ချင်းလင်စံအိမ်ရဲ့စံက ကြောက်စရာကောင်းလောက်အောင်မြင့်! ၄
Vol. 43 Ch. 633
သူတို့နှစ်ယောက် အပြန်အလှန်နားလည်ကြသည်။
ဖွင့်ထားတာက ချင်းလင်အပန်းဖြေစံအိမ်ရဲ့ app စာမျက်နှာ။ ထို app မှာ အချက်အလက်ဖြည့်သွင်းရုံအတွက်သာဖြစ်သည်။ နောက်ပြီး တည်းချင်သူတိုင်း အရင်ဆုံးအချက်အလက်ဖြည့်ထားပြီး စိစစ်ဖို့စောင့်ရသည်။
ချင်းလင်စံအိမ်နှင့်ချင်းလင်ကုမ္ပဏီ၏နာမည်ကြောင့် အတော်များများလျှောက်ကြခြင်းဖြစ်မည်။
တစ်ချက်ကြည့်လိုက်ရာ ကျောက်မီးသွေးတူးဖော်ရေးကုမ္ပဏီသူဌေး၊ နည်းပညာကုမ္ပဏီသူဌေး၊ နာမည်ကြီးဒါရိုက်တာကုံးကျဲ့တို့ကိုတွေ့ရသည်။ သူတို့အကြောင်းလူသိများသော်လည်း အင်တာနက်ပေါ်တွင်လေ့လာကြည့်ပြီး အားလုံးကိုကျော်သွားလိုက်သည်။
သူတို့မှာ သူဌေးလက်သစ် သို့မဟုတ် ဟိတ်ဟန်များသောသူဌေးများဖြစ်၍တည်းခွင့်မရှိ။
နောက်ပြီး အတော်စိတ်ဝင်စားစရာကောင်းသောလျှောက်လွှာတစ်ခုရှိသည်။ 'ကမ္ဘာပတ်သူ'ဆိုသော အမျိုးသမီးအင်တာနက်ဆယ်လီထံမှဖြစ်သည်။
ဖွင့်သမျှဆိုင်တိုင်းသွားပြီး ရုပ်သံလွှင့်သော အင်တာနက်ဆယ်လီဖြစ်သည်။ သူမမှာပရိသတ်များသည်နှင့်အမျှ ဆိုင်သစ်များကိုဖောက်သည်အများကြီးရစေသည်။
စိတ်ဝင်စားစရာကောင်းတာက ထို'ကမ္ဘာပတ်သူ'အမျိုးသမီးအင်တာနက်ဆယ်လီမှာ ပရိသတ် ၁၅ သန်းရှိသည်ဟုတောင် အထူးအမှတ်အသားပြုထားသည်။
၁၅ သန်းကိုမြင်သာအောင် စာလုံးကြီးနှင့်တောင်ရေးထားပြီး တည်းခိုခွင့်လျှောက်လွှာကို မဖြစ်မနေအတည်ပြုပေးရမလိုလို။
"ဘယ်သူမဆိုလာလျှောက်မယ်ဆိုတာ မှန်နေတာပဲ''
ချင်လင်ကခေါင်းခါပြီး တန်းကျော်ပစ်လိုက်သည်။
ပရိသတ် ၁၅ သန်းမပြောနှင့်၊ သန်း ၇၀ ကျော်ရှိတဲ့ထိပ်တန်းအင်တာနက်ဆယ်လီဆိုရင်တောင် အင်တာနက်ဆယ်လီတစ်ယောက်ဖြစ်ခွင့်မရှိသေး။
ဂီတပလက်ဖောင်းတစ်ခု၌_
ထိုအချိန် ရုပ်သံလွှင့်ခန်းတစ်ခန်းတွင် စည်စည်ကားကားဖြစ်နေသည်။ ဖက်ရှင်ကျကျဝတ်စားထားသောအမျိုးသမီးတင်ဆက်သူတစ်ဦးက app တစ်ခုတွင် live လွှင့်နေသောကြောင့်ပင်။

ထိုအခန်းမှာ 'ကမ္ဘာပတ်သူ'၏ရုပ်သံလွှင့်ခန်းဖြစ်သည်။
Live ခေါင်းစဉ်က:
'ယွမ် ၃ သန်းနဲ့ချင်းလင်အပန်းဖြေစံအိမ်မှာတည်းပြီး တောက်လျှောက် live လွှင့်မည်'ဟူ၍။
စောစောက သူမဖြည့်ထားသောလျှောက်လွှာကိုပြထားသည်။
"အားလုံးပဲ စိတ်ရှည်ရှည်ထားပါ... အခုလျှောက်တဲ့သူအများကြီးမရှိလောက်သေးဘူး... မကြာခင် ကျွန်မတည်းခွင့်ရလိမ့်မယ်... အဲဒီအချိန်ကျရင် ချင်းလင်အပန်းဖြေစံအိမ်ရဲ့ယွမ် ၃ သန်းစံနှုန်းက ဘယ်လိုရှိတဲ့အကြောင်း အားလုံးကိုပြမယ်''
ကမ္ဘာပတ်သူက အပြုံးနှင့်ဆိုသည်။
ယွမ် ၃ သန်း၊ ချင်းလင်အပန်းဖြေစံအိမ်နဲ့ live လွှင့်ပြမယ်ဆိုတာ လုံးဝဆွဲဆောင်မှုရှိတဲ့အရာတွေ။ ပရိသတ် ၁၅ သန်းအရှိန်ကြောင့် live ထဲတွင် ပရိသတ်သောင်းဂဏန်းရှိနေသည်။
ပြန်စာက အမြန်ဆုံးသောအရှိန်နှင့်ရောက်လာ၏။
ဟုတ်တယ်။ ငါလုပ်နိုင်ခဲ့ပြီ။ လျှောက်လွှာကိုအတည်ပြုပေးလိုက်ပြီနေမှာ။
ကမ္ဘာပတ်သူကပြုံးပြီး ပြန်စာကိုဖွင့်ကြည့်လိုက်သည်။
စိတ်မကောင်းပါ။ ကျွန်မတို့ချင်းလင်အပန်းဖြေစံအိမ်မှာတည်းဖို့လိုအပ်ချက်မပြည့်စုံပါ။ သင့်လျှောက်လွှာကိုအတည်မပြုပါ!
