူတူကြည့်လိုက်ကြသည်။