ထိုစာကို live ထဲရှိသူအားလုံးမြင်သွားသည်။
ကမ္ဘာပတ်သူမှာ မျက်နှာသေနှင့်။
ဟာသပဲ။
သူမကငွေသုံးပြီး နာမည်ပိုကြီးအောင် ချင်းလင်အပန်းဖြေစံအိမ်ထဲဝင်ချင်တာ။ အပန်းဖြေစံအိမ်ထဲနေဖို့မပြည့်မီတဲ့အကြောင်း လုံးဝမတွေးမိ။
သူမက ပရိသတ် ၁၅ သန်းရှိတဲ့အင်တာနက်ဆယ်လီလေ!
သို့ရာတွင် အပျော်လာကြည့်သူများက ထိုစာကိုမြင်ပြီး လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။
“၆၆၆၆”
“၆၆၆၆+၁”
“၆၆၆၆+၂”
“……”
တခဏအတွင်း ဖန်သားပြင်တစ်ခုလုံးမှာ ၆၆၆၆ တွေပြည့်သွားသည်။
သို့ရာတွင် ထိုအချင်းအရာကြောင့် ချင်းလင်အပန်းဖြေစံအိမ်ကိုဝင်ဖို့စံနှုန်းအလွန်မြင့်ကြောင်း အားလုံးသိသွားကြသည်။ လုံးဝအဆင့်မြင့်သည်။ ပိုက်ဆံရှိရင်တောင် စောစောက ကမ္ဘာပတ်သူလို သွားချင်တိုင်းမသွားနိုင်။
ပရိသတ် ၁၅ သန်းရှိတော့ရော ဘာဖြစ်လဲ? သူများအတွက် ဘာမှမဟုတ်ဘူး။
ချင်းလင်စံအိမ်တွင် ချင်လင်နှင့်ကျောက်မိုချင်းက လျှောက်လွှာများဆက်ကြည့်နေသည်။ မကြာမီ နောက်စာတစ်စောင်ကို သူတို့အာရုံစိုက်မိပြန်သည်။
သူတို့နှင့်သိကျွမ်းသူထံမှဖြစ်နေသည်။
လျိုယီပင်။ လျိုယီက အဆုံးတွင် မှတ်ချက်တောင်ထည့်ထားသည်:
"သူဌေးချင်... ကျွန်တော့်အဖေအပန်းဖြေအနားယူဖို့ ရက်ပိုင်းလောက်ပို့ချင်ပါတယ်... ကျေးဇူးပြု၍ တစ်နေရာစာပေးပါ!''
"ဥက္ကဌလျိုကိုပေးမလို့လား?''
ကျောက်မိုချင်းက မေးသည်။ ဥက္ကဌလျိုမှာ လောင်ချန်၊လောင်မာတို့နှင့်လက်တွဲနိုင်သော မင်မြို့တော်လူချမ်းသာတစ်ဦးပင်။
"ဥက္ကဌလျိုက သိတတ်တယ်... သူ့ကိုတစ်နေရာပေးလိုက်ပါ!''
ချင်လင်ကပြုံးပြီး ပြောလိုက်သည်။
လျိုယီက စာရင်းလာသွင်းမှတော့ တစ်နေရာပေးရမှာပေါ့!
'လက်ခံသည်'ကိုနှိပ်မည်အပြုတွင် သူ့ဖုန်းမြည်လာသည်။
ဝန်ကြီးလု!
ချင်လင်ကဖုန်းကိုင်လိုက်ရာ ဝန်ကြီးလုအသံကိုကြားရသည်_
"သူဌေးချင်... မင်းရဲ့ကျန်းမာရေးစင်တာက လူမပြည့်သေးဘူးမလား? ငါ ပါမောက္ခရန်ကိုတစ်နေရာပေးချင်လို့... တရုတ်သိပ္ပံအကယ်ဒမီကပေးလိမ့်မယ်... ဆေးရည်စမ်းသပ်ဖို့ သူအချိန်တွေ အင်အားတွေအများကြီးစိုက်ထုတ်ထားတာ... သူ့ခန္ဓာကိုယ်က ပုံမှန်မဟုတ်ဘူး... သုတေသနမှာ အကြီးအကျယ်အားစိုက်ထုတ်ထားတဲ့တော်ဝင်ပညာရှင်တစ်ဦးလည်းရှိတယ်''
ထိုစကားကြားပြီး ချင်လင်ကြောင်သွားသည်။ သူ့လုပ်ငန်းဖွင့်ဖွင့်ချင်း ဒီလိုလျှောက်လွှာမျိုးလက်ခံရမည်ဟုမထင်မိပေ။
သူကချက်ချင်း လျိုယီ၏လျှောက်လွှာကိုကြည့်ပြီး အားနာနာနှင့်_
"ဥက္ကဌလျို စိတ်မကောင်းပါဘူး... နေရာပြည့်သွားပါပြီ... နောက်တစ်ကြိမ်စောင့်ပေးပါ!''